Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၁ ဖေဖော်ဝါရီ ၂၀၂၆ )

KIA အနေဖြင့် ပြည်သူလူထုကို ထိခိုက်နိုင်သည့် ခရီးသည်တင်လေယာဉ်များကို ပစ်မှတ်ထားတိုက် ခိုက်ရန် ပေါ်လစီမရှိကြောင်း၊ စစ်ကော်မရှင်ကို မထောက်ခံသည့် အဖွဲ့အစည်းများစွာရှိနေပြီး ဒရုန်းနှင့် မိုင်းများကိုလည်း နေရာအနှံ့ သုံးစွဲနေကြသဖြင့် မည်သူလုပ်ဆောင်သည်ကို အတည်ပြုရန် ခက်ခဲကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမသို့ ပြောကြားသည်။

♦️ သတင်းအပြည့်အစုံ - >> https://bur.mizzima.com/2026/02/21/82685

#မြစ်ကြီးနားလေဆိပ်
#၃လကြာပိတ်သိမ်း
#ကချင်
#KIA
#PDF
#MNAလေကြောင်းလိုင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------
👍10❤2🥴2
NUG အတွင်း ဝန်ထမ်းခန့်အပ်မှုယန္တရားကို 'A လေးလုံး' မူဝါဒဖြင့် ပြန်လည်ပြုပြင်မည်

မောင်ခက်နွေ

မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွင်း ဝေဖန်မှုများရှိနေသည့် ဆွေမျိုးသားချင်း ခန့်အပ်မှုကိစ္စရပ်များနှင့် ပတ်သက်၍ ဝန်ထမ်းခန့်အပ်မှု ယန္တရားတခုလုံးကို 'A လေးလုံး' မူဝါဒဖြင့် အရှိန်အဟုန်မြှင့် ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်သည်။

အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံထားရသည့် NUG ဝန်ကြီးချုပ်ရုံး အတွင်းဝန်ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အမှု စုံစမ်းစစ်ဆေးမှု ရလဒ်နှင့်ပတ်သက်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရသော NUG သည် ယနေ့(ဖေဖော်ဝါရီ ၂၁) တွင် သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ခဲ့ကာ ထိုသတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/02/21/82688
👍12😁1
အလီအက္ကဘာသည် နံနက်တိုင်း တပတ်ရစ်စက်ဘီးလေးဖြင့် ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များအကြား လှည့်လည်ကာ သတင်းစာအော်ရောင်းလေ့ရှိသည်။ သူ၏ ဖောက်သည်များထဲတွင် ကမ္ဘာကျော် ဒဿနိကဗေဒပညာရှင်များမှသည် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ကဲ့သို့ ဧည့်သမ္မတများအထိ ပါဝင်ခဲ့ဖူးသည်။

သူ၏ ဖောက်သည်ဟောင်းတဦးဖြစ်သော ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အက္ကဘာကို “ခင်ဗျားဟာ ရပ်ကွက် ၆ ရဲ့ အသံပါပဲ။ တနင်္ဂနွေမနက်ခင်းတွေနဲ့ နေ့ရက်တိုင်းမှာ ကြားနေရတဲ့ ပြင်သစ်သတင်းစာလောကရဲ့ အသံပါပဲ။ ပါကစ္စတန်ကနေ ရောက်လာပေမယ့် ပြင်သစ်ကလူတွေထဲမှာ ပြင်သစ်အဆန်ဆုံးဖြစ်ပြီး လွတ်လပ်စွာ တွေးခေါ်တဲ့ ဗော်လ်တဲယားလို စိတ်ဓာတ်ရှိသူပဲ” ဟု ဇန်နဝါရီလနှောင်းပိုင်းက Élysée နန်းတော်တွင် ပြုလုပ်သည့် ဂုဏ်ပြုအခမ်းအနားတွင် ချီးကျူးစကားပြောခဲ့သည်။

“တကယ်တော့ အဲဒီအချိန်တွေဟာ ကျွန်တော့်အတွက် နိဗ္ဗာန်ဘုံပါပဲ” ဟု သူက ဆိုသည်။ သို့သော် ထိုကာလများသည် အရာရာလွယ်ကူခဲ့သည်တော့မဟုတ်ပေ။ မိသားစုထံ ငွေပို့နိုင်ရန်အတွက် လမ်းဘေးတွင် အိပ်စက်ကာ အိုးမဲ့အိမ်မဲ့ဘဝဖြင့် ငွေစုခဲ့ရသည့် အချိန်များလည်း ရှိခဲ့သည်။ Read more: >> https://bur.mizzima.com/2026/02/21/82693
👍11
ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတွင် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် အလုပ်သမားများအ တွက် အလုပ်လုပ်ခွင့် ပါမစ် (Work Permit) သက်တမ်းတိုးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အပြီးသတ် ဆောင်ရွက်ရမည့် နောက်ဆုံးသတ်မှတ်ရက်ကို ၂၀၂၆ ၊ မတ်လ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးလိုက်သည်။

