Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယူကရိန်းစီးပွားရေးကို ပြန်လည်ထူထောင်ရန်အတွက် လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၈၈ ဘီလီယံခန့် လိုအပ်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ယူကရိန်း အစိုးရတို့၏ ပူးတွဲအစီရင်ခံစာတွင် ခန့်မှန်းထားသည်။

နေအိမ်ကဏ္ဍသည် အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး စုစုပေါင်း နေအိမ်အရေအတွက်၏ ၁၄ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရကာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၆၁ ဘီလီယံခန့် ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ အထူးသဖြင့် ရထားလမ်းပိုင်းများတွင် ဒေါ်လာ ၄၀ ဒသမ ၃ ဘီလီယံဖိုး ပျက်စီးခဲ့ပြီး စွမ်းအင်ကဏ္ဍတွင်လည်း ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဒေါ်လာ ၂၅ ဘီလီယံခန့် ဆုံးရှုံးခဲ့သည်။ လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှု စုစုပေါင်းမှာ ဒေါ်လာ ၆၆၇ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းရ သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/24/82901

#ယူကရိန်း
#ကမ္ဘာ့ဘဏ်
#ပြန်လည်ထူထောင်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤1
အငြင်းပွားဖွယ်ရာ တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နိုင်ငံ၏ မဟာဗျူဟာမြောက် အရေးအပါဆုံး ကင်းစခန်းသို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့လေယာဉ် ဆင်းသက်စဉ် ၎င်းတို့၏ ဖုန်းများတွင် "Welcome to CHINA" (တရုတ်နိုင်ငံမှ ကြိုဆိုပါသည်) ဟူသော roaming သတိပေးစာ ပေါ်လာခဲ့သည်။

ထိုလေယာဉ်ပေါ်တွင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသည့် အထက်လွှတ်တော်အမတ် ရီဆာ ဟွန်တီဗီရော့စ် နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေး တာရီယဲလားတို့ ပါလာကြသည်။

ဖိလစ်ပိုင်အရာရှိများသည် စနေနေ့ (ဖေဖော်ဝါရီ ၂၁) တွင် ကျွန်းပေါ်သို့ ဆင်းသက်ပြီးနောက် ကျွန်းနေပြည်သူများနှင့် တွေ့ဆုံကာ သီတုကျွန်းသည် "မိမိတို့သာ ပိုင်ကြောင်း" ထပ်လောင်း အတည်ပြုပြောခဲ့ကြသည်။ ထိုသို့ ပြောဆိုနေစဉ်မှာပင် တရုတ်ကမ်းခြေစောင့် သင်္ဘောများ၊ တရုတ်ရေတပ်သင်္ဘောတစီးနှင့် တရုတ်ငါးဖမ်းလှေအချို့မှာ ကမ်းခြေမှ လှမ်းမြင်နေရသည့် အကွာအဝေးတွင် ရှိနေခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/24/82904

#ဖိလစ်ပိုင်
#Welcome_to_CHINA
#တောင်တရုတ်ပင်လယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7👏2😁2👎1
ကမ္ဘောဒီးယားစစ်တပ်နှင့် အရပ်သားများသည် ဥဘွန်ရတ်ချာဌာနီပြည်နယ်ရှိ ထိုင်းနယ်စပ်အနီးတွင် တောမီးများကို တမင်တကာ စတင်ရှို့နေကြသဖြင့် မီးခိုးလုံးကြီးများ နယ်စပ်ကိုဖြတ်ကာ ထိုင်းနိုင်ငံဘက်သို့ လွင့်လာကြောင်း စစ်ဘက်ဆိုင်ရာသတင်းများကို ဖော်ပြသည့် Army Military Force ပုဂ္ဂလိက ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

