နိုဝင်ဘာလ (၁) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
နိုဝင်ဘာလ (၁) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ် ...
https://www.youtube.com/watch?v=0kzVf7NGK3Y

YouTube
နိုဝင်ဘာလ (၁) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
နိုဝင်ဘာလ (၁) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================
-မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၆ ရက်မြောက်နေ့ နောက်ဆုံးအခြေအနေ
-အလင်း၀င်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အာမခံချက် ၅ ခုနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့…

👍8🖕1
Oct - 1 [ 7 Pm ] The Mizzima Primetime
Oct - 1 [ 7 Pm ] The Mizzima Primetime Mizzima Headline News #7pmnews #themizzimaprimetime #reels #shorts ...
https://www.youtube.com/watch?v=OH4ubn9KU0w

Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍11🤮1
ကျယ်ပြန့်သော ဆွေးနွေးပွဲများဆီ မြန်မာက မနီးစပ်သေးဟု အင်ဒိုနီးရှား ပြော
==================
ကျယ်ပြန့်သော အမျိုးသား ဆွေးနွေးပွဲ ကျင်းပနိုင်ရေးဆီ မြန်မာနိုင်ငံက မနီးစပ်သေးဘဲ ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံက အင်္ဂါနေ့တွင် ဝန်ခံပြီး ထိုသို့သော ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အားလုံးကို တွန်းအားပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောဆိုသည်။
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

