Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထရမ့်အစိုးရက ပျက်စီးမှုကြီးမားလှသည့် နှစ်နှစ်ကြာဂါဇာစစ်ပွဲကိုရပ်တန့်နိုင်ရန် ကာတာ၊ အီဂျစ်နိုင်ငံတို့ နှင့်အတူ ကြိုးပမ်းခဲ့ပြီးနောက် ဤ ‘ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ပေါ်ပေါက်လာခဲ့သည်။

လူလာ သည် ယခင်လကလည်း ထရမ့်၏ဘုတ်အဖွဲ့ကို “ထရမ့် တဦးတည်းပိုင်ဆိုင်သည့် ကုလအဖွဲ့သစ်” ဟု ပြောဆိုခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဂါဇာ
#ထရမ့်
#ငြိမ်းချမ်းရေးဘုတ်အဖွဲ့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5❤2🔥1
ယူကရိန်းသည် ရုရှားရေနံသိုလှောင်ရုံတခုကို ဒရုန်းများဖြင့် ညပိုင်း၌ တိုက်ခိုက်ခဲ့ရာ ထိုဖြစ်စဉ်တွင် အဆိုပါရေနံသိုလှောင်ရုံဆိုဒ်ကို ယင်းကဲ့သို့ တိုက်ခိုက်မှုများမှ အကာအကွယ်ပေးရန် ကြိုတင်တပ်ဆင်ထားသော ဒရုန်းရန်ကာ ပိုက်ကွန်များကို ဖောက်ထွက်ကျော်လွှားတိုက်ခိုက်နိုင်ခဲ့ကြောင်း လုံခြုံရေးအရာရှိတဦးက ဖေဖော်ဝါရီ ၁၉ ရက်တွင် Business Insider ကို ပြောသည်။

ရုရှားနိုင်ငံအနောက်ပိုင်း ပက်စ်ကော့ဗ်ဒေသရှိ ဗီလီကီယီ လူကီမြို့ရှိ ရေနံသိုလှောင်ရုံတခုကို ယူကရိန်းက တာဝေးဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်းလုံခြုံရေးဌာန (SBU) မှ သတင်းရင်းမြစ်တဦးက ပြောသည်။ စစ်ဆင်ရေးကိစ္စများနှင့်ပတ်သက်ပြီး ထိလွယ်ရှလွယ်ရှိမှုကြောင့် အဆိုပါ သတင်းရင်းမြစ်က ၎င်း၏ အမည်ကို မဖော်ပြဘဲ ပြောဆိုခြင်းလည်း ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဒရုန်း
#ရုရှားရေနံသိုလှောင်ရုံ
#ယူကရိန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7❤1
စွမ်းအင်ဈေးနှုန်းများကိုဖယ်လိုက်လျှင် ငွေကြေးဖောင်းပွမှုနှုန်းသည် ဇန်နဝါရီလကရှိခဲ့သည့် ၂ ဒသမ ၉ မှ ၂ ဒသမ ၆ ရာ ခိုင်နှုန်းသို့မျှော်မှန်းထားသည်ထက်ပိုကျသွားသည်။ ယင်းအတွက်အလယ်ကိန်းခန့်မှန်းချက်မှာ ၂ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်သည်။

သို့သော်တာကာအိချိ ပထမဆုံးလုပ်ရမည့်အလုပ်မှာ ရွေးကောက်ပွဲများကြောင့်ဆိုင်းငံ့ထားရသည့် ဧပြီလ ၁ ရက်နေ့စတင်မည့် ဂျပန်နိုင်ငံဘတ်ဂျက်အတွက် အတည်ပြုချက်ရရှိရေးပင်ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဂျပန်
#ငွေကြေးဖောင်းပွမှု
#တာကာအိချိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7🔥1
ပါလက်စတိုင်းဘောလုံးနယ်ပယ် ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ ၇၅ သန်း ရန်ပုံငွေကို FIFA ဦးဆောင်မည်

