ညောင်လေးပင်မြို့ ပုဇွန်မြောင်းရွာ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့
စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့....
https://ift.tt/VAxho3U

👍5🤬3🔥1
Junta cracking down on cronies to shore up its finances
The junta leadership has recently used allegations of corruption to crack down on its own high-ranking officials and business cronies, in a series of desperate attempts to shore up its finances, according to campaign group Progressive Voice.
https://ift.tt/ditWq1H

👍4🔥1
ညောင်လေးပင်မြို့ ပုဇွန်မြောင်းရွာ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့
😢7👍3🤬3❤1😁1
ညောင်လေးပင်မြို့ ပုဇွန်မြောင်းရွာ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့
=======================
YT
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှိူ့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
" စစ်ကောင်စီက ညနေ ၄ ခွဲကျော်က ပုဇွန်မြောင်းရွာက အိမ်တချို့ကို မီးရှို့သွားတယ်၊ အိမ်ခြေများတယ်။ ရွာအပြင် တာဘောင်နားက အိမ်တွေကိုရှို့သွားတာ" ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့၊ ညနေပိုင်းမှစ၍ ပုဇွန်မြောင်းကျေးရွာ၊ ရွာအပြင် တာဘောင်နားရှိ ဒေသခံ နေအိမ်များအား စတင်မီးရှို့နေခြင်းဖြစ်ပြီး ညပိုင်းအထိ ကျေးရွာအတွင်းမှ နေအိမ်အချို့ကိုပါ ဆက်လက်မီးရှို့နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများသည် ဒေသခံနေအိမ်များအား မီးမရှို့ခင် အဆိုပါ နေအိမ်များအတွင်း ဖောက်ထွင်းဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းများကို ညောင်လေးပင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၂၀) တပ်အတွင်းသို့ သယ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
" စစ်ကောင်စီဘက်ကတော့ သူတို့တပ်တွေဖြစ်တဲ့ ခမရ (၂၀) ညောင်လေးပင်က တပ်ထဲကို ရွာထဲကပစ္စည်းတွေ ခိုးသယ်နေတာ၊ ပျူစောထီးတွေရောပါတယ်။ လူမနေတော့ ဝင်ခိုးကြတာ၊ လိုချင်တာတွေ ယူထုတ်ပြီးမှ မီးရှို့ပစ်တာ၊ အခုချိန်ထိပဲ ရှို့တုန်း၊ တရွာလုံးတော့သွားပါပြီ" ဟု အဆိုပါ သတင်းရင်းမြစ်က အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီ ၂၃ မိနစ်တွင် မဇ္ဈိမကို ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် ပုဇွန်မြောင်းကျေးရွာမှ ဒေသခံများသည် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်ရသဖြင့် ဒေသခံများမရှိသည့် ကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ သေနတ်များရမ်းသန်းပစ်ခတ်ခြင်း၊ ဒေသခံများ၏ ပစ္စည်းဥစ္စာများအား သိမ်းယူကာ ဒေသခံနေအိမ်များအား မီးရှို့ခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။
" ရွာထဲမှာတော့ ရွာသားမရှိဘူး။ အရင်တည်းကတိုက်ပွဲက မကြာခဏဖြစ်တော့ မနေရဲကြတော့ပြောင်းပြေးကြပြီလေ။ အခုမှ တိုက်ပွဲကပိုကြီးလာတာ။ စကစဘက်ကတော့ ကျည်ပေါတော့ လူမတွေ့လည်း အသံကြားတဲ့ဘက်ကို ရမ်းပစ်နေတာပဲ။ လက်နက်ကြီးတွေကတော့ ညတိုင်းပဲပစ်တာ၊ စောစောကတောင် နှစ်လုံးပစ်သေးတယ်"ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ပုဇွန်မြောင်းကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်၊ ပျူစောထီး၊ ရဲ၊ မီးသတ်တပ်ဖွဲ့ အင်အား ၂၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းနှင့် Spring Warriors Column (နွေဦးစစ်သည်တော်များစစ်ကြောင်း)၊ Royal Peacock Column (တော်ဝင်ဒေါင်းစစ်ကြောင်း)၊ PDF တပ်ရင်း (၃၇၀၂) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
ငါးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ၆၅ ဦးသေဆုံး၍ ၃၀ နီးပါး ထိခိုက်ဒဏ်ရာရထားပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း ခုနစ်ဦးထိခိုက်ဒဏ်ရာရထားကြောင်း Spring Warriors Column ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် အောက်တိုဘာလ ၁ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲအတွင်း ကျေးရွာချင်းဆက်လမ်းများအား ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီတပ်သားများ အကာအကွယ်ယူကာ ရောက်လာသည့် စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် ဘက်ဟိုးတစီးကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း Spring Warriors Column ကဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် ပုဇွန်မြောင်းကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းနှင့် ဒေသခံများ၏ အိမ်အချို့တွင် ဖြန့်ကြက်နေရာယူထားလျက်ရှိပြီး စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်းလည်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပုဇွန်မြောင်းကျေးရွာ
