ဒီပဲယင်း- ရေဦးအစပ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင် (ရုပ်/သံ)
MTO။ ။စစ်ကိုင်းတိုင်း ဒီပဲယင်း- ရေဦးကာလမ်းဘေးက ကျေးရွာတွေကို ...
https://www.youtube.com/watch?v=yKT1b-3gF2g

YouTube
ဒီပဲယင်း- ရေဦးအစပ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင် (ရုပ်/သံ)
MTO။ ။စစ်ကိုင်းတိုင်း ဒီပဲယင်း- ရေဦးကာလမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့က ရုတ်တရက်စစ်ကြောင်းထိုးပြီး အခိုင်အမာ တပ်စွဲလိုက်တာကြောင့် အနီးအနားကျေးရွာက ဒေသခံ တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဒီပဲယင်း…

😢12🔥1👏1🤬1
ဒီပဲယင်း- ရေဦးအစပ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင် (ရုပ်/သံ)
MTO။ ။စစ်ကိုင်းတိုင်း ဒီပဲယင်း- ရေဦးကာလမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့က ရုတ်တရက်စစ်ကြောင်းထိုးပြီး ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyKT1b-3gF2g&h=AT2B1-TXCXV43q4Xk6Xku0MFMwIr0ZLOnIbGygDOkbfggjQZf36JEO4PjH2nP_GRY-L1kg64WG7zEA6lHumz0YiCTAsYO-FmeBVQbn6UKLpDezR-IwIkZ8WTC0908uEs&s=1

🔥1👏1
ကြံခင်းမြို့နယ်တွင် "တလှိုင်းပြီး တလှိုင်းလာမယ်" စာတန်းကိုင်စွဲဆန္ဒပြ
ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များ ဦ...
https://ift.tt/5l4JXKu

❤3👍1🔥1
အတ္ထရံတံတား ဖျက်ဆီးခံလိုက်ရ၍ သွားလာရေး ခက်ခဲဟုဆို
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် အတ္ထရံတံတား (ချောင်းနှစ်ခွ)သည် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက....
https://ift.tt/1wtEqzj

👍7👏2🔥1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyxCETb_UXFo&h=AT2YDfpcIMcx4WhmBbcHELvbLEjjOsmfkpat9RdNlBO_VNH5Tv9nUWl0G8W7saVBDy4lyAegP8tCPrQrbpmdZ-JAuI1k7uK2U2CcluBA7Tqki6439VngDrR6idZCEerf&s=1

🤮2
ကြံခင်းမြို့နယ်တွင် "တလှိုင်းပြီး တလှိုင်းလာမယ်" စာတန်းကိုင်စွဲဆန္ဒပြ
ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များ ဦ...
https://ift.tt/4PbwnFa

👍7😁2❤1
အတ္ထရံတံတား ဖျက်ဆီးခံလိုက်ရ၍ သွားလာရေး ခက်ခဲဟုဆို
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် အတ္ထရံတံတား (ချောင်းနှစ်ခွ)သည် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက....
https://ift.tt/KX924Lu

🔥3👏2👍1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FyxCETb_UXFo&h=AT3bEX2OCyaVXNuBtG26pfMNpCNekBTJORUqGicVqGYncklXUJIXsjjn6ObE8dMwPjJnBbZXjAJF_VG6z9SZl073vRq_M9uJKwhfoBSL7h50TpDGpiHau6QufIZ-y7ku&s=1

👍2🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၈ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၈ ...
https://www.youtube.com/watch?v=yxCETb_UXFo

