Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အစ္စရေး-ဟားမတ်စ် စစ်ပွဲအကြား ဂါဇာ၌ လူ ၁ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး
======================

အစ္စရေးက ဟားမတ်စ် စိုးမိုးအုပ်ချုပ်သည့် ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို လုံးလုံးလျားလျား မြေပြင်ထိုးစစ်တခုအတွက် ပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၁၆ ရက်တွင် တပ်ဖွဲ့ဝင်များကို ဆက်လက်စုစည်းနေရာချထားခဲ့ချိန် ဂါဇာတွင် လူပေါင်း တစ်သန်းကျော်သည် ဖရိုဖရဲ အခြေအနေမြင်ကွင်းများနှင့်အတူ ၎င်းတို့၏ နေအိမ်များမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5👍2👎1🔥1
ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပရန် စစ်ကောင်စီ ပြင်ဆင်နေ
🤣5🤩3😁2😱1
ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပရန် စစ်ကောင်စီ ပြင်ဆင်နေ
===================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“နှစ်တိုင်း၀င်ပြိုင်နေကျအသင်းတွေ မဖြစ်မနေ၀င်ပြိုင်ရမယ်လို့ အသံထွက်လာပြန်ပြီ။ မနှစ်ကလည်း ဒီအတိုင်းပဲ၊ မပါချင်လည်းပါ ပါချင်လည်းပါဆိုပြီး ဖိအားပေးလို့ ၀င်ပါခဲ့ရတယ်။ မနှစ်က ပွဲမစည်ခဲ့ဘူး၊ အား လပ်ရက်မို့ မေမြို့တက်လာတာတွေတော့ရှိတယ်၊ ဒါပေမယ့် ကွင်းထဲ၀င်လာတာ အတော်နည်းတယ်၊ လောင်းကစားဝိုင်းတွေနဲ့ အရက်ဘီယာဆိုင်တွေနားလောက်ပဲ လူရှိတာ” ဟု လုံခြုံရေးအရ အမည်မဖော် လိုသည့် သတင်းရင်းမြစ်တဦးက ပြောသည်။
နှစ်စဉ်ကျင်းပလေ့ရှိသော ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို COVID-19 ကပ်ရောဂါဖြစ်ပွား သည့် ၂၀၂၀ ပြည့်နှစ်တွင် ပွဲကျင်းပပြုလုပ်ခွင့် တားမြစ်ပိတ်ပင်ခဲ့သည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် COVID-19 ကူးစက်ဖြစ်ပွားနေသည့် ကာလဖြစ်သော်လည်း ပွဲကျင်း ပရန်စစ်ကောင်စီက စီစဉ်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ပြုလုပ်နိုင်ခြင်းမရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ်တွင် သုံးလခန့် ကြိုတင်ပြင်ဆင်ခဲ့ရာ အထိုက်အလျောက် စည်ကားခဲ့ကြောင်း သိရသည်။

“မနှစ်ကတော့ မီးပုံးပျံအလုံးပေါင်း ၇၀ ကျော်၀င်ပြိုင်ကြရမယ်လို့ အမိန့်ထုတ်တယ်၊ နှစ်တိုင်း၀င်ပါခဲ့တဲ့ မီးပုံးပျံအသင်းတွေ မပါမဖြစ် ပါပေးခဲ့ရတယ်၊ ဒီနှစ်လည်း ဘယ်လိုဖိအားပေးလာဦးမလဲတော့ မသိသေး ဘူး၊ အခုလောလောဆယ်တော့ ပွဲလုပ်ဖြစ်တယ်၊ ပြိုင်ပွဲ၀င်အသင်းတွေပြင်ဆင်ကြတော့ဆိုတာလောက်ပဲ အကြောင်းကြားထားတာရှိတယ်” ဟု မြို့ခံတဦးက ပြောသည်။

