Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နိုင်ငံတကာ အိုလံပစ်ကော်မတီမှာ အဖွဲ့ဝင်သစ် ၇ ဦးနဲ့အတူ အော်စကာဆုရှင် မီရှဲယို ပူးပေါင်းပါဝင်
=================

By PKThawn

အာရှရဲ့ ပထမဆုံး အမျိုးသမီး အော်စကာဆုရှင် မီရှဲယိုဟာ မွန်ဘိုင်းမြို့မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ အဖွဲ့ဝင်အဖြစ် မဲပေးရွေးချယ်ခံရပြီးနောက် အင်္ဂါနေ့မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC)မှာ ဝင်ရောက်ပူးပေါင်းခဲ့ပါတယ်။

၁၄၁ ကြိမ်မြောက် အိုလံပစ်အဖွဲ့ချုပ်အစည်းအဝေးကို အိန္ဒိယတို့ရဲ့ စီးပွားရေးမြို့တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး မလေးရှား အငယ်တန်း စကွပ်ရှ်ချန်ပီယံဟောင်း ယိုဟာ ၎င်းအဖွဲ့ချုပ်မှာ ပါဝင်ဖို့ အဆိုပြုထားတဲ့ အဖွဲ့ဝင်သစ် ၈ ဦးအနက်မှ တစ်ဦးဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းက “Everything Everywhere All at Once” ရုပ်ရှင်ကားအတွက် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့တဲ့ ပထမဆုံးသော အာရှအမျိုးသမီး အကယ်ဒမီဆုရှင်ကို ထောက်ခံမဲ ၆၇ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၁ မဲဖြင့် ရွေးချယ်ခံခဲ့ရတာပါ။

သူမဟာ ၁၉၉၇ ရဲ့ “Tomorrow Never Dies” ဇာတ်ကားမှာ ပီရာ ဘရောစ်နင်နဲ့အတူ ပထမဆုံး တရုတ်ဘွန်းမင်းသမီးအဖြစ် သရုပ်ဆောင်ခံရချိန်မှာတော့ သူမဟာ ဟောလိဝုဒ်မှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ထုတ်လုပ်သူနဲ့ ကုလသမဂ္ဂ ချစ်ကြည်ရေး သံတမန် တစ်ဦးလည်းဖြစ်တဲ့ ယိုဟာ ကိုယ်ခံပညာဆိုင်ရာ ရုပ်ရှင် “Crouching Tiger Hidden Dragon”၊ ၂၀၀၅ ခုနှစ်ကာလ ဒရာမာ “Memoirs of a Geisha”နဲ့ ၂၀၁၈ အချစ်ဟာသဇာတ်လမ်း “Crazy Rich Asians” တို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။

အသက် ၆၁ နှစ်အရွယ် မင်းသမီးကြီးဟာ ၂၀၁၃ မှာ IOC မှ အသိအမှတ်ပြုထားတဲ့ FIA World Motor Sport ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ Jean Todt နဲ့ လက်ထပ်ခဲ့ပါတယ်။

သူမဟာ အစ္စရေးရဲ့ ပထမဆုံး အိုလံပစ်ဆုတံဆိပ်ကို ရရှိခဲ့တဲ့ ဂျူဒိုကာ Yael Arad၊ ဟန်ဂေရီစီးပွားရေးရှင်နဲ့ အားကစားဆိုင်ရာစီမံခန့်ခွဲသူ Balasz Furjes၊ ပီရူးနိုင်ငံမှ အိုလံပစ်ဘော်လီဘောဆုရှင်နဲ့ နိုင်ငံရေးသမားဟောင်း Cecilia Roxana Tait Villacorta၊ ဂျာမန်အားကစားလုပ်ငန်းရှင် Michael Mronz နဲ့အတူ တဦးချင်းအဖွဲ့ဝင်သစ် ၈ ဦးအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် အဖွဲ့ဝင် ၃ ဦးမှာ ဆွီဒင်နိုင်ငံရဲ့ နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် အကြီးအကဲ Petra Soerling၊ နိုင်ငံတကာစကိတ်စီးယူနီယံရဲ့ ဥက္ကဋ္ဌဖြစ်သူ တောင်ကိုရီးယားသမ္မတ Kim Jae-youl၊ တူနီးရှား အိုလံပစ်ကော်မတီ ဥက္ကဌ Mehrez Boussayene တို့ဖြစ်ပြီး သူတို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ချုပ်ရဲ့ အကြီးအကဲတွေအဖြစ် လုပ်ငန်းတာဝန်တွေနဲ့ ပါဝင်ခဲ့ကြပါတယ်။

