Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
#China #coal power surges even as renewables hit record high
Read more: https://eng.mizzima.com/2025/08/25/25732
👍9
ငူမိုဟာရဲ့ နောက်ကျသွင်းဂိုးနဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့် ၂ ပွဲဆက် အနိုင်ရတဲ့ လီဗာပူးလ်

နယူးကာဆယ် ၂-၃ လီဗာပူးလ်
ဂွီမာရေ့စ် ၅၇’ ⚽️ ဂရာဗင်ဘက်ချ် ၃၅’၊ အီကီတီကေ ၄၆’၊ ရီယိုငူမိုဟာ ၉၀+၁၀’
အိုဆူလာ ၈၈’
အန်တိုနီဂေါ်ဒွန် ၄၅+၃’ 🟥

လီဗာပူးလ်ဟာ တနင်္လာနေ့က ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ နှစ်ဂိုးပြတ် ဦးဆောင်နေရာကနေ ၂-၂ ဂိုးနဲ့ သရေကျခဲ့ပြီးနောက် ပွဲပြီးခါနီး မိနစ် ၁၀၀ မှသာ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမား ရီယို ငူမိုဟာရဲ့ သွင်းဂိုးနဲ့အတူ ၁၀ ယောက်ကျန် နယူးကာဆယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အန်တိုနီ ဂေါ်ဒွန်က ဗာဂျီ ဗန်ဒိုက်ကို ခပ်ကြမ်းကြမ်း ဝင်လုခဲ့လို့ အနီကတ်ပြအထုတ်ခံခဲ့ရပါတယ်။ အင်္ဂလန်ချန်ပီယံ လီဗာပူးလ်အတွက် ရိုင်ယန် ဂရာဗင်ဘက်ချ် နဲ့ နယူးကာဆယ်ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ခဲ့တဲ့ ဟူဂို အီကီတီကေတို့က ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။

ဒါပေမဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းရဲ့ ပြင်းထန်တဲ့ ပရိသတ်အားပေးမှုတွေကြားမှာ ဘရူနို ဂွီမာရေ့စ် နဲ့ ဝီလီယမ် အိုဆူလာ တို့က နယူးကာဆယ်အတွက် ချေပဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း ငူမိုဟာ ရဲ့ နောက်ကျသွင်းဂိုးကြောင့် Magpies တို့ အရေးနိမ့်ခဲ့ရပါတယ်။

(Photos: EPA)
❤12👍6