#PDF
#ညောင်လေးပင်မြို့နယ်
ပုံအညွှန်း- စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ပုဇွန်မြောင်းကျေးရွာမှ ဒေသခံနေအိမ်အချို့ မီးလောင်ကျွမ်းနေပုံ (ဓါတ်ပုံ- CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬10👍4❤2😁1😢1
မန္တလေးတွင် PDF တပ်ရင်း ၄ ခု ပူးပေါင်းပြီး စစ်ဆင်ရေးဆောင်ရွက်မည်ဟု ဆို
=======================
007
(မဇ္ဈိမ) ။ ။ မန္တလေးမြို့ကို မန္တလေးပြည်သူလက်ထဲ ပြန်ထည့်ပေးနိုင်ရန်အတွက် မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းလေးခု ပူးပေါင်းပြီး စစ်ဆင်ရေးဆောင်ရွက်သွားမည်ဟု တပ်ရင်းတာဝန်ရှိသူ အသီသီးက မဇ္ဈိမကို အတည်ပြု ပြောသည်။
“ရွေပြည်စိုး စစ်ဆင်ရေး” ဟု အမည်ပေးထားပြီး မန္တလေးခရိုင် PDF တပ်ရင်း (၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆)နှင့် အခြားသော မဟာမိတ်များ၊ LDP၊ PDF တပ်ရင်းများ၊ မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်မည့် စစ်ဆင်ရေးဟု အသိပေးထားသည်။
“မန္တလေးကိုတတ်နိုင်သမျှကယ်နိုင်ဖို့၊ သိမ်းနိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ရ ခြင်းဖြစ်တယ်။ ကျွန်တော်တို့ ရင်း လေးရင်းပူးပေါင်းပြီး တိုက်ပွဲတွေ ဆင်နွှဲနေကြပါတယ်။ အခုထက်ပိုမိုပြီး နယ်မြေပြန်လည်စိုးမိုးဖို့ မန္တလေးကို ပြန်ယူပေးနိုင်ဖို့ အထိရောက်ဆုံးနည်းလမ်းတွေနဲ့ ပြန်လည်တိုက်ခိုက်သွားမှာပါ” ဟု မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၆) ၏ ဒု- တပ်ရင်းမှူး ဇင်ကြီးက မဇ္ဈိမကို ပြောသည်။
PDF တပ်ဖွဲ့ဝင်များသည် လေ့ကျင့်ရေး ပြည့်ဝပြီးသား ဖြစ်သည့်အပြင် မြေပြင်တွင် တိုက်ပွဲများလည်း ဆင်နွှဲနေကြခြင်းကြောင့် အထူးတလည် ပြင်ဆင်စရာ မရှိသော်လည်း လက်နက်ခဲယမ်း လိုအပ်ချက်သာ အဓိကဟု ဒု- တပ်ရင်းမှူး ဇင်ကြီးက ဆိုသည်။
“လက်နက်ခဲယမ်းသာ ပြည့်စုံရင် စစ်ခွေး(စစ်ကောင်စီ တပ်ဖွဲ့ဝင်)တွေအတွက် အိပ်မက်ဆိုးဖြစ်စေရမယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအတွက် လက်နက်ခဲယမ်းဖြည့်တင်းရန် “ရွှေပြည်စိုးကမ်ပိန်း” ကိုလည်း တပြိုင်နက်တည်း ပြုလုပ်နေကြောင်း ကမ်ပိန်းတာဝန်ခံ မပန်ထွာက မဇ္ဈိမကို ပြောသည်။
“စကစရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ မန္တလေးမြို့ကို စစ်ရေးအရ ပြန်လည်စိုးမိုးမှု ရယူဖို့ ရည်ရွယ်ပါတယ်။ အဓိက အနေနဲ့တော့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်သွားမှာဖြစ်ပါတယ်” ဟု တာဝန်ခံ မပန်ထွာက ပြောသည်။
မန္တလေးမြို့တွင် စစ်အာဏာသိမ်းမှု လှုပ်ရှားသည့် မြို့ပြေပြာက်ကျား တပ်ဖွဲ့ဝင်များ ဆက်တိုက်ဖမ်းဆီးခံရပြီးနောက် ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ မြို့ပြတိုက်ခိုက်မှုများ အထိုက်အလျောက် လျော့ကျသွားသော်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိနေဆဲ ဖြစ်သည်။
လက်ရှိမှာ အဆိုပါ မန္တလေးခရိုင် PDF တပ်ရင်း (၃) ၊ (၄) ၊ (၅) နှင့် (၆) တို့သည် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှ စစ်ကိုင်းနှင့် မန္တလေးမြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ဖော်ဆောင်နေပြီး လက်သံပြောင်သည့် တပ်ဖွဲ့များအဖြစ် ဒေသခံများအကြား နာမည်ကျော်သည်။
မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) ၏ တပ်ရင်းမှူး ဗိုလ်နက္ခတ်က တော်လှန်ရေး အမြန်ဆုံး အပြီးသတ်သွားနိုင်အောင် ပြင်ဆင် ဆောင်ရွက်နေကြောင်း မဇ္ဈိမကို ပြောသည်။
“မန္တလေးသားတွေရဲ့လက်ထဲကို မန္တလေးမြို့ကိုပြန်လည်ပေးအပ်နိုင်အောင်၊ တော်လှန်ရေးအပြီးသတ်သွားနိုင်အောင် ကြိုးစားပြီးတော့ ပြင်ဆင်နေတာတွေ ရှိပါတယ်။ စစ်ရေးအရချပြလို့မရ တာတွေရှိပါတယ်။ ကျွန်တော်တို့ ကိုယ်ကျိုးစီးပွားအတွက်မဟုတ်ပါဘူး။ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက်၊ စစ်အာဏာရှင်ကို မလိုလားတဲ့ပြည်သူတွေက ပူးပေါင်းပါဝင်ပေးကြပါ။ ကမ်ပိန်းမှာ အားဖြည့်ပေးကြဖို့တောင်းဆိုပါတယ်” ဟု ဗိုလ်နက္ခတ်က ပြောသည်။
PDF တပ်ဖွဲ့ဝင်များက စစ်ကောင်စီ စိုးမိုးထားသော မန္တလေးမြို့ကို ထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းနေသကဲ့သို့ တဖက်မှာလည်း အာဏာသိမ်း စစ်ကောင်စီက PDF များ ဝင်ရောက်လာနိုင်မည့် လမ်းကြောင်းများကို ပိတ်ဆို့ထားသည်။
ထို့ပြင် မန္တလေး PDF၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်သော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပြင်ဦးလွင်- မိုးကုတ်လမ်းပိုင်းနှင့် နောင်ချိုမြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း “လမ်းများအားလုံး နေပြည်တော်သို့” စစ်ရေးစီမံချက်ကို ဇွန်လမှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#လမ်းများအားလုံးနေပြည်တော်
#မန္တလေးPDF
#စစ်ရေးအရှိန်မြှင့်