(Reuters)

Photo: AFP

#မီရှဲယို #MichelleYeoh #InternationalOlympicCommittee #နိုင်ငံတကာအိုလံပစ်ကော်မတီ
👍14🔥1
​​တယ်လီကွန်း လိမ်လည်မှု သံသယရှိသူ ၂,၃၀၀ ကျော်ကို တရုတ်သို့ ပေးပို့ 
==============

တရုတ်နိုင်ငံသားများအပေါ် ပစ်မှတ်ထားနေသော မြန်မာမြောက်ပိုင်း၌ အခြေစိုက်သည့် တယ်လီကွန်းလိမ်လည်မှုများအား ဆောင်ရွက်ဆဲ ဖြိုခွင်းမှုတွင် သံသယရှိသူ ၂,၃၄၉ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပေးပို့ကြောင်း တရုတ် အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ကြေညာသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
ရွှေပြည်သာတွင် အရေးပေါ်လူနာတင်ယာဥ် မတော်တဆမှုဖြစ်၊ ၂ သေဆုံး ၂ ဦး ဒဏ်ရာရ
😱3👍2🔥1
ရွှေပြည်သာတွင် အရေးပေါ်လူနာတင်ယာဥ် မတော်တဆမှုဖြစ်၊ ၂ သေဆုံး ၂ ဦး ဒဏ်ရာရ
======================

ရောင်နီ
(မဇ္စျိမ)။ ။ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် လူနာတင်ယာဥ်တစီး မတော်တဆမှုဖြစ်ပွားပြီး အရေးပေါ်လူနာတဦးနှင့် ပရဟိတ၀န်ထမ်းတဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ လူနာတင်ယာဥ်သည် ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် ည ၈ နာရီအချိန်ခန့်က ရွှေပြည်သာမြို့နယ်မှ လူနာသယ်ယူပြီး အင်းစိန်ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်စဥ် ပုလဲလမ်းမပေါ် (၁၄) လမ်းဆုံအနီးတွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“အရေးပေါ် လူနာကို တင်ပြီးမောင်းလာတဲ့အချိန် ပုလဲလမ်းမပေါ်မှာ လမ်းဖြတ်ကူးတဲ့ လူတယောက်ကို တွေ့လို့ ရှောင်လိုက်တာ။ အဲ့လို ရှောင်လိုက်တဲ့အချိန် လမ်းဘေးမှာ ရပ်ထားတဲ့ တွဲကားကို အနောက်ကနေ တိုက်မိခဲ့ပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ဒဏ်ရာရတဲ့သူ နှစ်ယောက်ရှိပါတယ်။ လက်ရှိအချိန်အထိ အင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု မရမ်းကုန်းအခြေစိုက် လူမှုကူညီရေးအသင်း တာ၀န်ရှိသူတဦးက ပြောသည်။

ယင်းသို့ ယာဥ်မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် လူနာတင်ယာဥ်ပေါ်တွင် လိုက်ပါလာသည့် ပရဟိတ၀န်ထမ်း အမျိုးသားတဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အရေးပေါ်လူနာသည်လည်း အင်းစိန်ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း
#ရွှေပြည်သာမြို့နယ်
#ယာဉ်တိမ်းမှောက်မှု

ပုံအညွှန်း - မတော်တဆမှုဖြစ်ပွားပြီးနောက် တိမ်းမှောက်ခဲ့သည့် လူနာတင်ယာဥ်။ (ဓာတ်ပုံ - လူမှုကွန်ရက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😱3😢2👍1🔥1
ထိုင်းနိုင်ငံသို့ ၂ ရက်အတွင်း မြန်မာ အလုပ်သမား ၁,၃၀၀ ကျော် ဝင်ရောက်
👍3🔥1
ထိုင်းနိုင်ငံသို့ ၂ ရက်အတွင်း မြန်မာ အလုပ်သမား ၁,၃၀၀ ကျော် ဝင်ရောက်
====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံသို့ အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်း နှစ်နိုင်ငံ သဘောတူစာချုပ် (MOU) ဖြင့် မြန်မာ အလုပ်သမား ၁,၃၀၀ ကျော် ဝင်ရောက်လာကြောင်း ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ရှိ အလုပ်သမား သံအရာရှိရုံး (Myanmar Labour Attache Office) တာဝန်ရှိသူ တဦးက ပြော သည်။