ယမန်နှစ်က ပွဲတော်ကာလအတွင်း လောင်းကစားဝိုင်းဆိုင်ခန်းပေါင်း ၂၀ ကျော်နှင့် အရက်ဘီယာဆိုင် ၁၀ ဆိုင်ထက်မနည်းရှိခဲ့သော်လည်း ကိုဗစ်ရောဂါမဖြစ်ပွားမီနှစ်များကဲ့သို့ လာရောက်လည်ပတ်သူ မရှိခဲ့ ကြောင်း ဒေသခံများကပြောသည်။

ပြင်ဦးလွင်မီးပုံးပျံပွဲတော်ကို မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားအနီးရှိ မီးပုံးပျံကွင်းအတွင်း နို၀င် ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်း ပရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#ပြင်ဦးလွင်မြို့
#တန်ဆောင်တိုင်မီးပုံးပျံပွဲတော်

ပုံအညွှန်း-NLD အစိုးရလက်ထက်ကျင်းပခဲ့သည့်ပြင်ဦးလွင်မီးပုံးပျံပွဲမြင်ကွင်းနှင့် ယမန်နှစ်ကစစ်ကောင်စီကျင်းပသည့် ပွဲမြင်ကွင်း(Photo CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🖕3❤1
အောက်တိုဘာ တတိယလပတ်အတွင်း မိုးမများနိုင်ဟု NUG ထုတ်ပြန်
👍7🔥1
အောက်တိုဘာ တတိယလပတ်အတွင်း မိုးမများနိုင်ဟု NUG ထုတ်ပြန်
====================

ရောင်နီ
(မဇ္စျိမ)။ ။ လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံဒေသအများစုတွင် မိုးရွာနိုင်သော်လည်း ရေကြီးရေလျှံနိုင်သည့် ပမာဏအထိ မိုးမများနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ၏ တတိယလပတ်ဖြစ်သည့် ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ မိုးလေ၀သခန့်မှန်းချက်ကို MOHADMက ထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါ ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းနှင့် အောက်ပိုင်းမှတဆင့် ရှမ်းပြည်နယ်အထိ မိုးအနည်းငယ်ရွာသွန်းနိုင်သေးကြောင်း အသိပေးထားသည်။သို့သော် ပြီးခဲ့သည့် စက်တင်ဘာလဆန်းကာလက ဒေသအများစု၌ တွေ့ကြုံခဲ့သော ရေဘေးမျိုးဖြစ်စေသည်အထိ မိုးမများနိုင်ကြောင်း MOHADM က ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံအောင်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများ၌ မိုးကြီးခဲ့ပြီး ပဲခူးမြို့တွင် နှစ်ပေါင်း ၅၉ နှစ်အတွင်း အဆိုးဝါးဆုံး ရေဘေး ကြုံတွေ့ခဲ့သည်။
ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ ပြည်သူသောင်းနှင့်ချီ ရေဘေးသင့်ခဲ့သည်။ ထို့အပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။ မတ္တရာမြို့၌ ဆည်တော်ကြီးဆည်ရေလျှံပြီး ဒေသခံ ၃၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်။ ကနီမြို့တွင် တောင်ကျရေကြောင့် ရွာချင်းဆက်တံတားအချို့ ပျက်စီးခဲ့သည်။

လက်ရှိအချိန်တွင် ဒေသအများစု ရေပြန်ကျသွားပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြရဆဲဖြစ်ကြောင်း ရေဘေးသင့်ဒေသမှပြည်သူများကပြောသည်။

စာတည်း - အေးချမ်း

#mizzima
#လေဖိအားနည်းရပ်ဝန်း
#ရေဘေးအန္တရာယ်လျော့ကျ
#NUG
#MOHADM

ပုံအညွှန်း - ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မလစ်အနောက်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီမှုပြုလုပ်နေစဥ် ။ (ပုံ - Hlegu Information Centre )

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1
​​Mizzima needs your support! 

