Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တရုတ်နှင့် ယှဉ်ပြိုင်မှုအတွင်း အမေရိကန်က ဗန်နော့တူတွင် သံရုံးဖွင့် - BUR.MIZZIMA.COM
အမေရိကန်သည် ၎င်း၏ အဓိက မဟာဗျူဟာပြိုင်ဘက်ဖြစ်သော တရုတ်မှ ခြိမ်းခြောက်မှုများ ကြီးထွားလာသည်ကို ရှုမြင်ရင်း တန်ပြန်ရန် ပစိဖိတ်၌ သံတမန်ရေးတည်ရှိမှု မြင့်မားရေး လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ ဟာဝိုင်ယီနား အစွန်အဖျား သန္တာကျွန်းနိုင်ငံ ကာရီဘာတီ၌ တရုတ်ရဲများ ခြေရှုပ်နေသည်ဟု ရိုက်တာသတင်းတရပ်က ဖော်ပြပြီးနောက်တွင် တရုတ်လုံခြုံရေးတပ်များ၏ အကူအညီကို လက်ခံခြင်း မပြုရန် ဖေဖော်ဝါရီလအတွင်း အမေရိကန်က ပစိဖိတ်ကျွန်းနိုင်ငံများကို သတိပေးခဲ့သည်။အပြည့်အစုံဖတ်ရန် >> https://ift.tt/jFCHuyz-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/d9qcUPQ
https://ift.tt/zntwBqP
😁6👍5❤2👏1
တရုတ်သူဌေးကြီး ကော်ဝမ်ကွေ့၏ ပို့စ်များကို ပိတ်ပင်ရန် Facebook နှင့် X ကို စင်ကာပူ ညွှန်ကြား - BUR.MIZZIM
ကော်ဝမ်ကွေ့နှင့် ၎င်း၏တွဲဖက်အဖွဲ့အစည်းများဖြစ်သည့် New Federal State of China (NFSC) နှင့် Himalaya Supervisory Organization တို့သည် စင်္ကာပူ၏အချုပ်အခြာအာဏာနှင့် လူမှုဆိုင်ရာစည်းလုံးညီညွတ်မှုကို ပျက်ပြားစေမည့် အလားအလာရှိသော အကြောင်းအရာမျိုးစုံကို ဖြန့်ကြက်ရန် ဆိုရှယ်မီဒီယာကို အသုံးပြုခဲ့သည်ကို စင်္ကာပူအစိုးရက တွေ့ရှိခဲ့သည်။အပြည့်အစုံဖတ်ရန် >> https://ift.tt/oVlzLsN-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/d9qcUPQ
https://ift.tt/9nMpltH
👍15😁3
​​Ⓜ️မဇ္ဈိမသတင်းများကို အောက်ပါချန်နယ်‌များတွင်ဖတ်ရှုနိုင်ပြီ
ကိုယ်တိုင် Like and Follow လုပ်ထားဖို့နဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုပါ share ပေးဖို့ တိုက်တွန်းလိုက်ပါရစေ.
#mizzimaplatforms #mizzimamultimedia #Mizzima
👍11🥴1
​​📺အခမဲ့ ဂြိုလ်တုရုပ်သံလိုင်းများ 
Mizzima Media မှ သတင်းချန်နယ် သီးသန့်အဖြစ် Mizzima TV အပြင်၊ သတင်းနှင့် ဖျော်ဖြေရေးချန်နယ် အဖြစ် Mizzima + တိုကို PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်းများမှတဆင့် နေ့စဉ် [ နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ] ထုတ်လွှင့်ပြသပေးလျက်ရှိသည်။

📡 ၂ပေစလောင်း, PSI Receiver,
Free-to-Air receiver များဖြင့်ကြည့်ရှုရန်
Thaicom- 6 Satellite | 78.5E | Ku Band             
  Frequency   : 12728 MHz  
  Polarization  : Vertical
  Symbol Rate : 30000

📡 ၈ပေစလောင်း,C band receiver များဖြင့်ကြည့်ရှုရန်
AsiaSat-7 Satellite | 105.5E | C-band
  Downlink Frequency : 3760 MHz 
  Polarization   : Horizontal
  Symbol Rate  : 26000
👍8
📻ရေဒီယို | မဇ္ဈိမ လှိုင်းတိုရေဒီယို
Mizzima Shortwave Radio
မဇ္ဈိမလှိုင်းတို ရေဒီယိုအစီအစဥ် ထုတ်လွှင့်မှုအား မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသနှင့် အိန္ဒိယနိုင်ငံတိုတွင် ဖမ်းယူနားထောင်နိုင်သည်။
ရေဒီယိုထုတ်လွှင့်ချိန်
👉 မြန်မာစံတော်ချိန် ညနေ ၆နာရီခွဲ မှ ၇နာရီခွဲထိ
လှိုင်းတိုကြိမ်နှုန်း (frequency)
👉 13.82 MHz SW 22m