#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍4😁1🤮1
ပတ်လည်အင်းရွာက စကစတပ်စခန်းကို PDF တိုက်ခိုက်၊ ၁၀ ဦးသေပြီး သုံ့ပန်း ၁ ဦး ဖမ်းမိ
=====================
007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ၁၀ ဦး သေဆုံးပြီး ရဲတဦးကို အရှင်ဖမ်းမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ ရုံးက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ပတ်လည်အင်းကျေးရွာရှိ ဗိုလ်ကြီးကျော်ဟိန်း ဦးစီးသော စစ်ကောင်စီတပ်နှင့် ရဲအင်အား၅၀ ခန့် အခြေချနေသည့် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ စဉ့်ကူးမြို့နယ် ပကဖနှင့် မတ္တရာမြို့နယ် ပကဖတို့က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရကာ စစ်သုံ့ပန်း ရဲတဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် သေနတ် သုံးလက်၊ ကျည် ၄၉ တောင့်၊ ကျည်အိမ် ခုနစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
တိုက်ပွဲအခြေအနေ အသေးစိတ် သိရှိနိုင်ရန် အမှတ် (၁) စစ်ဒေသရုံးကို မဇ္ဈိမက ဆက်သွယ်ထားသော်လည်း အဆက်သွယ်မရသေးပေ။
တိုက်ပွဲဖြစ်ပွားသည့် ပတ်လည်အင်းကျေးရွာသို့ စစ်ကူလာသော အင်ကြင်းမြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လေကြောင်းရန် ကာကွယ်ရေးတပ် (ကလတ-၁၀၁၄) တပ် စစ်ကြောင်းသည် လမ်းခုလတ်တွင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ခဲ့သည်။
ထိုစစ်ကြောင်းသည် မတ္တရာမြို့နယ် အောင်ကံသာ ကျေးရွာက “အားသစ်” လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော အမျိုးသမီး တဦးနှင့် အမျိုးသား ၁၀ ဦးကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထုတ်ပြန်ထားသည်။
ထို့အပြင် ပွဲစားကုန်းကျေးရွာက အရပ်သားတဦးကိုလည်း သတ်ဖြတ်သွားပြီး ပတ်လည်အင်းကျေးရွာက လူနေအိမ် ကိုးလုံးကို မီးရှို့သွားကြောင်း ဆိုသည်။
လက်ရှိတွင် မတ္တရာမြို့နယ်အရှေ့ခြမ်းကျေးရွာများ လျှပ်စစ်မီးနှင့် အင်တာနက်ပြတ်တောက်မှုများဖြစ်နေပြီး ဒေသတွင်းမှာလည်း နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း အမည်မဖော်လိုသည့် မတ္တရာမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
“မတ္တရာအရှေ့ဘက်မှာ ပွဲကြမ်းနေတယ်၊ မီးနဲ့အင်တာနက်လိုင်းတွေလည်း ဖြတ်ထားတယ်၊ မတ္တရာမြို့ထဲတော့ အဆက်အသွယ်ရနေသေးတယ်” ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ PDF ၊ ဒေသအခြေစိုက်ပူးပေါင်းတပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။
ပုံညွှန်း- ပတ်လည်အင်းတိုက်ပွဲတွင်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ (Photo/အမှတ်(၁)စစ်ဒေသရုံး)
စာတည်း။ ။ နောင်နောင်
#မတ္တရာ
#စစ်ကိုင်း
#Mizzima
#လျှပ်စစ်မီးပြတ်တောက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍23❤1😁1
ကြံခင်းမြို့နယ်တွင် "တလှိုင်းပြီး တလှိုင်းလာမယ်" စာတန်းကိုင်စွဲဆန္ဒပြ
=====================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက စကြဝတေးမင်းကြီးသပိတ်ကော်မတီဝင်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
"တလှိုင်းပြီး တလှိုင်းလာမယ်"စာသားပါ ဘန်နာအား သပိတ်ကော်မတီဝင်များက ကိုင်စွဲကာ ပုသိမ်-မုံရွာကားလမ်းဘေး တနေရာတွင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်ကပြောသည်။
သပိတ်ကော်မတီဝင်များကိုင်စွဲဆန္ဒထုတ်ဖော်ခဲ့သည့် ဘန်နာအား ယမန်နေ့ညပိုင်းက ကားလမ်းဘေးတနေရာတွင်ချိတ် ဆွဲခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များက အ ဆိုပါ ဘန်နာအား သေနတ်များပစ်ဖောက်ကာ လာရောက်ဖြုတ်သိမ်းခဲ့သည်ဟု ဒေသခံများကပြောသည်။
စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်အဖွဲ့၏ ၁၄၀ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
စာတည်း။ ။ အောင်ကျော်ဖြိုး

