ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်ခွာသွားပြီယူဆပြီး ရွာထဲပြန်ဝင်သူ ပစ်သတ်ခံရ
=======================
008
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီဟု ယူဆပြီး ကျေးရွာအတွင်ပြန်ဝင်လာသူတဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ခင်ဦးမြို့နယ်အနောက်တောင်ခြမ်းရှိ ညောင်ပင်ကြီးစုကျေးရွာကို အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ကြရပြီး ယနေ့ အောက်တို ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ရာ၌ ပစ်သတ်ခံထားရသည့် အသက် ၄၅ နှစ်အရွယ် ကိုမင်းမင်းဆိုသူကို တွေ့ရှိရခြင်းဖြစ်သည်ဟု ဆိုသည်။
“မနေ့က စစ်ကြောင်းပြန်ထွက်ပြီအထင်နဲ့ မင်းမင်းက ဆိုင်ကယ်နဲ့ဝင်သွားတယ်။ ဒီနေ့မနက် ကျွန်တော် တို့ ရွာထဲပြန်ဝင်တော့ စာသင်ကျောင်းရှေ့မှာ အသတ်ခံထားရတာတွေ့တယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတဦးကပြောသည်။
ဒေသခံများ ရွာထဲသို့ပြန်လည်ဝင်ရောက်ရာတွင် စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားခဲ့ခြင်း ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသခံတဦးဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ မှသိရသည်။
“ဒီနေ့မနက် ဒေသခံတွေ ရွာထဲအဝင်မှာ ရေဦး-ညောင်ပင်သာကားလမ်းဘေး မူးတိမ်ချောင်းကူးတံတား အဆင်းနားမှာ အကြမ်းဖက်စကစတပ်က နင်းမိုင်းတွေထောင်ထားခဲ့တာကြောင့် တဦးထိခိုက်ဒဏ်ရာရခဲ့ ပြီး ခြေထောက်ဖြတ်ပစ်ရနိုင်ပါတယ်"ဟု ခင်ဦးသတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောသည်။
စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အနောက်တောင်ခြမ်းရှိကျေးရွာများကို အောက်တိုဘာလ ၁၄ ရက် မှ စတင်ကာ စစ်ကြောင်းထိုးနေခြင်းကြောင့် မူးသာ၊ သက်ပေး၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ရွာသစ်၊ ချမ်းသာ ကုန်းနှင့် အင်းပတ်ကျေးရွာတို့မှ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်သွားသည့် ကျေးရွာများအတွင်းသို့ သတိပြု ဝင်ရောက်ကြပါရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးချက်များထုတ်ပြန်ပေး ထားကြောင်း သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်ဖွဲ့
#စစ်ကြောင်းထိုး
#ပစ်ခတ်မှု
ဓါတ်ပုံ-ခင်ဦးမြို့နယ်၊သတင်းမှန်ပြန်ကြားရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬10👍2🔥1
၂၀၃၆ အိုလံပစ်ပြိုင်ပွဲအတွက် အိန္ဒိယ ကမ်းလှမ်းမယ်လို့ ဝန်ကြီးချုပ် မိုဒီ ပြော
===================
By PKThawn
