Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ချင်း မသိရသေးသော်လည်း အီရန်က အိုမန်တွင် အမေရိကန် နှင့် တတိယအကြိမ်မြောက် နျူကလီးယားကိစ္စဆွေးနွေးမှု ပြုလုပ်နေချိန်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

"ရှာဟစ်ရာဂျီဆိပ်ကမ်းဧရိယာမှာ ထားတဲ့ ကွန်တိန်နာအများအပြား ပေါက်ကွဲခဲ့တာပါ။ ဒဏ်ရာရသူတွေ ကို ဆေးဝါးကုသရေးဌာနတွေဆီ လောလောဆယ် ရွှေ့ပြောင်းပေးနေပါတယ်" ဟု ဒေသဆိုင်ရာ အကျပ်အတည်း စီမံခန့်ခွဲရေး အရာရှိတဦးက နိုင်ငံပိုင် ရုပ်သံသို့ ပြောကြားခဲ့သည်။ Read more: https://bur.mizzima.com/2025/04/26/54470
👍16❤2😱2
■ ပရီးမီးယားလိဂ်ပွဲစဉ် - နယူးကာဆယ်ကို ရှုံးလို့ အစ်ဝစ်ချ် တန်းဆင်း၊ ဘရိုက်တန်နဲ့ ဖူလ်ဟမ် နောက်ကျဂိုးနဲ့ နိုင်ပွဲရ

နယူးကာဆယ် ၃-၀ အစ်ဝစ်ချ်
ဘရိုက်တန် ၃-၂ ဝက်စ်ဟမ်း
ဆောက်သမ်တန် ၁-၂ ဖူလ်ဟမ်
ဝုလ်ဗ် ၃-၀ လက်စတာ

(Photos: EPL)
👍15
https://www.youtube.com/watch?v=mpHNl9NPVN8
Hundreds of thousands attend Pope Francis's funeral
စပိန်ဘုရင့်ဖလားကို ၃၂ ကြိမ်မြောက် ဆွတ်ခူးသွားတဲ့ ဘာကာ
ဘာစီလိုနာ ၃-၂ ရီးယဲလ်မက်ဒရစ်

ပတ်ဒရီ ၂၈' ⚽️ အမ်ဘာပေ ၇၀'၊ ချူအာမီနီ ၇၇'
ဖာရန်တောရက်စ် ၈၄'
ကွန်ဒီ ၁၁၆'

ဘာစီလိုနာဟာ အချိန်ပို ဒုတိယပိုင်းမှာ နောက်ခံလူ ကွန်ဒီရဲ့ ဂိုးနဲ့ အနိုင်ရပြီး စပိန်ဘုရင့်ဖလားကို ၃၂ ကြိမ်မြောက် ဆွတ်ခူးသွာခဲ့သလို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းလည်းဖြစ်ပါတယ်။

ဒီရာသီမှာ ဖလားလေးလုံး ရယူဖို့ ရည်မှန်းထားတဲ့ ကာတာလန်အသင်းဟာ နည်းပြ ဟန်စီဖလစ်ရဲ့ လက်ထက်မှာ ပထမဆုံး အဓိကဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။

(Photos: EPA)
👍19❤1
အယ်လ်နာဆာဟာ စနေနေ့မှာ ဂျပန်ရဲ့ ယိုကိုဟားမား အက်ဖ် မာရီနိုအသင်းကို ၄-၁ နဲ့ အနိုင်ခဲ့တဲ့နောက် အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်တဲ့ တတိယမြောက် ဆော်ဒီအာရေဗျအသင်း ဖြစ်လာခဲ့သလို ဒီပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း တဂိုးသွင်းယူခဲ့ပါတယ်။

အယ်လ်နာဆာအတွက် ဂိုးတွေကိုတော့ ဒူရန် ၂၇၊ ၄၉ မိနစ်၊ မာနေး ၃၁ မိနစ်နဲ့ ရော်နယ်လ်ဒို ၃၈ မိနစ်တို့မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
👍16
ဂျမူးနှင့်ကက်ရှ်မီးယားဒေသရှိ ပါဟာဂမ်မြို့တွင် ဧပြီ ၂၂ ရက်က အကြမ်းဖက်တိုက်ခိုက်မှုတခုအတွင်း ခရီးသွားဧည့်သည် ၂၅ ဦးနှင့် ဒေသခံတဦးသေဆုံးပြီးနောက် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။ ထရမ့်မှတ်ချက်မပေးမီ အမေရိကန်နိုင်ငံခြားရေးဌာနမှပြောရေးဆိုခွင့်ရှိသူတမ်မီဘရုစ်က အကြမ်းဖက်မှု လုပ်ရပ်အားလုံးကိုရှုတ်ချခဲ့ပြီး ၎င်းတို့နိုင်ငံအနေဖြင့် အိန္ဒိယနှင့်အတူရပ်တည်ကြောင်း ဧပြီ ၂၄ ရက်က ပြောကြားခဲ့သည်။ Read more: https://bur.mizzima.com/2025/04/27/54484
👍18