Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယူကရိန်းကို ရုရှားက တင်းပြည့်ကျူးကျော်တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ တရုတ်က ရုရှားအပေါ် ထောက်ခံအားပေးနေမှုများကို လျှော့ချစေရေးအတွက် သံတမန်ရေးအရ ဖိအားပေးမှုများနှင့် စီးပွားရေး ပိတ်ဆို့မှုများဖြင့် စည်းရုံးသိမ်းသွင်းရန် အနောက်နိုင်ငံမူဝါဒချမှတ်သူများက ငြင်းခုံဆွေးနွေးလာခဲ့သည် မှာ ကြာပြီ ဖြစ်သည်။

သို့သော် စစ်ပွဲက ငါးနှစ်ထဲ ဝင်ရောက်လာသည်နှင့်အမျှ တရုတ်၏ ထောက်ခံအားပေးမှုမှာ ပိုမိုနက်ရှိုင်း လာခဲ့သည်။ တရုတ်က စွမ်းအင်ဝယ်ယူမှုများ၊ ဒရုန်းထုတ်လုပ်ရေးအတွက် အရေးပါသော တွင်းထွက် ပစ္စည်းများနှင့် အီလက်ထရွန်နစ်အစိတ်အပိုင်းများ၊ စက်မှုအသုံးအဆောင်ပစ္စည်းများကဲ့သို့သော စစ်ဘက်-အရပ်ဘက်နှစ်သွယ်သုံးပစ္စည်းများကို အဆက်မပြတ် ပံ့ပိုးပေးခြင်းဖြင့် ရုရှားအတွက် အရေးပါ သော စီးပွားရေး အသက်သွေးကြောဖြစ်လာကြောင်း ဥရောပ အဆင့်မြင့်အရာရှိများက ပြောကြားခဲ့ သည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/02/24/82929

#ယူကရိန်းစစ်ပွဲ
#တရုတ်
#ဥရောပ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎7👍3🔥2❤1
ဘယ်ဘက်တွင် ရင်ဘတ်ပေါ်၌ ကုမ္ပဏီအမည် Unitree ကို တွေ့ရသည့် G1 စက်ရုပ်၏ အစစ်အမှန်ဓာတ်ပုံနှင့် ညာဘက်တွင်ကုမ္ပဏီအမည်မှာ သိသိသာသာ ကွဲပြားနေသော AI ဗီဒီယိုထဲမှ ပုံစံနှစ်မျိုး။
👍7
"ပထမမြင်ကွင်းတွင် စက်ရုပ်သေနတ်၌ ကျည်အိမ်ပါသော်လည်း ဆက်ပြေးလွှားသည့်အခါတွင် သေနတ်အောက်ရှိ ကျည်အိမ်မှာ ပျောက်ကွယ်နေသည်ကို တွေ့ရစဉ်။
👍8
ပုံမှန်တွေ့ရလေ့ရှိသော AI အမှားအယွင်းများ - လက်ချောင်းများမှာ ပုံသဏ္ဌာန် ပျက်ယွင်းနေတတ်ပြီး၊ ညာဘက်ပုံရှိ ကားများကဲ့သို့ပင် နောက်ခံရှိ အရာဝတ္ထုများသည်လည်း သဘာဝမကျဘဲ တခုနှင့်တခု ပူးကပ်ရောထွေးနေသည်။
👍7❤1
AI ဗီဒီယိုတွင် လူသားပုံစံ စက်ရုပ်များက စက်သေနတ်များဖြင့် ပစ်ခတ်မှု လေ့ကျင့်နေကြစဉ်။(X)
👍6
မြင်းမူတွင် စစ်ကော်မရှင်တပ် ဗုံးကြဲမှု ကလေးငယ် ၂ ဦးအပါ ၉ ဦးသေဆုံး