AFP

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား စစ်ပွဲကြောင့် ပျက်စီးသွားခဲ့ရတဲ့ ဂါဇာက ဘောလုံးဆိုင်ရာ အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် FIFA က ဒေါ်လာ ၇၅ သန်း ရန်ပုံငွေတရပ်ကို ဦးဆောင်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့က ကြာသပတေးနေ့မှာ ပြောကြားပါတယ်။

ထရမ့်ဟာ ဝါရှင်တန်မှာပြုလုပ်တဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) ရဲ့ ပထမဆုံးအစည်းအဝေးမှာ ဒီကြေညာချက်ကို ထည့်သွင်းပြောဆိုခဲ့တာပါ။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ အမေရိကန်သမ္မတရဲ့ အရင်းနှီးဆုံး မဟာမိတ် ၂၄ ဦးနဲ့ ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးတဲ့ အဖွဲ့အစည်းတခု ဖြစ်ကာ ကနဦးမှာတော့ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်ထူထောင်ရေးကို အဓိက အာရုံစိုက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

“ဂါဇာက စီမံကိန်းတွေအတွက် စုစုပေါင်း ဒေါ်လာ ၇၅ သန်း ရရှိအောင် FIFA က ကူညီပေးသွားမယ်ဆိုတာကိုလည်း ကျွန်တော် ဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်” လို့ ထရမ့်က ပြောပါတယ်။

Read more >> https://bur.mizzima.com/2026/02/20/82558
👍7❤1
"အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နေတာဖြစ်ပြီး ဒီနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုမယ့် အီရန်ရဲ့ အခွင့်အရေးကို ဘယ်နိုင်ငံကမှ ပိတ်ပင်လို့မရပါဘူး" ဟု အီရန်အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ မိုဟာမက် အက်စ်လာမီက ပြောသည်။

ထရမ့်က အမေရိကန်အနေဖြင့် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိကြောင်း ဗုဒ္ဓဟူးနေ့တွင် Truth Social လူမှုကွန်ရက်၌ အရိပ်အမြွက်ထပ်ပြောထားကာ လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ အမေရိကန်၏ စစ်အင်အားတိုးချဲ့မှုများလည်း လုပ်ဆောင်နေသည်။

"ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်စေမည့်" စစ်ဆင်ရေးဆိုင်ရာ ရွေးချယ်စရာများကို ထရမ့်အား တင်ပြထားကြပြီး ထိုအထဲတွင် အစိုးရကို ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် "အီရန် နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင် အမြောက်အမြားကို သုတ်သင်ရန်" စီမံချက်လည်း ပါဝင်ကြောင်း အမည်မဖော်လိုသော အမေရိကန်အရာရှိများက Wall Street Journal သို့ ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#နျူကလီးယား
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7🔥2😁1
👍4🔥1
👍4🔥1
👍2🔥1
👍2🔥1
“ကျွန်တော်တို့ဂါဇာကိုကူညီပါမယ်။ ကျွန်တော်တို့ဒါကိုသဘောပေါက်အောင်ရှင်းပြပါမယ်။ ကျွန်တော်တို့ အောင်မြင်အောင်လုပ်ပါမယ်” ဟု လက်ထဲတွင်စာရွက်စာတမ်းများကိုကိုင်ထားရင်း ထရမ့်က ပြောသည်။

အမေရိကန်၏ထာဝရမဟာမိတ်ဖြစ်သူ အယ်လ်ဘေးနီးယား နိုင်ငံ၏ဝန်ကြီးချုပ် အီဒီရာမာ (Edi Rama) က လည်း ထရမ့်က “ကုလကိုအစားထိုးဖို့” ကြိုးစားနေသည်ဟူသည့် ဥရောပ၏စိုးရိမ်ပူပန်မှုများကို ငြင်းဆိုလိုက် သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/20/82555
👍4
👎2🔥1
ချင်းလူမျိုးများ ညီညွတ်မှသာ ချင်းပြည်တည်ဆောက်ရေး အောင်မြင်မည်ဟု NUG ယာယီသမ္မတ ပြောကြား

