ABSDF ဥက္ကဌအဖြစ် ရဲဘော်သံခဲ ဆက်လက်ရွေးချယ်တင်မြှောက်ခံရ
====================
YT
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ (၁၂) ကြိမ်မြောက် ညီလာခံတွင် ရဲဘော်သံခဲက ဥက္ကဌအဖြစ် ဆက်လက်အရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရကြောင်း သိရသည်။
ညီလာခံကို နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ၁၈ ရက်တိုင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ရဲဘော်သံခဲသည် ၂၀၀၁ ခုနှစ်တွင် ကျင်းပခဲ့သည့် ABSDF ၏ (၆) ကြိမ်မြောက် ညီလာခံမှစတင်၍ ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရခြင်းဖြစ်ပြီး ယခု (၁၂) ကြိမ်မြောက် ညီလာခံသက်တမ်းအထိ ခုနစ်ကြိမ်ဆက်တိုက် ရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။
" ဥက္ကဌက ဆဋ္ဌမအကြိမ်မှာ စရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
သက်တမ်း ခုနစ်ကြိမ်ရှိပြီပေါ့နော်။ ABSDF ရဲ့ဥပဒေမှာ ဥက္ကဌသက်တမ်းကို ကန့်သတ်ထားတာ မရှိပါဘူး။ ဥက္ကဌဖြစ်ဖို့လည်း အဆင့်ဆင့် ရွေးချယ်ရတာ ဖြစ်ပါတယ်" ဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ကျော်ကျော်လင်းက မဇ္ဈိမကိုပြောသည်။
ABSDF သည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး လက်ရှိတွင် ကချင်၊ ရှမ်း၊ ယော၊ တမူး၊ ကရင်၊ မွန်၊ တနင်္သာရီ ဒေသများတွင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ABSDF ၏ ညီလာခံအား သုံးနှစ်တကြိမ် ကျင်းပလေ့ရှိပြီး ယခု (၁၂) ကြိမ်မြောက် ညီလာခံတွင် အမျိုးသမီး ရဲဘော်များသာမက ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီအာဏာသိမ်းမှုနောက်ပိုင်း ABSDF သို့ ဝင်ရောက်လာသည့် မျိုးဆက်သစ် ရဲဘော်များကိုပါ ဗဟိုကော်မတီတွင် ထည့်သွင်းရွေးချယ်ခဲ့ကြောင်း ရဲဘော်ကျော်ကျော်လင်း၏ ပြောကြားချက်အရ သိရသည်။
" ကျွန်တော်တို့ ABSDF က နှစ်ပေါင်း ၃၅ နှစ်ကြာ လက်နက်ကိုင် တော်လှန်ရေးမှာ ရှုထောင့်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ပါခဲ့ပါတယ်။ လက်ရှိလည်း နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ ခေါင်းဆောင်အသစ်၊ မျိုးဆက်အသစ်နဲ့အတူ ABSDF ကို အသွင်သစ်တခုအနေနဲ့ ဆက်ပြီး လုပ်သွားမှာပါ" ဟု ရဲဘော်ကျော်ကျော်လင်းက မဇ္ဈိမကိုပြောသည်။
ညီလာခံတွင် ဥက္ကဌအပါအဝင် ဗဟိုကော်မတီဝင် ၂၁ ဦး၊ အရန်ဗဟိုကော်မတီဝင်လေးဦး စုစုပေါင်း ၂၅ ဦးတို့အား လျို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ဥက္ကဌအဖြစ် ရဲဘော်သံခဲ၊ ဒု- ဥက္ကဌအဖြစ် ရဲဘော်လှဆိုင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ အဖြစ် ရဲဘော်ကျော်ကျော်လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ အဖြစ် ရဲဘော်ရဲထွတ် (ခ) လှဌေးတို့ အသီးသီး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
ABSDF ၏ ညီလာခံအဆက်ဆက် ဥက္ကဌများမှာ ရဲဘော်ထွန်းအောင်ကျော်၊ ရဲဘော်မိုးသီးဇွန်၊ ရဲဘော်နိုင်အောင်၊ ရဲဘော်စိုင်းမြင့်သူ၊ ရဲဘော်သံခဲတို့ဖြစ်သည်။
ပုံအညွှန်း- ABSDF ဥက္ကဌ ရဲဘော်သံခဲ ( ဓါတ်ပုံ- ABSDF)
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ABSDF
#ရဲဘော် သံခဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤10👍9
ABSDF ဥက္ကဌအဖြစ် ရဲဘော်သံခဲ ဆက်လက်ရွေးချယ်တင်မြှောက်ခံရ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ (၁၂) ကြိမ်မြောက် ညီလာခံတွင် ရဲဘော်သံခဲက ဥက္....
https://ift.tt/ymO7Mp6