👍22❤2🔥2😁1
ချွတ်ခြုံကျနေတဲ့ သီရိလင်္ကာရဲ့စီးပွားရေး နာလန်ပြန်ထနိုင်ဖို့ မသေချာသေးကြောင်း IMF ပြော
ချွတ်ခြုံကျနေတဲ့ သီရိလင်္ကာရဲ့စီးပွားရေး ...
https://www.youtube.com/watch?v=OQF7xyndzwM

YouTube
ချွတ်ခြုံကျနေတဲ့ သီရိလင်္ကာရဲ့စီးပွားရေး နာလန်ပြန်ထနိုင်ဖို့ မသေချာသေးကြောင်း IMF ပြော
ချွတ်ခြုံကျနေတဲ့ သီရိလင်္ကာရဲ့စီးပွားရေး နာလန်ပြန်ထနိုင်ဖို့ မသေချာသေးကြောင်း IMF ပြော
#internationalnews
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

🔥4
စစ်ကောင်စီကို လက်နက်ရောင်းခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံပိုင်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ ၃ ခု တိုင်တန်းခံရ
စစ်ကောင်စီကို ...
https://www.youtube.com/watch?v=DvjbkNfVB1s

Watch more detail - https://youtu.be/z52uaYxn9JM
#reels
#shorts
#politicalnews
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီ…

