Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်တွေကမ်းခြေမှ စားသောက်ဆိုင် ၁၆ ဆိုင် ကြိုတင်သတိပေးခြင်းမရှိဘဲ အင်အားသုံးဖြိုဖျက်ခံရ
🤬10❤1😱1
စစ်တွေကမ်းခြေမှ စားသောက်ဆိုင် ၁၆ ဆိုင် ကြိုတင်သတိပေးခြင်းမရှိဘဲ အင်အားသုံးဖြိုဖျက်ခံရ 
==================

ရောင်နီ 

(မဇ္စျိမ)။ ။ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကမ်းခြေတွင်ရှိသည့် စားသောက်ဆိုင် ၁၆ ဆိုင်ကို စစ်ကောင်စီက ကြို တင်သတိပေးခြင်းမရှိဘဲ အင်အားသုံးဖြိုဖျက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက မဇ္စျိမကို ပြော သည်။

စစ်တွေဟိုတယ်အနီး ပင်လယ်ကမ်းခြေရှိ စားသောက်ဆိုင်များကို လမ်းဧရိယာနှင့်မလွတ်ကင်းသည့် အတွက်ဖယ်ရှားပေးရန်ဟုဆိုကာ ပြီးခဲ့သည့်သြဂုတ်လက အကြောင်းကြားစာပေးပို့ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အင်အားသုံးပြီး လာရောက်ဖြိုဖျက်ခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့ မနက် ၃ နာရီကျော် ၄ နာရီလောက်မှာ ရောက်ချလာတယ်။ ၅ နာရီလောက်မှာ စဖျက်တယ်။ မနက် အစောကြီးဖျက်တာ။ အင်အားက စစ်တပ်၊ ရဲ၊ စည်ပင်တွေနဲ့ဆို ၁၀၀ လောက်ရှိမယ်၊ စက်တွေလည်းပါ တယ်။ ရုတ်တရက်အဖျက်ခံရတာဆိုတော့ တချို့ဆို ပစ္စည်းတွေတောင် သေချာမသိမ်းလိုက်နိုင်ဘူး” ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

စားသောက်ဆိုင်များဖြိုဖျက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့များက အနီးတဝိုက်ကို လုံခြုံရေးတင်းကျပ်ကာ ဆိုင်ခန်းပိုင်ရှင်များ၏ လက်ကိုင်ဖုန်းနှင့် မှတ်ပုံတင်များအား သိမ်းယူထားခဲ့ကြောင်း သိရသည်။ 
ဖြိုဖျက်ခံရသော စားသောက်ဆိုင်များသည် ယမန်နေ့ အောက်တိုဘာလ ၄ ရက် ညပိုင်းအထိလုပ်ငန်း လည်ပတ်နေဆဲဖြစ်ပြီး ရုတ်တရက်လာရောက်ဖြိုဖျက်သွားခြင်းဖြစ်ကြောင်း စစ်တွေဒေသခံတဦးက ပြော သည်။

“ လွန်ခဲ့တဲ့ နှစ်လလောက်က အဲဒီဆိုင်ခန်းတွေ ဖျက်မယ်ဆိုပြီး အသံထွက်တယ်။ နောက်တော့ ပြန်တိတ် သွားတယ်။ မနေ့က ဘီယာသွားသောက်တာ ည ၁၀ နာရီလောက်အထိ ဆိုင်တွေက ဒီအတိုင်းဖွင့်ထား တာပဲ။ ဖျက်မယ်မှန်းမသိလို့ ဖွင့်ထားကြတယ်လို့ ယူဆရတယ်။ မဟုတ်ရင် ပစ္စည်းတွေဘာတွေ သိမ်း ထားကြမှာပေါ့။ အခုအနေအထားက ဘာမှမသိပဲ အဖျက်ခံလိုက်ရတာမျိုးပါ။ မနက်ကသွားကြည့်တာ ဘာမှ မရှိတော့ဘူး ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဖြိုဖျက်ခံရသည့် စားသောက်ဆိုင်များမှ မိသားစုများကို စစ်ကောင်စီတပ်က ပြင်ပသို့သွားလာခွင့် ပိတ်ပင်ထားကြောင်းလည်း ဆက်ပြောသည်။

