ကြွေးမြီကတိကဝတ်ပြန်လည် ပြင်ဆင်ရေးတွင် ပိုမိုဆိုးရွားသည့် စည်းကမ်းချက်များနှင့် ကြုံတွေ
တရုတ်အိမ်ခြံမြေကုမ္ပဏီများသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်ကြေးရှိ ကြွေးမြီကတိကဝတ် ပြန်လည်ပြင်ဆင်ရေးကို...
https://ift.tt/5V9GInl

😁5
NCA သဘောတူညီချက် လုံး၀မရှိတော့ဘဲ တော်လှန်ရေး အောင်မြင်သည်အထိ ရှေ့ကနေ မားမားမတ်မတ်ရပ်ကာ ဦးဆောင်တိုက်ပွဲ၀င်မည်ဟု KNU တရား၀င်ထုတ်ပြန်
================
မဇ္ဈိမ
NCA သဘောတူညီချက် လုံး၀မရှိတော့ဘဲ တော်လှန်ရေး အောင်မြင်သည်အထိ ရှေ့ကနေ မားမားမတ်မတ် ရပ်ကာ ဦးဆောင်တိုက်ပွဲဝင်မည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင်ထုတ်ပြန်သည်။
KNU ပြောရေးဆိုခွင့်ရှိသူ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတောနီး၏ ပြောကြားချက်ကို အောက်တိုဘာ ၁၅ ရက်တွင် ရုပ်သံဖြင့် တရား၀င်ထုတ်ပြန်လာခြင်းဖြစ်သည်။
" လူထုဟာ ပင်ပန်းပါတယ်။ ဒါပေမဲ့ ဒီပင်ပန်းမှုဟာ ရပ်ထားလို့မရပါဘူး။ ကျနော်တို့အောင်ပွဲရတဲ့အထိ ဆက်လက် ပြီးတော့ တွန်းအားပေးကြပါ။ ကျနေယ်တို့ကိုယ်တိုင်ကလည်း ရှေ့ကနေပြီးတော့ မားမားမတ်မတ်ရပ်ပြီး တော်လှန်ရေးတိုက်ပွဲကြီး အောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲ၀င်သွားမယ်ဆိုတာကို အလေးအနက် ပြောကြားလိုပါတယ် " ဟု ဖဒိုစောတောနီးက ပြောသည်။
KNU အနေဖြင့် ယခင်က အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး အတွက် တက်တက်ကြွ ကြွပါ၀င်ခဲ့သော်လည်း စစ်အာဏာရှင်က သဘောတူညီချက်များအားလုံးကို ချိုးဖောက်ခဲ့သည်ဟု KNU က ဆိုသည်။
" ကျတော်တို့တိုင်းပြည်မှာ နှစ်ရှည်လများ ဆယ်စုနှစ်ပေါင်း များစွာဖြစ်ရှိနေတဲ့ ဒီပဋိပက္ခကြီးကိုဖြေရှင်းဖို့အတွက် ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အကောင်းဆုံးကြိုးစားခဲ့ တယ်။ နောက်ဆုံးအနေနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကနေ နိုင်ငံရေးဆွေးနွေးပွဲကနေပြီးတော့ ကျတော်တို့ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီးတော့ ကိုယ့်မှာရှိသမျှ ကိုယ်စွမ်း ညဏ်စွမ်း အရင်းအမြစ်အားလုံးကို ပုံအောပြီးတော့ အချိန်တွေ ပေးဆပ်ပြီးတော့ ကျတော်တို့လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့နောက်ဆုံး ကျတော့ စစ်အာဏာရှင်တွေကနေ ဒီ သဘောတူညီချက်တွေ အားလုံးကို ချိုးဖောက်လိုက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ကော နိုင်ငံရေးဆွေးနွေးပွဲတွေကော ကို ဖျက်ဆီးလိုက်တယ် အဲ့တာကြောင့် ကျတော်တို့ ပြောချင်တာက တော့ NCA သဘောတူညီချက်စာချုပ်ဆိုတာ လုံးဝမရှိတော့ပါ ဘူး" ဟု ၎င်းကပြောသည်။
အာဏာမသိမ်းမီကတည်းက NCA စာချုပ်ကို စစ်တပ်ဘက်က လိုက်နာမှုမရှိခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းခြင်းမှာ သဘောတူညီမှုများ ကို အလုံးစုံချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း၊ NCA ရှိနေသယောင် စစ်တပ်က လိမ်လည်နေသဖြင့် သုံးဖွဲ့ပေါင်းကာ ထုတ်ပြန်ခဲ့ခြင်းဟု ဖဒိုစောတောနီးက ပြောသည်။
