မြင်းခြံတွင် UBP ပါတီဝင်ဟောင်း အမျိုးသမီး သတ်ဖြတ်ခံရ
======================
007
(မဇ္ဈိမ) ။ ။ မြင်းခြံမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀နာရီခွဲခန့်က UBP ပါတီဝင်ဟောင်း အမျိုးသမီးတဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။
အသတ်ခံရသူသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောင်းကုန်းကျေးရွာနေသူ ဒေါ်လှလှဟန်ဆိုသူဖြစ်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဖွဲ့စည်းသည့်အချိန်မှ ဖျက်သိမ်းသည်အထိ မြို့နယ်အဆင့်ပါတီဝင်တဦးဖြစ်ခဲ့ကြောင်း သိရသည်။
“သတင်းပေးဒလန်တွေ အရှင်မထားဘူး ဆိုပြီး အိမ်ထဲအထိ ဝင်သတ်သွားတာ။ အရီးလှက အရင်က ဦးရွှေမန်း ပါတီမှာ မြို့နယ်အဆင့်ပါတီဝင်တဦးပေါ့။ သူ စစ်တပ်သတင်းပေးလုပ်နေတာကို PDF တွေကသိလို့ မကြာခဏ သတိပေးခံရတယ်။ ဆက်လုပ်နေလို့သတ်သွားတာ” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် မြင်းခြံမြို့ခံ သတင်းရင်းမြစ်တဦးကပြောသည်။
၎င်းသည် နေအိမ်အတွင်း မိသားစုနှင့်အတူရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာသော သေနတ်သမားငါးဦးက သေနတ်ဖြင့်လေးချက်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“နဖူးဖောက်ဝင်ဒဏ်ရာနဲ့ပွဲချင်းပြီးသေတာ” ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတဦးကပြောသည်။
အဆိုပါပစ်ခတ်သတ်ဖြတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားကြောင်း မသိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းများက ဆိုသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စု ဇီးဖြူပင်ကျေးရွာတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်ကလည်း UBP ပါတီ ရပ်/ကျေးဥက္ကဋ္ဌ ဦးသန်းထွန်း( အသက် ၈၀ နှစ်) အသတ်ခံခဲ့ရပြီး နိုဝင်ဘာလ ၉ ရက်ကလည်း ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့မှ UBP ပါတီ တိုင်းလွှတ်တော်အမတ်လောင်း ဦးဘချစ် ( အသက် ၅၀ နှစ်) သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ သည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (Union Betterment Party )ပါတီသည် စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဦးဆောင်သောပါတီဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်သောတွေ့ဆုံပွဲများသို့ ပုံမှန်တက်ရောက်ခဲ့သည်။
ထို့နောက် ယမန်နှစ် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြင်းခြံ
#UBP
ပုံအညွှန်း မြင်းခြံမြို့အဝင်ဆိုင်းဘုတ်ဖြစ်ပါသည်(ဓာတ်ပုံ- CJ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍9❤6
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄အောက်တိုဘာ၂၀၂၃)
====================
စစ်ကောင်စီသည် နိုင်ငံခြားငွေဒေါ်လာ အလွန်အမင်းလိုအပ်နေသည့်အတွက် ပြည်ပရောက် မြန်မာ လုပ်သားများကို အမျိုးမျိုးမက်လုံးများဖြင့် အခွန်ဆောင်ချင်လာအောင် စွဲဆောင်နေသော်လည်း ပြင်ပ ငွေလဲနှုန်းပေါက်ဈေးအတိုင်းမရရှိခြင်း အခွန်ထပ်မံဆောင်ခိုင်းခြင်းများကြောင့် မြန်မာလုပ်သား အများစု မှာ စိတ်ဝင်စားမှုမရှိနိုင်ပေ။သို့ရာတွင် ဂွင်ရိုက်ကာ ကားသွင်းမည့်သူများပေါ်လာကာ အခွန်ဆောင်သည့် မှောင်ခိုဈေးကွက်ပေါ်လာနိုင်ဖွယ်ရှိနေသည်။ .