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဟာ ၂၀၃၆ အိုလံပစ်နဲ့ မသန်စွမ်းအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းမယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အတည်ပြုပြောကြားလိုက်ပါတယ်။
မိုဒီက အဆိုပါပွဲကို လက်ခံကျင်းပရခြင်းဟာ အိန္ဒိယနိုင်ငံအတွက် “လူမျိုးရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုမှာ နက်နက်ရှိုင်းရှိုင်းတဲ့ဆန္ဒ” ဖြစ်တယ်လို့ စနေနေ့က မွမ်ဘိုင်းမှာ ကျင်းပတဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) အစည်းအဝေးဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။
“အိန္ဒိယလူမျိုးတွေဟာ အားကစားကို နှစ်သက်ရုံသာမကဘဲ ကျနော်တို့တွေလည်း ဒါကို ရှင်သန်နေကြပါတယ်”လို့ မိုဒီက ပြောပါတယ်။ "၂၀၃၆ မှာ အောင်မြင်တဲ့ အိုလံပစ်ပွဲတော် ကျင်းပဖို့အတွက် ပြင်ဆင်ရာမှာ အိန္ဒိယက အစွမ်းကုန်ကြိုးစားအားထုတ်သွားမှာပါ၊ ဒါက ကုဋေ ၁၄၀ (၁.၄ ဘီလီယံ) အိန္ဒိယသားတွေရဲ့ အိပ်မက်ပါပဲ။"
“ခင်ဗျားတို့ရဲ့ ပံ့ပိုးမှုနဲ့ ဒီအိပ်မက်ကို ကျနော်တို့ အကောင်အထည် ဖော်ချင်တယ်။ အိန္ဒိယဟာ IOC ရဲ့ အဆက်မပြတ် ပံ့ပိုးကူညီမှုတွေ ရလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။
”
မြို့ သို့မဟုတ် ဒေသကို မိုဒီက မသတ်မှတ်ထားပေမယ့် အိန္ဒိယဝန်ကြီးချုပ်ရဲ့ နာမည်ပေးထားတဲ့ ပရိသတ် ၁၃၂,၀၀၀ ဆံ့ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးရှိရာ အဟ်မဒါဘတ်ဟာ နိုင်ငံရဲ့ ကမ်းလှမ်းမှုအတွက် အဓိကအိမ်ရှင်မြို့အဖြစ် ပြိုင်ဆိုင်နိုင်ဖွယ်ရှိပါတယ်။
အင်ဒိုနီးရှားနဲ့ မက္ကဆီကိုတို့ဟာ ၂၀၃၆ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားတယ်လို့ ယခင်က ထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့လက ပိုလန်သမ္မတ အန်ဇေ ဒူဒါ (Andrzej Duda)က အဆိုပါအားကစားပြိုင်ပွဲကို ကျင်းပလိုတယ်လို့လည်း IOC ကို ပြောကြားခဲ့ပါတယ်။
၂၀၃၆ ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ပေးအပ်မယ့် အချိန်အတွက် IOC မှ ခိုင်မာတဲ့ အချိန်ကာလကို သတ်မှတ်ခြင်း မရှိပါဘူး။
၂၀၃၆ နွေရာသီပြိုင်ပွဲဟာ နောက်လာမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို ပါရီဟာ ၂၀၂၄ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ၂၀၂၈ မှာ လော့စ်အိန်ဂျလိစ်နဲ့ ၂၀၃၂ မှာ ဘရစ္စဘိန်းတို့မှာ ကျင်းပမှာဖြစ်ပါတယ်။
အိန္ဒိယဟာ ၂၀၂၉ မှာ လူငယ်အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းမှုကို ထည့်သွင်းစဉ်းစားမယ်လို့ မိုဒီက IOC ကို ပြောကြားခဲ့ပါတယ်။
“အားကစားဆိုတာ ဆုတံဆိပ်တွေရရုံတင်မကဘဲ နှလုံးသားတွေကိုပါ အောင်နိုင်နေဖို့ပါ”လို့ သူက ဆိုသည်။
Ref; AP
#NarendraModi #အိုလံပစ်ပြိုင်ပွဲ #မိုဒီ #Olympics