👍12❤4🔥1😁1
အတ္ထရံတံတား ဖျက်ဆီးခံလိုက်ရ၍ သွားလာရေး ခက်ခဲဟုဆို
======================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် အတ္ထရံတံတား (ချောင်းနှစ်ခွ)သည် ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခံလိုက်ရ၍ ကျိုးကျပျက်စီးသွားသဖြင့် ဒေသခံများ သွားရေးလာရေး အခက်အခဲများ ကြုံနေရကြောင်း သိရသည်။
အတ္ထရံတံတား (ချောင်းနှစ်ခွ)သည် ဘုရားဆုံးဆူ- ကြာအင်းဆိပ်ကြီး- ကျိုက်မရော- မုဒုံ- မော်လမြိုင် လမ်းကြောင်းပေါ်တွင် တည်ရှိပြီး တံတားအရှည် ၅၄၈ ပေနှင့် တံတားအကျယ် ၂၄ ပေရှိသည့် ကွန်ကရစ်တံတားအမျိုးအစား တံတားဖြစ်သည်။
"တံတားကျိုးသွားတော့ တံတားကနေလည်း သွားလို့မရတော့ဘူး။ တကယ်လို့အရေးပေါ်ဖြစ်လာလို့ရှိရင်တော့ ကျွန်တော်တို့ ဟိုဘက် တခြားလမ်း စပါယ်ဂူ ကျိုက်မရောလမ်းဘက်ကနေ ပတ်သွားမှ ရမယ်" ဟု ဒေသတွင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
အတ္ထရံတံတား (ချောင်းနှစ်ခွ) ထိပ်ရှိ တပ်စခန်းမှစစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများကြား နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ လေးရက်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့က အတ္ထရံတံတားကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည့် ငါးရက်မြောက်နေ့တွင် အတ္ထရံတံတား(ချောင်းနှစ်ခွ) ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါတံတား ဖျက်ဆီးခံလိုက်ရခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က KNU၊ PDF များက မိုင်းခွဲဖျက်ဆီးလိုက်သည်ဟုလည်းကောင်း၊ တော်လှန်ရေးအင်အားစုဘက်ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ကြဲသည့် ဗုံးသီးကျရောက်ပေါက်ကွဲ၍ ကျိုးကျသွားသည်ဟု လည်းကောင်း အသီးသီးပြောဆိုနေကြသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ချောင်းနှစ်ခွကျေးရွာနှင့် အနီးတဝိုက် ဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများအကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံများ ဘုန်းကြီးကျောင်းများနှင့် တောစပ်များတွင် တိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူထံက သိရသည်။
ပုံအညွှန်း- အတ္ထရံတံတား (ချောင်းနှစ်ခွ) ပုံမှန်အချိန်နှင့် ဖြတ်တောက်ခံရပြီးနောက် မြင်ကွင်း။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မွန်ပြည်နယ်
#ကျိုက်မရောမြို့နယ်
#အတ္ထရံတံတား

👍13🔥2
Along with the Gods: The Last 49 Days
=================
အစောင့်အရှောက်နတ်မင်း ဂမ်လင်း ဟယ်ဝန်မက်နဲ့ ဒို့ချွန်းတို့ဟာ မတရားသဖြင့်သေဆုံးခဲ့ရတဲ့ ဝိဉာဉ် ကင်ဆူးဟုန်အတွက် မျှတတဲ့ တရားစီရင်မှုရရှိစေဖို့ ယမမင်းထံအသနားခံရင်းက ယမမင်းကလောင်းကြေးစားကြေးနဲ့ လက်ခံလိုက်တယ်
အဲ့ဒါကတော့ လူ့ပြည်က ဟိုချွန်းဆမ်ဆိုတဲ့ အဖိုးကြီးကို ငရဲပြည်ခေါ်လာပေးဖို့နဲ့ ကင်ဆူးဟုန်ရဲ့ တရားစီရင်မှုမှာ အပြစ်ရှိခဲ့တယ်လို့အဖြေထွက်ခဲ့ရင် အစောင့်အရှောက်နတ်ရာထူးကနေ ရုတ်သိမ်းခံရမယ်ဆိုတဲ့ အပေးအယူပါပဲ ..
ဒီလိုနဲ့ ဂမ်လင်းက ကင်ဆူးဟုန်ဖြတ်သန်းရမယ့် ငရဲကြီး ၄ ခုကို လိုက်ပို့ ဟယ်ဝန်မက်နဲ့ ဒို့ချွန်းတို့က ဟိုချွန်းဆမ်ဆိုတဲ့အဖိုးကြီးကို သွားခေါ်ဖို့ တာဝန်ခွဲယူလိုက်ကြတယ်
အဖိုးကြီးကို သွားခေါ်ကြတဲ့ ဟယ်ဝန်မက်နဲ့ဒို့ချွန်းတို့က အိမ်စောင့်နတ်ဆွန်ဂျူးရဲ့ တားဆီးမှုကြောင့် အဖိုးကြီးကို မခေါ်နိုင်ခဲ့ဘူး တကယ်တော့ အဲ့ဒီအိမ်စောင့်နတ်က သူတို့ရဲ့ စီနီယာအစောင့်အရှောက်နတ်မင်းဖြစ်ခဲ့သူဖြစ်ပြီး သူတို့ရဲ့ ဖျောက်ဖျက်ခံထားရတဲ့ အတိတ်တွေကို သိနေတဲ့သူဖြစ်တယ် .. အိမ်စောင့်နတ်ရဲ့ ပြောပြမှုကြောင့် အရင်ဘဝမှာ ဂမ်လင်း ဟယ်ဝန်မက်နဲ့ ဒို့ချွန်းတို့ရဲ့ ပက်သက်မှုတွေနဲ့အတူ ကင်ဆူးဟုန်ရဲ့ သေဆုံးမှုနောက်ကွယ်က တရားခံတွေကိုပါ တဖြည်းဖြည်းနဲ့ ရုပ်လုံးဖော်ပြပေးသွားမှာဖြစ်ပါတယ် Computer Effect ကောင်းတဲ့ ရသစုံကားတစ်ကားမို့ မလွတ်တမ်းအားပေးလိုက်ကြဦးနော်
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
ပြသမည့်ရက်။ ။ ၁၈.၁၁.၂၀၂၃
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------