😁6👍4❤2🤮2
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးမှာ ကိုယ်ကျိုးစီးပွား အခြေပြု နိုင်ငံရေးအသုံးချမှု သက်သက်သာ ဖြစ်သည်ဟု NUG ယာယီသမ္မတပြော
===========================
မဇ္ဈိမ
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးမှာ ကိုယ်ကျိုးစီးပွား အခြေပြု နိုင်ငံရေးအသုံးချမှု သက်သက်သာ ဖြစ်သည်ဟု NUG ယာယီသမ္မတက ပြောသည်။
" ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါမချန် အရပ်သားပြည်သူ တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီထံကနေ စေတနာမှန်တဲ့ ငြိမ်ချမ်းရေးဆိုတာ ဘယ်တော့မှ ရလာမှာ မဟုတ်ပါဘူး" ဟု ၎င်းကပြောသည်။
အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁၅ ရက်တွင် NCA ရှစ်နှစ်ပြည့် အခမ်းအနားလုပ်ရန် ကြံရွယ်နေကြောင်း၊ စစ်အာဏာ သိမ်းပြီးနောက်တွင် NCA မှာ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။
" အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မရယူဖို့ ကြိုးစားစဉ်ကတည်းက NCA စာချုပ်ဟာ ပျက်ပြယ်သွားခဲ့ပြီး ဖြစ်ပါတယ်။ NCA စာချုပ်ချုပ် ဆိုခဲ့တဲ့ KNU, CNF , ABSDF တို့ကိုယ်တိုင် ပျက်ပြယ်ပြီးဖြစ်ကြောင်း ပြည်သူလူထု တရပ်လုံးကို အသိပေးထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိ NCA အခြေခံမူတွေကို လေးစားမှုမရှိ၊ ချိုးဖျက်ခဲ့ပြီးကာမှ NCA နှစ်ပတ်လည် လုပ်မယ်ဆိုတာ အင်မတန်မှ မျက်နှာပြောင်တိုက်ရာ ကျပြီး ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။နိုင်ငံတကာအသိုင်း အဝိုင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အကြမ်းဖက် စစ်ခေါင်းဆောင်က ကျင်းပပြုလုပ်မယ့် NCA (၈) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုချီးမြှင့်မှုမည့် အချိန်မဟုတ်ပါဘူး။ ဒီအချိန်ဟာ NCA နှင့် ပတ်သက်ပြီး အောင်ပွဲခံ အခမ်းအနား လုပ်ရမည့် အချိန်မဟုတ်ဘူး၊ ဒီအချိန်ဟာ ဖြစ်ပျက်မှုများ ပြန်လည်သုံးသပ်ရမဲ့ အချိန်ဖြစ်ပါတယ် " ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ထို့ပြင်စစ်ကောင်စီမှာ စစ်ရာဇ၀တ်မှုများကို ဆက်တိုက်ကျုးလွန် နေပြီး အနီးစပ်ဆုံး ဖြစ်စဉ်မှာ လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ဗုံး ကြဲတိုက်ခိုက်မှုဟု ၎င်းကပြောသည်။
"ဒါဟာ အင်မတန်မှ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး လူသားမျိုးနွယ် အပေါ် စစ်ရာဇဝတ်မှု ထပ်မံ ကျူးလွန်လိုက်တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ၂ လသားကလေးငယ်အပါအဝင် ကလေးသူငယ် (၁၃) ဦး သေဆုံးခဲ့ရပါ တယ်။ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူပေါင်း(၃၀)အထိ ထိခိုက်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရသူ (၅၇) ဦးကျော်ထိရှိပါတယ်။ ဆုံးရှုံးသွားတဲ့ အသက်တွေအတွက်၊ ပြိုကွဲသွားတဲ့ မိသားစုတွေအတွက်၊ ထိခိုက်နာကျင်ရတဲ့ ဘဝတွေအတွက် တရားမျှတမှု မဖြစ်မနေ ပြန်ယူဆောင် ပေးရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အားလုံး အတူတကွ ကြိုးစားသွားကြရပါမယ်" ဟု ယာယီသမ္မတက ပြောသည်။
နိုင်ငံတကာမိတ်ဆွေများလည်း စစ်ကောင်စီကို ဆက်လက်ဖယ်ကျဉ် ထားရန်နှင့် NUG အနေနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်အတူ လက်တွဲကာ နောက်ဆုံးတိုက်ပွဲကို အောင်နိုင်သည်အထိ ကြိုးစားသွားမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။

👍22❤6👏3😁2🤮1
This media is not supported in your browser
VIEW IN TELEGRAM
အညာရှေ့တန်း စစ်မျက်နှာနဲ့ ထောက်ပို့ | ချစ်သောအညာမြေ Episode-26
Watch more detail -https://youtu.be/YdnWH8ODdYI
#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels

👍16🍌2
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

❤8🤮2👍1👎1😁1