Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အောက်တိုဘာလ (၁၁) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
အောက်တိုဘာလ (၁၁) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ...
https://www.youtube.com/watch?v=MaoZNjtTSTg
👍4🤮1
ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် သင့်တော်သည့် အချိန်၌ ရွေးကောက်ပွဲများ ကျင်းပမည်
ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် မဲရုံများ၏ လုံခြုံရေးအခြေအနေကို ထည့်သွင်းစဉ်းစား၍ သင့်တော်သည့်အချိန်၌ ရွေ....
https://ift.tt/GhZaWUM
👍1🔥1
နွေဦးခေါ်သံ
မဇ္ဈိမသတင်းဌာနနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍက ကြိုဆိုပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FOzJoZg_Jcts&h=AT25rMo804wrFTQooCgERPNfXdAYLq6dI-EcuYHhWXqY8_-oXyCUbZX3BN6WYSFqtt2VVtSVG84yHbtEiSsu9tpvGG4MMuLFF1ttuiHU1V-MUwV3f7woSlF92T6DTLjN&s=1
ထိုင်ဝမ်အနေဖြင့် တရုတ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်း သမ္မတဆိုင်အင်ဝမ
ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံနှင့် လွတ်လပ်လပ်ပြီး ကန့်သတ်ချက်မရှိသော အပြန်အလှန်ဆက်ဆံရေးဖြင့် ငြိမ်းချမ်....
https://ift.tt/JxAMFVH
👍3😁2
လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ (ပုံသတင်း)
===================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုကို စစ်ကောင်စီ၏ စစ်တပ်ပိုင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထုတရပ်လုံး ဆန့်ကျင်သပိတ်မှောက်ကြရန် တိုက်တွန်းလှုံ့ဆော်သည့်အနေဖြင့် "ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာတည်ဆောက်" ဆိုသည့် ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

#Mizzima
#စစ်အာဏာရှင်ဆန္ဒပြ
#စစ်တပ်ပိုင်
#အာဏာသိမ်း

Website Link - https://www.mizzimaburmese.com/article/134297

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4🔥2
ထိုင်ဝမ်အနေဖြင့် တရုတ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်း သမ္မတဆိုင်အင်ဝမ
ထိုင်ဝမ်အနေဖြင့် တရုတ်နိုင်ငံနှင့် လွတ်လပ်လပ်ပြီး ကန့်သတ်ချက်မရှိသော အပြန်အလှန်ဆက်ဆံရေးဖြင့် ငြိမ်းချမ်....
https://ift.tt/Prj45l0
👍3
အစ္စရေးတွင် ဖိလစ်ပိုင် ၂ ဦး သေဆုံးသည့်နောက် အကြမ်းဖက်တိုက်ခိုက်မှုများကို သမ္မတ မားကို့စ
အစ္စေရးနိုင်ငံနှင့် ဟားမတ်စ်စစ်သွေးကြွများကြား ဖြစ်ပွားဆဲ လက်နက်ကိုင် ပဋိပက္ခတွင် ဖိလစ်ပိုင်နိုင်ငံသား န...
https://ift.tt/vsfPJeb
👍3🔥1
​​Gangnam Blues
============

နာမည်ကြီးမင်းသား Lee Min-ho နဲ့ Kim Rae-won တို့သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကားလေးပါ...

ဇာတ်အိမ်ကိုတော့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ တည်ထားပြီး ဆိုးလ်မြို့က ဂမ်နမ်ဒေသရဲ့ အိမ်ခြံမြေအရောင်းအဝယ်တွေ ဖွံ့ဖြိုးလာချိန်မှာ နိုင်ငံရေးနဲ့ ငွေကြေးပိုင်းအရ အစိုးရလူကြီးပိုင်းတွေရဲ့ ကျားကွက်ထိုး ကစားခံခဲ့ရတဲ့ ဒေသခံနဲ့ လူမိုက်ဂိုဏ်းတွေရဲ့ အကြောင်းကို ရိုက်ကူးပြသထားတာပါ။

ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ တွေ့ခဲ့ကြပြီး ညီအစ်ကိုအရင်းတွေလို ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ကွဲသွားကြပြီး ပြန်လည်ဆုံတွေ့ကြချိန်မှာတော့ သြဇာအာဏာရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်အောက်မှာ ရှုပ်ထွေးစွာ ပတ်သက်ပါဝင်နေကြပါတယ်။

ကိုယ်စီအိပ်မက်တွေကို အကောင်အထည်ပေါ်နိုင်ဖို့ ကြိုးစားရင်း နှစ်ယောက်သားရဲ့ ညီအစ်ကိုသံယောဇဥ်ဟာ ပြတ်တောက်သွားမှာလား၊ ဆက်လက်တည်ရှိနေနိုင်မလားဆိုတာကို သိရဖို့ ဒီဇာတ်လမ်းလေးကို ကြည့်ရှုခံစားကြည့်လိုက်ပါ...

