Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရေစကြိုမြို့ ရဲစခန်းရှိ အချုပ်သားများပြောင်းရွှေ့
============

ဓါတု

(မဇ္ဈိမ)။  ။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ် ရဲစခန်းရှိအချုပ်သားများကို ကား သုံးစီးဖြင့် ယမန်နေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ပခုက္ကူမြို့သို့ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

အဆိုပါအချုပ်သားများအား Alphard ကားတစီး၊ အနောက်အဖုံးပါသည့်ကုန်တင်ကား နှစ်စီးဖြင့် ခေါ်ဆောင်သွားခြင်းကို မြင်တွေ့ရသဖြင့် ရဲစခန်းအတွင်းနေထိုင်သည့် ဖရဲသီးဆိုသူကို လှမ်းမေးရာတွင် ပခုက္ကူမြို့သို့ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း ရေစကြိုရှိ Myingyan Black Tiger အမှတ် (၂) စစ်ဆင်ရေးစခန်းခေါင်းဆောင်က မဇ္စျိမကို ပြောသည်။

" Police လို အချုပ်ကားတွေနဲ့ဆို မိုင်းဆွဲခံရမှာ ကြောက်လို့ Alphard ကရှေ့ပြေးကားမှာ ရဲယူနီဖောင်းတွေနဲ့ သေနတ်တွေကိုင်ထားတယ်။ အနောက် နှစ်စီးမှာတော့ အရပ်ဝတ်တွေကိုတွေ့တော့ စခန်းထဲမှာတပ်တွင်းဖရဲသီးတယောက်ရှိတယ်၊ သူ့ကိုမေးလိုက်တော့ပြောပြတာ အရေအတွက်တော့သေချာမသိရဘူး၊ ရည်ရွယ်ချက်ကတော့ ရေစကြိုမြို့မှာ သူတို့အင်အားသိပ်မရှိတော့ဘူး၊ တရားရုံးမှာစစ်တဲ့ အချုပ်သားတွေပါ ပခုက္ကူတရားရုံးကို ပြောင်းလိုက်ပြီ"ဟု ၎င်းက ဖရဲသီး၏ကိုကားချက်ကို ပြန်လည်ဖြေကြားသည်။

ယခုလိုပြောင်းရွှေ့ခြင်းသည် ရေစကြိုမြို့ရှိ စစ်တပ်အင်အားအများစုအားရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပို့ဆောင်လိုက်ရသဖြင့် အင်အားနည်းသွားသောကြောင့် ပြောင်းရွှေ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းကယူဆသည်။

ရဲစခန်းလာသိမ်းမည် ကြားသောကြောင့် ရေစကြို အချုပ်ထဲ၌ အချုပ်သားများ မရှိတော့သဖြင့် ပခုက္ကူမြို့သို့ အားလုံးပို့ဆောင်ထားရသည်ဆိုသည့်သတင်းမှာလူမှုကွန်ရက်တွင် ယနေ့နိုဝင်ဘာလ ၁ ရက်မှာ သတင်းထွက်ရှိနေသည်။

အဆိုပါအခြေအနေနဲ့ပတ်သက်၍ Myingyan Black Tigerတပ်ဖွဲ့ ဌာနချုပ်မှ ခေါင်းဆောင်ဗိုလ်မိုက်ခဲက " စခန်းသိမ်းမယ်ကြားလို့ ရွှေ့တယ်ဆိုတဲ့သတင်းထွက်တာက နှစ်မျိူးစဥ်းစားလို့ရတယ်၊ ကျွန်တော်တို့တော်လှန်ရေးသမားတွေ ဒီဟာကိုပစ်မှတ်ထားပြီး ပြောတယ်လို့ယူဆတယ် ။ ဒါမှမဟုတ် သူတို့(စစ်ကောင်စီ)ဘက်ကကြောက်ပြီး ဆိုက်ဝါးပြန်လွှင့်တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ တော်လှန်ရေးလုပ်တာ ပြည်သူတွေကပူးပေါင်းလို့ ပြေးစရာမြေရှိတယ်။ ဒီကောင်တွေက ပြေးစရာမြေမရှိလို့ လွတ်အောင်ပြေးပေါ့" ဟု ပြောသည်။

 ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်အပါအဝင် ရဲနှင့် ပျူစောထီးအင်အား ၂၀၀ ကျော်ရှိ၍ လက်ရှိတွင် ခန့်မှန်းအင်အား ၁၀၀ ဝန်းကျင်ရှိရာ ရဲနှင့် ပျူစောထီးအင်အားအများဆုံးရှိ၍ စစ်တပ်အင်အားနည်းပါးကြောင်း ၎င်းကဆိုသည်။

ရုံးပေါင်းစုံ ထွေအုပ်ရုံးအပါအဝင် စစ်တပ်အထိုင်ချတပ်စွဲထားသည့် နေရာများအား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ မကြာခဏဆိုသလို ပြောက်ကျားတိုက်ခိုက်ခြင်း၊ နှစ်ဘက်ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ အထိနာခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင် ရေစကြိုမြို့နယ်၌ နောက်ဆုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ရွှေလှံကျေးရွာတွင် စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီတပ်နှင့် မဟာမိတ်အင်အားစုတို့အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ အသေအဆုံးများရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြန်မာသတင်း
#ရေစကြိုမြို့နယ်
#ရဲစခန်း
#အချုပ်သားများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31🔥2🤣2👏1
ဗုဒ္ဓဟူးနေ့မှာကစားခဲ့တဲ့ EFL ဖလားရလဒ်များ

Man United 0-3 Newcastle (FT)
Almiron 28'
Hall 36'
Willock 60'

Chelsea 2-0 Blackburn (FT)
Badiashile 30'
Sterling 59'

Bournemouth 1-2 Liverpool (FT)
Gakpo 31'
Kluivert 64'
Nunez 70'

West Ham 3-1 Arsenal (FT)
White 16'(Own Goal)
Kudus 50'
Bowen 60'
Odegaard 90+6'

Ipswich 1-3 Fulham (FT)

Everton 3-0 Burnley
👍8😁2❤1🔥1