Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဓါတ်ပုံ - စစ်ကော်မရှင်တပ်သားများ မြေအောက်ဆေးရုံးကို ဖောက်ခွဲရန် မိုင်းများ တပ်ဆင်နေပုံ နှင့် မိုင်းခွဲပြီးနောက် တွေ့ ရသည့် အပျက်အစီးများ ကိုတွေ့ ရစဉ် (မှိုင်းဝေတယ်လီဂရမ်ချန်နယ်)
🤬6👎1😢1
ဓါတ်ပုံ - စစ်ကော်မရှင်တပ်သားများ မြေအောက်ဆေးရုံးကို ဖောက်ခွဲရန် မိုင်းများ တပ်ဆင်နေပုံ နှင့် မိုင်းခွဲပြီးနောက် တွေ့ ရသည့် အပျက်အစီးများ ကိုတွေ့ ရစဉ် (မှိုင်းဝေတယ်လီဂရမ်ချန်နယ်)
🤬7
ဓါတ်ပုံ - စစ်ကော်မရှင်တပ်သားများ မြေအောက်ဆေးရုံးကို ဖောက်ခွဲရန် မိုင်းများ တပ်ဆင်နေပုံ နှင့် မိုင်းခွဲပြီးနောက် တွေ့ ရသည့် အပျက်အစီးများ ကိုတွေ့ ရစဉ် (မှိုင်းဝေတယ်လီဂရမ်ချန်နယ်)
🤬6👍1👎1
ဓါတ်ပုံ - စစ်ကော်မရှင်တပ်သားများ မြေအောက်ဆေးရုံးကို ဖောက်ခွဲရန် မိုင်းများ တပ်ဆင်နေပုံ နှင့် မိုင်းခွဲပြီးနောက် တွေ့ ရသည့် အပျက်အစီးများ ကိုတွေ့ ရစဉ် (မှိုင်းဝေတယ်လီဂရမ်ချန်နယ်)
🤬7👍4👎1🔥1
အီးစီးကရက်များကို စစ်ကော်မရှင် တားမြစ်၊ ရုတ်တရက် ပိတ်ပင်၍ အခက်အခဲဖြစ်ဟု အရောင်းဆိုင်များ ပြော

001

မဇ္ဈိမ။ ။ နိုင်ငံအတွင်း တွင်ကျယ်စွာ သုံးစွဲနေကြသည့် အီလက်ထရောနစ် စီးကရက်၊ အလားတူပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်တားမြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထုတ်ပြန်သည်။

တားမြစ်သည့် ကုန်စည်များထဲတွင် အီလက်ထရောနစ် စီးကရက်အပြင် အပူပေးအငွေ့ရှုစက်၊ အီလက်ထရောနစ်ရှီရှား၊ အလားတူပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ၄၂ မျိုးပါဝင်သည်။ - Read more: https://bur.mizzima.com/2026/02/21/82670
👍9❤1🔥1😁1🤣1
"ပထမနဲ့ ဒုတိယ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဦးနှောက်က တူညီတဲ့ပုံစံရော၊ မတူညီတဲ့ ထူးခြားတဲ့ ပုံစံမျိုးနဲ့ပါ ပြောင်းလဲမှုတွေ ရှိပါတယ်။ ကိုယ်ဝန်ဆောင်မှု တခုချင်းစီက အမျိုးသမီးတွေရဲ့ ဦးနှောက် အပေါ်မှာ ထူးခြားတဲ့ အမှတ်အသားတခုစီချန်ရစ်ခဲ့တာပါပဲ" ဟု ၎င်းက ဆက်လက်ဆိုသည်။

"ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်ချိန်မှာတော့ အာရုံခံစားမှုဆိုင်ရာ လှုံ့ဆော်ချက်တွေကို တုံ့ပြန်တာနဲ့ အာရုံစိုက်မှုကို ထိန်းချုပ်တဲ့ ဦးနှောက်ကွန်ရက်တွေမှာ ပြောင်းလဲမှုတွေ ပိုမိုအားကောင်းလာတာကို တွေ့ရပါတယ်" ဟု အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာမှုသုတေသီ မီလူး စထရက်သော့ဖ်က ရှင်းပြသည်။

♦️ သတင်းအပြည့်အစုံ - >> https://bur.mizzima.com/2026/02/21/82682

#ဒုတိယအကြိမ်
#ကိုယ်ဝန်ဆောင်ခြင်း
#မိခင်လောင်း
#ဦးနှောက်
#ထူးခြားစွာ
#ပြောင်းလဲစေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍10❤3
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၁ ဖေဖော်ဝါရီ ၂၀၂၆ )

KIA အနေဖြင့် ပြည်သူလူထုကို ထိခိုက်နိုင်သည့် ခရီးသည်တင်လေယာဉ်များကို ပစ်မှတ်ထားတိုက် ခိုက်ရန် ပေါ်လစီမရှိကြောင်း၊ စစ်ကော်မရှင်ကို မထောက်ခံသည့် အဖွဲ့အစည်းများစွာရှိနေပြီး ဒရုန်းနှင့် မိုင်းများကိုလည်း နေရာအနှံ့ သုံးစွဲနေကြသဖြင့် မည်သူလုပ်ဆောင်သည်ကို အတည်ပြုရန် ခက်ခဲကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမသို့ ပြောကြားသည်။

