Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္သာရီမြို့နယ်အတွင်း ညအချိန် ခရီသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်
👍14🔥3
တနင်္သာရီမြို့နယ်အတွင်း ညအချိန် ခရီသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်
=================

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ညအချိန် ခရီးသွားလာ ခြင်းမပြုကြရန် တနင်္သာရီတိုင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့က အသိပေးချက်ထုတ်ပြန် ထားသည်။

တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးမဟာမိတ်အဖွဲ့များ ထုတ်ပြန်ထားသည့် စစ်ရေးဆိုင်ရာ အသိပေး ချက်များအတိုင်း ခရီးသွားပြည်သူများအားလုံး ပြည်ထောင်စုလမ်းပေါ်တွင် ညအချိန် ခရီးသွားလာခြင်း အပြင် စစ်ကောင်စီနှင့် နီးကပ်စွာနေထိုင်ခြင်း၊ သွားလာခြင်းမပြုကြရန်နှင့် နေ့အချိန် ကားဖြင့်သွားလာပါ က ကားမှန်ချပြီး ခရီးသွားလာကြပါရန် အသိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်ထောင်စုလမ်းမပေါ်တွင် ဂိတ်ဖွင့်စစ်ဆေးနေသော စစ်ကောင်စီဂိတ်အား ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ရေးအရှိန်မြှင့်သည့်အနေဖြင့် သွားရောက်တိုက်ခိုက်ပြီးနောက်တွင် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ် သည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် စစ်ရေးတင်းမာမှု မကြာခဏဖြစ်ပွားနေပြီး အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီဂိတ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် တမုတ်ကျေးချုံရွာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ဂိတ်ချ စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာန၏ လက်ရုံးတပ်ဖွဲ့ (Dragon Squad)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း-၂ ၊ တပ်ခွဲ ၁ ၊ ၂ နှင့် တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တနင်္သာရီ တိုင်း- ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

“အဲဒီဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀ ဦး နီးပါး ပုံမှန်ရှိတယ်လို့သိရတယ်။ သူတို့က နေ့တိုင်း နီးပါး လက်နက်ကြီးတွေနဲ့ရမ်းသန်ပစ်ခတ်နေတာကြောင့် အရပ်သားတွေထိခိုက်နေလို့ စစ်ရေးအရှိန်မြှင့် တဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်”ဟု တနင်္သာရီတိုင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ကိုစတားက ပြောသည်။

အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ကြာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

“ဒီဂိတ်ကို ပူးပေါင်းအဖွဲ့က တိုက်ခိုက်တာ လေးကြိမ်ရှိပါပြီ၊ ဝေဟင်ကနေ ဒရုန်းနဲ့တိုက်ခိုက်တာ နှစ်ကြိမ် ရှိတယ်”ဟု ကိုစတားက ဆိုသည်။

ယင်းကဲ့သို့ မကြာခဏတိုက်ခိုက်ခံနေရအတွက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်နေရာများကို ယခင်ကထက် လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ဆေးမှုများတင်းကြပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ကြောင့် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။
ထို့ပြင် လက်နက်ကြီးဖြင့် အမြဲပစ်ခတ်ခံရသော ဘန်လော၊ အရှေ့မော်တုန်း၊ အနောက်မော်တုန်း၊ တမုတ် ချုံးနှင့် ဘန်းလမွတ် စသည့်ကျေးရွာအုပ်စုများ အပါအဝင် ကျေးရွာ ၁၇ ရွာခန့်မှ ဒေသခံ ၈,ဝဝဝ ခန့် ထွက် ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့မှာ အနီးအနားရှိကျေးရွာများတွင် တိမ်းရှောင်နေရဆဲ ဖြစ်သည်။

စက်တင်ဘာလနောက်ဆုံးပတ်အထိ တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ၃,၇၀၀ ကျော် ကျန်ရှိနေဆဲ ဖြစ်ကြောင်း ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့မှ အောက်တိုဘာလ ၁၃ ရက် နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

#တနင်္သာရီမြို့နယ်
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
#သတိပေးချက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥2
The EU and ASEAN marked the start of Green Diplomacy Weeks 2023 through a fun run, walk, and cycling event in Jakarta
🔥6
Jakarta, 15 October 2023 – Ambassador of the European Union (EU) to ASEAN, H.E. Sujiro Seam, the Deputy Secretary-General of ASEAN for ASEAN Socio-Cultural Community H.E. Ekkaphab Phanthavong and the Ambassador/Permanent Representative of the Republic of the Philippines to ASEAN, H.E. Hjayceelyn Mancenido Quintana, officially launched the start of the EU-ASEAN Green Diplomacy Weeks 2023 today in Jakarta, Indonesia. 