👍6🔥2
Oct - 3 [12 Pm] Mizzima News Hour
Oct - 3 [12 Pm] Mizzima News Hour Mizzima Headline News #12pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=X4qwmKBc9e0

Mizzima Headline News
#12pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

🔥2
အောက်တိုဘာလ (၃)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:00 − စစ်ကောင်စီတပ်ရဲ့ လက်နက်ပွဲစား ရန်ကုန်မြို့လယ်မှာ ...
https://www.youtube.com/watch?v=SbEH8UW3h1M

01:00 − စစ်ကောင်စီတပ်ရဲ့ လက်နက်ပွဲစား ရန်ကုန်မြို့လယ်မှာ အသတ်ခံရတဲ့သတင်း
02:20 − စစ်ခေါင်းဆောင်နဲ့ ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံမှု တော်လှန်ရေးမဟာမိတ်တွေအကြား နားလည်မှုလွဲအောင် လုပ်ခြင်းလို့ KNU တုံ့ပြန်တဲ့သတင်း
04:07 − စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟောင်း…

🔥3
CDF – Mindat ကို သေနတ် ၄၀ နှင့် ခဲယမ်းများထောက်ပံ့
=====================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat တပ်ဖွဲ့သို့ အလှူရှင်သုံးဖွဲ့ပူးပေါင်းပြီး သေနတ် ၄၀ လက်အပါအဝင် ကျည်ဆန် ၊ ကျည်ဘောက်များ လှူဒါန်းခဲ့ကြောင်း International Mindat K'Cho Organization (IMCO) အဖွဲ့ က အောက်တိုဘာ ၂ရက်နေ့တွင် ထုတ်ပြန်သည်။
အလှူရှင် သုံးဖွဲ့ဖြစ်သော International Mindat K'Cho Organization (IMCO)၊ Heal the world နှင့် CEA(Norway) တို့မှပူးပေါင်းဝယ်ယူခဲ့သော AK47 သေနတ် ၄၀လက် ၊ ကျည် ၁၂,၀၀၀ တောင့် နှင့် ကျည်အိမ် ၁၂၀ တို့ကို CDF – Mindat ထံသို့ စက်တင်ဘာလ ၂၈ရက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မင်းတပ် အတွက် AK – 47 သေနတ် ၅၀ လက် ၊ကျည် ၁၅,၀၀၀ ၊ ကျည်အိမ် ၁၅၀ ဝယ်ယူတပ်ဆင်ပေးမည့် ပရောဂျက် ကို ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ခဲ့ပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁၈၅,၀၀၀ (တစ်သိန်းရှစ်သောင်းငါးထောင်) ကုန်ကျစရိတ်အတွက် ရန်ပုံငွေများရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းပရောဂျက်အတွက် ကံစမ်းမဲထီလက်မှတ်ရောင်းချခြင်းဖြင့် ဒေါ်လာ ၇၀,၀၇၂ ဒသမ ၇၁ ရရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်ချက်အရ ဖြည့်ဆည်းခဲ့ရသဖြင့် ၅၈,၇၄၉ ဒသမ ၄၀ ကို အသုံးပြုခဲ့ပြီး လိုအပ်သောငွေများမှာ IMCO အဖွဲ့ဝင်များထံမှ လစဥ်ကြေးကောက်ခံခြင်း ၊ ဒေါက်တာအငြိမ်း ဦးဆောင်သော Heal the World နှင့် CEA (Norway) တို့မှ ဒေါ်လာ ၃၅,၀၀၀ အားဖြည့်ကူညီပါဝင်ခဲ့ကြောင်း သိရသည်။
ပရောဂျက်လက်ကျန် AK-47 သေနတ် ၁၀ လက်၊ ကျည် ၃,၀၀၀ တောင့်၊ကျည်အိမ် ၃၀ ခုကိုလည်း မကြာမီ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။
“အားဖြည့်ပေးတဲ့ နိုင်ငံခြားရောက်ချင်းလူမျိုးတွေအပေါ် ကျေးဇူးတင်ကြောင်းနဲ့ တာဝန်ကျေကြောင်းပြောချင်ပါတယ်။ တော်လှန်ရေးက လက်နက်ကိုင်မှ တော်လှန်ရေး လုပ်နေတာမဟုတ်ပါဘူး ၊ ကျရာကဏ္ဍကပေးဆပ်နေကြရတာ ၊ တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆိုရင် ကျနော်တို့ချင်းတွေ ဘာမဆို လုပ်နိုင်ပါတယ်” ဟု CDF – Mindat စစ်ဒေသမှူး ဆလိုင်နိုင်တမ်း က မဇ္စျိမ ကို ပြောသည်။
