Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Deal back on to exchange #Palestinian prisoners for #Israeli #hostage bodies
Read more: https://eng.mizzima.com/2025/02/26/19528
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် လိုင်ဇာမြို့နယ်၊ ဂျေယန်စစ်ရှောင်စခန်းမှ ကလေးငယ် သုံးဦးအား ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သည့် တရားခံဟုယူဆရသည့် အမျိုးသားတဦးကို ကချင်လွတ်လပ်ရေးတပ် KIA က ဖမ်းဆီးထားကာ စစ်ဆေးမေးမြန်းနေပြီး ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများအပေါ်မူတည်၍ တရားစီရင်ရေးဆက် လက်လုပ် ဆောင်သွားမည်ဟု KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ က မဇ္ဈိမ ကို ပြောသည်။

ဂျေယန်စစ်ရှောင်စခန်းမှ အသက် ၁၀ နှစ်ဝန်းကျင်အရွယ်ရှိ မိန်းကလေးငယ် သုံးဦးသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေအချိန် က ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး သံသယတရားခံသည် ဂျေယန်စစ်ရှောင်စခန်းမှ အဆိုပါကလေးငယ်များအား စာသင်ကြားပေးနေသည့် ဆရာမ၏ ခင်ပွန်းတော်စပ်သူဖြစ်ကြောင်းလည်း မိသားစုနှင့်နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြန်းပေးဆွဲသူက ကလေးငယ်သုံးဦးအား လက်ပြန်ကြိုးတုတ်၊ ပါးစပ်အဝတ်စည်းနှောင် ထားသည့် ရုပ်ပုံများကို မိဘများထံပေးပို့ကာ တရုတ်ယမ်ငွေ ၃၀၀,၀၀၀ ပေး၍ ရွေးယူရန် ဆက်သွယ်လာခဲ့ကြောင်း သိရသည်။

Read more: https://bur.mizzima.com/2025/02/26/47738
👍10🤬3
#India's vast #Hindu festival draws to an end
Read more: https://eng.mizzima.com/2025/02/26/19531
👍1
Leading #rareearths miner sees profits fall as prices sag
Read more: https://eng.mizzima.com/2025/02/26/19539
👍4
(မဇ္ဈိမ) ။ ။ ရွှေဆိုင်ပိုင်ရှင်မိသားစု စီးလာသည့် ကားကို ဓားပြတိုက်မှုဖြင့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ပြည်သူ့စစ် ဒုခေါင်းဆောင် ကောင်းမြတ်စံ (ခ) မှန်ကြီးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

ကောင်းမြတ်စံ (ခ) မှန်ကြီးသည် ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းရှိနေစဉ် ဖေဖော်ဝါရီ ၂၂ ရက်က အင်အား ရှစ်ဦးပါ စစ်ကောင်စီရဲအဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် မဲကုန်းရွာသားတဦးက မဇ္ဈိမ ကို ပြောသည်။

"မျက်နှာကို အနက်ရောင်ပုဝါစီးပြီး ဖမ်းသွားတယ်။ ဓါးပြတိုက်မှုနဲ့လို့ သိရတယ်။ မှန်ကြီးက ပြည်သူ့စစ် ဒုခေါင်းဆောင်ဆိုတော့ ပုသိမ်ကြီးမှာ အနံ့ဆိုး အတော်ထွက်တဲ့ကောင်ပါ။ သူ့လူ ငါးယောက်လောက်နဲ့ မတ်တူးကား တစီးနဲ့ ပါတ်နေတဲ့ကောင်ပါ"ဟု မဲကုန်းကျေးရွာသား တဦးကပြောသည်။

Read more: https://bur.mizzima.com/2025/02/26/47765
👍18👏4❤2😁2