Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျိုက်မရောတွင် ၆နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် ဒေသခံ ၆ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလို ကျေးရွာအတွင်းသို့ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉နာရီခွဲအချိန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးအပါဝင် ဒေသခံ ခြောက်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၉နာရီခွဲ အချိန်ခန့်တွင် ကနာလိုကျေးရွာအတွင်းသို့ လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တဦး၊ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦး၊ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၃၀နှင့် ၅၀ အရွယ် ယောက်ျားလေး နှစ်ဦး စုစုပေါင်း ခြောက်ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

ထိခိုက်ဒဏ်ရာသူများအနက် အသက် ၁၃ နှစ်အရွယ်ဖြစ်သူ မောင်မင်းနှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတို့သည် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းတို့နှစ်ဦးကို ကျိုက်မရော ဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ပို့ထားရကြောင်း သိရသည်။

“ဆိုးဆိုးဝါးဝါးက ကလေးတယောက်က တော်တော်ထိတယ်၊ သုံးတန်းအရွယ်လောက်ကလေး၊ မျက်နှာမှာ ထိသွားတာ၊ သတိတော့ ရှိနေတယ်။ ဒါပေမယ့် အခြေအနေကတော့ အဆင်မပြေပါဘူး၊ ကောင်းသွားရင်တော့လည်း သိပ်အဆင်မပြေလောက်ဘူး၊ မျက်နှာလေးတွေထိသွားတာဆိုတော့လေ” ဟု ဒေသခံတဦးက မဇ္ဈိမ ကို ပြောသည်။

ကျန်သည့် အသက် ၃၀ နှင့် ၅၀ အရွယ် အမျိုးသားနှစ်ဦးသည် ကျိုက်မရောဆေးရုံတွင် ဆက်လက် ဆေးကုသမှု ခံယူလျက်ရှိပြီး အသက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်နှင့် အမေဖြစ်သူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတို့သည် သက်သာသဖြင့် ယနေ့တွင် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ထို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကနာလိုကျေးရွာမှ နေအိမ်နှစ်လုံးနှင့် ကားတစီး ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံမှသိရသည်။

လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဖြစ်သည်ကိုမူ မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း-ထိခိုက်ဒဏ်ရာရကလေးငယ်နှင့် ပျက်ဆီးမှုများ (CJ)

#mizzima
#လက်နက်ကြီး
#ကျိုက်မရောမြို့နယ်
#မိန်းကလေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7🔥2
Media is too big
VIEW IN TELEGRAM
ရုရှား-မြန်မာ ဦးစီးတဲ့ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု စင်ကာပူနိုင်ငံ မတတ်ရောက်

Watch more detail - https://youtu.be/jH5SnacBqRg

#ရုရှား-မြန်မာ#ပူးတွဲစစ်ရေးလေ့ကျင့်မှု
#VideoNews #shorts #reels
👍9😁3
​​မိတ္ထီလာထောင်အနီး ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ် နိုင်/ကျဥ်းများအားတက်စေရန် မိုင်းခွဲအသိပေးခဲ့ခြင်းဖြစ်ဟုဆို
======================

007
(မဇ္စျိမ)။ ။မိတ္ထီလာမြို့ အကျဥ်းထောင်အနီးတွင်၊ ယမန်နေ့ညက၊ ပြင်းထန်သည့်ပေါက်ကွဲမှုကြီး တခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

"ထောင်အနီးပေါ့နော်၊ ထောင်နဲ့ ထွေ/အုပ်ရုံးကြားပေါ့၊ ထောင်နဲ့ပိုနီးတယ်၊ ညက ၇ နာရီကျော်လောက်ကြီးမှာ ပေါက်ကွဲသံကြီးထဖြစ်တာ၊ အကျယ်ကြီးပဲ၊ အသံတော်တော်ပြင်းတယ် လူထိခိုက်မိသံတော့မကြားပါဘူး" ဟု အမည်မဖော်လိုသူဒေသခံ သတင်းရင်းမြစ် တဦးကပြောသည်။

မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာအကျဥ်းထောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ရှိရာ လမ်းပိုင်းတနေရာတွင်၊
ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့၊ ည ၇ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါပေါက်ကွဲနှင့်ပတ်သက်၍၊ အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ အကျဥ်းထောင်အတွင်းရှိနေသော၊ ယုံကြည်ချက်ကြောင့် မတရားထောင်ချခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအား၊ အားတက်စေရန်ရည်ရွယ်ချက်ဖြင့်ဖောက်ခွဲအသိပေးခဲ့ခြင်းဖြစ်ကြောင်း Meiktila People Defence Force အဖွဲ့ က သတင်းထုတ်ပြန်သည်။

"အဓိကကတော့ နိုင်/ကျဥ်းတွေအားတက်စေဖို့ပါပဲ၊ ပြည်သူတွေသွေးမအေးဘူးဆိုတာ သူတို့သိစေလိုလို့ အသံပေး အသိပေးလိုက်တာပါပဲ၊ ပွဲတော်ကာလဖြစ်လို့၊ ခွေးတွေနဲ့ပြည်သူတွေရောနေလို့ ပြည်သူထိမှာလည်းစိုးရိမ်တယ်၊ ဒါကြောင့်မို့လို့ တပ်လှန့်သတိပေးရုံပဲ လုပ်ခဲ့တယ်" ဟု အဖွဲ့တာဝန်ရှိသူ တဦးကပြောသည်။

မိတ္ထီလာမြို့သည်၊ စစ်တပ်မြို့အဖြစ် ကျော်ကြားသည့်မြို့တမြို့ဖြစ်ပြီး၊ မြို့လူဦးရေ၏သုံးပုံနှစ်ပုံခန့်က မဘသ ထောက်ခံသည့် အမျိုးသားရေးအင်အားစုများဖြစ်သည်။

လက်ရှိတွင်၊ မိတ္ထီလာမြို့၌၊ စစ်ကောင်စီကစီစဥ်သည့် ဖောင်တော်ဦးဘုရားပွဲ ကျင်းပပြုလုပ်နေပြီး၊ မြို့လူထုအနေနှင့်၊ စစ်ဘေးသင့်ပြည်သူများအား အားနာသင့်ကြောင်း အသိပေးလိုခြင်းရည်ရွယ်ချက်ရှိသည်ဟုလည်း၊ ဖောက်ခွဲမှုတွင်ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော်များက ဆိုသည်။

"မိတ္ထီလာဘုရားပွဲမှာ ပျော်ပါးဟားတိုက်နေကြသူတွေအနေနဲ့၊
ငါးမျဥ်းစောင်း( ၅/ )တွေနဲ့ တခြားသောစစ်ဘေးသင့်ဒေသက ပြည်သူတွေကို အားနာသင့်နေပြီ" ဟု လုံခြုံရေးအရ အမည်မဖော်ပြလိုသည့် တော်လှန်ရေးရဲဘော် တဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို၊ မိတ္ထီလာ၊ သာစည်၊ မလှိုင်နှင့်ဝမ်းတွင်း စသည့် လေးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့တွင်၊ စစ်အာဏာသိမ်းပြီးကတည်းက ကျင်းပနိုင်ခြင်းမရှိခဲ့သည့်၊ မြို့၏အထင်ကရ ဖောင်တော်ဦးဘုရားပွဲတော်ကို၊ စစ်ကောင်စီ၏အစီအစဥ်ဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိသတ်မှတ်ပြီး ကျင်းပလျက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ပုံစာ -မိတ္ထီလာမြို့အဝင်ဆိုင်းဘုတ်
Photo CJ

#mizzima
#မိတ္ထီလာမြို့
#ဖောင်တော်ဦးဘုရားပွဲ
#Hardnews
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
👍16😁1
​​မင်းလှတွင် စစ်ရေးတင်းမာ၍ ပဲခူးရိုးမအစပ်ရှိ ကျေးရွာ ၅ ရွာမှ ဒေသခံများ စစ်ဘေးရှောင်
===========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေ၍ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာ ငါးရွာမှ ဒေသခံများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ပဲခူးရိုးမအစပ်ရှိ ဟိုင်းယု၊ ပျဉ်းကတိုးခင်း၊ ဟိုင်းယုလမ်းပေါက်၊ ဗိုလ်ရုံ နှင့် ဝါးယား ကျေးရွာ ငါးရွာမှ ဒေသခံများသည် နီးစပ်ရာ ကျေးရွာများနှင့် မြို့ပေါ်သို့ ပြောင်းရွှေ့ခိုလှုံနေကြရကြောင်း ဒေသခံများ ထံက သိရသည်။