အခု အသစ်ရောက်လာတာတင်မကဘဲ မကြာသေးမီကလည်း CDF – Mindat ဗဟိုမှ လက်နက်ခဲယမ်းဖြည့်တင်းထားပြီး အသစ်တဖန်ပြင်ဆင်မွမ်းမံထားတဲ့ သင်တန်းဆင်း ရဲဘော်များလည်း စိတ်ဓာတ်တက်ကြွနေကြောင်းဆိုသည်။
မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်သား အင်အား ၄၀၀ခန့်နှင့် စစ်ကြောင်းထိုးလာသည်များရှိလာသော်လည်း ၎င်းတို့တွင် ကျည်အလုံလောက်ရှိပါက ချင်းကာကွယ်ရေးတပ်ဖွဲ့ကိုကျော်ပြီး ချင်းပြည်သူတွေဆီကို ရောက်ရန်မဖြစ်နိုင်ကြောင်း ဆလိုင်းနိုင်တမ်းက ဆက်ပြောသည်။
အဆိုပါပရောဂျက်ဖြစ်မြောက်ရေးအတွက် ကံစမ်းမဲ ထီလက်မှတ်ဝယ်ယူအားပေးခဲ့ကြသော ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများ ၊ ဒေါက်တာအငြိမ်းဦးဆောင်သော Heal the World အဖွဲ့သားများ ၊ CEA (Norway) အဖွဲ့သားများ ၊ လက်နက်များဝယ် ယူရာတွင် အကူအညီပေးခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တာဝန်ခံပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိ ကြောင်း IMCO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် လက်နက်များကို ဘေးကင်းလုံခြုံစွာ သယ်ယူခဲ့သည့် CDF – Mindat ရဲဘော်များ ၊ IMCOမြောက်အမေရိက ၊ ဩစတြေးလျပြည်နယ်များနှင့် နိုင်ငံအလိုက် အီးစီလူကြီးများ ၊ လစဥ်ကြေးထည့်ဝင်ကြသော အသင်းသားများနှင့် လက်နက်များကို K’Cho ချင်းရိုးရာထုံးစံဓလေ့နှင့်အညီ အပ်နှံခဲ့သည့် ပွဲအတွက် လိုအပ်သော နွားနောက် သုံးကောင်ကို လှူဒါန်းခဲ့ကြသည့် IMCO ဩစတြေလျ ၊ IMCO (ဦးအွမ်ဖေ - အမေရိကန်၊ IMCO ဥရောပတို့မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးတူမီး သေနတ်ကိုင်ပြီး တော်လှန်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ပထမဆုံးတိုက်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက် ည ၉ နာရီဝန်းကျင်တွင် ကန်ပက်လမ်းခွဲ၊ စံပြမြို့မ ထမင်းဆိုင်နား၊ ထွေအုပ်ရုံး၊ မီးသတ်ကုန်း၊ မောင်းတံဂိတ် စသည်ဖြင့် တမြို့လုံးအနှံ့ စစ်ကောင်စီတပ်ဖွဲ့များကို တူမီးသေနတ်ဖြင့် တွေ့သည့်နေရာမှပစ်ခဲ့ရာက စတင်ခဲ့ပြီး အဆိုပါပစ်ခတ်မှုတွင် ရဲတဦး၊ စကစတပ်သား တဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ငါးယောက်ဝန်းကျင်ရှိကြောင်း သိရသည်။
၂၀၂၁ခုနှစ် မေလ ၁၄ ရက်နေ့တွင်လည်း မောင်းပြန် ခြောက်လက်နှင့် တူးမီးအများစုပါဝင်ခဲ့သော မင်းတပ်ကာကွယ်ရေး အဖွဲ့သည် စစ်ကောင်စီတပ်သား ၁၀၀ကျော်ပါသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး ယာဥ် ခုနစ်စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများသည် CDF-မင်းတပ်အဖွဲ့၏ တူမီးတော်လှန်ရေးအစလည်း ဖြစ်ပြီးယခုအခါ လက်နက်ခိုင်မာတောင့်တင်းသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တခုအဖြစ် ရှိနေပြီလည်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မင်းတပ်မြို့နယ်
#CDF
#IMCO
ပုံအညွှန်း - အခမ်းအနားဖြင့် လက်နက်များ ပေးအပ်နေစဥ် (ဓါတ်ပုံ - International Mindat K'Cho Organization)