" ဒီနေ့ဒီကာလမှ တွေ့နေရတဲ့ စစ်အုပ်စုက ဘာလည်းဆိုတော့ သူတို့ကိုယ်တိုင်ကလည်း အာဏာသိမ်းတယ်၊ အကြမ်းဖက်နည်းနဲ့ ပြသနာကို ဖြေရှင်းလာတဲ့အခါမှာကျတော့ NCA စာချုပ်က ရှိနေပါသေးတယ် ငြိမ်းချမ်းရေးဖြစ်စဉ်က ရှိနေပါသေးတယ်၊ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တဲ့ ၂၀၀၈ သူတို့ကိုယ်တိုင်ရေးထားတဲ့ မတရားတဲ့ ဥပဒေလည်း ရှိနေပါသေးတယ်ဆိုပြီး သူတို့ဝါဒဖြန့်ထား တယ်။ နိုင်ငံတကာကိုလည်း လိမ်လည်လှည့်ဖြားထားတယ်။ ပြည်တွင်းမှာလည်း ဒီအတိုင်းပြောနေတယ်။ အဲ့တာကြောင့်မို့ ကရင်အမျိုးသားအစည်းအရုံး၊မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ချင်းအမျိုးသားတပ်ဦးတို့ကနေပြီးတော့ အထူးသဖြင့်ဒီစာချုပ်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီးတော့ လက်မှတ် ရေးထိုးခဲ့တဲ့ အဖွဲ့ (၃) ဖွဲ့ကနေပြီးတော့ သဘောထားထုတ်ပြန် ကြေငြာချက်တစ်ခုက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေငြာခဲ့ပါ တယ်" ဟု ၎င်းကပြောသည်။
စစ်ကောင်စီက NCA ရှစ်နှစ်ပြည့်အခမ်းအနားပြုလုပ်မည်ဟုဆို ကာ စီစဉ်နေပြီး ယင်းပွဲကို KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး တက်ရောက်နေသည့်အချိန်တွင် KNU က တရား၀င်ထုတ်ပြန် လာခြင်းဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍16❤3🔥2🥴1
ကလေးမြို့နယ်တောင်ပိုင်းမှ စစ်ဘေးရှောင်များ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိ
===============
ပါခွီး.
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ် များကိုမီးရှို့နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ်အကူညီများ လိုအပ်နေ ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားရေးဌာနမှ သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့မှစပြီး ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော်က စစ်ကြောင်းထိုးပြီး လူနေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
“တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့အတွက် အဓိကတော့ ဆန်နဲ့ ရိက္ခာတွေ လိုအပ်ပါတယ်။ ကျန်း မာရေးစောင့်ရှောက်မှုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပြုလုပ်ပေးနေပေမဲ့ ဆေးဝါးတွေ လိုအပ်နေတယ်” ဟု လူသားချင်းစာနာထောက်ထားရေးဌာနမှ ကိုနေ့သစ်က မဇ္စျိမကိုပြောသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးမီးရှို့ခဲ့သဖြင့် စက္ကန့်၊ ရှားတော၊ အင်ဒိုင်ကုန်း၊ မြောင်းစုံ၊ ဆင်တော၊ စီးစံကျေးရွာတို့မှ ဒေသခံ ၃,၅၀၀ ခန့် ကလေးမြို့ပေါ်နှင့် နီးစပ်ရာတောတောင်များတွင် စစ်ဘေးရှောင် နေရကြောင်း သိရသည်။
စစ်ဘေးရှောင်များတွင် သက်ကြီးရွယ်နှင့်ကလေးငယ်အများစုပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်များလည်း ပါဝင်ကြောင်း ဆိုသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များမှာ နေ့စဥ်နှင့်ပုံမှန်သောက် သုံးနေရသော ဆေးဝါးများ ဝယ်ယူနိုင်ရန် အခက်အခဲရှိသဖြင့် ကာကွယ်ရေးအဖွဲ့များတွင်ရှိသော ဆေးဝါး များဖြင့် အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးနေရကြောင်း ကိုနေ့သစ်ကပြောသည်။
ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားချင်းစာနာထောက်ထားရေးဌာနအနေဖြင့် တိုက်ပွဲများ ဖြစ်ပွားကြောင်းသိရလျှင် မြေပြင်သို့ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ကြိုးစားကာ စစ် ဘေးရှောင် ကာလရှည်ကြာလာပါက စားနပ်ရိက္ခာများကူညီနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သို့သော်လည်း ယင်းသို့အကူအညီများပေးနိုင်မှုသည် စေတနာရှင်များ၏ကူညီမှုဖြင့် လုပ်ဆောင်ရခြင်း ဖြစ်ပြီး လတ်တလောတွင် ပါဝင်လှူဒါန်းမှုများနည်းပါးသဖြင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ မလုပ် ဆောင်နိုင်သောကြောင့် ပြည်တွင်းပြည်ပမှအလှူရှင်များကူညီပေးကြရန် ကိုနေ့သစ်က မေတ္တာရပ်ခံထား သည်။