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ 
👉 https://bit.ly/2VhJ12U 

For more information- https://donate.mizzima.com/mm/ 

#supportmizzima
👍4🔥1
​​ရွှေဘိုမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ဒေသခံ သေဆုံး
===============

MTO

(မဇ္ဈိမ)။   ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ရင်းဘာရွာတွင် အောက်တိုဘာလ ၁၅ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံတဦး သေဆုံးသွားသည်ဟု ဒေသခံထံက သိရသည်။

“မြို့မြောက်ဘက်ကိုပစ်တာ ရင်းဘာရွာကအသက် ၁၈နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားတယ်။ အဲ့နောက် ၃ နာရီခွဲလောက်မှာ နောက်ထပ်တကြိမ် အနောက် ဘက်ကိုပစ်တာ ရွာသစ်ရွာက ပြည်သူနှစ်ဦး အသေးစား ထိခိုက်မှုတွေ ရှိခဲ့တယ်” ဟု Wetlet Information Network မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အင်အား ၁၀၀ဖြင့်အောက်တိုဘာလ ၁၂ ရက်နေ့ မှစတင်ကာ စစ်ကြောင်းထိုးလာပြီးနောက် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရွှေဘိုမြို့အဝင် တောင်ဘက်မုဒ်ဦးတွင် ၁၂၀ မမ လက်နက်ကြီး အထိုင်ချကာ မြောက်ဘက်နှင့် အနောက်ဘက်တို့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ရွှေဘိုမြို့ အမှတ်(၈)လေ့ကျင့်ရေး သင်တန်းကျောင်းမှ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ရှိခဲ့သော်လည်း ယခုကဲ့သို့ ၁၂၀ မမ လက်နက်ကြီးအသုံးပြု ပစ်ခတ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကြောင်းသည်ဝက်လက်မြို့နယ် မောက်ကြိုးကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူထံက သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများသည် ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို ၊ ဝက်လက် ၊ ပုလဲ ၊ ခင်ဦး ၊ ယင်းမာပင် စသည့် မြို့နယ်များအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်ဟု ဒေသခံထံက သိရသည်။

စာတည်း။  ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢4👍3👎1🔥1
ပဲခူးမြို့အတွင်း စံချိန်တင် ရေကြီးမှုကြောင့် လယ်မြေဧက ထောင်သောင်းချီ ပျက်စီး |Business Roundup(16.10.2023)
===============

- ဒေါ်လာ ငွေလွှဲပြန်ပို့တဲ့ ပြည်ပရောက်မြန်မာအလုပ်သမားများအား စစ်ကောင်စီက EV တင်သွင်းခွင့်ပြု

- တရုတ်ရဲ့ အကြီးဆုံးစီမံကိန်းဖြစ်တဲ့ ကျောက်ဖြူ စီမံကိန်းကို အမြန်အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်ညွှန်ကြား

- စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း 

- ပဲခူးမြို့အတွင်း စံချိန်တင် ရေကြီးမှုကြောင့် လယ်မြေဧက ထောင်သောင်းချီ ပျက်စီး

https://youtu.be/uLqgRpxBOvk?si=_W1qJocMMKCRmztK
 
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢2🔥1
အောက်တိုဘာ တတိယလပတ်အတွင်း မိုးမများနိုင်ဟု NUG ထုတ်ပြန်
လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံဒေသအများစုတွင် မိုးရွာနိုင်သော်လည်း ရေကြီးရေလျှံနိုင်သည့် ပမာဏအထိ မ...
https://ift.tt/Eow1VqR
👍5🔥1
ပဲခူးမြို့အတွင်းစံချိန်တင်ရေကြီးမှုကြောင့်လယ်မြေဧကထောင်သောင်းချီပျက်စီး|Business Roundup(16.10.2023)
- ဒေါ်လာ ငွေလွှဲပြန်ပို့တဲ့ ပြည်ပရောက်မြန်မာအလုပ်သမားများအား စစ်ကောင်စီက EV တင်သွင်းခွင့်ပြု- တရုတ်ရဲ့ အကြီး...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FuLqgRpxBOvk&h=AT0Bcfr5Avd4r7bg_VrogMo1wC1HjpAn_qo4kleM9Pl3eWpFVUzefPLoMPR615AkMYouozgH4rDSnZKdx9vxAaKhxzya5sWJElFoJLYb35KaywZcpUbJaKr1Hu4wstVc&s=1
👍6🔥1