👍11🔥2
အစ္စရေး ထိုးစစ် ရပ်သည့်အခါ ထိုင်းနိုင်ငံသားများကို ပြန်လွှတ်ပေးမည်ဟု ဟားမတ်စ် ကတိပေး
================
ဓားစာခံများကို ဖမ်းဆီးထားရာ ဂါဇာကမ်းမြောင်ဆီ ထိုးစစ်ဆင်ခြင်းအား အစ္စရေးက ရပ်တန့်သည့် အချိန်၌ အစ္စရေးမှ ဖမ်းဆီးထားသော ထိုင်းဓားစာခံများကို ပြန်လွှတ်ပေးမည်ဟု ဟားမတ်စ် ကိုယ်စားလှယ်များက ထိုင်းစေ့စပ်ညှိနှိုင်းသူများကို ကတိပေးကြောင်း ထိုင်းမွတ်စလင်ခေါင်းဆောင်တဦးအရ သိရသည်။
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
ဓားစာခံများကို ဖမ်းဆီးထားရာ ဂါဇာကမ်းမြောင်ဆီ ထိုးစစ်ဆင်ခြင်းအား အစ္စရေးက ရပ်တန့်သည့် အချိန်၌ အစ္စရေးမှ ဖမ်းဆီးထားသော ထိုင်းဓားစာခံများကို ပြန်လွှတ်ပေးမည်ဟု ဟားမတ်စ် ကိုယ်စားလှယ်များက ထိုင်းစေ့စပ်ညှိနှိုင်းသူများကို ကတိပေးကြောင်း ထိုင်းမွတ်စလင်ခေါင်းဆောင်တဦးအရ သိရသည်။
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁3🤮3🔥2❤1
တောင်တွင်းဒေသ ပျူရွာများမှ ဒေသခံများ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် MKPDF သတိပေး
==============
ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသရှိ ပျူရွာများမှ ဒေသခံမိဘပြည်သူများအနေဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် အောက်တိုဘာလ ၃၁ရက်တွင် သတိပေးထုတ်ပြန်သည်။
ကလေးခရိုင် အမှတ်(၁၅ )တပ်ရင်း၊ မင်းကင်းမြို့နယ် အမှတ်(၅)တပ်ရင်း People Defence Force Taung Dwin Region-Mingin(MKPDF)တို့က တောင်တွင်းဒေသရှိ ပျူရွာများမှ ဒေသခံမိဘပြည်သူများကို သတိပေးခြင်းဖြစ်သည်။
“Geneva Convention အရ ထိုးစစ်အကြိုလာမှာမို့လို့ မည်သူ မည်သူမျှ မထိခိုက်မနစ်နာအောင် ကြိုတင် ထုတ်ပြန်ထားတာပါ” ဟု People Defence Force Taung Dwin Region-Mingin မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကြာပင်ကျေးရွာတွင် စစ်ကောင်စီတပ် အခြေစိုက်စခန်းတခုရှိပြီး မင်းကင်းမြို့နှင့် အထက် ငါးမိုင်အကွာတွင် ကျော်ရွာပျူစောထီးစခန်း၊ ထိုရွာနှင့် ငါးမိုင်အောက်ဘက်တွင် မအူကျေးရွာပျူစောထီးစခန်း စသည့် စစ်ကောင်စီတပ်ထောက်ခံသော ပျူစောထီးများနေထိုင်သည့် ရွာသုံးရွာကို သတိပေးခြင်းဖြစ်သည်ဟု MKPDF မှ တာဝန်ရှိသူက ဆိုသည်။
တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စိုးမိုးနယ်မြေများဖြစ်သော ကြာပင်ကျေးရွာ၊ ကျော်ရွာ၊ မအူကျေးရွာတို့တွင် ပျူစောထီးအင်အား ၅၀ စီ အသီးသီးရှိနိုင်ကြောင်း MKPDF မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
နွေဦးတော်လှန်ရေးသည် ထိုးစစ်အကြိုကာလသို့ ပြောင်းလဲလာသည့်အားလျှော်စွာ စွမ်းရည်မြှင့်လက်နက်များ ကျည်၊ ခဲယမ်း၊ ရိက္ခာ ၊ ဆေးဝါးများဖူလုံရေးအတွက် အလွန်အရေးကြီးလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် တတ်နိုင်သရွေ့ပါဝင်လှူဒါန်းပေးကြရန်လည်း မင်းကင်းမြို့နယ် အမှတ်(၅)တပ်ရင်း People Defence Force Taung Dwin Region-Minginမှ မေတ္တာရပ်ခံ တောင်းဆိုထားသည်။
ပုံအညွှန်း ။ ။ People Defence Force Taungdwin Region - Minkin( MKPDF) မှရဲဘော်များ
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#နွေဦးတော်လှန်ရေး
#မင်းကင်းမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍21🔥1😁1
ထန်တလန်မြို့ကို စစ်ကောင်စီ မထိန်းချုပ်နိုင်သေး၊ သတင်းမှားများဖြင့် လုပ်ကြံဝါဒဖြန့်နေဟုဆို
===========
ပါခွီး
(မဇ္စျိမ) ။ ။ ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့များမှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံများပြန်လာနိုင်ရေး စီမံဆောင်ရွက်နေကြောင်း ထုတ်ပြန်မှုသည် လုပ်ကြံသတင်းများနှင့် ဝါဒဖြန့်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းကာကွယ်ရေးရဲဘော်များကပြောသည်။
စစ်ကောင်စီတပ်က ဩဂုတ်လမှ စတင်ကာ ဟားခါး - ထန်တလန်ကြားမှသီးမြစ် ချောင်းကူးတံတား ၊ ၎င်းမှ တဆင့် ထန်တလန်မြို့အဝင် ၊ တတိယအနေဖြင့် ပြည်သူ ဆောက်လုပ်ရေးနှင့် CB ဘဏ်နေရာ ၊ စတုတ္ထအနေဖြင့် ဆေးရုံကုန်းနှင့် အခြေခံ ပညာကျောင်းတို့ကို ရက်ပေါင်း ၉၀ခန့်အကြာ တိုက်ခိုက်ပြီးနောက် ထန်တလန်တမြို့လုံးကို အပြီးတိုင်ထိန်းချုပ်နိုင်ခဲ့ကြောင်း အောက်တို့ဘာလ၃၀ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုထုတ်ပြန်ချက်သည် မှားယွင်းပြီး လုပ်ကြံသတင်းဖြစ်ကြောင်း
CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမကို ပြောသည်။
“ထန်တလန်မြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ ကျနော်တို့အကြားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲမဖြစ်တာ တလနီးနီးရှိနေပြီ။ သူတို့နဲ့ ကျနော်တို့ ဒီနေ့အထိ ထန်တလန်မြို့ထဲမှာပဲ တပ်စွဲထားတယ်။ အဲဒါ(စစ်ကောင်စီထုတ်ပြန်ချက်) သူတို့ရဲ့ လုပ်ကြံသတင်းနဲ့ ဝါဒဖြန့်နေတာဖြစ်တယ်” ဟု ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တို့က ဦးဆောင်တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် အထိနာနေသည့် စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျမည်စိုး၍ ထန်တလန်မြို့သတင်းကို လိမ်လည် ထုတ်ပြန်နေခြင်းဟု ချင်းကာကွယ်ရေးရဲဘော်အချို့ကသုံးသပ်သည်။
" သတင်းအမှားထုတ်ချင်လို့နေမှာပါ။ သူ့လူတွေကို မိုတီပေးချင်လို့နေမှာပါ" ဟု CDF – Mindatစစ်ဒေသမှူးဆလိုင်း နိုင်းတမ်က ပြောသည်။
လတ်တလော၌ ထန်တလန်မြို့အတွင်းတွင် စစ်ကောင်စီတပ်က အထိုင်စခန်းအပြင် လေးနေရာ၌ တပ်စွဲထားပြီး CNAနှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlangက မြို့ဧရိယာ၏ တဝက်ခန့်ကို နေရာယူ တပ်စွဲထားကြောင်း လက်ရှိအခြေအနေကို ဆလိုင်းထက်နီကပြောသည်။
ထန်တလန်မြို့ကို သိမ်းပိုက်ထိန်းချုပ်ရာတွင် ချင်းတပ်ဖွဲ့များထံမှ လက်နက်ကြီးငယ်များ၊ အလောင်းများ ရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အလောင်းနှင့် သေနတ်ပုံများမှာ ၎င်းတို့ ကျဆုံးရဲဘော်များ၏ ရုပ်အလောင်း နှင့် လက်နက်များဖြစ်သော်လည်း ထန်တလန်တိုက်ပွဲမှမဟုတ်ဘဲ လွန်ခဲ့သည့် ငါးလ ကျော်ခန့်က ဟားခါး - ထန်တလန် အကြားရှိ လုံခါရ်တိုက်ပွဲမှ ပုံဟောင်းများနှင့် လိမ်လည် ထုတ်ပြန်ခြင်းဟု ဆလိုင်းထက်နီ က ဆက်ပြောသည်။
ထန်တလန်မြို့ရှိ လူနေအိမ်များကို ချင်းတပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ယခုအခါ ဒေသခံများပြန်လည်အခြေချနိုင်ရေးအတွက် ပြင်ဆင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ဟု စစ်ကောင်စီသတင်းက ဆိုသည်။ ထိုသတင်းကို CNA က ပြတ်ပြတ်သားသား ငြင်းဆန်သည်။
“ ကျနော်တို့ကိုယ်တိုင် ချွေးနှဲစာနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ကို ကျနော်တို့ က ပြန်ဖျက်ဆီးတယ်ဆိုတာ ဘယ်လိုမှ ယုံနိုင်စရာမရှိပါဘူး။ တပြည်လုံးအတိုင်း အတာနဲ့ မီးရှို့ဖျက်ဆီးနေတဲ့ သူတွေကို လူထုတရပ်လုံးနဲ့ တကမ္ဘာလုံးက သိနေတဲ့ ကိစ္စ။ ထန်တလန်ကျမှ ကျနော်တို့ကို အကြမ်းဖက်အဖြစ်စွပ်စွဲပြီး မီးရှို့တယ်ဆိုတာ ယုတ္တိယုတ္တာမရှိပါဘူး။ အဲဒါကို သွားယုံနေရင် ယုံတဲ့သူက စကစရဲ့ အပေါင်းအပါတွေပဲ ဖြစ်မှာပါ” ဟု CNA ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုသည်။
ထန်တလန်မြို့တွင် စတင်တိုက်ပွဲဖြစ်ပွားချိန်က စစ်ကောင်စီတပ်မှ လက်နက်ကြီး လောင်ချာများဖြင့် ပစ်ခတ်သဖြင့် လူနေအိမ်များမီးလောင်ပျက်စီးခဲ့ရပြီး လေယာဥ်ဖြင့် ဗုံးကြဲတိုင်း အဆောက်အဦများ မီးလောင်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်
ထန်တလန်မြို့သည် လူဦးရေ ၁၀,၀၀၀ ခန့်နှင့် နေအိမ် ၂,၀၀၀ ခန့်ရှိသော မြို့ဖြစ်သည် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် ဒေသခံများသည် နီးစပ်ရာကျေးရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဖက်သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ ယနေ့အထိ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပေ။
လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ဦးဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးကို အားရကြိုဆိုထောက်ခံကြောင်းနှင့် အောင်ပွဲရနေသည့် စစ်ရေးနည်းဗျူဟာများအပေါ် လေးစားကြောင်း ဆလိုင်းထက်နီက ပြောဆိုသည်။
စာတည်း - အေးချမ်း
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)
#Mizzima
#ထန်တလန်မြို့
#စစ်ကောင်စီလုပ်ကြံသတင်း
#ချင်းအမျိုးသားတပ်မတော်
ပုံအညွှန်း - မီးလောင်ကျွမ်းခဲ့သည့် ထန်တလန်မြို့ (ပုံဟောင်း)

