Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပေထုံတန်က ဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း အမေရိကန်က သဘောမကျသည့် အချက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသည့်အပြင် ထပ်မံတွေ့ဆုံမည့် ရက်ကိုလည်း ပြောကြားခဲ့ခြင်း မရှိပေ။ ထိုင်းစေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်နေသည့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ပီချိုင်းချွန်ဟာဗာဂျီရာက အသေးစိတ်အချက်အလက်များကို အများပြည်သူသို့ မကြာမီ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖူသမ်ဝက်ချာယာချိုင်းက ထိုင်းနိုင်ငံအနေဖြင့် F-16 တိုက်လေယာဉ်များကို ဝယ်ယူတော့မည်မဟုတ်ကြောင်း ကြေညာခဲ့ခြင်းကြောင့် ကုန်သွယ်ရေးဆွေးနွေးပွဲတွင် တင်းမာမှုများရှိနေသည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်လာပြီး နောက်တရက်အကြာတွင် ဆွေးနွေးပွဲရွှေ့ဆိုင်းကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2025/04/26/54464
👍15🔥2
ပရီးမီးယားလိဂ်ပွဲစဉ် - ထိပ်ဆုံး ၅ သင်းထဲ ပြန်ဝင်လာတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီး ၁-၀ အဲဗာတန် (Full-time)
ဂျက်ဆန် ၂၇'

ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ထိပ်ဆုံး ငါးသင်းထဲကို ပြန်ဝင်လာခဲ့ပါတယ်။

စတမ်ဖို့ဒ်ဘရစ်ချ်မှာ လိဂ်ပွဲအနိုင်ရဖို့ အဲဗာတန်ရဲ့ စောင့်ဆိုင်းမှုကတော့ အခုဆိုရင် ပွဲ ၃၀ အထိ ရှိလာပါပြီ။
(Photos: EPA)
👍16
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် စနေနေ့က ပြုလုပ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် ၁၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီး "အလွန်အကျိုးရှိ" ခဲ့ကြောင်း အမေရိကန်အရာရှိတဦးက ပြောကြားသည်။ ၎င်းတို့ နှစ်ဦးသည် စနေနေ့နှောင်းပိုင်းတွင် ဒုတိယအကြိမ် တွေ့ဆုံကြမည် ဖြစ်သည်။

အိမ်ဖြူတော် ဆက်သွယ်ရေးညွှန်ကြားရေးမှူး စတီဗင် ချောင်က သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဇယ်လန်းစကီးတို့ တွေ့ဆုံမှု ကို အတည်ပြုခဲ့ပြီး "အလွန်အကျိုးဖြစ်ထွန်းသော ဆွေးနွေးမှု" ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်မည် ဖြစ်ကြောင်း ပြောကြားသည်။ Read more: https://bur.mizzima.com/2025/04/26/54467
👍19❤5
ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ချင်း မသိရသေးသော်လည်း အီရန်က အိုမန်တွင် အမေရိကန် နှင့် တတိယအကြိမ်မြောက် နျူကလီးယားကိစ္စဆွေးနွေးမှု ပြုလုပ်နေချိန်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

"ရှာဟစ်ရာဂျီဆိပ်ကမ်းဧရိယာမှာ ထားတဲ့ ကွန်တိန်နာအများအပြား ပေါက်ကွဲခဲ့တာပါ။ ဒဏ်ရာရသူတွေ ကို ဆေးဝါးကုသရေးဌာနတွေဆီ လောလောဆယ် ရွှေ့ပြောင်းပေးနေပါတယ်" ဟု ဒေသဆိုင်ရာ အကျပ်အတည်း စီမံခန့်ခွဲရေး အရာရှိတဦးက နိုင်ငံပိုင် ရုပ်သံသို့ ပြောကြားခဲ့သည်။ Read more: https://bur.mizzima.com/2025/04/26/54470
👍16❤2😱2
■ ပရီးမီးယားလိဂ်ပွဲစဉ် - နယူးကာဆယ်ကို ရှုံးလို့ အစ်ဝစ်ချ် တန်းဆင်း၊ ဘရိုက်တန်နဲ့ ဖူလ်ဟမ် နောက်ကျဂိုးနဲ့ နိုင်ပွဲရ

နယူးကာဆယ် ၃-၀ အစ်ဝစ်ချ်
ဘရိုက်တန် ၃-၂ ဝက်စ်ဟမ်း
ဆောက်သမ်တန် ၁-၂ ဖူလ်ဟမ်
ဝုလ်ဗ် ၃-၀ လက်စတာ

(Photos: EPL)
👍15
https://www.youtube.com/watch?v=mpHNl9NPVN8
Hundreds of thousands attend Pope Francis's funeral