ဖြိုဖျက်ခံရသည့် စားသောက်ဆိုင်များတွင် ဆိုင်ခန်းငယ်များသာမက ခြံဝင်းနှင့် တည်ဆောက်ထားသည့် စားသောက်ဆိုင်ကြီးများ၊ Liquor စတိုးဆိုင်ကြီးများလည်းပါဝင်ကြောင်း ဒေသခံများက ဆိုသည်။ 

စစ်တွေမြို့နယ်စည်ပင်က လမ်းဧရိယာနှင့်မလွတ်ကင်းသည့် စားသောက်ဆိုင်များကို ဖယ်ရှားပေးရန် အကြောင်းကြားစာပေးပို့ခဲ့စဥ်က မြေနေရာအစားထိုးပေးရန်တောင်းဆိုခဲ့ကြသော်လည်း လျစ်လျူရှုကာ ယနေ့နံနက်တွင် အင်အားသုံးကာ ဝင်ရောက်ဖြိုဖျက်ခဲ့ခြင်းဖြစ်ကြောင်း စားသာက်ဆိုင်ပိုင်ရှင်များက ပြောသည်။

ဖြိုဖျက်ခံခဲ့ရသည့် စားသောက်ဆိုင်ပိုင်ရှင်များက စစ်ကောင်စီလက်အောက်ခံ ပြည်နယ်၀န်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန်တောင်းဆိုသွားမည်ဖြစ်ပြီး တွေ့ဆုံခွင့်မပေးပါက ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အင်အားသုံးဖြိုဖျက်ခံရသည့် စားသောက်ဆိုင်များသည် ၂၀၁၃ ခုနှစ်က ရခိုင်ပြည်နယ်အစိုးမှ တရားဝင် ခွင့်ပြုချက်ပေးကာ နေရာချထားခဲ့ခြင်းဖြစ်ကြောင်း ပိုင်ရှင်များက ပြောဆိုကြသည်။

စာတည်း။ ။စောဖေ

#ရခိုင်ပြည်နယ်
#စစ်တွေမြို့
#စားသောက်ဆိုင်
#အင်အားသုံးဖြိုဖျက်

ပုံအညွှန်း - စစ်တွေဟိုတယ်ကမ်းခြေရှိ စားသောက်ဆိုင်များကို ယနေ့ နံနက်ပိုင်းက အင်အားသုံးဖြိုဖျက်နေကြစဉ်။ (ပုံ - လူမှုကွန်ရက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬2❤1
​​ဘုတလင် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ၁၂၀ မမ ဖြင့် တိုက်ခိုက်
===============

လွှမ်းမိုး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အထွေတွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၉) တပ်ရင်းမှ သိရသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၉) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“ ၁၂၀ မမ အမျိုးအစား လက်နက်ကြီးကျည် ခြောက်လုံးသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ထွေအုပ်ရုံး ဝန်းအတွင်းကို ကျရောက်ပေါက်ကွဲပြီး ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးခဲ့တယ်။ လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေအနီးမှ ကျရောက်ပေါက်ကွဲတာဖြစ်လို့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် ယင်းမာပင်ခရိုင် အမှတ်(၉) တပ် ရင်းမှ ဘသူကြွယ်စစ်ကြောင်းက ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပတ်ခန့် အချိန်ယူပြင်ဆင်ခဲ့ကြောင်း သိရသည်။

ဘုတလင်ထွေအုပ်ရုံးကိုတိုက်ခိုက်မှုမှာ ယခုတိုက်ခိုက်မှုသည် နှစ်ကြိမ်မြောက်ဖြစ်ပြီး စစ်ကောင်စီအနေ ဖြင့် သန်းခေါင်စာရင်းကောက်ရန်ကြိုးစားနေသည့်အတွက် သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့
#ထွေအုပ်ရုံး
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤4😁2
ညောင်လေးပင်တွင် စစ်ကောင်စီလက်နက်ကြီး‌ကြောင့်အမျိုးသမီး ၂ ဦး ဒဏ်ရာရ
🔥4😁2
ညောင်လေးပင်တွင် စစ်ကောင်စီလက်နက်ကြီး‌ကြောင့်အမျိုးသမီး ၂ ဦး ဒဏ်ရာရ
==============

YT 

(မဇ္ဈိမ)။     ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဖွားအိုတဦးအပါအဝင်အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ (၂) လက်အောက်ခံ Spring Warriors Column စစ်ကြောင်းမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့၊ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ညောင်လေးပင်မြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၂၀) က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ရေဖြူကန်ကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဟု သိရသည်။