ထိုင်းအလုပ်သမားဝန်ကြီး ထရီနုချ် သီယန်သောင်သည် နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲမှု မူဝါဒ ကော်မတီ ၂/၂၀၂၆ အစည်းအဝေးကို သဘာပတိမူ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးသို့ အလုပ် သမားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာန အကြီးတန်းအရာရှိများ တက်ရောက်ကြသည်။ Read more: https://bur.mizzima.com/2026/02/21/82696
❤9👍5
တရုတ်ကွန်မြူနစ်ပါတီကို ဝေဖန်သည့် စာအုပ်များ ရောင်းချသော လမ်သည် ၂၀၁၅ ခုနှစ်တွင် ဟောင်ကောင်နှင့် တရုတ်နိုင်ငံ ရှန်းကျန့် ပြည်နယ် နယ်စပ်၌ ပြန်ပေးဆွဲခံခဲ့ရသည်။ သူသည် တရုတ်နိုင်ငံတွင် ရှစ်လကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် တရုတ် အစိုးရရုပ်သံတွင် အာဏာပိုင်များ နှုတ်တိုက်ချပေးသည့်အတိုင်း “ဝန်ခံချက်” ပေးပြီးမှ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

♦️ အပြည့်အစုံ https://bur.mizzima.com/2026/02/21/82700
❤4👍4
အရှေ့အလယ်ပိုင်းဒေသတခုလုံးကို ထိန်းမနိုင် သိမ်းမရ မတည်မငြိမ်ဖြစ်စေမည့် စစ်ရေး ထိပ်တိုက်တွေ့မှုမျိုး ဖြစ်လာမည်ကို စိုးရိမ်ကြ၍ ရေနံထုတ်လုပ်သည့် ပင်လယ်ကွေ့နိုင်ငံများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း ဒေသတာဝန်ရှိသူများက ပြောကြသည်။

အီရန်အနေဖြင့် အမေရိကန်ဘက်က လျှော့လာမည်လားဟု တင်းခံထားခြင်းမှာ အန္တရာယ်ရှိသော အတွက်အချက် အမှား ဖြစ်နေကြောင်း အချို့သော ဒေသတွင်းအရာရှိများကလည်း ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာလည်း ၎င်းကိုယ်တိုင် စစ်အင်အား တိုးချဲ့ထားခြင်းကြောင့် ဆုပ်လည်း စူး၊ စားလည်း ရူး ဖြစ်နေပြီး၊ အီရန်ဘက်မှ နျူကလီးယားလက်နက် ရည်မှန်းချက်ကို စွန့်လွှတ်မည်ဟု ခိုင်မာသော ကတိကဝတ် မရဘဲ စစ်အင်အားကို ပြန်လည် လျှော့ချလိုက်ပါက သိက္ခာကျမည်ဖြစ်ကြောင်းလည်း သုံးသပ်ထားကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82707

#အမေရိကန်
#အီရန်
#စစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁5👍4❤2
ထရမ့်က သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် ဆုံးဖြတ်ချက်သည် "ယမန်နေ့က ထုတ်ပြန်ခဲ့သော ရယ်စရာကောင်းပြီး စာသားအရေးအသား ညံ့ဖျင်းလှသည့်အပြင် အင်မတန် အမေရိကန်ဆန့်ကျင်ရေးဆန်လှသော တရားရုံး၏ အခွန်ဆိုင်ရာ ဆုံးဖြတ်ချက်ကို စေ့စေ့စပ်စပ်၊ အသေးစိတ်ကျကျနှင့် ပြည့်ပြည့်စုံစုံ ပြန်လည်သုံးသပ်မှု" ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာတဝန်းမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် ယာယီအားဖြင့် ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမည့် ကြေညာချက်ကို သောကြာနေ့ညက ထရမ့် လက်မှတ်ရေးထိုးခဲ့စဉ် နိုင်ငံအများအပြားက အံ့အားသင့်ခဲ့သည်။ ယင်းအခွန်နှုန်းထားများကို ရက်ပေါင်း ၁၅၀ အထိ ကန့်သတ်ကျင့်သုံးသွားမည် ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82710

#အမေရိကန်
#ထရမ့်
#သွင်းကုန်ခွန်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤1
PSHEA မူဝါဒချိုးဖောက်သည့် ဝန်ကြီးချုပ်ရုံးအရာရှိ ဦးညီညီမင်းကို NUG တာဝန်မှရပ်ဆိုင်း

မောင်ခက်နွေ

မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒ (PSHEA) ကို ဖောက်ဖျက်ကျူးလွန်သူ ဦးညီညီမင်းအား တာဝန်မှ ရပ်ဆိုင်းလိုက်သည်။

ဦးညီညီမင်းသည် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် (ဆိုင်းငံ့) ဒေါ်ကြည်ပြာ၏ ခင်ပွန်း ဖြစ်သည်။ ၎င်းတို့ ဇနီးမောင်နှံအား တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး NUG က ပြည်သူ့ထံ အစီရင်ခံခြင်းဆိုကာ ယမန်နေ့(ဖေဖော်ဝါရီလ ၂၁ ရက် ) က ပြုလုပ်သည့် Live တွင် မဇ္ဈိမ၏ မေးမြန်းချက်အပေါ် ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/22/82714
👍9❤2😁2💩1🤣1
👍9
👍7
👍6❤1
👍7