❤3👍2🤮1
ABSDF ဥက္ကဌအဖြစ် ရဲဘော်သံခဲ ဆက်လက်ရွေးချယ်တင်မြှောက်ခံရ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ (၁၂) ကြိမ်မြောက် ညီလာခံတွင် ရဲဘော်သံခဲက ဥက္....
https://ift.tt/STO1Jis

❤2👍1🤮1
အကျဉ်းဦးစီးဌာနများအား အရေးယူရန် ကလေးမြို့ အကျဉ်းထောင်မှ နိုင်ကျဉ်းများက တော်လှန်ရေးအင်
စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲ၊ တရားရုံးနှင့် အကျဉ်းဦးစီးဌာနများ ပုံမှန်လည်ပတ်နေမှုကို တာ.....
https://ift.tt/9TJvR8W

❤6👍3🔥1
တက္ကသိုလ်မှာ စစ်သင်တန်းတက်ရောက်ဖူးတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်း စစ်ကောင်စီ ကောက်ခံ
မိုးသောက် (မဇ္ဈိမ)။ ။ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ...
https://www.youtube.com/watch?v=TA4ShstzGQk

YouTube
တက္ကသိုလ်မှာ စစ်သင်တန်းတက်ရောက်ဖူးတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်း စစ်ကောင်စီ ကောက်ခံ
မိုးသောက် (မဇ္ဈိမ)။ ။ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်လေ့ကျင့်ရေးတပ် (University Training Crops- UTC) စစ်သင်တန်း တက်ရောက်ခဲ့ဖူးတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ရေးဦးစီးချုပ်ရုံးကို ပေးပို့ဖို့ဆိုတဲ့…
👍4👏3
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၃၂ ဦး လုပ်ခလစာမရသည့်အပြင် အလုပ်ရှင်က အဆောင်မှပါနှင်ထုတ်
🤬11❤1👍1

================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ၊ မင်ဘူလီမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၃၂ ဦးမှာ လုပ်ခလစာမရသည့်အပြင် အလုပ်ရှင်က အလုပ်သမားတန်းလျား(အဆောင်)မှပါ နှင်ထုတ်သဖြင့် အခက်ကြုံနေရကြောင်း သတင်းရရှိသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများသည် မင်ဘူလီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ဆင်း ထားသော်လည်း အလုပ်ရှင်သူဌေးက လုပ်အားခ ဘတ် ၄၀၀,၀၀၀ ကျော်ကို ရှင်းမပေးသည့်အတွက် အလုပ်မဆင်းဘဲ စောင့်ဆိုင်းနေရကြောင်း ၎င်းတို့က ဆိုသည်။
“ကျွန်တော်တို့ ဒီကို စက်တင်ဘာလ ၂၆ ရက်နေ့ကစရောက်တာပါ၊ အလုပ်စဝင်တဲ့ အချိန်ကစပြီး အခုချိန် ထိ သူဌေးက လုပ်ခလစာမပေးတဲ့ ပြဿနာနဲ့ကြုံနေရတယ်”ဟု အလုပ်သမားတဦးဖြစ်သော ကိုသိန်းထွဋ် ဦးကပြောသည်။
“အခုဆိုရင် သူဌေးက လုပ်အားခမပေးတဲ့အပြင် အလုပ်သမားတန်းလျားကပါ နှင်ထုတ်နေလို့ အတော် လေးကို အခက်ကြုံနေရတယ်”ဟု အခြား အလုပ်သမားတဦးကလည်း ပြောသည်။
အဆိုပါအလုပ်သမား ၃၂ ဦးမှာ ပွဲစားဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပြီး ဖိချဘွန်းမြို့မှ ကြက်သား စက်ရုံတွင် အလုပ်ရမည်ဟုဆိုကာ ရောက်ရှိလာခြင်းဖြစ်သော်လည်း အဆိုပါစက်ရုံ၌ အလုပ်မရသည့် အတွက် ပွဲစားဖြစ်သူက လက်ရှိမင်ဘူလီမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းတွင် စမတ်ကြေး(ပွဲခ) ဘတ် ၂၀၀,၀၀၀ ဖြင့် အလုပ်သွင်းပေးခဲ့ခြင်းကြောင်း အလုပ်သမားများက ပြောသည်။
အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သည် Name list ခေါ် ပန်းရောင်ကတ်လျှောက် ထားရန် ကနဦးရသည့်စာရွက်ကိုင်ဆောင်ထားသူများဖြစ်ပြီး လုပ်အားခမရရှိမှုအပေါ် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့(WAG)ထံ အကူညီတောင်းခံထားကြောင်း ၎င်းတို့က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံ သို့ လာရောက် အလုပ် လုပ်ကိုင်သူ အများအပြားရှိနေပြီး အလုပ်မရခြင်း၊ လုပ်ခလစာမရခြင်းနှင့် အလုပ် သမားအခွင့်ရေးများ ချိုးဖောက်ခံနေရမှုများ မကြာခဏဖြစ်ပွားနေကြောင်း အလုပ်သမားအရေး ကူညီပေး နေသူများက ပြောသည်။
စာတည်း။ ။စောဖေ
#ရွှေ့ပြောင်းလုပ်သား
#ထိုင်းနိုင်ငံ
#လုပ်ခလစာ

