Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မန်ချက်စတာ ၂ သင်း နိုင်ပွဲကိုယ်စီပြန်ရပြီး အာဆင်နယ် နိုင်ပွဲပျောက်ဆဲ ပရီးမီးယားလိဂ် ပွဲစဉ်-၂၇

မန်ယူ🟥 ၃-၂ အစ်ဝစ်ချ်
စပါး ဝ-၁ မန်စီးတီး
နော်တင်ဟမ် ဝ-၀ အာဆင်နယ်
ဘရန့်ဖို့ဒ် ၁-၁ အဲဗာတန်

Photos: EPL/X
👍14🦄1
လီဗာပူးလ် နိုင်ပွဲဆက်ပြီး ထိပ်ဆုံးမှ ၁၃ မှတ်ဖြတ်

လီဗာပူးလ် ၂-၀ နယူးကာဆယ် (Full-time)
ဆိုဘိုစလိုင် ၁၁' ⚽️
အယ်လစ္စတာ ၆၃'

အာနေး စလော့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးက ရပ်တည်ပြီး ကွာဟမှုကို ထပ်တိုးလိုက်ပါတယ်။ အခုဆိုရင် ၁၃ မှတ်အထိ ပြတ်သွားပါပြီ။ ဒါကြောင့် လီဗာပူးလ်တို့ ချန်ပီယံဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။

Photos: EPA
👍14
ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ အနိုင်ရတဲ့ ရီးယဲလ်

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် (ပထမအကျော့)

ဆိုစီဒက် ၀-၁ ရီးယဲလ်မက်ဒရစ် (Full-time)
⚽️ အန်ဒရစ် ၁၉'

Photos: EPA
❤10👍1
မဇ္ဈိမ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားမှုမှ ဖယ်ရှားနိုင်ရေး ​ကော်မတီဖွဲ့စည်း​ ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ဗဟိုအလုပ်ကော်မတီက ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်နေ့) ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ - Justice Seeking for Daw Aung San Su Kyi and U Htin Kyawကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရည်ရွယ်ချက်တူသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်​ကြောင်း ​ဖော်ပြသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဝရမ်းထုတ်လိုက်ခြင်းသည် စစ်အာဏာရှင်ကို တွန်းလှန်နေကြသော မြန်မာပြည်သူတရပ်လုံး စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အပေါ် ဖမ်းဝရမ်းထုတ်ခြင်းအား ပြန်လည်သုံးသပ်ပေးပါရန် တိုက်တွန်းမေတ္တာရပ်ခံကြောင်းလည်း NLD က ထုတ်ပြန်သည်။
Read more: https://bur.mizzima.com/2025/02/27/47831
👍16😁2👎1