👍5❤1🔥1
အဂတိလိုက်စားမှုများပေါ်ပေါက်ပြီးနောက် စစ်ကောင်စီက စက်သုံးဆီကြီးကြပ်ရေးကော်မတီကို အသစ် ပြန်ဖွဲ့
==================
001
(မဇ္စျိမ)။ ။ပုဂ္ဂလိကလုပ်ငန်းရှင်များထံ နိုင်ငံခြားငွေရောင်းချမှုနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုများ ပေါ်ပေါက်ပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်သည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်း ပြီး အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။
ယခင်ကော်မတီတွင် ပါဝင်သူအချို့ လာဘ်စားမှုကြောင့် ရာထူးမှ ထုတ်ပယ်ခံရခြင်း၊ ဈေးနှုန်းမတည် ငြိမ်မှုနှင့် မြို့အချို့ရှိ ဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီးနောက် စစ်ကောင်စီက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို အသစ်ပြန် လည် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
ဦးညွန့်အောင်ဦးဆောင်သည့် ကော်မတီဟောင်းတွင် ဒုတိယဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ လာဘ်စားမှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု၊ နိုင်ငံခြားငွေ တရားမဝင်လက်ဝယ်ထားရှိမှုတို့ဖြင့် လွန်ခဲ့သည့် တပတ်က ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံလိုက်ရသည့် ဗိုလ်မှူးချုပ်ဟောင်းရန်နောင်စိုးက တာဝန် ယူထားခြင်းဖြစ်သည်။
ယခင် ကော်မတီဟောင်းတွင် အဖွဲ့ဝင် ၁၀ ဦးရှိပြီး အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် အဖွဲ့ဝင် ရှစ်ဦးသာပါဝင်တော့မည်ဖြစ်ကာ ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် ဒုတိယဥက္ကဋ္ဌ ခန့်အပ်ခြင်းမရှိတော့ဘဲ စွမ်းအင်ဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူး၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ချုပ် က တွဲဖက်အတွင်းရေးမှူးနှင့် အခြားသက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ချုပ်၊ ဒုညွှန်ချုပ် အဆင့်ရှိသူများက အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်သည်။
ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သြဂုတ်လနှောင်းပိုင်းမှစ၍ ရန်ကုန်နှင့် နေပြည် တော်တို့မှ လုပ်ငန်းရှင်ရာဂဏန်းနီးပါးကို ခေါ်ယူစစ်ဆေးပြီးနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင် သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ စီးကူး ဒုဝန်ကြီး ဦးညွန့်အောင်နှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ဖမ်းဆီးစစ်ဆေးပြီး ရာထူးမှထုတ်ပယ်ကာ ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဗိုလ်မှူးချုပ်အဆင့်ရှိသူတို့အား နှစ် ၂၀ နှင့် ညီမျှသော ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့သည်။
ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် စီး၊ ကူး ဒုဝန်ကြီး ဦးညွန့်အောင်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း စတင်ဖွဲ့စည်းခဲ့သည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဗိုလ်မှူးချုပ်ရန်နောင်စိုးမှာ ဒုဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ကော်မတီ သက်တမ်း တနှစ်ခွဲခန့်အကြာတွင် ပယ်ဖျက်ခံလိုက်ရခြင်း ဖြစ်သည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို စစ်ကောင်စီက ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကဏ္ဍအား ပိုမိုထိရောက်စွာ ထိန်း ကျောင်းကိုင်တွယ်ဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီအရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ကြီးကြပ်ကွပ်ကဲမှုများ ပြုလုပ်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
သို့သော် အာဏာသိမ်းကာလနှစ်နှစ်ခွဲကျော်အတွင်း စက်သုံးဆီဈေးနှုန်းမတည်ငြိမ်မှုများ ဆက်လက်ဖြစ် ပေါ်နေကာ ပြီးခဲ့သည့်တပတ်အတွင်းက စက်သုံးဆီဈေးနှုန်း ပြန်လည်ကျဆင်းလာပြီးနောက် ရန်ကုန် အပါအဝင် မြို့အချို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“သူတို့(ဆီဆိုင်)က ဈေးကျသွားပြီဆို မရောင်းတော့ဘူး ဆီကုန်နေတယ်တဲ့။ ပြီးခဲ့တဲ့ရက်ပိုင်းက တချို့ ဆိုင်တွေဆို အစောကြီးကတည်းက ပိတ်တာ။ သွားရင် ဆီမရှိဘူးပြောတယ်။ ပြီးခဲ့တပတ်လောက်က ဈေးနည်းနည်းကျတယ်။ အခုရက်ပိုင်း ဈေးကပုံမှန်အတိုင်းပြန်ဖြစ်သွားပြီ အဲဒီတော့ရောင်းတယ်” ဟု ပြည်မြို့မှဒေသခံတဦးက ပြောသည်။
ပခုက္ကူမြို့မှ ဆီဆိုင်ပိုင်ရှင်တဦးကမူ လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း ခွဲတမ်းဖြင့် သာရရှိနေသည့်အတွက် လောက်ငှမှုအားနည်းသော်လည်း စက်သုံးဆီပြတ်လပ်မှု မရှိသေးဟု ဆိုသည်။
“ခွဲတမ်းနဲ့သွားနေရတာဆိုတော့ ပွင့်လင်းရာသီဆိုရင် လိုအပ်ချက်ပြည့်ဖို့နည်းတာပေါ့။ ပွင့်လင်းရာသီမှာ စက်သုံးဆီအသုံးများတော့ အဲဒီအချိန်ဆို လောက်ငှမှုအားနည်းမယ်။ ခွဲတမ်းချတာတွေက နည်းတာပေါ့” ဟု ၎င်းက ပြောသည်။