မဲဆောက်-မြ၀တီ အမှတ် (၂) ချစ်ကြည်ရေး တံတားမှ အောက်တိုဘာလ ၁၆ ရက်တွင် ၈၃၀ ဦးနှင့် အောက်တိုဘာလ ၁၇ ရက်တွင် ၅၁၄ ဦး စုစုပေါင်း ၁၃၄၄ ဦး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများမှ တဆင့် ရောက်ရှိလာသည့် အလုပ်သမားများဖြစ်ပြီး တာဝန်ယူ၊ တာဝန်ခံမှုမရှိသည့် အေဂျင်စီများကိုလည်း အရေးယူနေကြောင်း အလုပ်သမား သံအရာရှိရုံးမှ တာဝန်ရှိသူက ဆိုသည်။

“အခုလိုမျိုး MOU အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အေဂျင်စီတွေက တာဝန်ယူမှု ၊တာဝန်ခံမှု မရှိတဲ့ အပိုင်းတွေ ရှိလာရင် အရေးယူ အပြစ်ပေးတာ လုပ်နေတာ ရှိတယ်။ လက်ရှိလည်း အချို့ အေဂျင်စီတွေကို ယာယီပိတ်ခိုင်းတာ၊ အပြီး ပိတ်ခိုင်းတာတွေကို ရုံးချုပ်က ပြုလုပ်နေတာ ရှိနေတယ်”ဟု ၎င်းက ပြော သည်။။

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသို့ ရွေ့ပြောင်းလာသည့် မြန်မာလုပ်သားများပြားလာ၍ အလုပ်အကိုင်ရှားပါးမှုနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများ ကြုံတွေ့နေရကြောင်း MOU အလုပ်သမားအချို့ထံက သိရသည်။

ထိုင်းနိုင်ငံ ဖူးခက်မြို့ရောက် MOU အလုပ်သမား တဦး ဖြစ်သူ ကိုထက်နိုင်ထွန်းက“အခုချိန်မှာတော့ ပြည်တွင်းမှာက အလုပ်အကိုင်က ဘယ်လိုမှ အဆင်မပြေတော့ ထွက်လာကြ မှာပဲလေ။ ဒီလို ထွက်လာလို့ အပြစ် မပြောချင်ပေမယ့် ရောက်လာ ပြီးမှတော့ အလုပ် အကိုင်တွေ အဆင်ပြေဖို့ အရေးကြီးတယ်”ဟု ပြောသည်။
MOU စနစ်ဖြင့် စေလွှတ်သည့် အလုပ်သမားများသည် နယ်စပ်ဂိတ် နှစ်ခု ဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်နှင့် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ် နှစ်ခုမှ နေ့စဉ်နီးပါး ဝင်ရောက်နေခြင်းရှိကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နေ မြန်မာနိုင်ငံသား သတင်းအရင်းမြစ်တဦးက ဆို သည်။

“အခုလို MOU နဲ့ ဝင်လာတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အခက်အခဲ တစ်ခုခု ဖြစ်လာရင် အေဂျင်စီနဲ့ ချိတ်ဆက်ပေးဖို့ တာဝန်ရှိဆုံး ဖြစ်တဲ့ သံရုံးဘက်က ကူညီဖြေရှင်းပေးတာက အရမ်းကို အားနည်းနေတာ ရှိတယ်။ အများစုက အရပ်ဘက်က အလုပ်သမား အရေး ကူညီပေးနေတဲ့ သူတွေကပဲ ကူညီပေးတာ များတယ်”လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့နေ မြန်မာ နိုင်ငံသား သတင်း အရင်းမြစ် တစ်ဦးက ပြော သည်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် အတွင်း ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၄၇၇ ခု ရှိသည့် အနက် ထိုင်းလိုင်စင်ရ အေဂျင်စီ ၁၅၈ ခုရှိပြီး ယာယီ ရုပ်သိမ်း ခံရသည့် အေဂျင်စီ ၁၂ ခု ရှိကြောင်း စစ်ကောင်စီ၏အလုပ်သမား ညွန်ကြားရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရ သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ထိုင်းနိုင်ငံ
#ရွေ့ပြောင်းအလုပ်သမား

ပုံအညွှန်း - ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာလုပ်သားများ(ဓာတ်ပုံ- CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤1🔥1