👍32❤2🔥1😁1
တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့်အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေကြောင်း UN
မြန်မာ တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေကြောင်း UNOCHA ထုတ်ပြန် ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FM5lcQ8VmZ9Y&h=AT1hW5YfChdigTaoKqVGzolmLKE16OTj9Gtr2KgOiSgNjEkxVyR5tPrJOibmA_HRbPeVm8Ew_G1nG5DsepFUwedhy2KBh7lIRbHOeOcJfDLIjuX2uwKqVpUwpsftqX39&s=1

👍8🔥2
မုံရွာ-ယာကြီးလမ်းရှိ အောင်ဇေယျတပ်ကုန်းကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်၊ ရဲ ၃ ဦး သေဆုံးပြီး သေနတ် ၃ လက်ရရှိ
================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ မုံရွာ-ယာကြီးလမ်းပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲ ထားသည့် အောင်ဇေယျတပ်ကုန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံးပြီး သေနတ်သုံးလက် သိမ်းဆည်းရမိသည်ဟု ချိုမိုင်မိုင်(ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု)အဖွဲ့ တာဝန်ရှိသူထံမှ သိရ သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်သားများသည် အောင်ဇေယျတပ်ကုန်း စစ်ဆေးရေးဂိတ်အနောက် ဘက်တွင် ခရီးသွားပြည်သူများထံမှ အကြမ်းဖက် ဆက်ကြေးတောင်းခံနေသူများဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ အထူးကွန်မန်ဒို ရဲဘော်ခုနစ်ဦးနဲ့ ခုနစ်မီတာအကွာအဝေးကနေ တေ့ပြီးပစ်ခတ်ခဲ့တာဖြစ်ပါ တယ်။ ပစ်ခတ်မှုကြာချိန် ခုနစ်မိနစ်သာရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာ တွေလုပ်ခဲ့ပါတယ်” ဟု မဟာမိတ်တပ်ပေါင်းစုအဖွဲ့တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်တဦးနှင့် ရဲတပ်သားနှစ်ဦးသေဆုံးခဲ့ပြီး G-3 နှစ်လက်၊ အူဇီ(Uzi) တလက် ၊ G3 ကျည် ၁၀၂ တောင့် ၊ အူဇီကျည် အတောင့် ၂၀ တို့ကို သိမ်းဆည်းလိုက်နိုင်သည်ဟု သိရသည်။
“နေရာက အဝင်အထွက် အရမ်းကို အန္တရာယ်များတဲ့ နေရာပါ။ စစ်ကောင်စီတပ်အနေနဲ့ လက်နက်ကြီး တွေနဲ့ ကျကျနနအထိုင်ချတပ်စွဲနေတဲ့နေရာသုံးခုဖြစ်တဲ့ အမှတ်(၂၈)ရဲတပ်ရင်း၊ သီတဂူဘုန်းကြီးကျောင်း နဲ့ ကွန်ပျူတာကျောင်းရဲ့အလယ်မှာ ဝင်ပြီးပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝင်လမ်း၊ ဆုတ်လမ်း အတွက် အရမ်းအန္တရာယ်များတာ ဖြစ်တယ်” ဟု ချိုမိုင်မိုင်အဖွဲ့တာဝန်ရှိသူက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ချိုမိုင်မိုင်(ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု)က ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး စနစ်တကျ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည့်အတွက် ကာကွယ်ရေရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။
၎င်းတို့အနေဖြင့် မစ်ရှင်များဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ကျည်ဝယ်ယူရန် ငွေကြေးအခက်အခဲ များရှိနေကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#တိုက်ခိုက်မှု

❤15👍8🥰1😁1
သာယာဝတီခရိုင်မှာ စစ်ထောက်တိုင် ဖြုတ်ချရေး ကြိုးပမ်းမှု ခရီးတွင်တယ်လို့ ပကဖ ပြော
ရွှေနွယ် - ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်တွေမှာ အခုနှစ်အတွင်း နှုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှူး....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FivefhtJbV2o&h=AT15oRZAedPLOtA5p_chRpGV9vTGjzh1UimsRMtPXTZc2vDP8hPNiun1PymDRF_wTw1qIpCLz9xk7HLsnAYpDv1jjE3MfMKL3RXSKLsjshy0_1D7AKtXqMaG_TF28ww2&s=1

👍9🔥1