👍12🤣8❤1
ဗီယက်နမ်အလယ်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် ၂ ဦးသေဆုံး
ဗီယက်နမ်အလယ်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် ၂ ဦးသေဆုံး ...
https://www.youtube.com/watch?v=ajX8LfFPJIg

YouTube
ဗီယက်နမ်အလယ်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် ၂ ဦးသေဆုံး
ဗီယက်နမ်အလယ်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် ၂ ဦးသေဆုံး
#InternationalNews#reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

မြန်မာအရေး ICC ကိုလွှဲပြောင်းဖို့ ကုလမဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီ ပယ်ချ
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာကိစ္စအား ...
https://www.youtube.com/watch?v=NkIWzEn9Luo

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာကိစ္စအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး(ICC)သို့ လွှဲပို့ရေး သုံးသပ်အကြံပြုချက်တွေကို ပယ်ချကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
၅၄ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ…

🤣6❤1
KNU အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ရှောင် ခုနစ်သိန်းကျော်အထိရှိလာ
KNU အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ရှောင် ...
https://www.youtube.com/watch?v=25dzGNH3jZg

#PoliticalNews
#reels
#shorts
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍3🔥1😢1

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများအတွင်း ...
https://www.youtube.com/watch?v=DSIM4sLz6BU

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင် ပြည်သူ ခုနစ်သိန်းကျော်ရှိလာကြောင်း KNU ဗဟိုက ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှစ်ဖက်တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေး…

😢4👍3🔥1
Oct - 16 [2 Pm] Mizzima News Hour
Oct - 16 [2 Pm] Mizzima News Hour Mizzima Headline News #2pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=87wuTigmsL0

Mizzima Headline News
#2pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
Mizzima Headline News
#2pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
🔥1
မြန်မာအရေး ICC ကိုလွှဲပြောင်းဖို့ ကုလမဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီ ပယ်ချ
မြန်မာအရေး ICC ကိုလွှဲပြောင်းဖို့ ကုလမဟာမင်းကြီးရဲ့ ...
https://www.youtube.com/watch?v=T2H4iu_pRbI
မြန်မာအရေး ICC ကိုလွှဲပြောင်းဖို့ ကုလမဟာမင်းကြီးရဲ့ ...
https://www.youtube.com/watch?v=T2H4iu_pRbI
YouTube
မြန်မာအရေး ICC ကိုလွှဲပြောင်းဖို့ ကုလမဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီ ပယ်ချ
မြန်မာအရေး ICC ကိုလွှဲပြောင်းဖို့ ကုလမဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီ ပယ်ချ
#PoliticalNews
#reels
#shorts
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