"ဒီရွာတွေထဲ သားထောက်သမီးခံမရှိတဲ့ သက်ကြီးရွယ်အိုတွေ မပြောင်းနိုင်လို့ ကျန်နေခဲ့ကြရတာရှိတယ်။ ကျွန်တော်တို့ ခန့်မှန်းချက်အရတော့ တိမ်းရှောင်ဦးရေ ၁,၀၀၀ လောက်ရှိပါပြီ" ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သည် အင်အားဖြည့်တင်း စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟူသော သတင်းများထွက်ပေါ်နေ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်က စစ်ရှောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံ တဦးကဆိုသည်။

"စစ်ကောင်စီတပ်တွေက ဒီရွာတွေအနားအထိ စစ်ကြောင်းထိုးလာတယ်။ နောက်ပြီး ၂၈ ရက်နေ့မှာ လေကြောင်း တိုက်ခိုက်ဖို့ရှိတယ်ဆိုပြီးလည်း သတင်းတွေက ထွက်နေတယ်။ အဲ့တာကြောင့် ရှောင်လာကြတာပါ" ဟု မင်းလှမြို့ ဒေသခံက ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ရှောင်များသည် ကျွဲမကိုင်းရွာ၊ ကျောင်းရွာ၊ စိန့်ကန့်လန့်ရွာ၊ ဒီးဒူးပင်ရွာ၊ ဘုတ်သိုးရွာ၊ ဘန့်ဘွေးကုန်းရွာ၊ ဘုရားဝင်းရွာနှင့် မင်းလှမြို့ပေါ်တို့တွင် အိမ်ငှားရမ်းနေထိုင်ကြခြင်းနှင့် နီးစပ်ရာဆွေမျိုးမိတ်ဆွေများထံ သွားရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျောင်းရွာ၊ ဘန့်ဘွေးကုန်း၊ အောင်ဆန်းမြိုင်၊ ကျွဲမကိုင်းကျေးရွာတို့ရှိ အခြေခံပညာကျောင်းများလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားရကြောင်း သိရသည်။

ပဲခူးရိုးမအတွင်းတွင် စစ်ကောင်စီတပ်အင်အား ၃၀၀ ခန့်ရောက်ရှိနေသည်ဟု ခန့်မှန်းပြီး အဆိုပါ အင်အားသည် စစ်အာဏာသိမ်းပြီးနောက် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းအင်အားအများဆုံးဖြစ်သည်ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

"မှန်လုံကားတွေနဲ့ ရန်ကုန်ဘက်က ဆင်းလာတဲ့တပ်တွေလည်းပါတယ်လို့ သိထားတယ်။ သူတို့က တက်လာရင်သိရတယ်။
ပြန်ဆင်းရင်သိရခက်တော့ ကျွန်တော်တို့မှန်းတာ သူတို့ အင်အား ၃၀၀ လောက်ရှိလိမ့်မယ်" ဟု PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ညပိုင်းက မင်းလှ−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ စစ်ကောင်စီတပ်၊ ရဲနှင့် သစ်တောဝန်ထမ်းများအထိုင်ချရာ ခါချဉ်တောင် သစ်တောဂိတ်စခန်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲနှင့် ဝန်ထမ်းများစခန်းစွန့်ခွာထွက်ပြေးသွားကြသည်။
ထို့နောက်တွင် ရိုးမပေါ်သို့ ပြန်လည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PDF တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၃ ရက်နေ့က ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးသည်ဟု သတင်းရရှိကြောင်း PDF ဘက်က ပြောသည်။

ထိုသို့ စစ်ရေးတင်းမာလျက်ရှိသောကြောင့် သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ကြို့ပင်​ကောက်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်း ပြည်သူများ သွားရေးလာရေးသတိပြုကြရန်နှင့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော မော်တော်ယာဉ်များအနီးသွားလာနေထိုင်ခြင်းမပြုကြရန်လည်း စက်တင်ဘာ ၂၅ ရက်နေ့တွင် PDF တပ်ရင်း (၃၈၀၂) မှ အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
ပုံအညွှန်း- စစ်ဘေးတိမ်းရှောင်နေကြသည့် ပဲခူးရိုးမအစပ်ရှိ ရွာများမှ ဒေသခံများ(ဓာတ်ပုံ-ပေးပို့)

