Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထို Sandy Cay သန္တာကျောက်တန်းသည် ဖိလစ်ပိုင်နိုင်ငံက ပက်ဂ်-အဆာဟုခေါ်သည့် သီတု ကျွန်းမှ သုံးကီလိုမီတာကျော်ကျော်သာဝေးသည်။ သီတုကျွန်းပေါ်တွင် ဖိလစ်ပိုင်စစ်ဘက်အဆောက် အအုံများနှင့် စစ်ဘက်သုံးအဆင့် လေယာဉ်ပြေးလမ်းတခု ရှိပြီး လူပေါင်း ၂၅၀ ခန့် နေထိုင်လျက်ရှိသည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် “သန္တာကျောက်တန်းကို စစ်ဆေးမှုများပြုလုပ်ပြီး တရားမဝင် လှုပ်ရှားမှုများကို ရုပ်သံမှတ်တမ်းတင်ရန်” နှင့် “သောင်ခုံပေါ်တွင် ပြန့်ကျဲနေသည့် ပလပ်စတစ်ဘူးခွံများ၊ သစ်သားချောင်းများနှင့် အခြားအမှိုက်သရိုက်များကိုလည်း ရှင်းလင်းရန်” Sandy Cay သို့ သွားရောက်ခဲ့ သည်ဟု တရုတ် Global Times သတင်းတွင်ဖော်ပြကြောင်း The Japan Times တွင် ဖော်ပြထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/28/54626
👍7👎4😁1
အင်္ဂလိပ်အမှတ်ပေးလိဂ်ဖလားကို အများဆုံးရရှိထားတဲ့အသင်းက ဘယ်အသင်းလဲ Read more >> https://bur.mizzima.com/2025/04/28/54639
👍7
တရုတ်ရှိ ထိုင်ဝမ် ကုမ္ပဏီများအနက် လေးပုံတပုံကျော်သည် လုပ်ငန်း ပိတ်သိမ်းရန် စဉ်းစားနေပြီး ထက်ဝက်ခန့်က တရုတ်ပြင်ပရှိ ဈေးကွက်ကွင်းဆက်များဆီ ရင်းနှီးမြှုပ်နှံမှုများ ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်။

အမေရိကန်ဆီ အဓိက တင်ပို့ပြီး အမြတ်နည်းနည်းဖြင့် ရပ်တည်နေသော တရုတ်ရှိ ကုမ္ပဏီများသည် အကောက်ခွန် ပြောင်းလဲမှုများကြောင့် အပြင်းထန်ဆုံး ဂယက်ရိုက်ခတ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/28/54618
👍8❤5👎1
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြည်တွင်း၌လည်ပတ်နေသည့် ဘိလပ်မြေစက်ရုံအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဘိလပ်မြေထုတ်လုပ်နိုင်မှုပမာဏသည်လည်း ၄၀ ရာခိုင်နှုန်းကျော် ထပ်မံကျဆင်းသွားခဲ့ကြောင်း စစ်ကောင်စီက ပြောဆိုသည်။

ငလျင်မလှုပ်ခင်က ဘိလပ်မြေစက်ရုံကိုးခုမှ တရက်လျှင်တန် ၃၀,၇၀၀ (အိတ် ၆၁၄,၀၀၀) ထုတ်လုပ်ခဲ့သော်လည်း ငလျင်လှုပ်ပြီးနောက် စက်ရုံခြောက်ရုံမှ တန် ၁၇,၁၀၀ (အိတ် ၃၄၂,၀၀၀) သာထုတ်လုပ်နိုင်တော့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2025/04/29/54646
👍20❤2👎1
ရီးယဲလ်မက်ဒရစ်နောက်ခံလူ အန်တိုနီယို ရူဒီဂါအနေနဲ့ "ပြောင်းလဲရမယ်၊ သူ့ကိုယ်သူလည်း သိတယ်" လို့ ဂျာမနီအသင်းရဲ့ အားကစားဒါရိုက်တာ ရူဒီ ဗော်လာက ကိုပါဒယ်လ်ရေး ဖိုင်နယ်ပွဲစဉ်မှာ ကစားသမားရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာ ပြောပါတယ်။

ဂျာမနီ ဗဟိုနောက်ခံလူ ရူဒီဂါဟာ ဒိုင်လူကြီး ရီကာဒို ဒီ ဘာဂို့စ် ဘန်ဂိုအက်ချီတာကို ပစ္စည်းတခုနဲ့ ပစ်ပေါက်ခဲ့တာကြောင့် အထုတ်မခံရခင် ဘာစီလိုနာကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ ကလက်စီကိုပွဲ အချိန်ပိုမှာ လူစားလဲခံခဲ့ရပါတယ်။ Read more: https://bur.mizzima.com/2025/04/29/54650
👍12❤1