Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၀ ဖေဖော်ဝါရီ ၂၀၂၆ )

ချင်းလူမျိုးများ စည်းလုံးညီညွတ်မှသာ ချင်းပြည်တည်ဆောက်ရေး အောင်မြင်နိုင် မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြား သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/20/82602

#ချင်းအမျိုးသားနေ့
#ညီညွတ်ရေး
#ချင်းပြည်နယ်
#ဒူဝါလရှီးလ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-----------------------------------------
👍6❤5🥴2
ဒေါ်ကြည်ပြာအမှု ကိုင်တွယ်ပုံအပေါ် မကျေနပ်သဖြင့် CDM ကျန်းမာရေးကွန်ရက် NUG နှင့် လက်တွဲဖြုတ်

မောင်ခက်နွေ

မဇ္ဈိမ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန် ဒေါ်ကြည်ပြာနှင့် ၎င်း၏အမျိုးသားဖြစ်သူ ဦးညီညီမင်းတို့အပေါ် စုံစမ်းစစ်ဆေးမှုရလဒ်နှင့် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို လက်မခံနိုင်သဖြင့် CDM ကျန်းမာရေးကွန်ရက် (CDM Medical Network) က NUG နှင့် ပူးပေါင်းဆောင်ရွက်နေမှုအားလုံးကို ယနေ့(ဖေဖော်ဝါရီ ၂၀)မှစတင်၍ ရပ်တန့်လိုက်ကြောင်း ကြေညာသည်။

NUG ဝန်ကြီးချုပ်၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်အမှတ် (၁၅/၂၀၂၆) ပါ "ပြင်းထန်စွာသတိပေးခြင်း" ဆိုသည့် ဆုံးဖြတ်ချက်သည် ပြည်သူ့အစိုးရတရပ်၏ ဂုဏ်သိက္ခာ၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုတို့တွင် လုံ လောက်မှုမရှိဘဲ ပုဂ္ဂိုလ်ရေးဘက်လိုက်မှုများ ပါဝင်နေသည်ဟု CDM ကျန်းမာရေးကွန်ရက်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

Read more >> https://bur.mizzima.com/2026/02/20/82608
❤16👍5😁1
https://www.youtube.com/watch?v=6336jHZROEU
ဖေဖော်ဝါရီလ ၂၀ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
👍7🥴1
https://www.youtube.com/watch?v=B-n_lTirhMg
ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမသတင်းအစီအစဥ်
👍4❤3🥴1
ဒေါ်ကြည်ပြာအမှု ဖြေရှင်းချက် ယုတ္တိမရှိ၍ စုံစမ်းစစ်ဆေးမှုရလဒ်များ အပြည့်အစုံထုတ်ပြန်ပေးရန် တနင်္သာရီတိုင်း CDMများ တောင်းဆို

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ဒေါ်ကြည်ပြာအမှုနှင့် ပတ်သက်၍ NUG ၏ ဖြေရှင်းဆောင်ရွက်ချက်များသည် ယုတ္တိတန်မှုမရှိကြောင်း တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် (TCSN) က ယနေ့(ဖေဖော်ဝါရီ ၂၀ရက် )တွင် အလေးအနက် ထုတ်ပြန်တောင်းဆိုသည်။

ထို့ကြောင့် (၁) စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရလဒ်များကို အထောက်အထားနှင့်တကွ ပြည့်စုံစွာ ထုတ်ပြန်ပေးရန် (၂) ပြစ်မှုပြစ်ဒဏ်များ ချမှတ်ရာတွင် "ကျောသားရင်သား" ခွဲခြားခြင်းမရှိဘဲ ထိရောက်စွာ အရေးယူရန် (၃) တိုင်ကြားသူများ၏ နစ်နာမှုများအတွက် တရားမျှတမှု ပြန်လည်ရရှိစေရေး ဆောင်ရွက်ပေးရန် ဆိုသည့် အချက် သုံးချက်ကို TCSN က တိုက်တွန်း တောင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို တိုင်ကြားထားမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်က ပြည်ထောင်စုဝန်ကြီးချုပ်၏ လက်မှတ်ဖြင့် အမိန့်စာ ထုတ်ပြန်ခဲ့သည်။ Read more >> https://bur.mizzima.com/2026/02/20/82615
👍13❤3😁2
https://www.youtube.com/watch?v=KNdnDoq8bx0
ဂျပန် အီဘာရခီပြည်နယ်က လူနေအဆောင်မီးလောင်မှုတွင် မြန်မာလုပ်သား သေဆုံး
😢7❤3
BNRA အဖွဲ့ဝင် ၅ ဦး စစ်ကော်မရှင်ထံ လက်နက်ချ

