Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဂျီရိုနာကို အနိုင်ရပြီး ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်လာတဲ့အတွက် မိမိအသင်းအနေနဲ့ ဘယ်ပြိုင်ဘက် အသင်းမျိုးကိုမဆို အနိုင်ယူပြနိုင်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။

ကြာသပတေးနေ့နံနက်အစောပိုင်းက ကစားသွားတဲ့ အာဆင်နယ်နဲ့ ဂျီရိုနာတို့ရဲ့ ချန်ပီယံလိဂ် league-phase ပွဲစဉ် ပထမပိုင်းမှာ အာနော့ ဒန်ဂျူမာရဲ့ သွင်းဂိုးကြောင့် ဂန်းနားတို့ ကာတလန်အသင်းကို နောက်က လိုက်ကစားခဲ့ရပြီးနောက် ဂျော်ဂျင်ဟိုနဲ့ အီသန် ဝမ်နရီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ Website Link >> https://bur.mizzima.com/2025/01/30/45225
😁10❤4
အစ္စလမ်မစ်အမာခံများက ဆန့်ကျင်ကန့်ကွက်ကြပြီးနောက် အမျိုးသမီးဘောလုံးပွဲ တပွဲကို ဗုဒ္ဓဟူး နေ့က ဘင်္လာလားဒေ့ရှ်နိုင်ငံတွင် ပွဲစဉ်စီစဉ်ကျင်းပသူများက ပယ်ဖျက်လိုက်ရသည်။ ရက်ပေါင်းများစွာအတွင်း ဒုတိယ အကြိမ်ပယ်ဖျက်လိုက်ရခြင်းဖြစ်သည်။

ယမန်နှစ် က အာဏာရှင်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ ပြုတ်ကျသွားပြီးကတဲက ယခင်ကအဖျားအနားမျှသာ ဖြစ်သော ဘာသာရေးလှုပ်ရှားမှုများ အဆိုပါတောင်အာရှနိုင်ငံတွင် အားကောင်းလာခဲ့သည်ဟု လေ့လာသုံးသပ်သူ များက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>> https://bur.mizzima.com/2025/01/30/45246
👍11😁1🌚1
လက်စတာစီးတီးအသင်းရဲ့ ကင်းပါဝါအားကစားကွင်းမှာ လူငါးဦး သေဆုံးခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်ဟာ မတော်တဆမှုတခုသာ ဖြစ်တယ်ဆိုပြီး သေမှုသေခင်း စုံစမ်းစစ်ဆေးရေး ဂျူရီလူကြီးအဖွဲ့တဖွဲ့က ကောက်ချက်ချပါတယ်။

၂၀၁၈ ၊ အောက်တိုဘာ ၂၇ ရက်က ဖြစ်ခဲ့တဲ့ အဲဒီ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ လက်စတာစီးတီးကလပ်အသင်းရဲ့ ဥက္ကဋ္ဌ ဗီချိုင်း စီဝတ်တနာ ပရာဖာနဲ့အတူ ရဟတ်ယာဉ်နဲ့လိုက်ပါသွားတဲ့ ကေ့ဗ်ပွန်း ပွန်ပါရီ၊ နူဆာရာ ဆွတ်ခ်နာမိုင်၊ ပိုင်းလော့ အီရစ် ဆွက်ဖာနဲ့ သူ့ရဲ့ပါတနာ အစ်ဇ်ဘယ်လာ ရိုဇာ လီချိုဝစ်ဇ် အပါအဝင် လိုက်ပါသွားသူ ငါးဦးစလုံး သေဆုံးခဲ့ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန် >>> https://bur.mizzima.com/2025/01/30/45249
👍8❤1
Travelers face 5 million kyat ‘facilitation fees’ to depart Yangon airport

https://eng.mizzima.com/2025/01/30/18705
👍3
Negotiations underway between #KIA and #TNLA to address territorial disputes in northern #Shan State

https://eng.mizzima.com/2025/01/30/18711
👍2😁1