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ 11.10.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍3🔥2
လှည်းကူးတွင် ရေပြန်မကျသေး၊ သောက်သုံးရေနှင့် စားသောက်ကုန်အကူအညီလိုဟုဆို
👍5🔥1
လှည်းကူးတွင် ရေပြန်မကျသေး၊ သောက်သုံးရေနှင့် စားသောက်ကုန်အကူအညီလိုဟုဆို
===================

ရောင်နီ
(မဇ္စျိမ)။ ။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအထိ ရေကြီးနစ်မြုပ်မှု ဆက်လက်ဖြစ်ပေါ်နေပြီး ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေရဆဲ ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပြောသည်။

“ လှည်းကူးမှာက ရေကြီးနေတုန်းပဲ။ ပဲခူးမှာတော့ ရေကျပေမယ့် လှည်းကူးမှာ ရေကတန့်နေတယ်” ဟု လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာ၀န်ရှိသူတဦးက ယနေ့ အောက်တိုဘာလ ၁၁ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ငမိုးရိပ်ချောင်းရေမြင့်တက်မှုကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် အောက်တိုဘာလ ၇ ရက်နေ့မှ စ၍ နေအိမ်များအတွင်း ရေဝင်ခဲ့ခြင်း ဖြစ်သည်။

“ ဒီနေ့မနက်အထိလည်း ရေဘေးကြုံနေရသူတွေထဲက ရွေ့ပြောင်းချင်တဲ့သူတွေကို ရွေ့ပြောင်းပေးထားတယ်။ တချို့တွေကလည်း နေလို့ရတော့ ပေကပ်ပြီး နေကြတယ်။ သူတို့တွေကိုတော့ အလှုရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ ထမင်းထုပ်တွေ ပို့ပေးနေပါတယ်" ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးကပြောသည်။

လှည်းကူးမြို့နယ်တွင် ယနေ့အထိ ရေဘေးသင့်ပြည်သူ ၄,၀၀၀ ကျော်အထိရှိနေပြီး ယာယီကယ်ဆယ်ရေးစခန်း ခုနှစ်ခု ထက်မနည်း ဖွင့်လှစ်ထားရသည်။ထို့အပြင်ကျေးရွာအချို့၌ ရေကြီးနစ်မြုပ်မှုကြောင့် သောက်သုံးရေအခက်အခဲ ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ရေဘေးကြုံတွေ့နေရစဉ် ယနေ့ နံနက် ၁၂ နာရီ ၂၃ မိနစ်ခန့်၌ တိုက်ကြီးမြို့ကို ဗဟိုပြု လှုပ်ရှားခဲ့သည့် ရစ်(ခ်)တာစကေး ၄ အဆင့်ငလျင်ကို လှည်းကူးမြို့၌လည်း သိသိသာသာခံစားလိုက်သည်။ထိုငလျင်ကြောင့် တိုက်ကြီးနှင့် လှည်းကူးမြို့နယ်နေ ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။

“ငလျင်လှုပ်တာ သိလိုက်တယ်။ လန့်လည်း လန့်သွားတယ်။ ကျွန်တော်တို့ဘက်မှာ ဆည်တွေဘာတွေလည်း ရှိတော့လေ။ရေကြီးနေတဲ့အချိန် ငလျင်လှုပ်တာဆိုတော့ ဆည်ဘောင်တွေ ဘာတွေ ပွင့်ထွက်သွားမှာ စိုးရိမ်ရပါတယ်” လှည်းကူးဒေသခံတဦးက ပြောသည်။

လှည်းကူးမြို့အနီး၌ ငမိုးရိပ်ဆည်ရှိပြီး ယင်းဆည်သည် ရေသိုလှောင်နိုင်သည့်ပမာဏထက်များနေသည်ဟု ဒေသခံများကပြောသည်။

ယခုလ အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့အချို့ ရေကြီးရေလျှံမှုဘေး ကြုံတွေ့နေသည်။ လက်ရှိအချိန်၌ ပဲခူးမြို့တွင် မြို့ပေါ်ရပ်ကွက်အချို့ ရေအနည်းငယ်ပြန်လည်ကျသွားပြီဖြစ်သဖြင့် ရေဘေးသင့်ပြည်သူအချို့ နေအိမ်သို့ ပြန်နေကြပြီ ဖြစ်သည်။

စာတည်း - အေးချမ်း

#mizzima
#လှည်းကူးမြို့
#ရေကြီးနစ်မြုပ်မှု

ပုံအညွှန်း - လှည်းကူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းများသို့ ရွေ့ပြောင်းပေးနေကြစဉ်။ ( ပုံ - Myanmar Red Cross Society)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2😢2❤1👍1
​​စစ်ကောင်စီက ၂နှစ်ကျော်အတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၂၂ကြိမ်ကျူးလွန်၊ ပြည်သူ ၅၉၀ဦး သေဆုံးဟု NLD ထုတ်ပြန်
===================