Over 300 people, representing officials from ASEAN, the EU and its Member States, youths, and people with special needs, marked the occasion with a symbolic ride, run, and walk along the route of Jalan Sudirman to Gelora Bung Karno, Senayan Jakarta.

The event marked the start of the first region-wide activities for the EU-ASEAN Green Diplomacy Weeks 2023. EU Delegations across ASEAN are hosting a series of events in ASEAN Member States to enliven the EU Green Diplomacy Weeks 2023, starting from 15 to 22 October 2023. The series of events is designed to provide a platform for ASEAN youths to actively engage in green transition activities such as interactive discussions on climate change issues, online competitions, workshops on waste segregation and plastic recycling, upcycling, young climate heroes campaign, biodiversity and wildlife education. 

"The European Union is committed to supporting our partners in their respective green transitions, including ASEAN,” said the EU Ambassador to ASEAN, H.E. Sujiro Seam. “This event shows our commitment to continue working together with ASEAN towards a greener future. It is an opportunity to celebrate the progress we have made, and to encourage individuals, communities and organisations to take stronger action in future – to protect, preserve and restore our environment, for now and for future generations”, he added. 

“I am confident that this event will enhance ASEAN-EU collaboration and particularly encourage the public and youth to step up and take bolder climate action for the betterment of ASEAN and the Sustainable Planet”, said Deputy Secretary-General of ASEAN, H.E. Ekkaphab Phanthavong. “I would like to invite everyone to take this opportunity to reflect, engage, and motivate others to join in climate action to ensure a sustainable and resilient ASEAN Community,” he added.

H.E. Hjayceelyn Mancenido Quintana, Ambassador, Permanent Representative of the Republic of the Philippines to ASEAN, who is also Country Coordinator for ASEAN-EU Dialogue Relations, said that “Climate action is one of the Philippines’ priorities as Country Coordinator for ASEAN-EU Dialogue Relations. Climate action and environmental sustainability are also central to ASEAN’s priorities. Each one of us has the ability to make a significant impact to the environment through our own individual actions and steps, and also by inspiring others to follow suit. Cycling, taking public transport and other eco-friendly alternatives are small but concrete steps that each of us can take to reduce air pollution,” she added.

First introduced to the public in 2019 as Climate Diplomacy Weeks, this initiative has become a landmark annual event where the EU Delegations and embassies of the EU Member States around the world host events to foster dialogue and cooperation on climate change. Re-named “Green Diplomacy Weeks” as of this year, the event still aims to serve as a platform showcasing success stories and inspire further actions.

In Myanmar, a Young Climate Heroes Campaign will be launched both online and offline on 16 October 2023. The campaign aims to empower the young people of Myanmar to take active actions in mitigating the impacts of climate change. Comprising a total of five modules over the course of two days (21 and 22 October 2023), the online campaign will focus on the topics of climate advocacy, climate actions, sustainable climate initiatives, project management, and climate leadership.
👍6❤1🔥1
ကြွေးမြီကတိကဝတ်ပြန်လည် ပြင်ဆင်ရေးတွင် ပိုမိုဆိုးရွားသည့် စည်းကမ်းချက်များနှင့် ကြုံတွေ
တရုတ်အိမ်ခြံမြေကုမ္ပဏီများသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်ကြေးရှိ ကြွေးမြီကတိကဝတ် ပြန်လည်ပြင်ဆင်ရေးကို...
https://ift.tt/5V9GInl
😁5
​​NCA သဘောတူညီချက် လုံး၀မရှိတော့ဘဲ တော်လှန်ရေး ‌အောင်မြင်သည်အထိ ရှေ့ကနေ မားမားမတ်မတ်ရပ်ကာ ဦးဆောင်တိုက်ပွဲ၀င်မည်ဟု KNU တရား၀င်ထုတ်ပြန်
================

မဇ္ဈိမ

NCA သဘောတူညီချက် လုံး၀မရှိတော့ဘဲ တော်လှန်ရေး ‌အောင်မြင်သည်အထိ ရှေ့ကနေ မားမားမတ်မတ် ရပ်ကာ ဦးဆောင်တိုက်ပွဲဝင်မည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင်ထုတ်ပြန်သည်။

KNU ပြောရေးဆိုခွင့်ရှိသူ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတောနီး၏ ပြောကြားချက်ကို အောက်တိုဘာ ၁၅ ရက်တွင် ရုပ်သံဖြင့် တရား၀င်ထုတ်ပြန်လာခြင်းဖြစ်သည်။