အော့ဒါမျန်ချေးပြည်နယ်ရှိ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များသည် မီးခိုးများ နယ်စပ်တဖက်ခြမ်းသို့ လွင့်ပါးသွားစေရန် ရည်ရွယ်၍ စနေနေ့က မီးများရှို့ခဲ့ကြသည်ဟု ထိုဝက်ဘ်ဆိုက်က စွပ်စွဲရေးသားထားသည်။

သို့သော် လေတိုက်သည့်လားရာ ရုတ်တရက် ပြောင်းသွားခဲ့သဖြင့် မီးခိုးများနှင့် မီးတောက်များသည် ကမ္ဘောဒီးယားဘက်ခြမ်းရှိ လူနေရပ်ကွက်များနှင့် ကျောင်းများအတွက် အန္တရာယ်ရှိနိုင်သော အနေအထားဖြစ်သွားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကမ္ဘောဒီးယား
#ထိုင်း
#တောမီးရှို့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7❤2🔥2
“၂၀၂၅ ခုနှစ် တနှစ်တည်းမှာပဲ မြူနီစီပယ်ဝန်ဆောင်မှုရုံး (MSO) က ကျီးကန်းနဲ့ပတ်သက်တဲ့ တိုင်ကြား မှုပေါင်း ၁၅,၀၀၀ ခန့် လက်ခံရရှိခဲ့ပါတယ်။ ဒါက ၂၀၂၀ ပြည့်နှစ်ကထက် သုံးဆ ပိုများလာတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ယင်းကာလအတွင်း ကျီးကန်းများ၏ ရန်မူတိုက်ခိုက်ခံရမှု အစီရင်ခံစာများမှာလည်း လေးဆခန့် မြင့်တက်လာပြီး အမှုပေါင်း ၂,၀၀၀ ကျော်အထိ ရှိလာကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

"ကျီးကန်းအကောင်ရေ ဆက်လက်တိုးပွားနေမယ်ဆိုရင် ရန်မူတိုက်ခိုက်မှုတွေ ပိုများလာပြီး မြို့ခံလူထုရဲ့ ဘေးကင်းလုံခြုံမှုကို ထိခိုက်လာမှာ ဖြစ်ပါတယ်၊ ဒါကြောင့် စင်ကာပူမှာ ကျီးကန်းအကောင်ရေ လျှော့ချဖို့ နည်းလမ်းတခုအနေနဲ့ ပစ်ခတ်ရှင်းလင်းရေးကို ပြန်လည်စတင်ဖို့ NParks ကို ကျွန်တော် ညွှန်ကြားထား ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စင်ကာပူ
#ကျီးကန်းတိုက်ခိုက်မှု
#နှိမ်နင်းရေးလုပ်ငန်းများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12
သို့သော် သူ့ထီးနန်းသက်အတွင်း အကြီးမားဆုံးခြိမ်းခြောက်မှုမှာ အင်ဒရူးမောင့်ဘက်တန်ဝင်ဆာ ဟု သိကြသော ထီးနန်းဆက်ခံခွင့်ရှိသူစာရင်း၌ အဋ္ဌမမြောက်နေရာတွင်ရှိနေသည့် သူ့ညီတော်၏အရေးပင်ဖြစ်သည်။

သူကိုယ်တိုင်လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ရှားရှားပါးပါးကြေညာချက်တွင် ချားလ်စ်ဘုရင်က “ဥပဒေ အတိုင်းဖြစ်စေရပါမည်” “အလွန်စိုးရိမ်ပူပန်ပါသည်” ဟု ရေးသားဖော်ပြထားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အင်ဒရူး
#ချားလ်စ်ဘုရင်
#တော်ဝင်မိသားစု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6❤2
အမေရိကန်သည် အရှေ့အလယ်ပိုင်းတွင် မကြာသေးမီက အကြီးဆုံးသော စစ်အင်အားဖြည့်တင်းမှုကို ပြုလုပ်ပြီးနောက် အီရန်အပေါ် 'ပြင်းထန်သော စစ်ဆင်ရေး' ဆင်နွှဲရန် အသင့်အနေအထားရှိနေကြောင်း ပင်တဂွန်စစ်ဌာနချုပ်အရာရှိဟောင်းတဦးက ပြောကြားလိုက်သည်။