Facebook
#ရွှေ့ပြောင်းလုပ်သား – Explore
explore #ရွှေ့ပြောင်းလုပ်သား at Facebook
🤬11❤1👍1
အကျဉ်းဦးစီးဌာနများအား အရေးယူရန် ကလေးမြို့ အကျဉ်းထောင်မှ နိုင်ကျဉ်းများက တော်လှန်ရေးအင်အားစုများထံ အသိပေး
=======================
001
(မဇ္စျိမ)။ ။ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲ၊ တရားရုံးနှင့် အကျဉ်းဦးစီးဌာနများ ပုံမှန်လည်ပတ်နေမှုကို တားဆီးရပ်တန့်ပေးရန်နှင့် ထိထိရောက်ရောက် အရေးယူရန် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်ကလေး အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများက တော်လှန်ရေးအင် အားစုများထံ အသိပေးကြောင်း အကျဉ်းထောင်တွင်းမှ ရရှိသည့်စာအရ သိရသည်။
နိုင်ငံရေးအကျဉ်းသားများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီး၊ လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူလူထုထံသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB ) ကလည်း နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်သည်။
“၎င်းဌာနများ ပုံမှန်လည်ပတ်ခြင်းကြောင့် ယနေ့ထိတိုင်ဖမ်းဆီးချုပ်နှောင်မှုများ၊ ဖိနှိပ်မှုများ၊ မတရားသဖြင့် အမှုတပ်၊ အမှုစွပ်စွဲခြင်းများနှင့် ငွေကြေးလိမ်လည်မှုများ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများကိုယ်တိုင် ဆိုးရွားစွာခံစားနေရပါသည်”ဟု အဆိုပါ စာတွင် ရေးသားထားသည်။
ထိုသို့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ဌာနများ ယန္တရားလည်ပတ်မှုကို တားဆီးပိတ်ပင်ရပ်တန့်ပေးခြင်းနှင့် ထိထိရောက်ရောက် အရေးယူပေးခြင်းဖြင့် တဖက်တလမ်းမှ နိုင်ငံရေးအကျိုးအမြတ်ရနိုင်မည်ဟုလည်း ယုံကြည်ကြောင်း ဆိုထားသည်။
ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအနေဖြင့်လည်း ဖမ်းဆီးဖိနှိပ်ချုပ်ချယ်မှုများကို ကိုယ်တိုင်ကြုံတွေ့ခံစားနေရသော်လည်း ရောက်ရာနေရာဒေသများမှ ဆက်လက်တော်လှန်သွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။
အဆိုပါ မော်လိုက်ကလေးကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၅၀ နီးပါးရှိပြီး အကျဉ်းသားများအနေဖြင့် ဆေးကုသခွင့်လည်း လုံလုံလောက်လောက်မရရှိကြောင်း ကလေးမြို့ပင်မသပိတ်ကော်မတီဝင် ကိုဗိုက်ပူက ပြောသည်။
အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၅,၄၂၀ ဦးရှိပြီး ထိုအထဲမှ ၁၉,၆၉၃ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၈,၀၆၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နိုင်ကျဉ်း
#ကလေးအကျဉ်းထောင်

👍24🔥2
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် CDF-Matupi စစ်ရေးအရှိန်မြှင့်မည်
👍17😁2