👍26😁4❤1
ရေစကြိုမြို့ ရဲစခန်းရှိ အချုပ်သားများပြောင်းရွှေ့
============
ဓါတု
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ် ရဲစခန်းရှိအချုပ်သားများကို ကား သုံးစီးဖြင့် ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ပခုက္ကူမြို့သို့ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
အဆိုပါအချုပ်သားများအား Alphard ကားတစီး၊ အနောက်အဖုံးပါသည့်ကုန်တင်ကား နှစ်စီးဖြင့် ခေါ်ဆောင်သွားခြင်းကို မြင်တွေ့ရသဖြင့် ရဲစခန်းအတွင်းနေထိုင်သည့် ဖရဲသီးဆိုသူကို လှမ်းမေးရာတွင် ပခုက္ကူမြို့သို့ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း ရေစကြိုရှိ Myingyan Black Tiger အမှတ် (၂) စစ်ဆင်ရေးစခန်းခေါင်းဆောင်က မဇ္စျိမကို ပြောသည်။
" Police လို အချုပ်ကားတွေနဲ့ဆို မိုင်းဆွဲခံရမှာ ကြောက်လို့ Alphard ကရှေ့ပြေးကားမှာ ရဲယူနီဖောင်းတွေနဲ့ သေနတ်တွေကိုင်ထားတယ်။ အနောက် နှစ်စီးမှာတော့ အရပ်ဝတ်တွေကိုတွေ့တော့ စခန်းထဲမှာတပ်တွင်းဖရဲသီးတယောက်ရှိတယ်၊ သူ့ကိုမေးလိုက်တော့ပြောပြတာ အရေအတွက်တော့သေချာမသိရဘူး၊ ရည်ရွယ်ချက်ကတော့ ရေစကြိုမြို့မှာ သူတို့အင်အားသိပ်မရှိတော့ဘူး၊ တရားရုံးမှာစစ်တဲ့ အချုပ်သားတွေပါ ပခုက္ကူတရားရုံးကို ပြောင်းလိုက်ပြီ"ဟု ၎င်းက ဖရဲသီး၏ကိုကားချက်ကို ပြန်လည်ဖြေကြားသည်။
ယခုလိုပြောင်းရွှေ့ခြင်းသည် ရေစကြိုမြို့ရှိ စစ်တပ်အင်အားအများစုအားရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပို့ဆောင်လိုက်ရသဖြင့် အင်အားနည်းသွားသောကြောင့် ပြောင်းရွှေ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းကယူဆသည်။
ရဲစခန်းလာသိမ်းမည် ကြားသောကြောင့် ရေစကြို အချုပ်ထဲ၌ အချုပ်သားများ မရှိတော့သဖြင့် ပခုက္ကူမြို့သို့ အားလုံးပို့ဆောင်ထားရသည်ဆိုသည့်သတင်းမှာလူမှုကွန်ရက်တွင် ယနေ့နိုဝင်ဘာလ ၁ ရက်မှာ သတင်းထွက်ရှိနေသည်။
အဆိုပါအခြေအနေနဲ့ပတ်သက်၍ Myingyan Black Tigerတပ်ဖွဲ့ ဌာနချုပ်မှ ခေါင်းဆောင်ဗိုလ်မိုက်ခဲက " စခန်းသိမ်းမယ်ကြားလို့ ရွှေ့တယ်ဆိုတဲ့သတင်းထွက်တာက နှစ်မျိူးစဥ်းစားလို့ရတယ်၊ ကျွန်တော်တို့တော်လှန်ရေးသမားတွေ ဒီဟာကိုပစ်မှတ်ထားပြီး ပြောတယ်လို့ယူဆတယ် ။ ဒါမှမဟုတ် သူတို့(စစ်ကောင်စီ)ဘက်ကကြောက်ပြီး ဆိုက်ဝါးပြန်လွှင့်တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ တော်လှန်ရေးလုပ်တာ ပြည်သူတွေကပူးပေါင်းလို့ ပြေးစရာမြေရှိတယ်။ ဒီကောင်တွေက ပြေးစရာမြေမရှိလို့ လွတ်အောင်ပြေးပေါ့" ဟု ပြောသည်။
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်အပါအဝင် ရဲနှင့် ပျူစောထီးအင်အား ၂၀၀ ကျော်ရှိ၍ လက်ရှိတွင် ခန့်မှန်းအင်အား ၁၀၀ ဝန်းကျင်ရှိရာ ရဲနှင့် ပျူစောထီးအင်အားအများဆုံးရှိ၍ စစ်တပ်အင်အားနည်းပါးကြောင်း ၎င်းကဆိုသည်။
ရုံးပေါင်းစုံ ထွေအုပ်ရုံးအပါအဝင် စစ်တပ်အထိုင်ချတပ်စွဲထားသည့် နေရာများအား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ မကြာခဏဆိုသလို ပြောက်ကျားတိုက်ခိုက်ခြင်း၊ နှစ်ဘက်ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ အထိနာခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင် ရေစကြိုမြို့နယ်၌ နောက်ဆုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ရွှေလှံကျေးရွာတွင် စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီတပ်နှင့် မဟာမိတ်အင်အားစုတို့အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ အသေအဆုံးများရှိကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြန်မာသတင်း
#ရေစကြိုမြို့နယ်
#ရဲစခန်း
#အချုပ်သားများ

