Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဓာတ်ပုံ - မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်ရဲစခန်းမှ ထွက်လာသည့် လှည့်ကင်းကားကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သုံးဦး ထိခိုက်မှုရှိနိုင်ကြောင်း မြို့ပြကြွက် ကွန်ရက်တာဝန်ရှိသူက ယနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) တွင် မဇ္ဈိမကို ပြောသည်။ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ထိခိုက်မှုအား မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။ (မြို့ပြကြွက်ကွန်ရက်)
❤4👍2🤣2
ဓါတ်ပုံ- ယခုရက်ပိုင်းအတွင်း သိန္နီမြို့နယ် မိုင်းပါတွင် TNLA တပ်ဖွဲ့ဝင်များကို MNDAA တပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးနေစဉ်။ (ဒေသခံ)
🔥6👍1
ဓါတ်ပုံ- ယခုရက်ပိုင်းအတွင်း သိန္နီမြို့နယ် မိုင်းပါတွင် TNLA တပ်ဖွဲ့ဝင်များကို MNDAA တပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးနေစဉ်။ (ဒေသခံ)
🔥6👍1
ဓါတ်ပုံ- ကွတ်ခိုင်မြို၌ ၂၀၂၄ ဇွန်လတွင် TNLA ရဲတပ်ဖွဲ့မှ မြို့လုံခြုံရေး ယူနေစဉ်။ (PSLF/TNLA)
🔥6👎1
တရုတ်က နျူကလီးယားလက်နက်ပစ္စည်းများကို သိသိသာသာ တိုးမြှင့်ထုတ်လုပ်နေသည်ဟု အမေရိ ကန်က စွပ်စွဲလိုက်ပြီး၊ တရုတ်အစိုးရက လျှို့ဝှက်နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ဆိုသော အချက်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့သည်။

ထို့ပြင် နောင်ပြုလုပ်မည့် နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များတွင် တရုတ်က ပါဝင်ရမည်ဟုလည်း ထပ်မံတောင်းဆိုခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/24/82969

#နျူကလီးယားလက်နက်တိုက်
#တရုတ်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣5👍2❤1
Fact Check : မြသိန်းတန်စေတီ ဗုံးကြဲခံရလို့ ပျက်စီးတယ်ဆိုတဲ့ သတင်းအမှား

Zee Tee

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းမြို့ မှာရှိတဲ့ မြသိန်းတန်စေတီတော်ကြီးကို စစ်ကော်မရှင်တပ်ကဗုံးကြဲလို့ ပျက်စီးတယ်ဆိုတဲ့ သတင်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။

“မင်းကွန်း မြသိန်းတန်စေတီ ကတော့ မအလ လေယာဥ်ဗုံးဒါဏ်ကြောင့် မွမွကြေသွားပြီ . . . ။” ရေးသားထားပြီး ပြိုကျနေတဲ့ မြသိန်းတန် စေတီပုံနဲ့အတူ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ “ဇေရာလင်း” ဆိုတဲ့ ဖေ့ဘုတ်အကောင့် ကနေ စတင်ဖြန့်ဝေထားတာပါ။ ဒီပုံနဲ့ပဲ တခြားဖေ့ဘုတ်အကောင့်နဲ့ ပေ့ချ်တွေကနေလည်း ပြန်လည်ကူးယူဖော်ပြတာတွေ ရှိနေသလို တစ်တော့မှာလည်း ပျံ့နှံ့နေတာပါ။

မဇ္ဈိမက ဒီပုံနဲ့ပတ်သက်လို့အချက်အလက်စစ်ဆေးခဲ့ပါတယ်။

မင်းကွန်း မြသိန်းတန်စေတီတော်ကြီး ပြိုကျမှုနဲ့ပတ်သက်လို့ ရှာဖွေခဲ့ရာမှာ ထပ်တူညီတဲ့ပုံကိုတော့ ကိုစုမင်းကွန်းဆိုတဲ့အကောင့်ကနေ ဖေဖော်ဝါရီ ၂၂ရက် ဖြန့်ဝေမှုကို တွေ့ရပါတယ်။

သူ့ရဲ့ဖြန့်ဝေမှုမှာတော့ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် မတ်လတုန်းက ဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့် မြသိန်းတန်စေတီတော်ကြီး ပြိုကျပျက်ဆီးခဲ့တယ်လို့ရေးသားခဲ့ပါတယ်။ လင့် - https://shorturl.at/A40MJ…
👍4🤣4
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖော်ဝါရီလကုန်တွင် ပိတ်မည်

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖင်လန်သံရုံးက ယနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) တွင် ထုတ်ပြန်ကြေညာသည်။

ကြေညာချက်တွင် သံရုံး ပိတ်သိမ်းရခြင်း အကြောင်းအရင်းကို ဖော်ပြထားခြင်းမရှိသော်လည်း သံရုံးပိတ်သိမ်းပြီးနောက် ကောင်စစ်ဝန်ဆောင်မှုများ၊ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွာ အစရှိသည့် ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဖင်လန်သံရုံးမှ တဆင့် ဆောင်ရွက်ပေးမည်ဟု ဆိုသည်။ ♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/24/82988
👍9😁1
ယူကရိန်း လေထီးခုန်တိုက်ခိုက်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များသည် ဇန်နဝါရီလကုန်ပိုင်းမှစ၍ အိုလက်ဇန္ဒရစ်စကီးရွာဘက်ရှိ စစ်မျက်နှာတွင် နယ်မြေ ၄၀၀ စတုရန်းကီလိုမီတာ (၁၅၄ စတုရန်းမိုင်ကျော်) ခန့်နှင့် လူအခြေစိုက်စခန်း ရှစ်ခုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယူကရိန်းလက် နက်ကိုင်တပ်ဖွဲ့ (AFU) ၏ စစ်ဦးစီးချုပ် အိုလက်ဇန္ဒား ဆွတ်စကီးက ပြောသည်။♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/24/82994
👍9
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၄ ဖေဖော်ဝါရီ ၂၀၂၆ )

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ် ( MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ကြား တကျော့ပြန်တင်းမာမှုများ ဖြစ်ပေါ်နောက် ကုန် စည် စီးဆင်းမှုများ ပိတ်ပင်ခံထားရကြောင်း သိရသည်။

♦️ သတင်း အပြည့်အစုံ >> https://bur.mizzima.com/2026/02/24/82997

#ကုန်စည်စီးဆင်းမှု
#TNLA
#MNDA
#ပဋိပက္ခ
#ကွတ်ခိုင်မြို့
#ညီနောင်သုံးဖွဲ့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
---------------------------------------
👍5😁1
ခွေးရူးပြန်ရောဂါအခြေအနေသည် အထူးသဖြင့် နိုင်ငံအရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် စိုးရိမ်ရသည့်အခြေအနေရှိနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ ဒုပြောရေးဆိုခွင့်ရှိသူ အိုင်ရင်းဖန်ရစ်က ပြောသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အ တွင်း ရယောင်ပြည်နယ်တွင် ခွေးရူးပြန်ရောဂါကြောင့် လူတဦး သေဆုံးခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးမှုများအရ တိရစ္ဆာန် အ ကောင် ၅၀ တွင် ရောဂါပိုးတွေ့ရှိရပြီး အများစုကို ခွေးများတွင် တွေ့ရသည်ဟု ဆိုသည်။ Read more: https://bur.mizzima.com/2026/02/24/83000
👍11