သမ္မတ ထရမ့်က အမိန့်ပေးမည်ဆိုပါက အမေရိကန်စစ်တပ်သည် ရေရှည်တိုက်ပွဲဝင်ရန် အသင့်ရှိနေသလို၊ အရှေ့အလယ်ပိုင်းရှိ မဟာမိတ်များကိုလည်း အီရန်၏ ဒုံးကျည်ရန်မှ ကာကွယ်ပေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#ပင်တဂွန်
#ပြင်းထန်သောစစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5😱2❤1
အသက် ၇၂ နှစ်အရွယ်ရှိ လော့ဒ်မန်ဒယ်လ်ဆင်ကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ် မလျော်မကန် လုပ်ဆောင်မှု သံသယဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောသည်။

၂၀၀၉ နှင့် ၂၀၁၀ ခုနှစ် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလအတွင်း မန်ဒယ်လ်ဆင်သည် အစိုးရဝန်ကြီးအဖြစ် တာဝန်ယူထားစဉ် ဈေးကွက်နှင့်ဆိုင်သော အရေးကြီးအချက်အလက်များကို အက်ပ်စတိန်းအား ပေးခဲ့ခြင်း ရှိ၊ မရှိကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။

အက်ပ်စတိန်းနှင့် ပတ်သက်ဆက်နွှယ်မှုများ ပေါ်ပေါက်လာပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ၏ အမိန့်ဖြင့် စက်တင်ဘာလတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူ မန်ဒယ်လ်ဆင်က မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ဖူးကြောင်း ငြင်းဆိုထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အက်ပ်စတိန်း
#ဗြိတိန်သံအမတ်ဟောင်း
#လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8👏1
ဂျနီဗာရှိ ကုလလူ့အခွင့်အရေးကောင်စီတွင် မိန့်ခွန်းပြောကြားရာ၌ နိုင်ငံခြားရေးဝန်ကြီး ဟီးလ် က မာဒူရို နှင့် သူ့ဇနီး ဆီလီယာဖလောရက်စ် (Cilia Flores) တို့ကို “ချက်ချင်းလွှတ်ပေးရန်” အမေရိကန်နိုင်ငံကိုတောင်းဆို ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကာကွယ်ရေးအတွက်လုပ်ဆောင်နေသည့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းဖြစ် သော Foro Penal ၏ အပြောအရ ဇန်နဝါရီလ ကတည်းက ၅၀၀ ခန့်လွှတ်ပေးခဲ့သော်လည်း တိုင်းပြည်တ ဝှမ်းအကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသမား ၆၀၀ ခန့်ကျန်ရှိနေသေးသည်ဟုဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မာဒူရို
#ကုလ
#ဗင်နီဇွဲလား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤6👍5🔥1
လက်ျာစွန်းရောက်ဝန်ကြီးများ ထောက်ခံထားသည့် ပဏမာခြေလှမ်းအများအပြားကို အစ္စရေးကအတည်ပြုခဲ့ရာ ထိုအထဲတွင် အနောက်ဘက်ကမ်းရှိမြေများကို “နိုင်ငံပိုင်ပစ္စည်း” အဖြစ် မှတ်ပုံတင်ရန်လုပ်ငန်းစဉ်ကို စတင်ရန်နှင့် ထိုမြေများကို အစ္စရေးလူမျိုးများက တိုက်ရိုက်ဝယ်ယူနိုင်မည့် အစီအစဉ်များပါဝင်နေသည်။