👍31🔥2🤣2👏1
နိုဝင်ဘာလ (၁) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ အလင်း၀င်ခဲ့တဲ့ ...
https://www.youtube.com/watch?v=KkrVhXr5R8Q

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့
အလင်း၀င်ခဲ့တဲ့ ခလရ(၁၄၃)တပ်ရင်းကို MNDAAက တဦးကို ကျပ် ၁၅ သိန်းနဲ့ ကျပ်သိန်း ၇၀၀ ကျော် ချီးမြှင့်ခဲ့တဲ့ သတင်း နဲ့အတူ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့အရေးယူတဲ့သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ်…

👍15❤1🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ...
https://www.youtube.com/watch?v=2Ef3DXqkJRY

#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…
#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…
👍16🤮1🍌1
ဗုဒ္ဓဟူးနေ့မှာကစားခဲ့တဲ့ EFL ဖလားရလဒ်များ
Man United 0-3 Newcastle (FT)
Almiron 28'
Hall 36'
Willock 60'
Chelsea 2-0 Blackburn (FT)
Badiashile 30'
Sterling 59'
Bournemouth 1-2 Liverpool (FT)
Gakpo 31'
Kluivert 64'
Nunez 70'
West Ham 3-1 Arsenal (FT)
White 16'(Own Goal)
Kudus 50'
Bowen 60'
Odegaard 90+6'
Ipswich 1-3 Fulham (FT)
Everton 3-0 Burnley
Man United 0-3 Newcastle (FT)
Almiron 28'
Hall 36'
Willock 60'
Chelsea 2-0 Blackburn (FT)
Badiashile 30'
Sterling 59'
Bournemouth 1-2 Liverpool (FT)
Gakpo 31'
Kluivert 64'
Nunez 70'
West Ham 3-1 Arsenal (FT)
White 16'(Own Goal)
Kudus 50'
Bowen 60'
Odegaard 90+6'
Ipswich 1-3 Fulham (FT)
Everton 3-0 Burnley
👍8😁2❤1🔥1