001

မဇ္ဈိမ။ ။ ဗိုလ်နဂါးလက်နက်ချသွားပြီးနောက်ဆက်တွဲအဖြစ် ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ဝင် ငါးဦး ယနေ့ (ဖေဖော်ဝါရီ ၂၀) နေ့လယ်ပိုင်းတွင် ထပ်ပြီး လက်နက်ချသွားကြောင်း စစ်ကော်မရှင်ဝါဒဖြန့် မြဝတီရုပ်သံက ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့အခြေစိုက် BNRA ၏ ဒုတိယအဖွဲ့ခေါင်းဆောင်တဦး၊ တတိယတာဝန်ခံအဆင့်ရှိသူတဦးအပါအဝင် အဖွဲ့ဝင်ငါးဦးသည် လက်နက်မျိုးစုံငါးလက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ စစ်ကော်မရှင် တပ်စခန်းတခုထံ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကော်မရှင်က အဆိုပါ ငါးဦးအား လက်ခံကြိုဆိုပွဲကို မုံရွာမြို့တွင် ပြုလုပ်ခဲ့သည်ကို ထုတ်ပြန်ချက်တွင် တွေ့ရပြီး နာမည်များကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

Read more: >> https://bur.mizzima.com/2026/02/20/82618
😁6💩4❤2👍1
Breaking News

မြစ်ကြီးနားလေဆိပ် ဒရုန်းကျ၊ ခရီးသည်တင် လေယာဉ် အမြီးပိုင်းထိ

ဂျူချန်း

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး မြစ်ကြီးနားလေဆိပ်တွင် ဒရုန်း ကျရောက်ပေါက်ကွဲပြီး ခရီးသည်တင် လေယာဉ် အမြီးပိုင်း ထိခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

“ကျွန်မတို့လေယာဉ် အမြီးပိုင်း ထိပြီး မီးတွေဖွာထွက်နေတာတော့ မြင်ခဲ့ရပါတယ်။ ကိုယ်ကြုံရမှပဲ ဘယ်လောက် ကြောက်စရာကောင်းလည်းဆိုတာ သိရတော့တယ်။ မီးတွေတဖွားဖွား ၊ တဂျိမ်းဂျိမ်း ပစ်နေတဲ့ကြားမှာ မှောင်မဲကြီးထဲ ဘာမှမမြင်ရဘဲ ပြေးရတာ ၊ ငိုတဲ့သူကငို ၊ သတိလစ်တဲ့သူလစ် ။ လေယာဉ်က ခေါင်းလှည့်နေပြီ ။ အမြီးပိုင်းထိသွားတာတော့ မြင်ခဲ့ရတယ် ။ အပေါ်ကျန်ခဲ့တဲ့ ခရီးသည်တွေအစား ရင်တွေတုန်လိုက်တာ ဘယ်လောက်များကြောက်နေကြမလဲ မတွေးရဲစရာ” ဟု ခရီးသည်တဦးက ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

လေယာဉ်အမြီးပိုင်း ထိခိုက်ခဲ့ပြီး ခရီးသည်များ ထိခိုက်မှု မရှိကြောင်း အခြားဒေသခံတဦးက ပြောသည်။

Read more: >> https://bur.mizzima.com/2026/02/20/82621
👍11❤4👏2🤬1
ချင်းပြည်နယ်၌ မြို့သိမ်းစစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်မည်ဟု ICNCC ဆို

ပါခွီး

မဇ္ဈိမ ။ ။ ချင်းပြည်နယ်၌ မြို့သိမ်းစစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဌ ဆလိုင်း ထန်ချွန်းဖေ က ပြောသည်။