" လူထုဟာ ပင်ပန်းပါတယ်။ ဒါပေမဲ့ ဒီပင်ပန်းမှုဟာ ရပ်ထားလို့မရပါဘူး။ ကျနော်တို့အောင်ပွဲရတဲ့အထိ ဆက်လက် ပြီးတော့ တွန်းအားပေးကြပါ။ ကျနေယ်တို့ကိုယ်တိုင်ကလည်း ရှေ့ကနေပြီးတော့ မားမားမတ်မတ်ရပ်ပြီး တော်လှန်ရေးတိုက်ပွဲကြီး အောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲ၀င်သွားမယ်ဆိုတာကို အလေးအနက် ‌ပြောကြားလိုပါတယ် " ဟု ဖဒိုစောတောနီးက ‌ပြောသည်။

KNU အနေဖြင့် ယခင်က အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး အတွက် တက်တက်ကြွ ကြွပါ၀င်ခဲ့သော်လည်း စစ်အာဏာရှင်က သဘောတူညီချက်များအားလုံးကို ချိုး‌ဖောက်ခဲ့သည်ဟု KNU က ဆိုသည်။

" ကျတော်တို့တိုင်းပြည်မှာ နှစ်ရှည်လများ ဆယ်စုနှစ်ပေါင်း များစွာဖြစ်ရှိနေတဲ့ ဒီပဋိပက္ခကြီးကိုဖြေရှင်းဖို့အတွက် ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အကောင်းဆုံးကြိုးစားခဲ့ တယ်။ နောက်ဆုံးအနေနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကနေ နိုင်ငံရေးဆွေးနွေးပွဲကနေပြီးတော့ ကျတော်တို့ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီးတော့ ကိုယ့်မှာရှိသမျှ ကိုယ်စွမ်း ညဏ်စွမ်း အရင်းအမြစ်အားလုံးကို ပုံအောပြီးတော့ အချိန်တွေ ပေးဆပ်ပြီးတော့ ကျတော်တို့လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့နောက်ဆုံး ကျတော့ စစ်အာဏာရှင်တွေကနေ ဒီ သဘောတူညီချက်တွေ အားလုံးကို ချိုးဖောက်လိုက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ကော နိုင်ငံရေးဆွေးနွေးပွဲတွေကော ကို ဖျက်ဆီးလိုက်တယ် အဲ့တာကြောင့် ကျတော်တို့ ပြောချင်တာက ‌တော့ NCA သဘောတူညီချက်စာချုပ်ဆိုတာ လုံးဝမရှိတော့ပါ ဘူး" ဟု ၎င်းက‌ပြောသည်။

အာဏာမသိမ်းမီကတည်းက NCA စာချုပ်ကို စစ်တပ်ဘက်က လိုက်နာမှုမရှိခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းခြင်းမှာ သဘောတူညီမှုများ ကို အလုံးစုံချိုးဖောက်လိုက်ခြင်းဖြစ်‌ကြောင်း၊ NCA ရှိနေသယောင် စစ်တပ်က လိမ်လည်နေသဖြင့် သုံးဖွဲ့ပေါင်းကာ ထုတ်ပြန်ခဲ့ခြင်းဟု ဖဒိုစောတောနီးက ‌ပြောသည်။

" ဒီနေ့ဒီကာလမှ တွေ့နေရတဲ့ စစ်အုပ်စုက ဘာလည်းဆိုတော့ သူတို့ကိုယ်တိုင်ကလည်း အာဏာသိမ်းတယ်၊ အကြမ်းဖက်နည်းနဲ့ ပြသနာကို ဖြေရှင်းလာတဲ့အခါမှာကျတော့ NCA စာချုပ်က ရှိနေပါသေးတယ် ငြိမ်းချမ်းရေးဖြစ်စဉ်က ရှိနေပါသေးတယ်၊ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တဲ့ ၂၀၀၈ သူတို့ကိုယ်တိုင်ရေးထားတဲ့ မတရားတဲ့ ဥပဒေလည်း ရှိနေပါသေးတယ်ဆိုပြီး သူတို့ဝါဒဖြန့်ထား တယ်။ နိုင်ငံတကာကိုလည်း လိမ်လည်လှည့်ဖြားထားတယ်။ ပြည်တွင်းမှာလည်း ဒီအတိုင်းပြောနေတယ်။ အဲ့တာကြောင့်မို့ ကရင်အမျိုးသားအစည်းအရုံး၊မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ချင်းအမျိုးသားတပ်ဦးတို့ကနေပြီးတော့ အထူးသဖြင့်ဒီစာချုပ်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီးတော့ လက်မှတ် ‌ရေးထိုးခဲ့တဲ့ အဖွဲ့ (၃) ဖွဲ့ကနေပြီးတော့ သဘောထားထုတ်ပြန် ကြေငြာချက်တစ်ခုက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေငြာခဲ့ပါ တယ်" ဟု ၎င်းက‌ပြောသည်။

