Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဂန့်ဂေါ မင်းရွာနယ်မြေရဲစခန်းမှ ထွက်ပြေးသည့် ရဲ ၆ ဦးကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ ဖမ်းဆီး
================

ပါခွီး

(မဇ္စျိမ) ။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မင်းရွာနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့ သိမ်းပိုက်စဉ် စခန်းကိုစွန့်ခွာထွက်ပြေးသည့် ရဲခြောက်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း ယောညီနောင်(ပကဖ) က နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

“မင်းရွာစခန်းသိမ်းတဲ့နေ့ကစလို့ သတင်းရတဲ့အတွက် နီးစပ်ရာ ရပ်ကျေးပကဖတွေနဲ့ပူးပေါင်းပြီး တော နင်းရှာဖွေ ဖမ်းဆီးခဲ့တာပါ” ဟု ယောညီနောင်(ပကဖ)ပြန်ကြားရေးတာဝန်ခံ ဦးဇော်လေးကမဇ္စျိမကိုပြော သည်။

ဂန့်ဂေါမြို့နယ် တောတွင်းတနေရာ၌ နိုဝင်ဘာလ ၃ ရက်နေ့က ရဲတဦးကိုဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒုတပ်ကြပ် အောင်သူဖြိုး၊ တပ်သား စိုင်းကိုဆက်၊ တပ်သား ညီမင်းထက် တို့ကို ဖမ်းဆီးရခဲ့ကြောင်း ဆိုသည်။

ဆက်လက်ပြီး တောတွင်းတစ်နေရာ၌ကင်းပုန်းဝပ်စောင့်နေသော ပကဖရဲဘော်များမှ ညနေ ၄ နာရီခန့် တွင် တပ်သား စိုးမြင့်သန့်၊ တပ်သား ဝင်းထက်ခိုင်တို့နှင့်အတူ ၎င်းတို့ကိုလာရောက်ကြိုဆိုသော Non – CDM ဆရာမအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ရဲများကို စစ်သုံ့ပန်းများမူဝါဒနှင့်အညီ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များထံသို့ အပ်နှံခဲ့ ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အရပ်ဝတ်ဖြင့်ထွက်ပြေးခဲ့သည်ရဲများကို ယောညီနောင် ပကဖ၊ လင်းယုန် LPDF ၊ ရှမ်းညီနောင် ပကဖ၊ YDF ၊ MPDF တပ်ဖွဲ့ ၊ တပ်ရင်း (၇)၊ တပ်ရင်း (၁၁) မှ ရဲဘော်များနှင့် အမည်မဖော်လိုသော ရပ်ကျေးပကဖ၊ ပအဖများ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းရွာရဲကင်းစခန်းကို နိုဝင်ဘာလ ၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ တပ်သားခြောက်ဦးသေဆုံးပြီး ၁၁ ဦး အရှင်ဖမ်းမိကာ လက်နက် မျိုးစုံ ၂၀ လက်နှင့် ခဲယမ်းများသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ်(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊၁၉) တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် နယ်မြေခံ ပကဖတို့ ပူးပေါင်းကာ ငါးနာရီခန့်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။စောဖေ

#မြန်မာသတင်း
#ဂန့်ဂေါ
#မင်းရွာနယ်မြေရဲစခန်း
#Mizzima 

ပုံအညွှန်း - ဖမ်းဆီးရမိသော စစ်ကောင်စီလက်အောက်ခံ ရဲများ
ဓါတ်ပုံ - ယောညီနောင် (ပကဖ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁2
​​မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်မှုရှိရေး ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ် တိုက်တွန်း
================

မြန်မာစစ်ကောင်စီအနေဖြင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု တရုတ်တာဝန်ရှိသူတဦးက နိုဝင်ဘာ ၆ ရက်တွင် တိုက်တွန်း ပြောဆိုကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြသည်။ နှစ်နိုင်ငံနယ်စပ်အနီး မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခဲ့သည်။


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🖕4👍2🔥1🤮1
စွန့်ခွာသွားသည့် ရဲစခန်းအတွင်း စစ်ကောင်စီထောင်ခဲ့သည့် မြေမြှုပ်မိုင်းများကို ကာကွယ်ရေးအဖွဲ့ ရှင်းလင်း
👍12❤4🤣2
စွန့်ခွာသွားသည့် ရဲစခန်းအတွင်း စစ်ကောင်စီထောင်ခဲ့သည့် မြေမြှုပ်မိုင်းများကို ကာကွယ်ရေးအဖွဲ့ ရှင်းလင်း
=================

ရောင်နီ၊ MTO

(မဇ္ဈိမ) ။ ။မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲစခန်းမှ စွန့်ခွာထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းရှင်းလင်းနေကြောင်း ABSDF Column -3 မှ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

