Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တိဗက်ကုန်းပြင်မြင့်တွင် တိတ်တဆိတ်နှင့် အလှမ်းကျယ်သော အသွင်ကူးပြောင်းမှုတခု ဖြစ်ပေါ်နေပြီး အခြေခံအဆောက်အအုံ သို့မဟုတ် နယ်မြေကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ကလေးများ၏ဘဝကိုသာ တိုက်ရိုက်ပစ်မှတ်ထားနေခြင်းဖြစ်သည်။

အမ်ဒိုကဲ့သို့သော တိဗက်လူမျိုးများ နေထိုင်ရာဒေသများနှင့် တိဗက်တလွှားတွင် တရုတ်အာဏာပိုင်များသည် ပညာရေးစနစ်ကို ပုံစံသစ်ဖြင့် ပြောင်းလဲနေကြပြီး ထိုလုပ်ရပ်သည် ဘာသာစကား၊ ယဉ် ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုတခုဟု ဝေဖန်သူများက ဆိုကြသည်။

ကလေးငယ်များကို ၎င်းတို့၏ မိသားစုများနှင့် အချိန်အတော်ကြာ ခွဲကာ ဘော်ဒါဆောင်ကျောင်းများတွင် ထားပြီး အချို့မှာ ငယ်ငယ်ကတည်းကပင် လာနေရသည်။ ကျောင်းအတွင်း၌ သင်ကြားရေးမှစ၍ ကျောင်းပြင်ပ လှုပ်ရှားမှုများအထိ နေ့စဉ်ဘဝတွင် မန်ဒရင်းဘာသာစကားကသာ လွှမ်းမိုးထား သည်။ ထိုကျောင်းများသည် ဘာသာစကားသင်ကြားပေးရုံသာမက နိုင်ငံရေးအရ သစ္စာစောင့်သိမှုကိုပါ ပျိုးထောင်ပေးသည့်ပတ်ဝန်းကျင်များ ဖြစ်ကြောင်း ကျောင်းသားဟောင်းများနှင့် သုတေသီများက ပြောကြသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့်…
👎7👍3❤1🔥1
တောင်ဒဂုံနှင့် မြောက်ဒဂုံမြို့နယ်များ၌ စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှု မြင့်တက်

ရောင်နီ

မဇ္ဈိမ။ ။ရန်ကုန်မြို့၊ တောင်ဒဂုံနှင့် မြောက်ဒဂုံမြို့နယ်များတွင် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှု မြင့်တက်နေကြောင်း ရန်ကုန်​မြို့မြေပြင်သတင်းများအား ဖော်ပြနေသည့် Rangoon Scout Network (RSN) တာဝန်ရှိသူက ပြောသည်။

အာဏာသိမ်းစစ်ကောင်မရှင်၏ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) စတင်တော့မည် ဖြစ်သဖြင့် ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“ တောင်ဒဂုံ၊ မြောက်ဒဂုံဘက်တွေမှာဖြစ်တာ အများဆုံးတွေ့ရတယ်ဗျ။ တခြားမြို့နယ်တွေမှာလည်း အဖမ်းအဆီးတွေရှိပေမယ့် သေသေချာချာသိရတာ နည်းပါတယ်။” ဟု RSN တာဝန်ရှိသူက ပြောသည်။

RSN က ပြုစုထားသည့် စာရင်းအရ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၃) ပြုလုပ်ပြီးသည့်နောက်မှစ၍ ဖေဖော်ဝါရီလ ဒုတိယအပတ်အထိ ရန်ကုန်မြို့တွင် လူဦးရေ ၄၀ ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ရွေးကောက်ပွဲ ပြုလုပ်နေသည့်ကာလအတွင်း စစ်မှူထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှု နည်းပါးခဲ့သော် လည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း ဖမ်းဆီးမှုများ…
❤7🤬5👎3👍1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၁၉ ဖေဖော်ဝါရီ ၂၀၂၆ )

ယင်းမာပင်ခရိုင်အတွင်း နေထိုင်နေကြပြီး BNRA အဖွဲ့က ထုတ်ပေးထားသည့် လက်နက်များ ကိုင်ဆောင်ထားသည့် ရဲဘော်များအနေဖြင့် နေထိုင်ရာ ခရိုင်၊ မြို့နယ် ပကဖ အဖွဲ့များထံ ချိတ်ဆက်၍ ကိုင်ဆောင်သောလက်နက်နှင့်အတူ ဆက်စပ်ပစ္စည်းများကို အပ်နှံ ကြဖို့အတွက် ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)တွင် ထုတ်ပြန်ကြေညာလိုက်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စစ်ကော်မရှင်
#PDF
#ယင်းမာပင်ခရိုင်
#BNRA
#လက်နက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-------------------------------------------
❤6👍5
ဖမ်းဆီးခံရမှုများ၍ ထိုင်းကုန်ပစ္စည်းများ ဘားအံ- မြဝတီလမ်းကြောင်းပေါ်၌ ကာလရှည် သောင်တင်