♦️ သတင်းအပြည့်အစုံ - >> https://bur.mizzima.com/2026/02/21/82685

#မြစ်ကြီးနားလေဆိပ်
#၃လကြာပိတ်သိမ်း
#ကချင်
#KIA
#PDF
#MNAလေကြောင်းလိုင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------
👍10❤2🥴2
NUG အတွင်း ဝန်ထမ်းခန့်အပ်မှုယန္တရားကို 'A လေးလုံး' မူဝါဒဖြင့် ပြန်လည်ပြုပြင်မည်

မောင်ခက်နွေ

မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွင်း ဝေဖန်မှုများရှိနေသည့် ဆွေမျိုးသားချင်း ခန့်အပ်မှုကိစ္စရပ်များနှင့် ပတ်သက်၍ ဝန်ထမ်းခန့်အပ်မှု ယန္တရားတခုလုံးကို 'A လေးလုံး' မူဝါဒဖြင့် အရှိန်အဟုန်မြှင့် ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်သည်။

အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံထားရသည့် NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန်ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အမှု စုံစမ်းစစ်ဆေးမှု ရလဒ်နှင့်ပတ်သက်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရသော NUG သည် ယနေ့(ဖေဖော်ဝါရီ ၂၁) တွင် သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ကာ ထိုသတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/02/21/82688
👍12😁1
အလီအက္ကဘာသည် နံနက်တိုင်း တပတ်ရစ်စက်ဘီးလေးဖြင့် ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များအကြား လှည့်လည်ကာ သတင်းစာအော်ရောင်းလေ့ရှိသည်။ သူ၏ ဖောက်သည်များထဲတွင် ကမ္ဘာကျော် ဒဿနိကဗေဒပညာရှင်များမှသည် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ကဲ့သို့ ဧည့်သမ္မတများအထိ ပါဝင်ခဲ့ဖူးသည်။

သူ၏ ဖောက်သည်ဟောင်းတဦးဖြစ်သော ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အက္ကဘာကို “ခင်ဗျားဟာ ရပ်ကွက် ၆ ရဲ့ အသံပါပဲ။ တနင်္ဂနွေမနက်ခင်းတွေနဲ့ နေ့ရက်တိုင်းမှာ ကြားနေရတဲ့ ပြင်သစ်သတင်းစာလောကရဲ့ အသံပါပဲ။ ပါကစ္စတန်ကနေ ရောက်လာပေမယ့် ပြင်သစ်ကလူတွေထဲမှာ ပြင်သစ်အဆန်ဆုံးဖြစ်ပြီး လွတ်လပ်စွာ တွေးခေါ်တဲ့ ဗော်လ်တဲယားလို စိတ်ဓာတ်ရှိသူပဲ” ဟု ဇန်နဝါရီလနှောင်းပိုင်းက Élysée နန်းတော်တွင် ပြုလုပ်သည့် ဂုဏ်ပြုအခမ်းအနားတွင် ချီးကျူးစကားပြောခဲ့သည်။

“တကယ်တော့ အဲဒီအချိန်တွေဟာ ကျွန်တော့်အတွက် နိဗ္ဗာန်ဘုံပါပဲ” ဟု သူက ဆိုသည်။ သို့သော် ထိုကာလများသည် အရာရာလွယ်ကူခဲ့သည်တော့မဟုတ်ပေ။ မိသားစုထံ ငွေပို့နိုင်ရန်အတွက် လမ်းဘေးတွင် အိပ်စက်ကာ အိုးမဲ့အိမ်မဲ့ဘဝဖြင့် ငွေစုခဲ့ရသည့် အချိန်များလည်း ရှိခဲ့သည်။ Read more: >> https://bur.mizzima.com/2026/02/21/82693
👍11
ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတွင် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် အလုပ်သမားများအ တွက် အလုပ်လုပ်ခွင့် ပါမစ် (Work Permit) သက်တမ်းတိုးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အပြီးသတ် ဆောင်ရွက်ရမည့် နောက်ဆုံးသတ်မှတ်ရက်ကို ၂၀၂၆ ၊ မတ်လ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်သည်။

ထိုင်းအလုပ်သမားဝန်ကြီး ထရီနုချ် သီယန်သောင်သည် နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲမှု မူဝါဒ ကော်မတီ ၂/၂၀၂၆ အစည်းအဝေးကို သဘာပတိမူ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးသို့ အလုပ် သမားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာန အကြီးတန်းအရာရှိများ တက်ရောက်ကြသည်။ Read more: https://bur.mizzima.com/2026/02/21/82696
❤9👍5
တရုတ်ကွန်မြူနစ်ပါတီကို ဝေဖန်သည့် စာအုပ်များ ရောင်းချသော လမ်သည် ၂၀၁၅ ခုနှစ်တွင် ဟောင်ကောင်နှင့် တရုတ်နိုင်ငံ ရှန်းကျန့် ပြည်နယ် နယ်စပ်၌ ပြန်ပေးဆွဲခံခဲ့ရသည်။ သူသည် တရုတ်နိုင်ငံတွင် ရှစ်လကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် တရုတ် အစိုးရရုပ်သံတွင် အာဏာပိုင်များ နှုတ်တိုက်ချပေးသည့်အတိုင်း “ဝန်ခံချက်” ပေးပြီးမှ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

♦️ အပြည့်အစုံ https://bur.mizzima.com/2026/02/21/82700
❤4👍4