ဂန့်ဂေါမြို့ရှိ မင်းရွာရဲစခန်းကို နိုဝင်ဘာလ ၃ရက်နေ့၊ မနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တောင်ခင်ရန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် ပျူစောထီးများသည် နိုဝင်ဘာလ ၄ရက်နေ့ မနက်တွင် စခန်းကို စွန့်ခွာသွားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် (၁၂) တပ်ရင်း နှင့် မဟာမိတ် PDF တပ်ရင်းများက ရဲစခန်းအတွင်းသို့ ဝင်ရောက်စဉ် မြေမြှုပ်မိုင်းများကို တွေ့ရှိပြီး ရှင်းလင်းခဲ့ကြောင်း သိရသည်။

" ဘယ်နှလုံးထောင်ခဲ့တယ်ဆိုတာတော့ ကျတော်တို့ မသိနိုင်ဘူး။ လက်ရှိအချိန်အထိ မိုင်း ၁၀ လုံး အထိ ရှင်းလင်းပြီးသွားပြီ” ဟု ABSDF Column -3 ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ယနေ့ နိုဝင်ဘာလ ၆ရက် ညနေတွင် ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည်
မြောက်ခင်ရန်း ပျူရွာ မှ တစ်ဆင့် ဂန့်ဂေါမြို့နယ် ဟံသာ၀တီကျေးရွာ ရဲစခန်းအထိ ဆုတ်ခွာသွားကြောင်း သိရသည်။

“ ဟံသာ၀တီ ရဲစခန်းကနေ ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အထိ ဆုတ်မယ်လို့ သတင်းရထားတယ်” ဟု ရဲဘော်ပြည့်ဖြိုးကျော်ကပြောသည်။

ဂန့်ဂေါမြို့နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သည် နယ်မြေချင်းထိစပ်နေသည်။နိုဝင်ဘာလ ၃ ရက်နေ့က မင်းရွာရဲစခန်း အား တိုက်ခိုက်သိမ်းပိုက်သည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးပြီး ၁၁ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

စာတည်း - အေးချမ်း
#Mizzima
#ဂန့်ဂေါမြို့နယ်
#တောင်ခင်ရန်းရဲစခန်း
#မြေမြှုပ်မိုင်း

ပုံအညွှန်း - စစ်ကောင်စီတပ်ထောင်ထားခဲ့သည့် မြေမြုပ်မိုင်းများအား ရှာဖွေရှင်းလင်းနေသည့် ကာကွယ်ရေးရဲဘော်များ။

 (ပုံ-ABSDF Column - 3)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤5😁1
​​ပထမဆုံးမြို့သိမ်းအောင်ပွဲအတွက် ဂုဏ်ယူကြောင်း NUG ထုတ်ပြန်
=============

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၏မြို့တော် ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့်စစ်ဆင်ရေးတွင် ဦးဆောင်သူများနှင့် ပါဝင်သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံတော် သမ္မတရုံးက ယနေ့ည ထုတ်ပြန်သည်။

စစ်ကောင်စီထိန်းချုပ်ထားသည့်ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

" ခရိုင်အဆင့်ရှိ မြို့တမြို့ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ဆင်ရေးတွင် ဦးဆောင်သူများနှင့် ပါဝင်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုပါသည်"ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သည်။

စစ်ဆင်ရေးအတွင်း စွန့်စားပေးဆပ်စွန့်လွှတ်သူများ အားလုံးကိုလည်း ထာဝရ အမှတ်ရစွာဖြင့် ဦးညွှတ် အလေးပြုရင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်ဟု ထုတ်ပြန်ထားသည်။

ကောလင်းမြို့သည်၊ ပင်လယ်ဘူးမြို့နှင့်ဝန်းသိုမြို့တို့ပါဝင်သည့် ကောလင်းခရိုင်၌ တည်ရှိသော မြို့ကြီးဖြစ်သည်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် လူထုခုခံစစ် သုံးနှစ်နီးပါးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရက ပထမဆုံး သိမ်းယူနိုင်ခဲ့သည့် မြို့ဖြစ်သည်။ ကောလင်းမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရပ်တန့်သွားပြီဟု အမျိုးသား ညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လတ်တလောတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကလည်း ၁၀၂၇ စစ်ဆင်ရေးဖြင့် အောက်တိုဘာလ ၂၇ ရက်မှ စတင်ကာ စစ်ကောင်စီကိုတိုက်ခိုက်နေသည်။လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီတပ်စခန်းပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ချင်း‌ရွှေဟော်၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း)၊မုံးကိုး၊ နမ့်ခမ်းမြို့တို့ကို ထိန်းချုပ်ထားကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကထုတ်ပြန်ထားသည်။

ကောလင်းမြို့တွင် ပထမဆုံးစိုက်ထူခဲ့သည့် ပြည်သူ့တော်လှန်ရေးအလံတော်
Photo - NUG/MOD

စာတည်း - အေးချမ်း
#Mizzima
#ကောလင်းမြို့
#တိုက်ခိုက်သိမ်းပိုက်
#အမျိုးသားညီညွတ်ရေးအစိုးရ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28❤7🤣2
​​မြန်မာပြည်ရှိ တရုတ်စီမံကိန်းများ၊ အဖွဲ့အစည်းများ၏ လုံခြုံမှုကို မြှင့်တင်ပေးရန် တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီး ‌ပြော
============

