Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပလောက်- သရက်ချောင်း- ထားဝယ်ကားလမ်း ၁၃ ရက်ကြာသည်အထိ ပြန်မပွင့်သေး

YT

မဇ္ဈိမ။ ။ဒေသခံများ လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုလေ့ရှိသည့် တနင်္သာရီတိုင်း၊ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် ပလောက်- သရက်ချောင်း-ထားဝယ်လမ်းပိုင်းကို ပိတ်ထားသည်မှာ ၁၃ ရက်ရှိလာပြီဖြစ်၍ အခက်အခဲများကြုံနေရကြောင်း ဒေသခံများထံကသိရသည်။

“ စစ်ရေးအခြေအနေတွေ တင်းမာနေလို့ထင်ပါရဲ့၊ ကုန်ကားတွေ ခရီးသည်တင်ကားတွေ အကုန်ပိတ်မိနေတာ။ အနီးအနား ရွာတွေကတော့ ထမင်းကျွေး၊ နေစရာတော့ ပေးတာပေါ့ဗျာ” ဟု ဒေသတွင်း အခြေအနေသိရှိသူက ယနေ့(ဖေဖေါ်ဝါရီလ ၁၉ ရက်)တွင် မဇ္ဈိမကို ပြောသည်။

ပလောက်- ထားဝယ်လမ်းပိုင်းပေါ်ရှိ၌ ထားဝယ်မြို့၊ သရက်ချောင်းမြို့နှင့် ပလောက်မြို့တို့ရှိပြီး အဓိကအားဖြင့် သရက်ချောင်းမြို့နယ်၌ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းကစ၍ စစ်ရေးအခြေအနေများ တင်းမာနေခြင်းကြောင့်ဟု လမ်းကြောင်းများ ပိတ်ထားခြင်းဟု ဒေသခံက ဆိုသည်။

ပလောက်- ထားဝယ်လမ်းပိုင်းအား စစ်ကော်မရှင်တပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ဖြစ်သည်။ လမ်းပိတ်ထား၍…
👎7🔥2❤1
တိဗက်ကုန်းပြင်မြင့်တွင် တိတ်တဆိတ်နှင့် အလှမ်းကျယ်သော အသွင်ကူးပြောင်းမှုတခု ဖြစ်ပေါ်နေပြီး အခြေခံအဆောက်အအုံ သို့မဟုတ် နယ်မြေကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ကလေးများ၏ဘဝကိုသာ တိုက်ရိုက်ပစ်မှတ်ထားနေခြင်းဖြစ်သည်။

အမ်ဒိုကဲ့သို့သော တိဗက်လူမျိုးများ နေထိုင်ရာဒေသများနှင့် တိဗက်တလွှားတွင် တရုတ်အာဏာပိုင်များသည် ပညာရေးစနစ်ကို ပုံစံသစ်ဖြင့် ပြောင်းလဲနေကြပြီး ထိုလုပ်ရပ်သည် ဘာသာစကား၊ ယဉ် ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုတခုဟု ဝေဖန်သူများက ဆိုကြသည်။

ကလေးငယ်များကို ၎င်းတို့၏ မိသားစုများနှင့် အချိန်အတော်ကြာ ခွဲကာ ဘော်ဒါဆောင်ကျောင်းများတွင် ထားပြီး အချို့မှာ ငယ်ငယ်ကတည်းကပင် လာနေရသည်။ ကျောင်းအတွင်း၌ သင်ကြားရေးမှစ၍ ကျောင်းပြင်ပ လှုပ်ရှားမှုများအထိ နေ့စဉ်ဘဝတွင် မန်ဒရင်းဘာသာစကားကသာ လွှမ်းမိုးထား သည်။ ထိုကျောင်းများသည် ဘာသာစကားသင်ကြားပေးရုံသာမက နိုင်ငံရေးအရ သစ္စာစောင့်သိမှုကိုပါ ပျိုးထောင်ပေးသည့်ပတ်ဝန်းကျင်များ ဖြစ်ကြောင်း ကျောင်းသားဟောင်းများနှင့် သုတေသီများက ပြောကြသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့်…
👎7👍3❤1🔥1