🤣6😁4
အစ္စရေး-ဟားမတ်စ် စစ်ပွဲအကြား ဂါဇာ၌ လူ ၁ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး
======================
အစ္စရေးက ဟားမတ်စ် စိုးမိုးအုပ်ချုပ်သည့် ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို လုံးလုံးလျားလျား မြေပြင်ထိုးစစ်တခုအတွက် ပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၁၆ ရက်တွင် တပ်ဖွဲ့ဝင်များကို ဆက်လက်စုစည်းနေရာချထားခဲ့ချိန် ဂါဇာတွင် လူပေါင်း တစ်သန်းကျော်သည် ဖရိုဖရဲ အခြေအနေမြင်ကွင်းများနှင့်အတူ ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
အစ္စရေးက ဟားမတ်စ် စိုးမိုးအုပ်ချုပ်သည့် ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို လုံးလုံးလျားလျား မြေပြင်ထိုးစစ်တခုအတွက် ပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၁၆ ရက်တွင် တပ်ဖွဲ့ဝင်များကို ဆက်လက်စုစည်းနေရာချထားခဲ့ချိန် ဂါဇာတွင် လူပေါင်း တစ်သန်းကျော်သည် ဖရိုဖရဲ အခြေအနေမြင်ကွင်းများနှင့်အတူ ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5👍2👎1🔥1
ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပရန် စစ်ကောင်စီ ပြင်ဆင်နေ
===================
007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။
“နှစ်တိုင်း၀င်ပြိုင်နေကျအသင်းတွေ မဖြစ်မနေ၀င်ပြိုင်ရမယ်လို့ အသံထွက်လာပြန်ပြီ။ မနှစ်ကလည်း ဒီအတိုင်းပဲ၊ မပါချင်လည်းပါ ပါချင်လည်းပါဆိုပြီး ဖိအားပေးလို့ ၀င်ပါခဲ့ရတယ်။ မနှစ်က ပွဲမစည်ခဲ့ဘူး၊ အား လပ်ရက်မို့ မေမြို့တက်လာတာတွေတော့ရှိတယ်၊ ဒါပေမယ့် ကွင်းထဲ၀င်လာတာ အတော်နည်းတယ်၊ လောင်းကစားဝိုင်းတွေနဲ့ အရက်ဘီယာဆိုင်တွေနားလောက်ပဲ လူရှိတာ” ဟု လုံခြုံရေးအရ အမည်မဖော် လိုသည့် သတင်းရင်းမြစ်တဦးက ပြောသည်။
နှစ်စဉ်ကျင်းပလေ့ရှိသော ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို COVID-19 ကပ်ရောဂါဖြစ်ပွား သည့် ၂၀၂၀ ပြည့်နှစ်တွင် ပွဲကျင်းပပြုလုပ်ခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။
အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် COVID-19 ကူးစက်ဖြစ်ပွားနေသည့် ကာလဖြစ်သော်လည်း ပွဲကျင်း ပရန်စစ်ကောင်စီက စီစဉ်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ပြုလုပ်နိုင်ခြင်းမရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ်တွင် သုံးလခန့် ကြိုတင်ပြင်ဆင်ခဲ့ရာ အထိုက်အလျောက် စည်ကားခဲ့ကြောင်း သိရသည်။
“မနှစ်ကတော့ မီးပုံးပျံအလုံးပေါင်း ၇၀ ကျော်၀င်ပြိုင်ကြရမယ်လို့ အမိန့်ထုတ်တယ်၊ နှစ်တိုင်း၀င်ပါခဲ့တဲ့ မီးပုံးပျံအသင်းတွေ မပါမဖြစ် ပါပေးခဲ့ရတယ်၊ ဒီနှစ်လည်း ဘယ်လိုဖိအားပေးလာဦးမလဲတော့ မသိသေး ဘူး၊ အခုလောလောဆယ်တော့ ပွဲလုပ်ဖြစ်တယ်၊ ပြိုင်ပွဲ၀င်အသင်းတွေပြင်ဆင်ကြတော့ဆိုတာလောက်ပဲ အကြောင်းကြားထားတာရှိတယ်” ဟု မြို့ခံတဦးက ပြောသည်။
ယမန်နှစ်က ပွဲတော်ကာလအတွင်း လောင်းကစားဝိုင်းဆိုင်ခန်းပေါင်း ၂၀ ကျော်နှင့် အရက်ဘီယာဆိုင် ၁၀ ဆိုင်ထက်မနည်းရှိခဲ့သော်လည်း ကိုဗစ်ရောဂါမဖြစ်ပွားမီနှစ်များကဲ့သို့ လာရောက်လည်ပတ်သူ မရှိခဲ့ ကြောင်း ဒေသခံများကပြောသည်။
ပြင်ဦးလွင်မီးပုံးပျံပွဲတော်ကို မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားအနီးရှိ မီးပုံးပျံကွင်းအတွင်း နို၀င် ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်း ပရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#ပြင်ဦးလွင်မြို့
#တန်ဆောင်တိုင်မီးပုံးပျံပွဲတော်
ပုံအညွှန်း-NLD အစိုးရလက်ထက်ကျင်းပခဲ့သည့်ပြင်ဦးလွင်မီးပုံးပျံပွဲမြင်ကွင်းနှင့် ယမန်နှစ်ကစစ်ကောင်စီကျင်းပသည့် ပွဲမြင်ကွင်း(Photo CJ)