ပါခွီး

မဇ္ဈိမ ။ ။ ချင်းလူမျိုးများ စည်းလုံးညီညွတ်မှသာ ချင်းပြည်တည်ဆောက်ရေး အောင်မြင်နိုင် မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြား သည်။

ယနေ့ (ဖေဖော်ဝါရီလ၂၀ရက်) တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို နံနက် ၁၀နာရီတွင် Zoom ပလက်ဖောင်းဖြင့် ပြုလုပ်ခဲ့ရာ၌ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အာမခံချက်ပြည့်ဝတဲ့ ချင်းပြည်လွတ်မြောက်ရေးကို စစ်ရေး၊ နိုင်ငံရေးအရ တပြိုင်နက်ဖော်ဆောင် နိုင်ဖို့လိုပါတယ်။ အဲဒီအတွက် အရေးကြီးတာက အမျိုးသားညီညွတ်ရေးကိစ္စဖြစ်ပါတယ် ။ ချင်းလူမျိုး အချင်းချင်း ညှိနှိုင်းတိုင်ပင်လုပ်နိုင်မှ ချင်းပြည်တည်ဆောက်ရေးဟာ အောင်မြင်မှာဖြစ်ပါတယ်” ဟု သမ္မတဒူဝါလရှီးလက အခမ်းနားတွင်ပြောဆိုခဲ့သည်။

ချင်းပြည်နယ်သည် ရာနှုန်းပြည့်ထိန်းချုပ်စိုးမိုးနယ်မြေအဖြစ်တည်ရှိနေပြီး အာမခံချက်ပြည့်ဝတဲ့ လွတ်မြောက်နယ်များအဖြစ် ဆက်လက်ဖော်ဆောင်ကြရန်နှင့် ချင်းအမျိုးသား လွတ်မြောက်ရေးကို ဆုံးခန်းတိုင်ဖော်ဆောင်နိုင်ဖို့လိုအပ်ကြောင်း…
👍7🥰1🥴1
TikTok သို့မဟုတ် Instagram ကို ကြည့်လိုက်မည်ဆိုပါက "သင့် ဦးနှောက်ရှေ့ပိုင်း (frontal lobe) က အပြည့်အဝ မဖွံ့ဖြိုးသေးဘူး" ဆိုသည့် စာသားကို မကြာခဏ တွေ့ရနိုင်စရာ ရှိသည်။ ယင်းသည် အရက်တခွက် ထပ်မှာမိတာမျိုးမှစပြီး လုံးဝမဆက်သွယ်တော့ဘူးဟု သင်စိတ်ပိုင်းဖြတ်ထားသော သူဆီ စာပို့မိတာမျိုးအထိ မိမိ၏ မှားယွင်းသည့် ဆုံးဖြတ်ချက်တို့အတွက် ရေပန်းစားသည့် ဆင်ခြေတခု ဖြစ်လာခဲ့သည်။

ဦးနှောက်ရှေ့ပိုင်း (frontal lobe) သည် စီမံကိန်းရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားခြင်းနှင့် စိတ်ခံစားမှု ထိန်းချုပ်ခြင်း စသည့် အဆင့်မြင့် လုပ်နိုင်စွမ်းရည် အများအပြားအတွက် တာဝန်ရှိသည်။ ယင်းကြောင့်လည်း ကျွန်ုပ်တို့ စိတ်လိုက်မာန်ပါ လုပ်လိုက်မိချိန် သို့မဟုတ် ကိုယ့်ကိုယ်ကို မယုံကြည်တော့သည်အချိန်မျိုးတွင် ယင်းဦးနှောက်အစိတ်အပိုင်းကိုသာ အပြစ်ပုံချလေ့ ရှိတတ်ကြသည်။