နေ့စဥ် ထုတ်လွှင့်ပြီး ရေဒီယိုအစီအစဥ်များကို မဇ္ဈိမ တီဗွီအက်ပ်နှင့် Mizzima TV YouTube Channel တိုတွင် အစအဆုံး ပြန်လည်နားဆင်နိုင်သည်။
👍4❤1
Mizzima pinned «🌍မဇ္ဈိမ၀က်ဆိုဒ်များ | Websites»
စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်ဒုဗိုလ်မှူးကြီးနှင့်ဗိုလ်မှူးအပါအဝ
စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအပါအဝင် ၂၈ ဦး ဖမ်းဆီးရမိ008မဇ္ဈိမ။ ။မန္တလေးတိုင်း၊ စဥ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီးတဦးအပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်သားနှင့် ပျူစောထီး စုစုပေါင်း ၂၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂) တပ်ရင်းက ယနေ့(ဇူလိုင်လ ၂၁ ရက်)သတင်းထုတ်ပြန်သည်။အဆိုပါ စစ်ကောင်စီလက်အောက်ခံများအား စဉ့်ကူးမြို့မှ ဧရာဝတီမြစ်ကိုဖြတ်ပြီး ထွက်ပြေးလာစဥ် အမှတ်(၁၂၂၂)တပ်ရင်းက ဇူလိုင် ၁၈ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးရမိသူများမှာ ခမရ(၇၀၃)၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်ဇင်၊ ခမရ(၇၀၈)တပ်စုမှူး ဗိုလ်ကြီး ထက်ကျော်၊ ခမရ (၇၀၈)မှ ဗိုလ်ကြီး ဌေးလင်းကျော်၊ ခလရ(၉၃)မှ ဗိုလ်ကြီး အေးကို၊ ခမရ (၇၀၈)၏တပ်စုမှူး ဗိုလ်ကြီး ထွန်းနိုင်၊ လက်ပန်လှ နယ်မြေရဲစခန်းမှ ရဲမှူးကျော်မြင့်ဦး၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ဒုရဲမှူးရွှေသိမ်းမောင်၊ ရေတော် ပျူစောထီးခေါင်းဆောင် ငနိုင်နှင့် ဒိုးပင်ကုန်း၊ ဇီးပင်ကုန်း ပျူစောထီးခေါင်းဆောင် ထွန်းလင်းအပါအဝင် ၂၈ ဦး ဖြစ်ကြောင်းသိရသည်။အမှတ်(၁၂၂၂)တပ်ရင်းတာဝန်ခံနှင့် တပ်ရင်းမှူးတို့က ဖမ်းဆီးရမိသည့် စစ်ကောင်စီအရာရှိအရာခံများ အား စစ်ဆေးမေးမြန်မှုများပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးရှိ စစ်ကောင်စီတပ်များမှ စစ်သည်များအနေဖြင့် လက် နက်ချအလင်းဝင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။ဖမ်းဆီးရမိထားသူများကို မိုးကုတ်ဗျူဟာ အမှတ်(၁၂၂၂)တပ်ရင်းက ဇူလိုင် ၁၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF ထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။စဉ့်ကူးမြို့နယ်တခုလုံးကို ဇူလိုင် ‌၁၇ ရက်နေ့က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်သုံ့ပန်းများနှင့် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း MDY-PDF မှ ဇူလိုင်လ ၂၀ ရက်နေ့က သတင်းထုတ်ပြန် ထားသည်။စာတည်း။ ။စောဖေ#မန္တလေးတိုင်း#စဉ့်ကူးမြို့နယ်#မြို့သိမ်းတိုက်ပွဲ#MDY_PDF#မိုးကုတ်ဗျူဟာVideo Link >> https://youtu.be/4qfb5DdS9VU-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://ift.tt/d9qcUPQ
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F4qfb5DdS9VU&h=AT0vU0JksfVhNDZ0LhtIgr2IlPr-ojnIwsLEkPiT44Hizfj9qBeP1qrGA4VO1G_43YMMhya_NQNYswzMWDOZ-8MUjlahh2-Pg9SghS_bual-iBZErq4wo1dF7_wwDnw8&s=1
👍32🥴1