#Mizzima
#မင်းလှမြို့နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢4🔥1
This media is not supported in your browser
VIEW IN TELEGRAM
September - 28 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍6🍌2
စက်တင်ဘာလ( ၂၈ )ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================

-ရုရှား-မြန်မာ ဦးစီးတဲ့ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု စင်ကာပူနိုင်ငံ မတက်ရောက်တဲ့သတင်း 

-လားရှိုးမြို့က Denko ဆီဆိုင် ပေါက်ကွဲမှု လူ ၂ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတဲ့သတင်း
 
-မြန်မာ့အကျပ်အတည်းကို ဒေသတွင်းပြသာနာအဆင့်သို့ မကူးစက်ရေး နိုင်ငံတကာ ကူညီဖို့ NLD
တိုက်တွန်းတဲ့သတင်း

-အီရတ်မှာ မင်္ဂလာခန်းမအတွင်းမီးလောင်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/IWz5arFoR8o?si=uy4yHJ8K4lowxQZP

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
ရန်ကုန်မြို့အတွင်း ကလေးသူငယ်များနှင့်သက်ကြီးတောင်းရမ်းသူ ဦးရေတိုးလာ
👍7😢4❤2🤬2😁1
ရန်ကုန်မြို့အတွင်း ကလေးသူငယ်များနှင့်သက်ကြီးတောင်းရမ်းသူ ဦးရေတိုးလာ
================

အယ်ဒီတာထံပေးစာ

(မဇ္ဈိမ)။ ။ အခုနောက်ပိုင်း ရန်ကုန်မြို့တွင်းက နေရာအနှံ့မှာ တောင်းရမ်းနေတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို မြင်တွေ့လာရပါတယ်။ ကားမှတ်တိုင်တွေ၊ မီးပွိုင့်တွေနဲ့ ခုံးကျော်တံတားအောက်တွေမှာ တောင်းရမ်းနေတဲ့ ကလေးငယ်တွေ၊ ရင်ခွင်ပိုက်ကလေးတွေကို ချီပိုးထားတဲ့သူတွေနဲ့ သက်ကြီးပိုင်းတွေက ပိုပြီးများလာပါတယ်။ သူတို့တွေက စည်ပင်ရဲတွေကိုတောင် လိုင်းကြေးပေးရတယ်လို့ သိရပါတယ်။

ဘယ်လိုသိတာလဲဆိုရင် စည်ပင်ကို လိုင်းကြေးမပေးလို့ ဖမ်းခံလိုက်ရတဲ့ ကလေး မိဘတွေနဲ့ လိုင်းကြေးပေးထားလို့ အဖမ်းမခံရဘဲ လွတ်သွားတဲ့ ကလေးရဲ့ မိဘတွေ ရန်ဖြစ်စကားများတာကို မြင်တွေ့လိုက်ရတဲ့ စျေးသည်တွေထံက တဆင့် ပြန်သိလိုက်ရလို့ပါပဲ။

အဆိုးဆုံးကတော့ မြေနီကုန်းတံတားအောက်ပါ။ အဲ့တံတားအောက်မှာ လူကြီးတွေက အိပ်တယ်၊ စားတယ်၊ စတည်းချတယ်။ ကလေးတွကတော့ အဲ့ဒီပတ်ချာလည် ဒဂုံစင်တာ၊ မြေနီကုန်းဝန်းကျင်၊ မီးပွိုင့်တွေမှာ တောင်းရမ်းနေပါတယ်။ ပိုက်ဆံများလာရင် အရွယ်နည်းနည်းရောက်နေတဲ့ ကလေးတွက လာသိမ်းပြီး တံတားအောက်က လူကြီးတွေကို ပေးပါတယ်။ 

တောင်းရမ်းတာမှာလည်း သာမန် တောင်းရမ်းမှုမျိုးတောင်မဟုတ်တော့ပါဘူး။ ငွေမပေးရင် ကားဘော်ဒီကို ဆူးချွန်နဲ့ ခြစ်တာ၊ ဆဲရေးတိုင်းတွာတာနဲ့ လမ်းသွားလမ်းလာတွေထံက မုန့်တောင်းလို့ မပေးရင် လုယူတာအထိ ရှိလာပါတယ်။ 

