Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍3🤮2
​​တနင်္သာရီ၊ကရင်နှင့်မွန်တွင် ပုံမှန်ထက် မိုးများမည့် သတိပေးချက်ထုတ်ပြန်
=====================

ရောင်နီ
(မဇ္စျိမ)။ ။ လက်ရှိကာလရာသီဥတုအခြေအနေအရ မြန်မာနိုင်ငံဒေသအနှံ့အပြား၌ မိုးရွာနိုင်ပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ပုံမှန်ထက်မိုးများနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတင်းထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်၌‌တိုင်ဖွန်းမုန်တိုင်းကိုအိနူ(Koinu) ဖြစ်နေစဉ် ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသည့် အထက်ပါ ဒေသ သုံးခု၌ ပုံမှန်ထက် မိုးများမည့် သတိပေးချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းဒေသများတွင် အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်၌ မိုးများနိုင်ကြောင်း ယနေ့ အောက်တိုဘာလ ၆ရက်တွင် သတိပေးထားသည်။

" မိုးက အရင်ရက်က တော်တော်များတယ်။ ဒီနေ့တော့ မိုးအုံ့တယ်။ ရှေ့ရက်တော့ မိုးများမယ်ထင်တယ်" ဟု မွန်ပြည်နယ်၊ ပေါင်မြို့မှ ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လက မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ မြို့နယ်အချို့၌ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသည်။

စက်တင်ဘာလ နှောင်းပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှ မြို့နယ်အချို့၌ တောင်ကျချောင်းရေများ ဝင်ရောက်ခြင်း၊ လေပြင်းကြောင့်သစ်ပင်များလဲပြိုခြင်းတို့ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းကိုအိနူ(Koinu)သည် တောင်တရုတ်ပင်လယ်၌‌ စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းတွင် ဖြစ်ခဲ့ပြီး အောက်တိုဘာလ ၅ရက်တွင် ထိုင်ဝမ်နိုင်ငံကို ဖြတ်ကျော်ခဲ့သည်။ မုန်တိုင်းဘေးကြောင့် လူတဦးသေဆုံးပြီး သုံးရာကျော် ဒဏ်ရာရခဲ့သည်။ Koinu သည် မကြာမီ အားလျော့သွားနိုင်သည်ဟု မ်ိုးဇလဌာနက ယနေ့ ခန့်မှန်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
ပုံအညွှန်း - ပြီးခဲ့သည့် ဇူလိုင်လက မွန်ပြည်နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် မြင်ကွင်း။ (ပုံ - လူမှုကွန်ရက်)

#mizzima
#တနင်္သာရီတိုင်း
#ကရင်ပြည်နယ်
#မွန်ပြည်နယ်
#မိုးသတိပေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1🤯1
အွန်လိုင်းဈေးရောင်းလုပ်ငန်းတွေကို မှတ်ပုံတင်ခိုင်း‌ တာကြောင့် တနိုင်တပိုင်ရောင်းသူတွေ အခက်တွေ့
မောင်ခက်နွေ(မဇ္ဈိမ) အွန်လိုင်းကနေရောင်းချနေတဲ့ လုပ်ငန်းတွေကို ...
https://www.youtube.com/watch?v=P6YxmAWDtiI
👍6❤1😁1
​​BIMSTEC အစည်းအဝေးသို့ စစ်ကောင်စီ ခေါင်းဆောင်ကို ထိုင်း ဖိတ်ကြား 
========================

နိုဝင်ဘာ ၃၀ ရက်တွင် ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းအစိုးရက ဖိတ်ကြားထားကြောင်း သတင်းပေးရင်းမြစ်များကို ကိုးကားပြီး Thai PBS ၏ သတင်းဖော်ပြချက်အရ သိရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮14👍4❤1🔥1
အောက်တိုဘာလ( ၆ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:55-မြန်မာအမျိုးသမီးတွေ အကာအကွယ်ရဖို့ ကုလမှာ ဦးကျော်မိုးထွန်း တင်ပြတဲ့သတင်း04:34-အွန်လိုင်းဈေးရောင်းလုပ်ငန်း.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FZfKNOXqQgsk&h=AT1vUcmubJrV1MMFirM-R86UVZFc-PzhEToPeK_XW5Tklb-oziBDofHtbK8TWyW6GdeIDZK8rKIfZ1UrwjXh4qbmjNAxTTE-nYOpkV_dx88Rp7EJVpi_VNBNIo-718J9&s=1
👍3🤮1
ရွှေဘိုတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ၊ရွှေဘိုတက္ကသိုလ်အတွင်းမှ အိမ်စီးကားသုံးစီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်....
https://ift.tt/0UhGxlS
👏9❤2👍1😁1
ဦးကျော်မိုးထွန်းနဲ့NUCCနိုဘယ်လ်ဆုဆန်ကာတင်ခြင်းကမြန်မာ့နွေဦးတော်လှန်ရေးကမ္ဘာကအာရုံစိုက်ခြင်းဖြစ်တယ်
မောင်ခက်နွေ (မဇ္ဈိမ) ။ ။ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် ဆန်ကာတင် ...
https://www.youtube.com/watch?v=sABzuTjR31E
👍9😁3❤2
​​ရွှေဘိုတွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦးသေဆုံး
==============

MTO

(မဇ္ဈိမ)။   ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ၊ရွှေဘိုတက္ကသိုလ်အတွင်းမှ အိမ်စီးကားသုံးစီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစီးပျက်စီးပြီး နှစ်ဦးသေဆုံးသွားသည်ဟု နယ်စည်းမခြားရွှေဘိုသားအဖွဲ့ တာဝန်ရှိသူထံက သိရသည်။

