Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ ဒေါ်လာဘီလီယံနှင့် ချီလိမ်လည်နေသည့် အရှေ့ တောင် အာရှရှိ "လိမ်လည်မှုစင်တာများ"ကို တိုက်ဖျက်ရာတွင် အမေရိကန်က "ဦးဆောင်တိုက်ပွဲဝင်ရန် သန္နိ ဋ္ဌာန်ချထားကြောင်း" အမေရိကန်ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဗျူရို(အက်ဖ်ဘီအိုင်)၏ အဆင့်မြင့် အရာရှိတဦးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ သွားရောက်ကာ ငွေလိမ်စင်တာအများအပြားကို ကိုယ် တိုင်သွား ရောက်စစ်ဆေးပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အက်ဖ်ဘီအိုင်၏ နိုင်ငံတ ကာစစ်ဆင်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ စကော့ ရှဲလ်ဘဲလ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/24/83007

#အရှေ့တောင်အာရှ
#ငွေလိမ်စင်တာများ
#တိုက်ဖျက်ရာတွင်
#အမေရိကန်
#FBI
#ဦးဆောင်တိုက်ပွဲဝင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
---------------------------------------
👍16❤1👏1
အီရန်အလယ်ပိုင်းရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးအတွင်းသို့ အီရန်စစ်တပ် ရဟတ်ယာဉ်တစင်း အင်္ဂါနေ့က ပျက်ကျခဲ့ရာ အနည်းဆုံး လူ လေးဦး သေဆုံးခဲ့သည်။

သေဆုံးသူများတွင် ရဟတ်ယာဉ်မှူးနှင့် တွဲဖက်ရဟတ်ယာဉ်မှူးတို့ ပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ကျန်နှစ်ဦးမှာ ဈေးအတွင်းရှိ အရပ်သားများဖြစ်ကြောင်း သတင်းများက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83021

#စစ်ဘက်ရဟတ်ယာဉ်
#ဈေးအတွင်း
#အီရန်အလယ်ပိုင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍4❤1😁1🤣1
အမေရိကန်က အီရန်ကမ်းရိုးတန်းအနီးတွင် အင်အားကြီးရေတပ်အုပ်စုကို ဖြန့်ကြက်ပြီး တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် အီရန်က တရုတ်ထံမှ သင်္ဘောဖျက် ခရုစ်ဒုံးကျည်များဝယ်ယူရေးအတွက် သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ဆွေးနွေးမှုများနှင့် နီးစပ်သူ ခြောက်ဦးက ပြောကြား လိုက်သည်။

တရုတ်ထုတ် CM-302 ဒုံးကျည်များ ဝယ်ယူမည့် သဘောတူညီချက်မှာ ပြီးစီးလုနီးပါး ဖြစ်နေသော်လည်း လက်နက်များ လွှဲပြောင်းပေးအပ်မည့်ရက်ကို သဘောတူညီချက် မရရှိသေးကြောင်း သတင်းရင်းမြစ်များ က ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83024

#သင်္ဘောဖျက်ဒုံးကျည်များ
#အီရန်
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥8
အီရန်အပေါ် စစ်ရေးအရအရေးယူမှု လုပ်ဆောင်ပါက "အလွယ်တကူ အနိုင်ရမည့်အရာ" ဖြစ်လိမ့်မည်ဟု အမေရိကန် စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက ယုံကြည်နေကြောင်း သမ္မတ ထရမ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83027
👍9
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ ဒွိုင် အင်သနွန်တောင်အနီး ဒေသခံတဦး၏ နွားသုံးကောင်ကို မည်သည့်တိရစ္ဆာန်က သတ်ဖြတ်သွားသလဲ ဆိုသည်ကို သိရှိနိုင်ရန် ယခုအခါ ပြည်နယ်ရှိ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ရိန်းဂျားတပ်ဖွဲ့ဝင်များက ကင်မရာထောင်ချောက်များ တပ်ဆင်ထားသည်။

ခြံမွေးတိရစ္ဆာန်များ ကိုက်သတ်ခံရမှုများက နိုင်ငံ‌မြောက်ပိုင်းပြည်နယ်၏ ချွန်ထောင်ခရိုင်၊ ဘန်လောင် ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83030

#ချင်းမိုင်
#ခြံမွေးတိရစ္ဆာန်များ
#ကိုက်သတ်ခံရမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥1
"နှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်မယ့်အပြင် အပြန်အလှန် အကျိုးစီးပွားတွေကို ဖော်ဆောင်ပေးနိုင်မယ့် မကြုံစဖူး သဘောတူညီချက်တခုကို ရရှိဖို့ သမိုင်းဝင်အခွင့်အရေး ကျွန်တော်တို့မှာ ရှိနေပါတယ်" ဟု အာရတ်ချီက လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

အီရန်နှင့် အမေရိကန်တို့သည် ယခုလအစောပိုင်းတွင် ဆွေးနွေးပွဲများ ပြန်လည်စတင်ပြီးနောက်ပိုင်း နောက်ဆုံးအကြိမ်အဖြစ် တတိယအကျော့ ဆွေးနွေးပွဲကို ကြာသပတေးနေ့တွင် ဂျနီဗာမြို့၌ ကျင်းပရန် ရှိနေသည်။

မည်သည့်တိုက်ခိုက်မှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု အီရန်က အကြိမ်ကြိမ် ပြောဆိုထားပြီး အကန့်အသတ်ဖြင့် တိုက်ခိုက်ခြင်းမျိုး ဖြစ်နေစေကာမူ တိုက်ခိုက်မှုမှန်သမျှကို "ကျူးကျော်စော်ကားသည့် လုပ်ရပ်" အဖြစ် မှတ်ယူမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83033

#အမေရိကန်
#သဘောတူညီချက်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5❤2😁1