ယနေ့ ( ဖေဖော်ဝါရီလ ၂၀ ရက် ) တွင် ကျရောက်သည့် ချင်းအမျိုးသားနေ့ (၇၈ )နှစ်မြောက် အခမ်း အနားကို Zoom ပလတ်ဖောင်းဖြင့် ညနေ ၇နာရီအချိန်တွင် ကျင်းပခဲ့ရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မပြီးသေးတဲ့တိုက်ပွဲတွေ ကျန်နေသေးတဲ့ မြို့သိမ်းစစ်ဆင်ရေးတွေ ဆက်လက် ဖော်ဆောင်သွား မှာဖြစ်တယ်။ သိမ်းပိုက်ထားတဲ့ ကျွန်တော်တို့နယ်မြေတွေလည်း စစ်အာဏာရှင်တွေရဲ့လက် နောက်ထပ်ပြန်မရောက်အောင် အစွမ်းကုန်ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ ထို့အတူ ကျန်နေသေး တဲ့ မြို့တွေကို ထပ်ပြီး သိမ်းပိုက်အုပ်ချုပ်ဖို့အထူးကြိုးစားနေတဲ့ကာလဖြစ်ပါတယ်” ဟု ဆလိုင်း ထန်ချွန်းဖေ က ပြောသည်။

Read more: >> https://bur.mizzima.com/2026/02/20/82624
👍15❤3🥴1
https://www.youtube.com/watch?v=tQn0tB_SPkY
ဖေဖော်ဝါရီလ ၂၁ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
👍8🥴1
တော်ဝင်အဖွဲ့အစည်းကိုယ်တိုင်မှာမူ ယခင်ကလောက် လူကြိုက်မများတော့ဘဲ လူငယ်ထု၏ ထောက်ခံမှု ရရှိရန် ရုန်းကန်နေရသော်လည်း အများစု၏ ထောက်ခံမှုကိုမူ ခိုင်ခိုင်မာမာ ရရှိထားဆဲ ဖြစ်သည်။

"ဒါက စိန်ခေါ်မှုတရပ်ဖြစ်ပြီး တော်ဝင်မိသားစုတခုလုံးရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ ဒါပေမဲ့ သူတို့ ဒီအခြေ အနေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်" ဟု အသက် ၅၉ နှစ်အရွယ် စာရင်းကိုင် ဂျာရမီပေါလ်က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ အင်ဒရူးနှင့် အက်ပ်စတိန်းတို့၏ နီးကပ်သော ဆက်ဆံရေးကို ချားလ်စ်ဘုရင် (သို့မဟုတ်) နန်းလျာ မင်းသားဝီလျံတို့က ကြိုတင်သိရှိထားပြီး အရေးယူရန် ပျက်ကွက်ခဲ့ ကြောင်း ပေါ်ပေါက်လာပါက တော်ဝင်မိသားစု "ဇာတ်သိမ်းသွားပေလိမ့်မည်" ဟု Republic အဖွဲ့မှ စမစ်က ပြောကြားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အက်ပ်စတိန်း
#ဗြိတိန်တော်ဝင်မိသားစု
#အကျပ်အတည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤9👍5😁1
အီရန်နိုင်ငံအပေါ် ယင်း၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်ပြီး ဖိအားပေးရန် အကန့်အသတ်ဖြင့် စစ်ရေးအရ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စဉ်းစားလျက် ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားသည်။ အိမ်ဖြူတော်တွင် အမေရိကန်ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် နံနက်စာ အတူသုံးဆောင်စဉ် သတင်းထောက်တဦး၏ မေးမြန်းမှုကို ထရမ့်က "ဒါနဲ့ပတ်သက်လို့ ကျွန်‌တော် စဉ်းစားနေတယ်လို့ ပြောလို့ရမယ် ထင်ပါတယ်" ဟု ဖြေကြားသည်။