မောင်ခက်နွေ (မဇ္ဈိမ)
(မဇ္ဈိမ)။ ။ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီက လူထုအားအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ၂၂ ကြိမ်တွင် ပြည်သူ ၅၉၀ ဦး သေဆုံးခဲ့ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ အောက်တိုဘာလ ၁၁ရက်တွင် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့မှ ယခု ၂၀၂၃ ခုနှစ် အောက်တို ဘာ ၉ရက်နေ့အထိ နိုင်ငံတဝန်းရှိ အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု (၁၀) ဦး နှင့်အထက်ဖြစ်စဥ် ၂၂ ခု စာရင်းကိုNLD က ထုတ်ပြန်ခြင်းဖြစ်သည်။
အထက်ပါတိုက်ခိုက်မှု ၂၂ ကြိမ်တွင် အရပ်သားပြည်သူ ၅၉၀ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တကြိမ်တည်း တိုက်ခိုက်မှု၌ အများဆုံး သေဆုံးမှုမှာ ယခုနှစ် ဧပြီလ ၁၁ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ပဇီကြီးရွာအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၆၈ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ဖြစ်သည်။

အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရမှုများတွင် စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပြီး မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည် ၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့ပါဝင်သည်။

ပထမဆုံးအက်ြိမ်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားရွာမှ ဒေသခံပြည်သူ ၂၀ ဦး သတ်ဖြတ်ခံရမှုဖြစ်သည်။ လတ်တလောအချိန်အထိ နောက်ဆုံးဖြစ်စဉ်မှာ ယခု ၂၀၂၃ ခုနှစ် အောက်တို ဘာ ၉ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမူဖြစ်ပြီး ၂၈ ဦး သေဆုံးခဲ့သည်ဟု NLD က ထုတ်ပြန်ထားသည်။

အထက်ပါ အကြမ်းဖက်လုပ်ရပ်များအတွက် စစ်ကောင်စီအား တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိရေးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် မြန်မာပြည်သူများအတွက် တရား မျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ပိုမိုထိရောက်စွာကူညီပံ့ပိုးပေးရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

၂၀၂၃ ခုနစ် မေလက ညောင်လေးပင်ခရိုင် ညောင်ပင်သာရွာမှ ဒေသခံပြည်သူ ၂၀ဦးကို စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် မီးရှိုသတ်ဖြတ်ပြီးနောက် တွေ့ရစဥ်။ (ဓာတ်ပုံ - ထန်းတပင် PDF)

စာတည်း - အေးချမ်း

#mizzima
#စစ်ကောင်စီ
#အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
#NLDထုတ်ပြန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤3
​​၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင်လျှောက်ရန်အတွက် အင်ဒိုနီးရှားတို့ သြစတြေးလျနှင့် ဆွေးနွေးနေဟု FA အကြီးအကဲ ပြော
======================

By PKThawn
ဆော်ဒီအာရေဗီးယားရဲ့ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်ခွင့်လျှောက်ထားမှုအတွက် ထောက်ခံကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က ကြေညာထားပေမယ့်လည်း အင်ဒိုနီးရှားဟာ ၎င်းပြိုင်ပွဲအတွက် ဖြစ်နိုင်ချေရှိတဲ့ ပူးတွဲကမ်းလှမ်းမှုတရပ်အတွက် သြစတြေးလျနဲ့ ဆွေးနွေးနေတယ်လို့ ၎င်းရဲ့ ဘောလုံးအဖွဲ့ချုပ်အကြီးအကဲက ပြောပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဟာ ၂၀၃၀ အတွက် မော်ရိုကို၊ စပိန်နဲ့ ပေါ်တူဂီတို့ကို ပူးတွဲအိမ်ရှင်အဖြစ် ပေးအပ်ပြီးနောက် ကမ္ဘာ့ဖလား အလှည့်ကျ လက်ခံကျင်းပခွင့်အတွက် အာရှနဲ့ အိုရှန်းနီးယား ဒေသတွေမှ လျှောက်ထားမှုတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

ရီယာ့ဒ်ရဲ့ လျှောက်ထားမှုဟာ နိုင်ငံကို ကမ္ဘာ့အားကစားအင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲဖို့ လှုံ့ဆော်မှုတခုရဲ့ နောက်ဆုံးခြေလှမ်းဖြစ်ပေမယ့်လည်း အစိုးရဝန်ကြီးလည်းတဖြစ် အင်တာမီလန်အသင်းပိုင်ရှင်ဟောင်းလည်းဖြစ်တဲ့ အဲရစ် သော်ဟိုင်းက ဂျကာတာနဲ့ ကင်ဘာရာတို့က ၎င်းတို့ရဲ့ လျှောက်ထားမှုကို ကြိုတင်ပြင်ဆင်နိုင်ဖွယ်ရှိကြာင်း ပြောပါတယ်။

