Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပရီးမီးယားလိဂ်ပွဲစဉ် - အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲစတွေ့တဲ့ စီးတီး

မန်ချက်စတာစီးတီး ဝ-၂ တော့တင်ဟမ်
ဘရန်နန်ဂျွန်ဆင် ၃၅’၊ ပယ်လ်ဟင်ညာ ၄၅+၂’

မန်ချက်စတာစီးတီးအသင်းရဲ့ ပြီးခဲ့တဲ့ရာသီက ပြဿနာတွေဟာ စနေနေ့က အိမ်ကွင်းမှာ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ထပ်မံပေါ်လွင်လာခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ပြန်လည်ရယူရေးအတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒုတိယပိုင်းမတိုင်မီ ဘရန်နန် ဂျွန်ဆင်နဲ့ ပယ်လ်ဟင်ညာတို့က ဂိုးသွင်းယူပေးခဲ့တာကြောင့် ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်းအနေနဲ့ လီဗာပူးအသင်းကို ကျော်ပြီး ဇယားထိပ်မှာ ရပ်တည်ခဲ့ပါတယ်။ ဒါဟာ မန်နေဂျာ သောမတ်စ် ဖရန့်ခ်အတွက် လိဂ်ပွဲနှစ်ပွဲတာဝန်ယူပြီးနောက် အကောင်းဆုံးစတင်ခြင်းပဲ ဖြစ်ပါတယ်။

(Photos: EPA)
❤25👍5
နိုင်ပွဲရှာမတွေ့တဲ့ ယူနိုက်တက်

ဖူလ်ဟမ် ၁-၁ မန်ချက်စတာယူနိုက်တက်
အီမီလီစမစ်ရိုး ၇၃’ | ရိုဒရီဂိုမူနိဇ် ၅၈’ (OG)

တမှတ်စီခွဲဝေသွားတာက အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၁၅ မိနစ် - မိနစ် ၂၀ လောက်မှာတော့ ဖူလ်ဟမ်က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ လူစားလဲမှုတွေက ပွဲအပေါ်မှာ ပိုပြီး သက်ရောက်မှုရှိခဲ့ပါတယ်။

ယူနိုက်တက်ကတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲချော်မှုရယ်၊ ပထမပိုင်းမှာ ကွန်ညာရဲ့ အခွင့်အရေးကြောင့် မကျေမချမ်းဖြစ်နိုင်ပေမယ့် တပွဲလုံးကို ခြုံပြီးကြည့်ရင်တော့ သရေကျတာဟာ မျှတတဲ့ရလဒ်တခုပါ။

ပရီးမီးယားလိဂ်ပွဲစဉ် ရလဒ်
အဲဗာတန် ၂-၀ ဘရိုက်တန်
ခရစ္စတယ်ပဲလေ့စ် ၁-၁ နော်တင်ဟမ်

(Photo: EPL)
👍22❤11