Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အာဏာသိမ်းကာလ နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်ပေါင်း ၁၂၀,၀၀၀ နီးပါးရှိလာ

001

မဇ္ဈိမ။ ။ အာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်ပေါင်း ၁၁၉,၄၁၁ လုံးရှိကြောင်း သုတေသနအဖွဲ့တခုဖြစ်သည့် Data for Myanmar က ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) က ထုတ်ပြန်သည်။

အဆိုပါ ကာလအတွင်း စစ်ကော်မရှင်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ်ပေါင်း ၁၁၅,၅၆၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အဆိုပါအဖွဲ့က ပြောသည်။

တိုင်းနှင့် ပြည်နယ်အလိုက်ကြည့်ပါက စစ်ကိုင်းတိုင်းသည် နေအိမ်ပေါင်း ၇၇,၇၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် အတွက် နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ်စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကျော်ရှိကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လမှ ဩဂုတ်လအထိ သုံးလတာကာလအတွင်းတွင်မူ တိုင်းနှင့် ပြည်နယ် ရှစ်ခုရှိ ကျေးရွာ ၈၁ ရွာမှ အရပ်သားနေအိမ်ပေါင်း ၂,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ကာလအတွင်း စစ်ကိုင်းတိုင်းရှိ ကန့်ဘလူ၊ ပဲခူးတိုင်းရှိ မင်းလှ၊ မကွေးတိုင်းရှိ…
🤬5❤1👍1👎1🥴1
အမေရိကန်က အီရန်ကို တိုက်ခိုက်နေချိန် ထို ရေပြင်၌ ရုရှား သို့မဟုတ် တရုတ် စစ်သင်္ဘောများ ရှိနေခြင်းသည် စစ်ဆင်ရေးစီမံသူများ ဖြေရှင်းရမည့် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ နောက်ဆက်တွဲ သက် ရောက်မှုများ ရှိလာနိုင်သည်။ တချိန်တည်းမှာပင် အမေရိကန်၏ ဆက်လက် လုပ်ဆောင်နေဆဲ စစ်အင်အား ဖြည့်တင်းနေမှုနှင့် အချိန်ကိုက် ထွက်ပေါ်လာသော ယခု စစ်ရေးလေ့ကျင့်မှုသည် စစ်ဆင် ရေးအရထက် သတင်းစကားပါးလိုခြင်းသာ ဖြစ်ပေသည်။

ဟော်မုဇ်ရေလက်ကြားနှင့် အိုမန်ပင်လယ်ကွေ့တွင် ရုရှားနှင့် တရုတ်သင်္ဘော အရေအတွက် အနည်း ငယ် ရှိနေခြင်းသည် အမေရိကန်၏ အကျိုးစီးပွားကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခြင်း မရှိသော် လည်း အီရန်ကို တိုက်ခိုက်မည့် ကြိုးပမ်းမှုများကို ရှုပ်ထွေးသွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။⁩

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/02/20/82591

#ဟော်မုဇ်
#ရေလက်ကြား
#အီရန်
#တရုတ်
#ရုရှား
#ရေတပ်
#စစ်ရေးလေ့ကျင့်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍5❤3🔥1😁1
💩6
👎5😢1
ချင်းအမျိုးသားနေ့ ဖလမ်း-ဟားခါး ကြား ကျေးရွာ ၉ ခုကို လေတပ်ဗုံးကြဲ

ဂျူချန်း

မဇ္ဈိမ။ ။ ချင်းပြည်နယ် ၊ ဖလမ်း နှင့် ဟားခါး မြို့နယ်ကြားရှိ ကျေးရွာ ကိုးခုကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်နေကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF ) တာဝန်ရှိသူ ထံက သိရသည်။

ယနေ့ ( ဖေဖော်ဝါရီ ၂၀ ရက် ) တွင် ကျရောက်သည့် (၇၈) ကြိမ်မြောက် ချင်းအမျိုးသားနေ့တွင် နံနက် ၉ နာရီခွဲအချိန်မှစ၍ Ramthlo၊ Zalai၊ Taal၊ Laikua၊ Tlangzar၊ Thlanrawn၊ Lungtar၊ Dokthek နှင့် Chuncung စသည့် ကျေးရွာများကို Y8၊ Y12 လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး ထိခိုက်မှုအသေးစိတ်ကိုမူ မသိရသေးကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တင်မီက မဇ္ဈိမကို ပြောသည်။

“ဒီရွာတွေက ဖလမ်းမြို့နဲ့ ဟားခါးမြို့နယ်အစပ်မှာရှိတဲ့ရွာတွေဖြစ်ပါတယ်။ တိုက်ပွဲမရှိပါဘူး ရွာတွေကိုကြဲတာပါ။ တောက်လျှောက်လာပြီးကြဲနေတာ” ဟု ဆလိုင်းတင်မီက ပြောသည်။

Read more: https://bur.mizzima.com/2026/02/20/82599
👎7👍1😁1🤬1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၀ ဖေဖော်ဝါရီ ၂၀၂၆ )

ချင်းလူမျိုးများ စည်းလုံးညီညွတ်မှသာ ချင်းပြည်တည်ဆောက်ရေး အောင်မြင်နိုင် မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြား သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/20/82602

#ချင်းအမျိုးသားနေ့
#ညီညွတ်ရေး
#ချင်းပြည်နယ်
#ဒူဝါလရှီးလ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-----------------------------------------
👍6❤5🥴2
ဒေါ်ကြည်ပြာအမှု ကိုင်တွယ်ပုံအပေါ် မကျေနပ်သဖြင့် CDM ကျန်းမာရေးကွန်ရက် NUG နှင့် လက်တွဲဖြုတ်

မောင်ခက်နွေ

မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန် ဒေါ်ကြည်ပြာနှင့် ၎င်း၏အမျိုးသားဖြစ်သူ ဦးညီညီမင်းတို့အပေါ် စုံစမ်းစစ်ဆေးမှုရလဒ်နှင့် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို လက်မခံနိုင်သဖြင့် CDM ကျန်းမာရေးကွန်ရက် (CDM Medical Network) က NUG နှင့် ပူးပေါင်းဆောင်ရွက်နေမှုအားလုံးကို ယနေ့(ဖေဖော်ဝါရီ ၂၀)မှစတင်၍ ရပ်တန့်လိုက်ကြောင်း ကြေညာသည်။

NUG ဝန်ကြီးချုပ်၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်အမှတ် (၁၅/၂၀၂၆) ပါ "ပြင်းထန်စွာသတိပေးခြင်း" ဆိုသည့် ဆုံးဖြတ်ချက်သည် ပြည်သူ့အစိုးရတရပ်၏ ဂုဏ်သိက္ခာ၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုတို့တွင် လုံ လောက်မှုမရှိဘဲ ပုဂ္ဂိုလ်ရေးဘက်လိုက်မှုများ ပါဝင်နေသည်ဟု CDM ကျန်းမာရေးကွန်ရက်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

Read more >> https://bur.mizzima.com/2026/02/20/82608
❤16👍5😁1