အဆိုပါဖြစ်ရပ်ကြောင့် နေအိမ်အတွင်းရှိ အသက် ၇၀ နှစ်အရွယ်အဖွားတဦးနှင့် ၎င်း၏ သမီးဖြစ်သူ အသက် ၅၀ နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသမီး ဒဏ်ရာရခဲ့ကြောင်း Spring Warriors Column မှ ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။ 

ဒဏ်ရာရအမျိုးသမီးနှစ်ဦးသည် လက်ရှိတွင် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း သိရသည်။ 

ခမရ (၂၀) သည် အရပ်သားများနေထိုင်ရာကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု မကြာခဏပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ကလည်း ယင်းတပ်ထဲမှပစ်ခတ်မှုကြောင့် ချုံအင်းကျေးရွာမှ ဒေသခံနေအိမ်အချို့ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ပြီး ကွင်းဒလကြီးကျေးရွာမှ ဒေသခံပိုင်နွားသုံးကောင် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ညောင်လေးပင်မြို့နယ်၌ စစ်တင်ဘာလကုန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယခုအခါ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသော်လည်း တပ်ဆိုင်ထားသည့် အခြေအနေကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း Spring Warriors Column က အသိပေးသည်။

စစ်ကောင်စီတပ်သည် အရပ်သားများအားပစ်မှတ်ထား၍ တိုက်ခိုက်နေမှုကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် အရေးယူတားမြစ်ပေးရန် တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများက မကြာခဏတိုက်တွန်းတောင်းဆိုနေသည်။

ယမန်နေ့အောက်တိုဘာ ၄ ရက်က ကျင်းပခဲ့‌သောကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက စစ်ကောင်စီတပ်၏ လူထုအပေါ်အကြမ်းဖက်မှုများကို တင်ပြခဲ့ရာ၌ နိုင်ငံတကာအနေဖြင့် မြန်မာအမျိုးသမီးနှင့် မိန်းကလေးငယ်များအား စစ်အာဏာရှင်လက်အောက်မှ အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#‌ညောင်လေးပင်မြို့နယ်
#စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှု
#အမျိုးသမီးနှစ်ဦးဒဏ်ရာရ
#SpringWarriorsColumn

ပုံအညွှန်း- လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ နေရာ( ဓါတ်ပုံ- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2🤬2😁1
​​အန်ကောဝပ်ဘုရားကျောင်းသို့ ပထမ ၉ လအတွင်း နိုင်ငံခြားဧည့်သည် ၅၄၀,၀၀၀ နီးပါး လာရောက် 
====================

ကမ္ဘောဒီးယား၏ နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်းသို့ ၂၀၂၃ ၏ ပထမကိုးလအတွင်း နိုင်ငံခြားဧည့်သည် ၅၃၉,၅၆၁ ဦး စံချိန်တင် လာရောက်ပြီး တနှစ်ကထက် ၃၀၂ ရာခိုင်နှုန်း တိုးလာကြောင်း သတင်းထုတ်ပြန်ချက်တရပ်အရ သိရသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍2
မီဇိုရမ် လေဆိပ်တွင် မြန်မာအမျိုးသမီးတဦးထံမှ ရူပီး သိန်း ၃ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းမိ
🔥3👍2👏1
မီဇိုရမ် လေဆိပ်တွင် မြန်မာအမျိုးသမီးတဦးထံမှ ရူပီး သိန်း ၃ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းမိ
====================