စစ်ကောင်စီတပ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စက္ကန့်ရွာကို အောက်တို ဘာလ ၇ ရက်မှစ၍ အကြိမ်ကြိမ်မီးရှို့ခဲ့ရာ ရွာအတွင်းရှိ နေအိမ်များ ကုန်သလောက်နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။
စက္ကန့်ကျေးရွာသည် အိမ်ခြေ ၈၀၀ ကျော် ရှိသော ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ် ဆက်လက်တပ်စွဲထား ၍ စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#စက္ကန့်ကျေးရွာ
#စစ်ဘေးရှောင်

😢8🔥5👍3❤1😁1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
👉 https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

👍11😁1🤮1
ပခန်းကြီးရဲစခန်းမှ ရဲ ၂ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရာ ၁ ဦး အသေဖမ်းမိ၊ ၁ ဦးထွက်ပြေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ ပခန်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆေ.....
https://ift.tt/1UnoTmQ

❤7👍3🔥1😁1
ပခန်းကြီးရဲစခန်းမှ ရဲ ၂ ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရာ ၁ ဦး အသေဖမ်းမိ၊ ၁ ဦးထွက်ပြေး
=================
MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ ပခန်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်စဥ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ တဦးအသေဖမ်းမိပြီး တဦးမှာ ဒဏ်ရာများဖြင့်ထွက်ပြေးလွတ်မြောက်သွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းတွင် ပခန်းကြီးရဲစခန်းအနီး ဘီယာဆိုင်မှ ထွက်လာသည့် ရဲနှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပကဖ တာဝန် ရှိသူတဦးက ပြောသည်။
“စစ်သုံ့ပန်းဥပဒေနဲ့ အညီ အေးအေးဆေးဆေးဖမ်းဆီးခေါ်ဆောင်တာ စခန်းနားမှာဆိုတော့ လက်ထိပ်တွေ ဘာတွေ ခတ်ချိန်မရဘဲ ဆိုင်ကယ်ပေါ် တင်ခေါ်လာတာ ဆိုင်ကယ်ပေါ်ရောက်တဲ့အချိန် ပြန်ပြီး ခုခံတာ ဆိုင်ကယ်ကလဲသွားပြီး သူတို့က ပြေးဖို့ကြိုးစားတာ။ ရဲတပ်သား တယောက်ကတော့ ထွက်ပြေးသွားပြီး နောက်တယောက်ကတော့ အဲ့နားမှာပဲ ရှင်းလင်းနိုင်ခဲ့တယ်” ၎င်းက ပြောသည်။
သေဆုံးသွားသူမှာ ဒုရဲတပ်ကြပ်နိုင်လင်းဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာတွင် အလောင်းကို လာရောက်ကောက်ယူသွားကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူကဆိုသည်။
အဆိုပါ ရဲတပ်သား နှစ်ဦးထံမှ ဆိုင်ကယ်တစီး၊ဖုန်းတလုံး ဓါးတချောင်း နှင့် စာရွက်စာတမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်းကိုလည်း ရေစကြို ပကဖ မှ ထုတ်ပြန်ထားသည်။
ပခန်းကြီးရဲစခန်းသည် ပခုက္ကူ-ရေစကြို ကားလမ်း ဘေးတွင်တည်ရှိပြီး ယင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရဲစခန်းရှေ့တွင် ဂိတ်ချကာ ခရီးသွားပြည်သူများထံမှ ငွေကြေးများကောက်ခံလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် ရေစကြိုမြို့နယ် အတွင်းရှိ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသဖြင့် ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူထံက သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#ပခန်းကြီးရဲစခန်း