သူတို့တွေကို စည်ပင်သာယာရေးကော်မတီက ခေါ်ယူထိန်းသိမ်းဖို့ တာဝန်ရှိတယ်လို့လည်း ရဲဝန်ထမ်းဟောင်း တဦးထံက သိမှတ်လေ့လာရဖူးပါတယ်။ သူတို့တွေကို ခေါ်ပြီး အသက်အရွယ်အလိုက် သန်လျင်လူငယ်သင်တန်းကျောင်း၊ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ ဌက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ ဝါးနက်ချောင်းလူမှုစောင့်ရှောက်ရေးနဲ့ အမျိုးသမီးတွေဆိုရင် ထောက်ကြန့်အမျိုးသမီး သင်တန်းကျောင်းကို ပို့ရတယ်လို့ သိရပါတယ်။ အခုတော့ စည်ပင်ကလူတွေ အလုပ်မလုပ်ကြတော့ဘူးထင်ပါတယ်။ လာဖမ်းရင်လည်း အနည်းဆုံး ကျပ်ငွေ ၁၀,၀၀၀ လောက်ပေးလိုက်ရင် အဆင်ပြေသွားတာ မြင်တွေ့ရပါတယ်။ 

 အရင် ဒီမိုကရေစီခေတ် NLD အစိုးရလက်ထက်ကတော့ မြို့တော်ဝန် မောင်မောင်စိုးက တောင်းရမ်းသူတွေ တွေ့ရင် စည်ပင်ကို အကြောင်းကြားပါလို့ ဖြေတာ သိမှတ်လိုက်ရပါသေးတယ်။ 

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ‘’ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီများ’’ကို မြို့နယ်/ခရိုင်/တိုင်း အဆင့်ဆင့်ဖွဲ့စည်းထားတာကိုလည်း သိရပါတယ်။

ဒါပေမဲ့လည်း တောင်းရမ်းသူတွေကို နေရာအနှံ့ ပိုပိုပြီး မြင်တွေ့လာရတာကတော့ တာဝန်ရှိသူတွေ တာဝန်ပေါ့လျော့လို့ပါ။ အစစအရာရာ ခက်ခဲ ကြပ်တည်းနေတဲ့ ဒီလိုကာလမှာ တောင်းရမ်းသူတွေကြောင့်လည်း ပိုမိုစိတ်ရှုပ်နေရတာကို မဇ္ဈိမ အယ်ဒီတာထံ ပေးစာ ကနေ သိထိုက်၊ သိသင့်သူတွေ သိရှိဖို့ မျှော်လင့်ပါတယ်ခင်ဗျား။ 

စာတည်း။ ။အောင်ကျော်ဖြိုး

ပုံအညွှန်း- မြေနီကုန်း၊ဒဂုံစင်တာဝန်းကျင်တွင်တောင်းရမ်းစားသောက်နေသူများ (ဓာတ်ပုံ-CJ)

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7😢4👍2🤬2
​​စစ်ကောင်စီကို ပံ့ပိုးနေသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုမှ လွတ်‌မြောက်နေသူကို JFM ထုတ်ပြန်
=================

(မဇ္ဈိမ)။။ စစ်ကောင်စီကို ပံ့ပိုးနေသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုမှ လွတ်‌မြောက်နေသူတဦးကို Justic for Myanmar (JFM ) က ထုတ်‌ဖော်လိုက်သည်။

နိုင်ငံတကာအရေးယူမှုများမှ လွတ်‌မြောက်နေသူမှာ အသက် ၆၃ နှစ်အရွယ် ဂျော့ရင်ဆွန်း မြန်မာအမည် ဦးကျော်ကျော်ထွန်းဟု ဆိုသူ ဖြစ်သည်။

၎င်းမှာစင်ကာပူတွင် အ‌ခြေချကာ သိုသိုသိပ်သိပ်နေ ထိုင်တတ် သူဖြစ်ပြီး မီဒီယာများနှင့် တွေ့ဆုံခြင်းမရှိသူဟု JFM က ဆိုသည်။