👍5🖕3❤1
အောက်တိုဘာ တတိယလပတ်အတွင်း မိုးမများနိုင်ဟု NUG ထုတ်ပြန်
====================
ရောင်နီ
(မဇ္စျိမ)။ ။ လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံဒေသအများစုတွင် မိုးရွာနိုင်သော်လည်း ရေကြီးရေလျှံနိုင်သည့် ပမာဏအထိ မိုးမများနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ၏ တတိယလပတ်ဖြစ်သည့် ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ မိုးလေ၀သခန့်မှန်းချက်ကို MOHADMက ထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါ ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းနှင့် အောက်ပိုင်းမှတဆင့် ရှမ်းပြည်နယ်အထိ မိုးအနည်းငယ်ရွာသွန်းနိုင်သေးကြောင်း အသိပေးထားသည်။သို့သော် ပြီးခဲ့သည့် စက်တင်ဘာလဆန်းကာလက ဒေသအများစု၌ တွေ့ကြုံခဲ့သော ရေဘေးမျိုးဖြစ်စေသည်အထိ မိုးမများနိုင်ကြောင်း MOHADM က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံအောင်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများ၌ မိုးကြီးခဲ့ပြီး ပဲခူးမြို့တွင် နှစ်ပေါင်း ၅၉ နှစ်အတွင်း အဆိုးဝါးဆုံး ရေဘေး ကြုံတွေ့ခဲ့သည်။
ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ ပြည်သူသောင်းနှင့်ချီ ရေဘေးသင့်ခဲ့သည်။ ထို့အပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။ မတ္တရာမြို့၌ ဆည်တော်ကြီးဆည်ရေလျှံပြီး ဒေသခံ ၃၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်။ ကနီမြို့တွင် တောင်ကျရေကြောင့် ရွာချင်းဆက်တံတားအချို့ ပျက်စီးခဲ့သည်။
လက်ရှိအချိန်တွင် ဒေသအများစု ရေပြန်ကျသွားပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြရဆဲဖြစ်ကြောင်း ရေဘေးသင့်ဒေသမှပြည်သူများကပြောသည်။
စာတည်း - အေးချမ်း
#mizzima
#လေဖိအားနည်းရပ်ဝန်း
#ရေဘေးအန္တရာယ်လျော့ကျ
#NUG
#MOHADM
ပုံအညွှန်း - ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မလစ်အနောက်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီမှုပြုလုပ်နေစဥ် ။ (ပုံ - Hlegu Information Centre )

👍11🔥1
အောက်တိုဘာလ (၁၆)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01 - NCA သဘောတူညီချက် လုံးဝမရှိတော့ဘဲ ...
https://www.youtube.com/watch?v=9d4ZAATSnLs

01:01 - NCA သဘောတူညီချက် လုံးဝမရှိတော့ဘဲ တော်လှန်ရေးအောင်မြင်တဲ့အထိ ဦးဆောင်တိုက်ပွဲဝင်သွား မယ်လို့ KNU ထုတ်ပြန်တဲ့သတင်း
04:58 - မြန်မာအရေး ICC ကိုလွှဲပြောင်းဖို့ ကုလမဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီ ပယ်ချတဲ့သတင်း
07:26 - အစ္စရေးရဲ့ ဘေးလွတ်ရာရ…

👍3👎2🤮1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
👉 https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

👍4🔥1
ရွှေဘိုမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ဒေသခံ သေဆုံး
===============
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ရင်းဘာရွာတွင် အောက်တိုဘာလ ၁၅ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံတဦး သေဆုံးသွားသည်ဟု ဒေသခံထံက သိရသည်။
“မြို့မြောက်ဘက်ကိုပစ်တာ ရင်းဘာရွာကအသက် ၁၈နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားတယ်။ အဲ့နောက် ၃ နာရီခွဲလောက်မှာ နောက်ထပ်တကြိမ် အနောက် ဘက်ကိုပစ်တာ ရွာသစ်ရွာက ပြည်သူနှစ်ဦး အသေးစား ထိခိုက်မှုတွေ ရှိခဲ့တယ်” ဟု Wetlet Information Network မှ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် အင်အား ၁၀၀ဖြင့်အောက်တိုဘာလ ၁၂ ရက်နေ့ မှစတင်ကာ စစ်ကြောင်းထိုးလာပြီးနောက် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရွှေဘိုမြို့အဝင် တောင်ဘက်မုဒ်ဦးတွင် ၁၂၀ မမ လက်နက်ကြီး အထိုင်ချကာ မြောက်ဘက်နှင့် အနောက်ဘက်တို့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
ရွှေဘိုမြို့ အမှတ်(၈)လေ့ကျင့်ရေး သင်တန်းကျောင်းမှ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ရှိခဲ့သော်လည်း ယခုကဲ့သို့ ၁၂၀ မမ လက်နက်ကြီးအသုံးပြု ပစ်ခတ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကြောင်းသည်ဝက်လက်မြို့နယ် မောက်ကြိုးကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူထံက သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းများသည် ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို ၊ ဝက်လက် ၊ ပုလဲ ၊ ခင်ဦး ၊ ယင်းမာပင် စသည့် မြို့နယ်များအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်ဟု ဒေသခံထံက သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု

😢4👍3👎1🔥1