#ဖမ်းဆီးမှု
ပုံအညွန်း - ရဲ ၂ ဦးထံမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ။(ဓါတ်ပုံ - ရေစကြိုပကဖ)

❤8👍6🔥2👏2😁1
Map of #Afghanistan showing the shake intensity of an #earthquake which struck near the city of Herat on Sunday, October 15, following an earlier major quake on October 7. / AFP / Valentina BRESCHI AND John SAEKI
👍3🔥1
မန္တလေးတိုင်းတွင် ရဲစခန်း ၃ ခု ဒရုန်းဖြင့် ဗုံးကြဲခံရ၊ ရဲ ၁ ဦး၏ ဇနီး ဒဏ်ရာရ
==============
007
(မဇ္စျိမ)။ ။ မန္တလေးတိုင်းတွင် ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် က စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်း သုံးခု ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ရဲတဦး၏ ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သက်ဆိုင်ရာသတင်းရင်းမြစ်များထံကသိရသည်။
မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူးမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ပုသိမ်ကြီး ရဲစခန်းတိုက်ခိုက်ခံရမှုတွင် ရဲတဦး၏ ဇနီးမစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
“ဗုံးက ရဲစခန်း(၀င်း)ထဲက ရေချိုးကန်နားကျပြီး ပေါက်ကွဲတယ်။ ရေချိုးနေတဲ့ ရဲမိန်းမ တယောက်ထိတယ်။ မစိုးရိမ်ရ ဒဏ်ရာလို့ ဖရဲသီးသတင်းရထားတယ်။ ဘယ်အဖွဲ့အစည်းလက်ချက်ဆိုတာတော့ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့်မရှိဘူး။ သူတို့ဘက်က သတင်းထုတ်ပြန်လာပါလိမ့်မယ်” ဟု ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာ ရဲကင်းစခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ်တော်လှန်ရေးအင်အားစုမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်ကပြောသည်။
စစ်ကောင်စီ ထောက်ခံသည့် သတင်းချန်နယ်များတွင်လည်း ရဲတပ်ဖွဲ့ဝင်၏ ဇနီးဖြစ်သူ မစိုးရိမ်ရ ဒဏ်ရာ နှစ်ခုရခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ရဲစခန်း သုံးခု တိုက်ခိုက်ခံခဲ့ရပြီး PDF အဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း ရေးသားထားသည်။
ယမန်နေ့ နံနက် ၁၁ နာရီခန့်က ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာနယ်မြေရဲစခန်း၊ နေ့လယ် ၁ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာရဲကင်းစခန်း၊ ညနေ ၅ နာရီခန့်တွင်၊ မြင်းခြံခရိုင် ၊ ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာအုပ်စု၊ မြို့သာနယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုများနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းအထိ သတင်း တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။
ထုံးကြီးကျေးရွာနယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုတွင် ဗုံးသီးပေါက်ကွဲမှု မဖြစ်ခဲ့ကြောင်း၊ မြို့သာနယ်မြေရဲစခန်း တိုက်ခိုက်ခံရမှုတွင်လည်း ရဲစခန်းအပြင်ဘက်သို့သာ ဗုံးသီးကျရောက်ပေါက်ကွဲ၍ စစ်ကောင်စီဘက်က ထိခိုက်မှု တစ်စုံတရာမရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။
“တစ်ရက်အတွင်း သုံးနေရာအတိုက်ခံရတာမှန်ပါတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်းအတွင်း ပြီးခဲ့သည့်စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း၊ စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ရဲစခန်း လက်ပစ်မိုင်းများဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။