သူဟာ မတ်လက ရဝမ်ဒါရှိ FIFA ကွန်ဂရက်မှာ သူ့ရဲ့ တွဲဘက် သြစတြေးလျနဲ့အတူ ဒီကိစ္စကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အဲဒီနောက်ပိုင်း ဆက်လက် ဆွေးနွေးနေခဲ့ကြကြောင်း သူက အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

"အဲဒီတုန်းက 'အတူတူ လုပ်ကြစို့'လို့ သြစတြေးလျက ပြောတယ်၊ 'အိုကေ ကျနော်တို့က အဆင်သင့်ပါပဲ'လို့ ကျနော် ပြန်ဖြေခဲ့တယ်၊ ဆွေးနွေးဖို့က နိုင်ငံတစ်ခုစီရဲ့ အစိုးရအပေါ်မှာ မူတည်တယ်"လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဖီဖာရဲ့ ကမ်းလှမ်းမှု နောက်ဆုံးရက်ဖြစ်တဲ့ အောက်တိုဘာ ၃၁ ရက်အတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သော်ဟိုင်းက ပြောပါတယ်။

အပြုသဘောဖြင့် တုံ့ပြန်ပြောဆိုခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့အတူ သူဟာ ဒီအလားအလာကို မြှင့်တင်လိုက်ခဲ့ကြောင်းလည်း သော်ဟိုင်းက ပြောပါတယ်။

“သြစတြေးလျဘက်က 'ဒါကို အလေးအနက်ထား လုပ်ရကြရအောင်'လို့ ထပ်ပြီး တောင်းဆိုခဲ့တယ်”လို့ သူက ဆိုပါတယ်။
ဩစတြေးလျဘောလုံးအဖွဲ့ချုပ်က ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို ရှာဖွေနေကြောင်း ပြောပေမယ့် အင်ဒိုနီးရှားနဲ့အတူ ပူးတွဲလျှောက်ထားမှုကို ဖော်ပြထားခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း သြစတြေးလျဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက သူတို့ဟာ အင်ဒိုနီးရှားနဲ့အတူ ပူးတွဲလျှောက်ထားနိုင်ခြေကို စုံစမ်းနေကြောင်းလည်း ဇွန်လအတွင်းက ပြောပါတယ်။

ပူးတွဲလျှောက်ထားခွင့်မှာ နယူးဇီလန်နဲ့အတူ အင်ဒိုနီးရှားနဲ့ သြစတြေးလျ ဒါမှမဟုတ် မလေးရှားနဲ့ စင်ကာပူတို့နဲ့အတူ အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့ ပါဝင်ခဲ့ကြကြောင်း ဟော်ဟိုင်းက ပြောပါတယ်။
"လျှောက်ထားမှု လုပ်ငန်းစဉ်ဟာ ရက်သတ္တပတ်အနည်းငယ်သာရှိတော့တာကြောင့် ကျနော်တို့တွေ ဒီရွေးချယ်ခွင့်တွေကို ဖွင့်ထားဆဲဖြစ်တယ်"လို့ သူက ပြောပါတယ်။

ဒါပေမယ့်လည်း အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အငြင်းပွားမှုတွေနဲ့ ကြုံခဲ့ရပါတယ်။
လွန်ခဲ့တဲ့ တနှစ်က ဂျာဗားရှိ အားကစားကွင်းတခုမှာ လူအုပ်ပြိုမှုတခုကြောင့် လူ ၁၃၅ ဦး သေဆုံးခဲ့ပြီး အစ္စရေးရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံမှာ ဆန္ဒပြမှုတွေအပြီးမှာ အင်ဒိုနီးရှားဟာ U-20 ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ဆုံးရှုံးခဲ့ရပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆော်ဒီရဲ့ လျှောက်ထားမှုကို ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပြီးနောက် မကြာခင်မှာပဲ သူတို့ဟာ ဒါကို နောက်ကွယ်မှ ထောက်ခံအားပေးခဲ့ပါတယ်။

"အာရှဘောလုံးမိသားစုတခုလုံးဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ အရေးကြီးတဲ့ အစပျိုးလုပ်ဆောင်မှုကို ထောက်ခံအားပေးဖို့ စည်းလုံးစွာ ရပ်တည်သွားမယ်"လို့ ဘာရိန်းမှ AFC ဥက္ကဋ္ဌ ရှိတ်ခ်ဆယ်လ်မန် ဘင်အီဗရာဟင် အယ်ခါလီဖာက ပြောပါတယ်။

(AFP)
Photo: EPA
#worldcup2034 #worldcup
🔥3