YT

မဇ္ဈိမ။ ။ ထိုင်း- ကရင် နယ်စပ်ဘက်မှတဆင့် ပြည်တွင်းသို့ တင်သွင်းသည့် ထိုင်းကုန်စည်များ ဖမ်းဆီးခံရမှုများ၍ ကုန်ပစ္စည်းများများ တင်သွင်းနိုင်ခြင်းမရှိဘဲ ကားလမ်းတလျှောက်နှင့် ဘားအံမြို့နယ်အတွင်း သောင်တင်နေသည်ဟု ကုန်တင်ယာဉ်မောင်းများနှင့် ကုန်သည်များက ပြောသည်။

“ ကြာပြီလေ ပိတ်နေတာ လနဲ့ချီနေပြီ။ နှစ်လ သုံးလလောက်ရှိနေပြီ။ ပို့ဆောင်ရေးစရိတ်က ပစ္စည်းတန်ဖိုးထက် မြင့်နေတာဆိုတော့ ခုကရပ်ထားရသလိုဖြစ်နေပြီ။ မြဝတီ ရန်ကုန် ကားခတင် တတန်ကို သိန်း၁၀၀ ဆိုတော့ သယ်လို့မကိုက်တော့ဘူး။ ထိုင်းဘက်က ကမ်းကူးတာက ပြဿနာမရှိဘူး။ ပြည်တွင်းသယ်တာမှာပဲ ဖြစ်နေတာ” ဟု ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက မဇ္ဈ်ိမကိုပြောသည်။

တရားမဝင် နယ်စပ်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု ထိန်းချုပ်ရေးဟုဆိုကာ နယ်စပ်လမ်းကြောင်းများမှ ကုန်သွယ်ခွင့်များကို တစတစ ပိုမိုတင်းကျပ် ပိတ်ပင်လာခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ တင်သွင်းလာသည့် ကုန်ပစ္စည်းတင်သွင်းခွင့်လိုင်စင် (ဂျူတီ) မကျထားသည့် (တရားမဝင်…
👍7👎4❤1
ထရမ့်အစိုးရသည် တိဗက်အရေးဆိုင်ရာ အမေရိကန်အထူးညှိနှိုင်းရေးမှူးရာထူးအတွက် သံတမန်တဦးကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကြေညာလိုက်သည်။

၂၀၀၂ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်က စတင်သတ်မှတ်ခဲ့သော အဆိုပါရာထူးအတွက် လက်ရှိတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ရိုင်လေဘန်းစ်ကို ခန့်အပ်မည်ဖြစ်သည်။

"ဒီ မီးမြင်းနှစ်ရဲ့ ပထမဆုံးနေ့မှာ ကမ္ဘာတဝန်းမှာရှိတဲ့ တိဗက်လူမျိုးတွေရဲ့ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်ရှိမှုကို ကျွန်တော်တို့ ဂုဏ်ပြုပါတယ်။ တိဗက်လူမျိုးတွေရဲ့ ငြင်းပယ်လို့မရတဲ့ အခွင့်အရေးတွေနဲ့ သူတို့ရဲ့ သီးခြားဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအမွေအနှစ်တွေကို ပံ့ပိုးကူညီဖို့ အမေရိကန်က သန္နိဋ္ဌာန်ဆက်ချထားပါတယ်" ဟု ရူဘီယိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တိဗက်
#လူ့အခွင့်အရေးဆိုင်ရာ
#အမေရိကန်
#အထူးသံတမန်သစ်
#ထရမ့်အစိုးရ
#ခန့်အပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
❤12👍7
ဒေါ်ကြည်ပြာအမှု ဖြေရှင်းချက်အပေါ် လက်မခံဟုဆိုကာ NUG တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်များအားလုံးကို ရပ်ဆိုင်း

မောင်ခက်နွေ

မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဝန်ကြီးချုပ်ရုံး၏ ဒေါ်ကြည်ပြာအမှုအပေါ် စုံစမ်းစစ်ဆေးမှု ရလဒ်နှင့် ဆုံးဖြတ်ချက်ကို လက်မခံနိုင်သဖြင့် NUG ခေါင်းစဉ်အောက်မှ ဆောက်ရွက်နေသော တက္ကသိုလ်ဝင်ခွင့် ခေါ်ဆိုခြင်း လုပ်ငန်းစဉ်များအားလုံးကို ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) မှစတင်ကာ ရပ်ဆိုင်းထားမည်ဟု တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ကြေညာသည်။

၎င်းအဖွဲ့သည် နွေဦးတော်လှန်ရေးကာလ CDM ကျောင်းသား၊သူ များအတွက် ကြားကာလ တက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်များကို ၂၀၂၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ထုတ်ပြန်နေသည့် အဖွဲ့ဖြစ်ကာ ၂၀၂၃ ခုနစ်၊ ဧပြီလတွင် ကျင်းပခဲ့သည့် နွေဦးတော်လှန်ရေးကာလ၊ အဆင်မြင့်ပညာကဏ္ဍ ပထမအကြိမ် ညီလာခံမှ ပေါ်ထွက်လာသည့် အဖွဲ့ဖြစ်သည်။

ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားထားသည့် အဂတိလိုက်စားမှု စွဲချက်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို NUG ဝန်ကြီးချုပ်ရုံးက ယမန်နေ့(ဖေဖော်ဝါရီ ၁၈ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်ကြားချက်များအတွက်…
👍10❤5