👍4🔥2
ကောလင်းမြို့အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်များကို ၀င်ရောက်စစ်ဆေးမည်ဟု NUG ထုတ်ပြန်
===================
မဇ္ဈိမ
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ရှိ မဟာမိတ်များက သိမ်းပိုက်ထားသည့်ကောလင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်များကို ၀င်ရောက်စစ်ဆေးမည်ဟု NUG အစိုးရက ထုတ်ပြန်သည်။
ကောလင်းမြို့အတွက် NUG အစိုးရက ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က ၀င်ရောက်စစ်ဆေးမည်ဖြစ်သည်။
" ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ကောလင်းခရိုင်အတွင်းရှိ ပြည်သူလူထုအတွက် ငွေကြေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် အများပြည်သူပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်၏ ကြေညာချက် အမှတ်(၁/၂၀၂၃) နှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်သည်" ဟု ကောလင်းခရိုင်၊ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ထုတ်ပြန်သည်။
ပုဂ္ဂလိကဘဏ်များ၏ တာဝန်ရှိသူများအနေဖြင့် ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့နှင့် အမြန်ဆုံး လာရောက်ဆက်သွယ်ပူးပေါင်းဆောင်ရွက်သွားရန် အသိပေးအကြောင်းကြားအပ်ကြောင်း၊ အသိပေးအကြောင်းကြားချက်ကို မလိုက်နာပါက NUG ကြားကာလ ဗဟိုဘဏ်၏ ကြေညာချက်အမှတ် ၁/၂၀၂၃ ပါ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
သိမ်းပိုက်ရရှိထားသည့် မြို့နယ်များအတွင်း ပုဂ္ဂလိကဘဏ်များ၏ ပရဝဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်း (ရှိပါက)၊ ဘဏ်အတွင်း ရှိ ငွေသား၊ ဘဏ်ငွေတိုက် (Vault) ရှိ ငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက်စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိ စက်ပစ္စည်းကိရိယာများ၊ ရုံးသုံး Software၊ Hardware များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ လိုက်နာ အကောင်အထည်ဖော်ဆောင်မှုကို အထူးကြပ်မတ် စီမံလျက်ရှိကြောင်း၊ အခြေအနေတည်ငြိမ်သည်နှင့် ပြည်သူ့အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိစေရန် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ၀င်ရောက်စစ်ဆေးရာတွင် ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကို ထိန်းသိမ်းထားသည်ဟု ကြားကာလဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ကောလင်းမြို့တွင် KBZ ဘဏ်က ဘဏ်ခွဲနှစ်ခု၊ AYA က ဘဏ်ခွဲတခု ဖွင့်လှစ်ထားသည်။
နိုဝင်ဘာ ၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ်(၁)စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)
#mizzima
#ကောလင်းမြို့
#KBZ
#PDF

👍44😁1
အမုန်းပွားမှု ဖြစ်စေသည့် အကြောင်းအရာများကြောင့် TikTok ကို ပိတ်ပင်လိုက်ကြောင်း နီပေါတာဝန်ရှိသူများ ပြောကြား
=============
လူမှုဘဝသဟဇာတဖြစ်မှုကို ထိခိုက်စေပြီး၊ အမုန်းပွားစေသော အကြောင်းအရာများကို တားမြစ်ရန် ငြင်းဆန်ခြင်း ကြောင့် လူကြိုက်များသော ဆိုရှယ်မီဒီယာအက်ပ်ပလီကေးရှင်း TikTok ကို နီပေါအစိုးရက ပိတ်ပင်လိုက် ကြောင်း နိုဝင်ဘာ ၁၃ရက်က ပြောကြားလိုက်သည်။
TikTok သည် တစ်ကမ္ဘာလုံးတွင် သုံးစွဲသူပေါင်း တစ်ဘီလီယံကျော်ရှိသောကြောင့် လူဦးရေ သန်း ၃၀ ခန့်ရှိ သော ဟိမဝန္တာနိုင်ငံဖြစ်သည့် နီပေါ၏ ပိတ်ပင်မှုသည် TikTok ကို သိသိသာသာ ထိခိုက်စေနိုင်ဖွယ်မရှိသော် လည်း ကမ္ဘာတစ်ဝန်းရှိ အစိုးရများက တရုတ်ပိုင်ကုမ္ပဏီပိုင် TikTok ကို အသုံးပြုမှု ကန့်သတ်ရေးအတွက် ပိုမိုကြိုးပမ်းလာကြောင်းကို ဖော်ပြသည့် ထင်ရှားသော လက္ခဏာတစ်ရပ်ဖြစ်သည်။

👍13👏2