စစ်ကောင်စီက NCA ရှစ်နှစ်ပြည့်အခမ်းအနားပြုလုပ်မည်ဟုဆို ကာ စီစဉ်နေပြီး ယင်းပွဲကို KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး တက်ရောက်နေသည့်အချိန်တွင် KNU က တရား၀င်ထုတ်ပြန် လာခြင်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤3🔥2🥴1
​​ကလေးမြို့နယ်တောင်ပိုင်းမှ စစ်ဘေးရှောင်များ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိ
===============

ပါခွီး.

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ် များကိုမီးရှို့နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ်အကူညီများ လိုအပ်နေ ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားရေးဌာနမှ သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့မှစပြီး ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော်က စစ်ကြောင်းထိုးပြီး လူနေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
“တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့အတွက် အဓိကတော့ ဆန်နဲ့ ရိက္ခာတွေ လိုအပ်ပါတယ်။ ကျန်း မာရေးစောင့်ရှောက်မှုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပြုလုပ်ပေးနေပေမဲ့ ဆေးဝါးတွေ လိုအပ်နေတယ်” ဟု လူသားချင်းစာနာထောက်ထားရေးဌာနမှ ကိုနေ့သစ်က မဇ္စျိမကိုပြောသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးမီးရှို့ခဲ့သဖြင့် စက္ကန့်၊ ရှားတော၊ အင်ဒိုင်ကုန်း၊ မြောင်းစုံ၊ ဆင်တော၊ စီးစံကျေးရွာတို့မှ ဒေသခံ ၃,၅၀၀ ခန့် ကလေးမြို့ပေါ်နှင့် နီးစပ်ရာတောတောင်များတွင် စစ်ဘေးရှောင် နေရကြောင်း သိရသည်။

စစ်ဘေးရှောင်များတွင် သက်ကြီးရွယ်နှင့်ကလေးငယ်အများစုပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်များလည်း ပါဝင်ကြောင်း ဆိုသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များမှာ နေ့စဥ်နှင့်ပုံမှန်သောက် သုံးနေရသော ဆေးဝါးများ ဝယ်ယူနိုင်ရန် အခက်အခဲရှိသဖြင့် ကာကွယ်ရေးအဖွဲ့များတွင်ရှိသော ဆေးဝါး များဖြင့် အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးနေရကြောင်း ကိုနေ့သစ်ကပြောသည်။
ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားချင်းစာနာထောက်ထားရေးဌာနအနေဖြင့် တိုက်ပွဲများ ဖြစ်ပွားကြောင်းသိရလျှင် မြေပြင်သို့ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ကြိုးစားကာ စစ် ဘေးရှောင် ကာလရှည်ကြာလာပါက စားနပ်ရိက္ခာများကူညီနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

သို့သော်လည်း ယင်းသို့အကူအညီများပေးနိုင်မှုသည် စေတနာရှင်များ၏ကူညီမှုဖြင့် လုပ်ဆောင်ရခြင်း ဖြစ်ပြီး လတ်တလောတွင် ပါဝင်လှူဒါန်းမှုများနည်းပါးသဖြင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ မလုပ် ဆောင်နိုင်သောကြောင့် ပြည်တွင်းပြည်ပမှအလှူရှင်များကူညီပေးကြရန် ကိုနေ့သစ်က မေတ္တာရပ်ခံထား သည်။

စစ်ကောင်စီတပ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စက္ကန့်ရွာကို အောက်တို ဘာလ ၇ ရက်မှစ၍ အကြိမ်ကြိမ်မီးရှို့ခဲ့ရာ ရွာအတွင်းရှိ နေအိမ်များ ကုန်သလောက်နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။

စက္ကန့်ကျေးရွာသည် အိမ်ခြေ ၈၀၀ ကျော် ရှိသော ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ် ဆက်လက်တပ်စွဲထား ၍ စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#စက္ကန့်ကျေးရွာ
#စစ်ဘေးရှောင်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8🔥5👍3❤1😁1
​​Mizzima needs your support! 

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ 
👉 https://bit.ly/2VhJ12U 

For more information- https://donate.mizzima.com/mm/ 

#supportmizzima
👍11😁1🤮1
ပခန်းကြီးရဲစခန်းမှ ရဲ ၂ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရာ ၁ ဦး အသေဖမ်းမိ၊ ၁ ဦးထွက်ပြေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ ပခန်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆေ.....
https://ift.tt/1UnoTmQ
❤7👍3🔥1😁1