အီရန် အစ္စလမ္မစ်သမ္မတနိုင်ငံကို တိုက်ခိုက်မည်လား ဆိုသည်နှင့်ပတ်သက်ပြီး မိမိအနေဖြင့် လာမည့် ၁၀ ရက်မှ ၁၅ ရက်အတွင်း ဆုံးဖြတ်ချက် ချမည် ဖြစ်ကြောင်း ထရမ့်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ထရမ့်
#နျူကလီးယား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤9👍3😁3🔥1
အရေးပါသော တွင်းထွက်သယံဇာတများ အပေါ် တရုတ်နိုင်ငံ၏ ချုပ်ကိုင်မှုကို အဆုံးသတ်ရန်အတွက် ထရမ့်အစိုးရသည် အစီအစဉ်သစ်နှစ်ရပ်ကို ထုတ်ဖော်ပြသလိုက်သည်။ တခုမှာ အောင်မြင်ရန် အလားအလာ အလွန်ကောင်းပြီး အခြားတခုမှာမူ အလုပ်ဖြစ်ရန်အတွက် ပြင်းထန်သော စည်းမျဉ်းဖော်ဆောင်မှုများ လိုအပ်သည်။

ယခုလအတွင်း ဝါရှင်တန်ဒီစီတွင် ပြုလုပ်သည့် ဝန်ကြီးအဆင့် အစည်းအဝေး၌ အစိုးရအဖွဲ့သည် ရင်းမြစ်ဆိုင်ရာ ပထဝီမဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်မှု ဖိုရမ် (FORGE - Forum on Resource Geostrategic Engagement) အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ ထိုအစီအစဉ်သည် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းကာ သွင်းကုန်ခွန်များကို ညှိနှိုင်းသတ်မှတ်ခြင်းဖြင့် အရေးပါသော တွင်းထွက်သယံဇာတများအတွက် ကြမ်းခင်းဈေးတခုကို သတ်မှတ်ရန် ရည်ရွယ်ပြီး ပံ့ပိုးကူညီခြင်းနှင့်စျေးလျှော့ရောင်းခြင်းတို့ဖြင့် ပြိုင်ဘက်များကို စျေးကွက်အတွင်းမှ မောင်းထုတ်နေသော တရုတ်၏လုပ်ရပ်များကို တားဆီးရန်ဖြစ်သည်။

♦️ ဆောင်းပါးအပြည့်အစုံ - >> https://bur.mizzima.com/2026/02/21/82637

#တရုတ်
#အခွန်တိုးမြှင့်ခြင်း
#တွင်းထွက်သယံဇာတများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5🔥4
😱6👎1
၂၀၂၆ နှစ်ကုန်မှာ အနားယူနိုင်တယ်လို့ ထုတ်ပြောလာတဲ့ နေမာ

REUTERS

ပြီးခဲ့တဲ့လကမှ ငယ်ဘဝကလပ် ဆန်းတို့စ်နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာက အခုနှစ်ကုန်မှာ အနားယူနိုင်တယ်လို့ ထုတ်ပြောလာပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ သူရဲ့ကလပ်ဟောင်း ဆန်းတို့စ်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး၊ နောက်ဆုံး ငါးပွဲမှာ ငါးဂိုးအထိ သွင်းယူပေးကာ အသင်းကို ဘရာဇီးထိပ်တန်းလိဂ်မှာ ဆက်လက်ရပ်တည်နိုင်အောင် အဓိကအခန်းကဏ္ဍကနေ ကူညီပေးခဲ့ပါတယ်။

ဒါပေမဲ့ မကြာသေးခင် ရာသီတွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ နေမာဟာ အခုနှစ် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ကတော့ သံသယရှိနေဆဲဖြစ်ပါတယ်။

“အခုကနေ ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ လာမယ့်နှစ်မှာ ဘာဖြစ်မလဲဆိုတာလည်း ကျွန်တော် မသိပါဘူး။” လို့ သောကြာနေ့က ဘရာဇီးအွန်လိုင်းချန်နယ်တခုဖြစ်တဲ့ Caze နဲ့ အင်တာဗျူးမှာ သူက ပြောကြားခဲ့ပါတယ်။

“ဒီဇင်ဘာရောက်လာတဲ့အခါ ကျွန်တော် အနားယူချင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Read more: >> https://bur.mizzima.com/2026/02/21/82646
👍11