သို့သော် ဦးနှောက်ဖွံ့ဖြိုးမှု (အထူးသဖြင့် ဦးနှောက်ရှေ့ပိုင်း၌ ဖွံ့ဖြိုးမှု) က အသက် ၂၅ နှစ်၌ ရပ်တန့်သွားသည်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထပ်တလဲလဲ ပြောဆိုနေမှုတို့က အမှန်အားဖြင့် တိကျမှု မရှိပေ။ ယင်းအဆိုက တကယ့် သိပ္ပံ နည်းကျ တွ…
❤5👍3
သံလှောင်အိမ်ကျဥ်းထဲမှ မလွှတ်မြောက်နိုင်သည့် ပိတ်လှောင်ခံဘဝများ ( သတင်းဆောင်းပါး)

ဟန်ထူးဇော်ရေးသားသည်။

နေရောင်မဝင်ရောက်နိုင်သော အခန်းထဲရှိ လေးပေပတ်လည် သာသာ သံလှောင်အိမ် အခန်းကျဉ်းလေးထဲတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် လူတဦး ညည်းတွားနေသည်။

ကမ္ဘာကြီးက မေ့လျော့ထားပြီဟု သူခံစားနေရသော်လည်း နားထဲ ကြားလာရသည့် အသံတခုကြောင့် မျှော်လင့် ချက်ရှိသလို သူခံစားလိုက်ရသည်။ လူတကိုယ်စာလှဲ၍ မရသည့် လှောင်အိမ်ထဲမှ သူ ခေါင်းမော့ကြည့်ရာ လက်နက်ကိုင်ဆောင်ထားပြီး စစ်ဝတ်စုံဝတ်ဆင်ထားသော သူတခါမှ မမြင်ဖူးသူ တချို့ကို မြင်လိုက်ရသည်။

မြန်မာဘာသာစကားပြောဆိုနေသည်ကို သူသိသော်လည်း အဓိပ္ပါယ်ကို သူ ကောင်းကောင်းနားမလည်ပေ။ ထိုသူများ၏ နောက်တွင် DKBA တပ်ဝတ်စုံများ ဝတ်ဆင်ထားသည့် သူများ လက်နက်ကိုယ်စီဖြင့်ရောက်ရှိလာပြီး တရုတ်လူမျိုးတဦးက သူ၏ လှောင်အိမ်ကို ဖွင့်ပေးလိုက်သည်။

စစ်ဝတ်စုံဝတ်ဆင်ထားသူများနှင့် တရုတ်လူမျိုးတို့ စကားအပြန်အလည် ပြောဆိုခဲ့ပြီးနောက် သူ၏ လှောင်အိမ်တံခါးကို ပြန်ပိတ်ကာ ထွက်သွားခဲ့သည်။ ထို့နောက် သူသည် သံလှောင်အိမ်အတွင်း ကျန်ရှိခဲ့ပြီးနောက် ခေတ္တ ခံစားလိုက်ရသည့် မျှော်လင့်ချက်လည်း…
😢7❤2👍1
စစ်ကော်မရှင်တပ်က ရွာများအတွင်း အထိုင်ချထား၍ ကျိုက်ထို ဒေသခံထောင်နှင့်ချီ နေရပ်မပြန်နိုင်သေး

YT

မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအတွင်း အထိုင်ချထားသည့် စစ်ကော်မရှင်တပ်ကြောင့် ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရပြီး နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်ကစ၍ ကျိုက်ထိုမြို့နယ် ၊ သိမ်ဇရပ်မြို့အခြေစိုက် ၊ ခြေမြန်တပ်ရင်းခမရ (၂၀၇) နှင့် အမြှောက်တပ် အမတ (၃၁၀) တို့မှ စစ်ကော်မရှင်တပ်သားများက စစ်ကွင်း၊ မုက္ကမော့၊ ခရွဲ၊ ကျောက်ရေတွင်း ၊ ဝင်းကံ နှင့် ကျောက်ပုံကြီး စသည့် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်လာခဲ့သည်။