ပုံစာ မန္တလေးမြို့အ၀င်ဆိုင်းဘုတ်
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဒရုန်းဖြင့်ဗုံးကြဲ
#မန္တလေးတိုင်း

👍18😁3👏2
မင်းတပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေး ၂ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး
🤬10😁3😢3👍1
မင်းတပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေး ၂ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး
=================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက် တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ် အောက် ကလေးငယ်နှစ်ဦးဒဏ်ရာရရှိပြီး လူနေအိမ်အချို့ပျက်စီးကာ အိမ်မွေးတိရစ္ဆာန် သေဆုံးမှုများရှိ သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တိုက်ပွဲရှိလို့တော့ မဟုတ်ဘူး၊ အရင်က လက်နက်ကြီး ပစ်ပုံနဲ့ ပေါက်ကွဲပုံတွေနဲ့ အခုဟာက မတူဘူး"ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဆလိုင်းယောမန်က မဇ္စျိမကို ပြောသည်။
မင်းတပ်မြို့သို့ စစ်ကောင်စီတပ်ဖွဲ့၏ ခဲယမ်းနှင့် ရိက္ခာယာဉ်တန်း ရောက်ရှိလာတော့မည်ဖြစ်၍ ယခုကဲ့သို့ လက်ကျန်ခဲယမ်းများကို ဂိုထောင်ရှင်းသည့်အနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခြင်းလည်းဖြစ် နိုင်သည်ဟု ၎င်းကဆိုသည်။
ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ပေါ်ရှိ ခလရ(၂၇၄)တပ်ရင်းမှ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက် နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဘက်သို့ ပစ်ခတ်နေသည်ဟု အုပ်ချုပ်ရေးအဖွဲ့တာဝန် ရှိသူက ဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတဦးနှင့် အသက် ၁၁ နှစ် အရွယ် ယောကျ်ားလေးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါစစ်ကောင်စီတပ်က တိုက်နယ် အမှတ်(၂) အတွင်းရှိ ကျေးရွာများသို့ ဟောင်ဝစ်ဇာအမြောက်ဖြင့် သုံးကြိမ်နှင့် ညနေပိုင်းတွင် မင်းတပ် - မတူပီ (၁၄) မိုင်ဘက်သို့သုံးကြိမ် ပစ်ခတ်ခဲ့ကြောင်းဆိုသည်။
အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီဝန်းကျင်ကလည်း ခလရ (၂၇၄) တပ်ရင်းမှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ရာ လူနေအိမ်အချို့ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနေ့က စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် စတင်ပစ်ခတ်ပြီးနောက် ဒေသခံများ ဗုံးခိုကျင်းအတွင်း ပြေးလွှားပုန်းခိုကြသဖြင့် အထိအခိုက်မရှိခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချိန်မရွေး ပစ်ခတ်နေသောကြောင့် ပြည်သူများအနေဖြင့် ဗုံးခို ကျင်းတူးထားကြရန်နှင့် မည်ကဲ့သို့တူးရမည်ဆိုသည်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အကြိမ်ကြိမ် အသိပေးထားပြီးဖြစ်ကြောင်း ဆလိုင်းယောမာန်က ပြောသည်။
မင်းတပ်မြို့နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရရှိသဖြင့် အသိပေးမှုအပိုင်းနှင့် ဆက်သွယ် မှု အပိုင်းများတွင် အခက်အခဲများနှင့် တွေ့ကြုံနေရကြောင်း သိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း မင်းတပ်မြို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်သဖြင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က အောက်တို ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ပုံအညွှန်း -လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုများ(ဓါတ်ပုံ - မင်းတပ်-ပအဖ)