007

မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့ အရှေ့မြောက် မိုင် ၂၀ ခန့်အကွာရှိ ရွှေကျောင်းကန် ကျေးရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ငါးနှစ်အရွယ် ကလေးငယ် နှစ်ဦးအပါ ကိုးဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၃ ရက်) ည ၇ နာရီအချိန်တွင် စစ်ကော်မရှင်တပ်က စက်တပ်လေထီး နှစ်စီးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“စက်တပ်လေထီး နှစ်စီးနဲ့ ဗုံးလေးလုံးကြဲခဲ့တာပါ။ ရွာထိပ်ဆိုတော့ လူစည်တဲ့နေရာလို့ ပြောရမှာပါ။ ကလေးငယ် နဲ့ အမျိုးသမီး တွေလည်း သေဆုံးကြတယ်” ဟု မြင်းမူ ဒေသခံ အမျိုးသားတဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်အတွင်း အမျိုးသမီး လေးဦး နှင့် အမျိုးသား ငါးဦး သေဆုံးခဲ့ခြင်းဖြစ်ကာ အပြင်းအထန်ဒဏ်ရာရရှိသူ ငါးဦးရှိပြီး ၊ အိမ်မွေးတိရစ္ဆာန် ခိုင်းနွား နှစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ရေးပစ်မှတ် မရှိဘဲ ဗုံးကြဲခံရတာပါ။ ရွာမှာက ဗုံးကြဲတာ တကြိမ်မှ မခံရသေးပါဘူး။ ဗုံးခိုကျင်းလည်းမရှိ၊ ပုန်းလည်း မပုန်းကြဘူး။ ဘာအကာအကွယ်မှ မရှိလို့ လူသေဆုံးများခဲ့တာ ဖြစ်တယ်”…
🤬5👎3❤2🔥1🤣1
ဓာတ်ပုံ - မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ရဲစခန်းမှ ထွက်လာသည့် လှည့်ကင်းကားကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သုံးဦး ထိခိုက်မှုရှိနိုင်ကြောင်း မြို့ပြကြွက် ကွန်ရက်တာဝန်ရှိသူက ယနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) တွင် မဇ္ဈိမကို ပြောသည်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်မှုအား မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။ (မြို့ပြကြွက်ကွန်ရက်)
👍7🥰1🤣1
👍5👎1🥰1🤣1
ဓာတ်ပုံ - မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ရဲစခန်းမှ ထွက်လာသည့် လှည့်ကင်းကားကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သုံးဦး ထိခိုက်မှုရှိနိုင်ကြောင်း မြို့ပြကြွက် ကွန်ရက်တာဝန်ရှိသူက ယနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) တွင် မဇ္ဈိမကို ပြောသည်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်မှုအား မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။ (မြို့ပြကြွက်ကွန်ရက်)
👍7🤣2❤1
ဓာတ်ပုံ - မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ရဲစခန်းမှ ထွက်လာသည့် လှည့်ကင်းကားကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သုံးဦး ထိခိုက်မှုရှိနိုင်ကြောင်း မြို့ပြကြွက် ကွန်ရက်တာဝန်ရှိသူက ယနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) တွင် မဇ္ဈိမကို ပြောသည်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်မှုအား မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။ (မြို့ပြကြွက်ကွန်ရက်)
❤4👍2🤣2
ဓါတ်ပုံ- ယခုရက်ပိုင်းအတွင်း သိန္နီမြို့နယ် မိုင်းပါတွင် TNLA တပ်ဖွဲ့ဝင်များကို MNDAA တပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးနေစဉ်။ (ဒေသခံ)
🔥6👍1
ဓါတ်ပုံ- ယခုရက်ပိုင်းအတွင်း သိန္နီမြို့နယ် မိုင်းပါတွင် TNLA တပ်ဖွဲ့ဝင်များကို MNDAA တပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးနေစဉ်။ (ဒေသခံ)
🔥6👍1
ဓါတ်ပုံ- ကွတ်ခိုင်မြို၌ ၂၀၂၄ ဇွန်လတွင် TNLA ရဲတပ်ဖွဲ့မှ မြို့လုံခြုံရေး ယူနေစဉ်။ (PSLF/TNLA)
🔥6👎1
တရုတ်က နျူကလီးယားလက်နက်ပစ္စည်းများကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်နေသည်ဟု အမေရိ ကန်က စွပ်စွဲလိုက်ပြီး၊ တရုတ်အစိုးရက လျှို့ဝှက်နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ဆိုသော အချက်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့သည်။

ထို့ပြင် နောင်ပြုလုပ်မည့် နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များတွင် တရုတ်က ပါဝင်ရမည်ဟုလည်း ထပ်မံတောင်းဆိုခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/24/82969

#နျူကလီးယားလက်နက်တိုက်
#တရုတ်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣5👍2❤1
Fact Check : မြသိန်းတန်စေတီ ဗုံးကြဲခံရလို့ ပျက်စီးတယ်ဆိုတဲ့ သတင်းအမှား

Zee Tee

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းမြို့ မှာရှိတဲ့ မြသိန်းတန်စေတီတော်ကြီးကို စစ်ကော်မရှင်တပ်ကဗုံးကြဲလို့ ပျက်စီးတယ်ဆိုတဲ့ သတင်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။

“မင်းကွန်း မြသိန်းတန်စေတီ ကတော့ မအလ လေယာဥ်ဗုံးဒါဏ်ကြောင့် မွမွကြေသွားပြီ . . . ။” ရေးသားထားပြီး ပြိုကျနေတဲ့ မြသိန်းတန် စေတီပုံနဲ့အတူ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ “ဇေရာလင်း” ဆိုတဲ့ ဖေ့ဘုတ်အကောင့် ကနေ စတင်ဖြန့်ဝေထားတာပါ။ ဒီပုံနဲ့ပဲ တခြားဖေ့ဘုတ်အကောင့်နဲ့ ပေ့ချ်တွေကနေလည်း ပြန်လည်ကူးယူဖော်ပြတာတွေ ရှိနေသလို တစ်တော့မှာလည်း ပျံ့နှံ့နေတာပါ။

မဇ္ဈိမက ဒီပုံနဲ့ပတ်သက်လို့အချက်အလက်စစ်ဆေးခဲ့ပါတယ်။

မင်းကွန်း မြသိန်းတန်စေတီတော်ကြီး ပြိုကျမှုနဲ့ပတ်သက်လို့ ရှာဖွေခဲ့ရာမှာ ထပ်တူညီတဲ့ပုံကိုတော့ ကိုစုမင်းကွန်းဆိုတဲ့အကောင့်ကနေ ဖေဖော်ဝါရီ ၂၂ရက် ဖြန့်ဝေမှုကို တွေ့ရပါတယ်။

သူ့ရဲ့ဖြန့်ဝေမှုမှာတော့ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် မတ်လတုန်းက ဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့် မြသိန်းတန်စေတီတော်ကြီး ပြိုကျပျက်ဆီးခဲ့တယ်လို့ရေးသားခဲ့ပါတယ်။ လင့် - https://shorturl.at/A40MJ…
👍4🤣4