ဤကြေညာချက်ကို ဒေသတွင်းအင်အားကြီးနိုင်ငံများဖြစ်သည့် ဆော်ဒီအာရေးဗီးယားနှင့်အီဂျစ်၊ ဥရောပအင်အားကြီးနိုင်ငံများဖြစ်သည့် ပြင်သစ်နှင့်စပိန်တို့အပြင် အင်ဒိုနီးရှား၊ တူရကီ၊ ဘရာဇီးလ် နှင့် အခြားနိုင်ငံအချို့ လက်မှတ်ရေးထိုးထားကြသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အစ္စရေး
#အနောက်ဘက်ကမ်း
#ပြင်းထန်စွာဝေဖန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎4👍2❤1
ယူကရိန်းကို ရုရှားက တင်းပြည့်ကျူးကျော်တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ တရုတ်က ရုရှားအပေါ် ထောက်ခံအားပေးနေမှုများကို လျှော့ချစေရေးအတွက် သံတမန်ရေးအရ ဖိအားပေးမှုများနှင့် စီးပွားရေး ပိတ်ဆို့မှုများဖြင့် စည်းရုံးသိမ်းသွင်းရန် အနောက်နိုင်ငံမူဝါဒချမှတ်သူများက ငြင်းခုံဆွေးနွေးလာခဲ့သည် မှာ ကြာပြီ ဖြစ်သည်။

သို့သော် စစ်ပွဲက ငါးနှစ်ထဲ ဝင်ရောက်လာသည်နှင့်အမျှ တရုတ်၏ ထောက်ခံအားပေးမှုမှာ ပိုမိုနက်ရှိုင်း လာခဲ့သည်။ တရုတ်က စွမ်းအင်ဝယ်ယူမှုများ၊ ဒရုန်းထုတ်လုပ်ရေးအတွက် အရေးပါသော တွင်းထွက် ပစ္စည်းများနှင့် အီလက်ထရွန်နစ်အစိတ်အပိုင်းများ၊ စက်မှုအသုံးအဆောင်ပစ္စည်းများကဲ့သို့သော စစ်ဘက်-အရပ်ဘက်နှစ်သွယ်သုံးပစ္စည်းများကို အဆက်မပြတ် ပံ့ပိုးပေးခြင်းဖြင့် ရုရှားအတွက် အရေးပါ သော စီးပွားရေး အသက်သွေးကြောဖြစ်လာကြောင်း ဥရောပ အဆင့်မြင့်အရာရှိများက ပြောကြားခဲ့ သည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/02/24/82929

#ယူကရိန်းစစ်ပွဲ
#တရုတ်
#ဥရောပ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎7👍3🔥2❤1
ဘယ်ဘက်တွင် ရင်ဘတ်ပေါ်၌ ကုမ္ပဏီအမည် Unitree ကို တွေ့ရသည့် G1 စက်ရုပ်၏ အစစ်အမှန်ဓာတ်ပုံနှင့် ညာဘက်တွင်ကုမ္ပဏီအမည်မှာ သိသိသာသာ ကွဲပြားနေသော AI ဗီဒီယိုထဲမှ ပုံစံနှစ်မျိုး။
👍7
"ပထမမြင်ကွင်းတွင် စက်ရုပ်သေနတ်၌ ကျည်အိမ်ပါသော်လည်း ဆက်ပြေးလွှားသည့်အခါတွင် သေနတ်အောက်ရှိ ကျည်အိမ်မှာ ပျောက်ကွယ်နေသည်ကို တွေ့ရစဉ်။
👍8
ပုံမှန်တွေ့ရလေ့ရှိသော AI အမှားအယွင်းများ - လက်ချောင်းများမှာ ပုံသဏ္ဌာန် ပျက်ယွင်းနေတတ်ပြီး၊ ညာဘက်ပုံရှိ ကားများကဲ့သို့ပင် နောက်ခံရှိ အရာဝတ္ထုများသည်လည်း သဘာဝမကျဘဲ တခုနှင့်တခု ပူးကပ်ရောထွေးနေသည်။
👍7❤1