အောက်တိုဘာလ ၄ ရက် ညနေ ၆ နာရီခွဲအချိန်တွင် မြို့ရှောင်လမ်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျတော်တို့က မြို့ရှောင်လမ်းမှာ မိုင်းပွိုင့်တွေက ကြိုထောင်ထားတာ သူတို့က ရွေဘိုတက္ကသိုလ် ကနေ မြို့ရှောင်လမ်းအတိုင်း တောင်ဘက်ကို ထွက်တာ အဲ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” ဟု နယ်စည်းမခြားရွှေဘိုသားအဖွဲ့ တာဝန်ခံ ကိုမိုက်ခဲက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစီး ပျက်စီးသွားပြီး ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ ဦး အနက် နှစ်ဦးသေဆုံးကာ ကျန်ရှစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိနိုင်သည်ဟု ၎င်းကဆိုသည်။

ထို့နောက် ပျက်စီးသွားသည့်ကားကို ပြန်လည်ဆွဲယူနိုင်ရန် စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် နယ်စည်းမခြားရွှေဘိုသား အဖွဲ့တို့အကြား ယင်းနေ့ ည ၉ နာရီခွဲ အချိန်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကိုမိုက်ခဲက ပြောသည်။

“မိုင်းဆွဲပြီးနောက် ပျက်သွားတဲ့ကားကို စောင့်နေတဲ့ အဖွဲ့ကို လက်နက်တွေ ပြန်ယူပြီးမှ ပြန်သွားတိုက်တာ အပြန်အလှန် ပစ်ခတ်မှု နာရီဝက်လောက်ကြာမြင့်ခဲ့တယ် သူတို့ဘက်က ထိခိုက်မှုကိုတော့ မသိရသေးဘူး “ ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား အဖွဲ့ ၊ ရွှေဘိုသခင်ကြီးအဖွဲ့ နှင့် အခြားမဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နယ်စည်းမခြားရွှေဘိုသားအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်

ပုံအညွှန်း-နယ်စည်းမခြားရွှေဘိုသားအဖွဲ့ ထုတ်လုပ်သည့် မိုင်းများကိုတွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏8😁4👍3
​​စစ်ကောင်စီနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စာချုပ် သက်တမ်းထပ်တိုးရန် ထိုင်း PTTEP ကုမ္ပဏီ စဉ်းစား 
====================

ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီ၏ လက်ခွဲဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်သည့် PTTEP ကုမ္ပဏီသည် မြန်မာစစ်ကောင်စီနှင့် ထုတ်လုပ်မှု စာချုပ် သက်တမ်းထပ်တိုးရန်အတွက် စဉ်းစားလျက် ရှိနေသည်။ 

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7❤3
​​ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ် ပယ်ချ
===============

001

(မဇ္စျိမ)။     ။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ၊ ဦးမောင်ဝိတ်ကိစ္စ စွပ်စွဲချက်များနှင့် ပတ်သက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုများကို စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့ ​အောက်တိုဘာလ ၆ရက်​နေ့တွင် ပယ်ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံက သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းစီမံကိန်းအတွက် မြေနေရာလျှောက်ထားရယူခြင်း၊ တထပ်အဆောက်အအုံဆောက်လုပ်ခြင်း၊ ရန်ကုန်တွင် ရုံးချုပ်ဖွင့်လှစ်ရန် မြေနှင့် အ​ဆောက်အအုံငှားရမ်းခြင်းတို့အ​ပေါ် အဂတိဖြင့် စွပ်စွဲထားသည့် အမှုလေးမှုကို ဒေါ်အောင်ဆန်းစုကြည်ဘက်က အထူးအယူခံတက်ထားခြင်းဖြစ်သည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံက အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို တံစိုးလက်ဆောင်ရယူခဲ့သည်ဟုဆိုကာ စွပ်စွဲအမိန့်ချထားသည့် အဂတိအမှုနှစ်မှုလည်း ပါဝင်​ကြောင်း သိရသည်။

လက်ရှိ အထူးအယူခံများ ပယ်ချခံရသည့်အတွက် နောက်ဆုံးအဆင့်အဖြစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၀ အရ တရားသူကြီးချုပ်ဆီသာ တင်၍ ရတော့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက မဇ္စျိမကို​ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခံရပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရကာ ထိုအထဲမှ ထောင်ဒဏ်ခြောက်နှစ်ကို စစ်ကောင်စီဘက်က လျော့ပေါ့ခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၂၇ နှစ်ကျန်ရှိနေသည်။

အမှုကိစ္စများနှင့် ပတ်သက်ပြီး ​တွေ့ဆုံဆွေးနွေးရန်လိုအပ်သည့်အတွက် လူချင်းတွေ့ဆုံခွင့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး အကြိမ်ကြိမ်တင်ပြထားသော်လည်း စစ်ကောင်စီဘက်က လက်ခံခြင်းမရှိသေးကြောင်းလည်း သိရသည်။

လက်ရှိတွင် ​ဒေါ်​အောင်ဆန်းစုကြည်၏ ကျန်းမာ​ရေး​ကောင်းမွန်သည်ဟုကြားသိရ​​သော်လည်း လူချင်း​တွေ့ဆုံခွင့်မှာ မ​ရရှိသေး​ကြောင်း တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက​ပြောသည်။

အသက် ၇၈ နှစ်အရွယ် နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့် သြဂုတ်လအတွင်းက သွားနာ၊ သွားဖုံး​ယောင်​ဝေဒနာကို ခံစားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးတစ်စုံတစ်ရာ ချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီတွင်သာ လုံးဝတာဝန်ရှိကြောင်း NLD ပါတီ ၊ ဗဟိုအလုပ်​ကော်မတီကလည်း စက်တင်ဘာလအတွင်းက သတိ​ပေးထုတ်ပြန်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#အထူးအယူခံအမှုများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬5❤3🤮3👎1