002

(မဇ္ဈိမ) ။  ။ မြန်မာပြည်ရှိ တရုတ်စီမံကိန်းများ၊ အဖွဲ့အစည်းများ၏ လုံခြုံမှုကို မြှင့်တင်ပေးရန် တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးက ‌ပြောကြား‌ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံပြီး ‌‌ပြောကြားခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံက ဆောလျင်စွာတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက် လာရန် မျှော်လင့်‌ကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်တွင် သဘောထား ကွဲလွဲမှုများအား ဖြေရှင်း၍ တွေ့ဆုံဆွေးနွေးမှုဖြင့် ပြန်လည် သင့်မြတ်ရေး ‌ဖော်ဆောင်ရန် အအားပေးကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ နယ်စပ်တည်ငြိမ်အေးချမ်းမှုကို ကာကွယ် ထိန်းသိမ်း၍ တရုတ်ဘက် နယ်စပ်ပြည်သူများ တစ်ကိုယ်ရေနှင့် စည်းစိမ်ဥစ္စာဘေးကင်းလုံခြုံမှုကို အာမခံပေးစေလို‌ကြောင်း၊ ထိရောက်သောအစီအမံများဖော်ဆောင်၍ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းနှင့် စီမံကိန်းများလုံခြုံမှုကို မြှင့်တင်စေလို‌ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်း၍ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို ဆက်လက် တိုက်ဖျက်သွားလိုပါကြောင်း တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

 မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့်ဝန်ထမ်းများ ဘေးကင်း လုံခြုံမှုကို လက်တွေ့ကျကျ စောင့်ရှောက်ကာကွယ်ပေးကာ မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသွားလိုကြောင်း၊ မြန်မာနိုင်ငံသည် တရုတ် စသည့်အိမ်နီးချင်းနိုင်ငံများနှင့်အတူ အွန်လိုင်းလောင်းကစား ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာပူးတွဲတရားဥပဒေ စိုးမိုးမှု လှုပ်ရှားမှုများကို ဆက်လက်ဖော်ဆောင်၍ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုအတွက် ကောင်းမွန်သောပတ်ဝန်းကျင် ဖန်တီးပေးမည်ဖြစ်ကြောင်း မြန်မာဘက်က ‌ပြောကြားခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။

နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ ကြာမြင့်ခဲ့သည့် ခရီးစဉ်အတွင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Nong Rong သည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စသည့် တရုတ်-မြန်မာအတူတည်ဆောက်သော “Belt and Road” အရေးပါစီမံကိန်းများကိုလည်း သွားရောက်လေ့လာ ခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁22👍5🖕1
​​အပစ်ရပ်စဲရေး တောင်းဆိုမှုများ ရှိလင့်ကစား အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုများ အရှိန်မြှင့်
=====================

ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီများ၏ အပစ်ရပ်စဲရေး တောင်းဆိုမှုများကို လျစ်လျူရှုလျက်ဖြင့် အစ္စရေးသည် နိုဝင်ဘာ ၆ ရက်တွင် ဂါဇာကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ပြီး အစ္စရေးစစ်သားများက ပိတ်ဆို့ဝိုင်းရံခံနယ်မြေ၌ ဟားမတ်စ်တပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့သည်။ လနှင့်ချီ ကြာလာသည့် ပဋိပက္ခတွင် အရပ်သား သေဆုံးမှုများ တဟုန်ထိုး မြင့်တက်နေမှုအပေါ် ကုလ အေဂျင်စီများက ဝေဖန်ပြစ်တင်လျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤3🔥2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၆ နိုဝင်ဘာ၂၀၂၃) 
=====================

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်မဟာမိတ်ပူးပေါင်းတပ်များသည် စစ်ကိုင်းတိုင်းအတွင်း ခရိုင်အဆင့် မြို့ဖြစ်သည့် ကောလင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ၁၀၂၇ စစ်ဆင်ရေးကလည်း အရှိန်မြင့်တက် ကာ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နိုင်နေ၍ မဝေးတော့မည့် ကာလတွင် အကြမ်းဖက်စစ်ကောင်စီ၏ နေဝင်ချိန်ကို မြင့်တွေ့ရဖွယ်ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤3🔥1😁1
​​တရုတ်ထိပ်တန်းသူလျှိုအေဂျင်စီက သီးခြားလူမျိုးစုကို ပစ်မှတ်ထားနိုင်သော မျိုးဗီဇလက်နက်အကြောင်း သတိပေး 
====================

နိုင်ငံအချို့သည် လူသားမျိုးဗီဇများကို ပစ်မှတ်ထား၍ သေစေတတ်သောလက်နက်များ တပ်ဆင်ထားကြကြောင်း တရုတ်ထိပ်တန်းသူလျှိုအေဂျင်စီက အောက်တိုဘာ ၃၀ ရက်တွင် စွပ်စွဲပြောဆိုလိုက်ပြီး တရုတ်အစိုးရအဖွဲ့အနေဖြင့် ယင်းကဲ့သို့ခြိမ်းခြောက်မှုကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောခြင်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😱1