ထိုနေ့မှစ၍ စစ်ကော်မရှင်တပ်က ခရွဲ၊ ကျောက်ပုံကြီး၊ ဝင်းကံ၊ မုက္ကမော့ ကျေးရွာများအတွင်း အင်အား ဖြန့် အထိုင်ချပြီး တော်လှန်ရေးအင်အားစုများနှင့်လည်း တပ်ဆိုင်ထားသည့် အခြေအနေဖြစ်၍ အရပ်သားများမှာ နေရပ်မပြန်ရဲကြကြောင်း သိရသည်။

လက်ရှိ စစ်ရေးအခြေအနေတင်းမာနေသည့် ဒေသသည် မွန်နှင့် ပဲခူးအစပ်၊ ကျိုက်ထိုမြို့နယ်အပိုင် စစ်တောင်းမြစ်နှင့် နီးသည့် ကျေးရွာများဘက်ခြမ်းတွင်ဖြစ်သည်။

“ အခုက ကော်ကပ် (KNU တပ်မဟာ…
👎6👍1😁1🤬1
အာဏာသိမ်းကာလ နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်ပေါင်း ၁၂၀,၀၀၀ နီးပါးရှိလာ

001

မဇ္ဈိမ။ ။ အာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်ပေါင်း ၁၁၉,၄၁၁ လုံးရှိကြောင်း သုတေသနအဖွဲ့တခုဖြစ်သည့် Data for Myanmar က ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) က ထုတ်ပြန်သည်။

အဆိုပါ ကာလအတွင်း စစ်ကော်မရှင်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၅,၅၆၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အဆိုပါအဖွဲ့က ပြောသည်။

တိုင်းနှင့် ပြည်နယ်အလိုက်ကြည့်ပါက စစ်ကိုင်းတိုင်းသည် နေအိမ်ပေါင်း ၇၇,၇၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် အတွက် နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကျော်ရှိကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လမှ ဩဂုတ်လအထိ သုံးလတာကာလအတွင်းတွင်မူ တိုင်းနှင့် ပြည်နယ် ရှစ်ခုရှိ ကျေးရွာ ၈၁ ရွာမှ အရပ်သားနေအိမ်ပေါင်း ၂,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ကာလအတွင်း စစ်ကိုင်းတိုင်းရှိ ကန့်ဘလူ၊ ပဲခူးတိုင်းရှိ မင်းလှ၊ မကွေးတိုင်းရှိ…
🤬5❤1👍1👎1🥴1
အမေရိကန်က အီရန်ကို တိုက်ခိုက်နေချိန် ထို ရေပြင်၌ ရုရှား သို့မဟုတ် တရုတ် စစ်သင်္ဘောများ ရှိနေခြင်းသည် စစ်ဆင်ရေးစီမံသူများ ဖြေရှင်းရမည့် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ နောက်ဆက်တွဲ သက် ရောက်မှုများ ရှိလာနိုင်သည်။ တချိန်တည်းမှာပင် အမေရိကန်၏ ဆက်လက် လုပ်ဆောင်နေဆဲ စစ်အင်အား ဖြည့်တင်းနေမှုနှင့် အချိန်ကိုက် ထွက်ပေါ်လာသော ယခု စစ်ရေးလေ့ကျင့်မှုသည် စစ်ဆင် ရေးအရထက် သတင်းစကားပါးလိုခြင်းသာ ဖြစ်ပေသည်။

ဟော်မုဇ်ရေလက်ကြားနှင့် အိုမန်ပင်လယ်ကွေ့တွင် ရုရှားနှင့် တရုတ်သင်္ဘော အရေအတွက် အနည်း ငယ် ရှိနေခြင်းသည် အမေရိကန်၏ အကျိုးစီးပွားကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခြင်း မရှိသော် လည်း အီရန်ကို တိုက်ခိုက်မည့် ကြိုးပမ်းမှုများကို ရှုပ်ထွေးသွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။⁩

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/02/20/82591

#ဟော်မုဇ်
#ရေလက်ကြား
#အီရန်
#တရုတ်
#ရုရှား
#ရေတပ်
#စစ်ရေးလေ့ကျင့်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍5❤3🔥1😁1