" အခြားလူတွေနဲ့မတူတာက ဂျော့ရင်ဆွန်းဟာ အွန်လိုင်းမှာ မရှိသလောက် ဖြစ်ပြီး၊ မီဒီယာတွေနဲ့ အင်တာဗျူးတွေလည်း သိပ်လုပ်လေ့မရှိသူ ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ကို ဂေါက်ရိုက် သင်တန်းမှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် သာမန်လူတွေ အနားမကပ်နိုင်တဲ့ ဆန်တိုဆာ ဂေါက်ကလပ်မှာ တွေ့နိုင်ပြီး အဲဒီဂေါက်ကလပ်ဟာ အလွန်အမင်း ကြွယ်ဝချမ်းသာသူတွေအတွက် ဂုဏ်ထည်ဝါမှုအတိပြီးတဲ့ နိဗ္ဗာန်ဘုံအလား ဖြစ်တာကြောင့် နှစ်စဉ်အသင်းဝင်ကြေးဟာလည်း ဟားဗက် တက္ကသိုလ်မှာ လေးနှစ်ကြာ ပညာသင်ကြားတာထက် ပိုမိုကုန်ကျပါတယ်" ဟု JFM က ဆိုသည်။

ဦးကျော်ကျော်ထွန်းမှာ စစ်ကောင်စီနှင့် ဆယ်စုနှစ်များစွာ လက်တွဲ လုပ်ကိုင်လာသည့် စီးပွားရေးသမားဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီ၏ ဆေးရွက်ကြီးလုပ်ငန်းနှင့် လက်တွဲလုပ်ကိုင်လျက်ရှိ သည်ဟု JFM က ထုတ်ပြန်သည်။

" လက်ရှိမှာတော့ သူဟာ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးနဲ့ အတူ နာမည်ကြီး ဆေးရွက်ကြီး စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး၊ စစ်ရာဇဝတ်ကောင်တွေနဲ့ လူသတ်မှု၊ မုဒိန်းမှု၊ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ကျူးလွန်နေတဲ့ စစ်အုပ်စုအဖွဲ့အစည်းတွေအတွက် ဘဏ္ဍာငွေတွေ တိုက်ရိုက် ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်" ဟု JFM က ဆိုသည်။

၎င်း အ‌ခြေချနေထိုင်သည့် စင်ကာပူနိုင်ငံအနေဖြင့် မသမာသည့် စီးပွားရေးလုပ်ငန်းများကို လက်မခံ‌ကြောင်း ပြသရန် တိုက်တွန်း ‌ကြောင်း JFM က တိုက်တွန်းသည်။

"စင်ကာပူနိုင်ငံအနေနဲ့ မသမာစီးပွားရေးလုပ်ငန်းတွေနဲ့ ဝိသမစီးပွားရေးသမားတွေကို လက်မခံကြောင်း ကမ္ဘာကို ပြသဖို့ အချိန်တန်ပါပြီ။ သူ့ ငွေတွေ၊ လောင်စာဆီတွေနဲ့ ကူညီခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြန်လည်ရင်ဆိုင်ဖို့ ဂျော့ရင်ဆွန်းကို မြန်မာပြည်ပြန်ပို့ပါ" ဟု JFM က ဆိုသည်။

Justic for Myanmar က စစ်ကောင်စီနှင့်ပူးပေါင်းကာ စစ် လက်နက်တင်သွင်းခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ သည့် စီးပွားရေးသမား ကိုးဦးကို ထုတ်ပြန်လျက်ရှိရာ ယင်းစာရင်း တွင် ဂျော့ရင်ဆွန်း (ခ) ဦးကျော်ကျော်ထွန်းလည်း ပါ၀င်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ပုံအညွှန်း- ဂျော့ရင်ဆွန်း ခေါ် ဦးကျော်ကျော်ထွန်း(ဓာတ်ပုံ-JFM )

#Mizzima
#Justic For Myanmar
#ဂျော့ရင်ဆွန်း (ခ) ဦးကျော်ကျော်ထွန်း

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁4🤬2
မြိတ်တွင် မိုးကြီးမြေပြိုပြီး လူ ၂ဦးဒဏ်ရာရနေအိမ်အချို့ပျက်စီး
🔥4😢3