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု

🤬8👍2😁2❤1🔥1
မြန်မာ အပါအဝင် ပဋိပက္ခစစ်ပွဲများအကြောင်း သတင်းဖော်ပြသည့် သတင်းသမားများကို ပြင်သစ် စစ်သတင်းထောက်ဆု ရွေးချယ်ချီးမြှင့်
========================
မြန်မာ၊ ဟေတီ၊ အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းရှိ ပဋိပက္ခစစ်ပွဲများနှင့်ပတ်သက်ပြီး သတင်းဖော်ပြသည့် သတင်းသမားများနှင့် ဓာတ်ပုံဆရာများကို အောက်တိုဘာ ၁၄ ရက်က ပြင်သစ်နိုင်ငံ၏ နာမည်ကျော် Bayeux War Correspondents’ Awards ဆုများ ရွေးချယ်ချီးမြှင့်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
မြန်မာ၊ ဟေတီ၊ အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းရှိ ပဋိပက္ခစစ်ပွဲများနှင့်ပတ်သက်ပြီး သတင်းဖော်ပြသည့် သတင်းသမားများနှင့် ဓာတ်ပုံဆရာများကို အောက်တိုဘာ ၁၄ ရက်က ပြင်သစ်နိုင်ငံ၏ နာမည်ကျော် Bayeux War Correspondents’ Awards ဆုများ ရွေးချယ်ချီးမြှင့်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🥴4
ရေစကြို ရေလယ်ကျွန်းဒေသတွင် အမျိုးသမီးကြီး ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်
======================
MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်က နွယ်နီကျေးရွာမှ အမျိုးသမီးကြီးနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့က နွယ်နီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ သည် ကျေးရွာအတွင်း၌ အသက် ၅၁ နှစ်အရွယ် ဒေါ်သီသီမာနှင့် အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်မြကြင် တို့ကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံတဦးက ပြောသည်။
“ စစ်ကြောင်းနဲ့တိုးတာဖြစ်မယ်၊ နှစ်ယောက်လုံးက စိတ်ဝေဒနာရှင်တွေလို့ သိရတယ်” ဟု ရေလယ်ကျွန်း ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများခွဲကာ ကျေးရွာ များအတွင်းဝင်ရောက်ပြီး ပစ္စည်းများကိုလုယက်ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများလုပ် ဆောင်နေခြင်းဖြစ်သည်။
“နန်းဦးရွာထဲကစစ်ကြောင်းက တူနီရွာကိုဝင်မီးရှို့ပြီး ဝါးဘိုးတို့ ညောင်ပင်ရွာတို့ကို ပစ်ခတ်ဝင်သွားတယ်။ မြေတော်ကစစ်ကြောင်းကတော့ ရွာထဲကပစ္စည်းတွေခိုးပြီး မော်တော်တွေနဲ့သယ်ပြီး အရှေ့ဘက်ကမ်းကို ပို့နေတယ် ” ဟု ဒေသခံတဦးက အောက်တိုဘာလ ၁၅ ရက်နေ့ နေလည်ပိုင်းတွင် မဇ္ဈိမသို့ပြောသည်။
စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသကို အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်ကာ အင်အား ၃၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရပြီး စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရ သည်။
ပုံအညွှန်း ရွာမီးရှို့ ခံနေရသည်ကို အဝေးမှကြည့်နေရသည့် ရေလယ်ကျွန်းဒေသခံပြည်သူများ
စာတည်း။ ။စောဖေ
#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#ရေလယ်ကျွန်းဒေသ

😢11🤬5👍3😁2🔥1
မုန်လိုင်ခက်ကျဆုံးသူများအတွက် ဝမ်းနည်းခြင်းဖြင့် ချီတက်ခဲ့သည့် ရွာပေါင်းစုံ သပိတ်
👍14❤5😁2