ပါခွီး

(မဇ္စျိမ) ။  ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လဲန်းပွီလေဆိပ်တွင် မြန်မာ အမျိုးသမီးတဦးထံမှ ရူပီး သိန်း ၃,၁၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့က အောက်ဘာလ ၄ရက်နေ့တွင် ထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ်မှ နယူးဒေလီသို့ ထွက်ခွာမည့် အင်ဒီဂို လေကြောင်းလိုင်း ခရီးသည် တဦးဖြစ်သူ အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသူ လားလ်းရမ်ထန်းငီး၏ ခရီးဆောင်အိတ်ကို လေဆိပ်ရဲက စစ်ဆေးစဥ် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသော မက်သာအက်ဖက်တမင်း (Crystal Meth) မူးယစ်စိတ်ကြွဆေးဝါး မှာ ၁၀ ဒဿမ ၄ ကေဂျီ အလေးချိန်ရှိပြီး နိုင်ငံတကာဈေးကွက်တွင် ပေါက်ဈေး သိန်း ၃,၁၀၀ ရူပီး ကျော်တန်ဖိုးရှိကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါမူးယစ်ဆေးနှင့် ဖမ်းဆီးမိသူ အမျိုးသမီးကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အပါအဝင် ပုဒ်မအချို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 စစ်ဆေးချက်အရ ၎င်းသည် ဒေလီမြို့တွင် နေထိုင်သူဖြစ်ပြီး Spa ဆိုင်တခုတွင် အလုပ်လုပ်ကိုင်သူဖြစ်ကာ မကြာသေးမှီက မြန်မာနိုင်ငံသို့ပြန်သွားပြီးနောက် အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်လားခြင်းဖြစ်ကြောင်းနှင့် ဆက်စပ်ပတ်သက်သူများကို ဆက်လက်စုံစမ်းနေကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“အခုလိုမူးယစ်ဆေးဖမ်းတာနဲ့ပတ်သက်ပြီး စစ်ဘေးရှောင်တွေအပေါ်မှာ အကျိုး သက်ရောက်မှု မရှိနိုင်ပါဘူး ၊ ဒေသခံတွေက မူးယစ်ကိစ္စမှာ စစ်ရှောင်တွေ မပါဘူးဆို တာသိကြတယ် ၊ အခုလည်း ရဲစစ်ချက်အရ ကုန်သည်မှန်း သိသာပါတယ်” ဟု မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင် မြန်မာနိုင်ငံသားတဦးက မဇ္စျိမကို ပြောသည်။

ယခုဖမ်းဆီးရသည့် မူးယစ်ဆေးပမာဏသည် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးရမိသည့်အနက် တကြိမ်တည်းနှင့် အများဆုံး ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း မက်သာအက်ဖတမင်း စိတ်ကြွဆေး သုံးကေဂျီခန့်ကို အိုက်ဇောလ်မြို့တွင် ဖမ်းဆီးရမိခဲ့သေးသည်။

နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပြည်နယ်အစိုးရရွေးကောက်ပွဲအတွက် လုံခြုံရေး တိုးမြှင့်ထားပြီး မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးကင်း စင်နိုင်ရေးအတွက် ပြည်သူလူထုနှင့်လူမှုရေး ၊ ဘာသာရေးအဖွဲ့အစည်းများမှ ဝိုင်းဝန်း ကူညီကြရန် မီဇိုရမ်ရဲက အသိပေးထားသည်။

စာတည်း။  ။ နောင်နောင်

#Mizzima
#မူးယစ်ဆေး
#မီဇိုရမ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2👏1
​​အစားအစာဈေးနှုန်းများ မြင့်တက်မှုအပေါ် ဖြေရှင်းဆောင်ရွက်မည်ဟု ဖိလစ်ပိုင်အစိုးရ ကတိပြု
==================

ဖိလစ်ပိုင်နိုင်ငံတွင် အစားအစာဈေးနှုန်းများ မြင့်တက်ခြင်းက ငွေကြေးဖောင်းပွမှုကို ငါးလတာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့ခြင်းနှင့်အတူ နိုင်ငံ၏ အဆင်းရဲ အချို့တဲ့ဆုံးသော ပြည်သူများ အစားအစာ လုံလုံလောက်လောက် မရှိမှုအခြေအနေကို တားဆီးရေး အစိုးရအပေါ် ဖိအားများ တိုးမြှင့်ကျရောက်လျက် ရှိကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၅ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ အောက်တိုဘာ၂၀၂၃)
====================

မြန်မာနိုင်ငံတွင် လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို အကြီးအကျယ် ဖိနှိပ်နေပြီး လူမှုူကွန်ရက် စာမျက်နှာ တွင် စစ်တပ်အကြမ်းဖက်မှုအတွက် ကလေးများသေဆုံးရသည်ကို ဝမ်းနည်း သည်ရေးခြင်း၊ ယနေ့ဈေး မရောင်းဘူး၊ဆိုင်ပိတ်သည် စသဖြင့် ရေးသားမိရုံဖြင့် ထောင်နှစ်ရှည်ချနေသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2😁1
နယူးဒေလီတွင် ဇိုမီးရိုးရာ ခွါဒိုပွဲတော် ကျင်းပ
👍4🔥3