Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အာဖဂန်နစ္စတန်မှ နယ်စပ်ဖြတ်ကျော်ပြီး နိုင်ငံထဲ ဝင်ရောက်ရန် ကြိုးပမ်းသည့် စစ်သွေးကြွ ၅၄ ယောက်ကို ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက သုတ်သင်ရှင်းလင်းခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဧပြီ ၂၇ ရက်တွင် ပြောသည်။

ထောက်လှမ်းရေး သတင်းများအရ အဆိုပါ သုတ်သင်ရှင်းလင်းခဲ့သည့် စစ်သွေးကြွများသည် “Khwarij” များ ဖြစ်သည်ဟု စစ်တပ်က ထုတ်ပြန်ချက်တရပ်တွင် ပြောပြီး ‘Khwarij” ဆိုသည်မှာ ပါကစ္စတန်တာလီဘန်အဖွဲ့ကို ရည်ညွှန်းသည့် ပါကစ္စတန်အစိုးရ အသုံးပြုသော အသုံးအနှုန်းဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/28/54567
👍17😁3
👍8
အင်တာမိုင်ယာမီဟာ တနင်္ဂနွေနေ့က FC ဒါးလပ်စ်ကို ၄-၃ ဂိုးနဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့ဟာ ဒီရာသီရဲ့ ပထမဆုံး မေဂျာလိဂ်ရှုံးပွဲကို တွေ့သွားခဲ့ပါတယ်။ မိုင်ယာမီက ၃-၁ နဲ့ ဦးဆောင်ရာကနေ နောက်ကျဂိုးတွေ ခွင့်ပြုလိုက်ရတာကြောင့် အခုလို အရေးနိမ့်ခဲ့ရတာပါ။ Read more: https://bur.mizzima.com/2025/04/28/54559
👍7
အဆိပ်သင့်ကုန်ပစ္စည်းများမှ စံမမီသော အခြေခံအဆောက်အအုံများအထိ တရုတ်၏ ပို့ကုန် အစဉ်အလာကို ကမ္ဘာတဝှမ်းလုံး စိုးရိမ်မှုများ ဆက်လက် ရှိနေသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဆောက်လုပ်ရေးဆိုင်ရာ ပျက်ကွက်မှုများသည် လူသားမျိုးနွယ်အပေါ်ကျူး လွန်သော ရာဇဝတ်မှုများအဖြစ် ပိုမိုပုံပေါ်လာပြီး ရှီကျင့်ဖျင်အစိုးရအား တာဝန်ခံမှုရှိစေရန် နိုင်ငံတကာ အဖွဲ့အစည်းများကို တိုက်တွန်းထားသည်။⁩

♦️ သတင်းအပြည့်အစုံ -https://bur.mizzima.com/2025/04/28/54571
👍17❤4😁1
#China seizes disputed reef near key #Philippine military #outpost: report
https://eng.mizzima.com/2025/04/28/21759
👍7❤1
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီ၏ ဟားလီးကွေ့တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲအတွင်းစစ်ကောင်စီတပ် ဗိုလ်ကြီးတဦး မိမိကိုယ်ကို သတ်သေသွားပြီး၊ အခြားအဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးလည်း ပူးပေါင်းတပ်ထံ လက်နက်ချခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) မှ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။

“ဗိုလ်ကြီးက တိုက်ပွဲမှာ ကျတာမဟုတ်ဘူး။ စစ်ကူတွေရောက်မလာတော့ နောက်ဆုံးမှာ လက်နက်ချတာ။ သူ(ဗိုလ်ကြီး)က သူ့ကိုယ်သူ ပြန်ပစ်သတ်သွားတယ်” ဟု DNLA မှတာဝန်ရှိသူတဦးက ပြောသည်။ Read more: https://bur.mizzima.com/2025/04/28/54578
👍18❤5