Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အီရန်အလယ်ပိုင်းရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဈေးအတွင်းသို့ အီရန်စစ်တပ် ရဟတ်ယာဉ်တစင်း အင်္ဂါနေ့က ပျက်ကျခဲ့ရာ အနည်းဆုံး လူ လေးဦး သေဆုံးခဲ့သည်။

သေဆုံးသူများတွင် ရဟတ်ယာဉ်မှူးနှင့် တွဲဖက်ရဟတ်ယာဉ်မှူးတို့ ပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ကျန်နှစ်ဦးမှာ ဈေးအတွင်းရှိ အရပ်သားများဖြစ်ကြောင်း သတင်းများက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83021

#စစ်ဘက်ရဟတ်ယာဉ်
#ဈေးအတွင်း
#အီရန်အလယ်ပိုင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍4❤1😁1🤣1
အမေရိကန်က အီရန်ကမ်းရိုးတန်းအနီးတွင် အင်အားကြီးရေတပ်အုပ်စုကို ဖြန့်ကြက်ပြီး တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် အီရန်က တရုတ်ထံမှ သင်္ဘောဖျက် ခရုစ်ဒုံးကျည်များဝယ်ယူရေးအတွက် သဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ဆွေးနွေးမှုများနှင့် နီးစပ်သူ ခြောက်ဦးက ပြောကြား လိုက်သည်။

တရုတ်ထုတ် CM-302 ဒုံးကျည်များ ဝယ်ယူမည့် သဘောတူညီချက်မှာ ပြီးစီးလုနီးပါး ဖြစ်နေသော်လည်း လက်နက်များ လွှဲပြောင်းပေးအပ်မည့်ရက်ကို သဘောတူညီချက် မရရှိသေးကြောင်း သတင်းရင်းမြစ်များ က ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83024

#သင်္ဘောဖျက်ဒုံးကျည်များ
#အီရန်
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥8
အီရန်အပေါ် စစ်ရေးအရအရေးယူမှု လုပ်ဆောင်ပါက "အလွယ်တကူ အနိုင်ရမည့်အရာ" ဖြစ်လိမ့်မည်ဟု အမေရိကန် စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက ယုံကြည်နေကြောင်း သမ္မတ ထရမ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83027
👍9
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ ဒွိုင် အင်သနွန်တောင်အနီး ဒေသခံတဦး၏ နွားသုံးကောင်ကို မည်သည့်တိရစ္ဆာန်က သတ်ဖြတ်သွားသလဲ ဆိုသည်ကို သိရှိနိုင်ရန် ယခုအခါ ပြည်နယ်ရှိ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ရိန်းဂျားတပ်ဖွဲ့ဝင်များက ကင်မရာထောင်ချောက်များ တပ်ဆင်ထားသည်။

ခြံမွေးတိရစ္ဆာန်များ ကိုက်သတ်ခံရမှုများက နိုင်ငံ‌မြောက်ပိုင်းပြည်နယ်၏ ချွန်ထောင်ခရိုင်၊ ဘန်လောင် ကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83030

#ချင်းမိုင်
#ခြံမွေးတိရစ္ဆာန်များ
#ကိုက်သတ်ခံရမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥1
"နှစ်ဦးနှစ်ဖက် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်မယ့်အပြင် အပြန်အလှန် အကျိုးစီးပွားတွေကို ဖော်ဆောင်ပေးနိုင်မယ့် မကြုံစဖူး သဘောတူညီချက်တခုကို ရရှိဖို့ သမိုင်းဝင်အခွင့်အရေး ကျွန်တော်တို့မှာ ရှိနေပါတယ်" ဟု အာရတ်ချီက လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

အီရန်နှင့် အမေရိကန်တို့သည် ယခုလအစောပိုင်းတွင် ဆွေးနွေးပွဲများ ပြန်လည်စတင်ပြီးနောက်ပိုင်း နောက်ဆုံးအကြိမ်အဖြစ် တတိယအကျော့ ဆွေးနွေးပွဲကို ကြာသပတေးနေ့တွင် ဂျနီဗာမြို့၌ ကျင်းပရန် ရှိနေသည်။

မည်သည့်တိုက်ခိုက်မှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု အီရန်က အကြိမ်ကြိမ် ပြောဆိုထားပြီး အကန့်အသတ်ဖြင့် တိုက်ခိုက်ခြင်းမျိုး ဖြစ်နေစေကာမူ တိုက်ခိုက်မှုမှန်သမျှကို "ကျူးကျော်စော်ကားသည့် လုပ်ရပ်" အဖြစ် မှတ်ယူမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83033

#အမေရိကန်
#သဘောတူညီချက်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5❤2😁1
မဇ္ဈိမ။ ။ အတုအယောင်အဖြစ် သတ်မှတ်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ခေါ်ယူပြီး သမ္မတတင်မြှောက်မှုကို လာမည့် ဧပြီလဆန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင် ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) က ပြောသည်။ Read more: https://bur.mizzima.com/2026/02/25/83036
🤮5👎3❤2🔥1
တက္ကသိုလ်ကျောင်းသားများအနေဖြင့် ဆန္ဒပြပိုင်ခွင့်ရှိသော်လည်း အားလုံးအနေဖြင့် စည်းနီ (ကန့်သတ်ချက်များ) များကို နားလည်သဘောပေါက်ရလိမ့်မည်ဖြစ်ကြောင်း အီရန်အစိုးရပြောရေးဆိုခွင့်ရှိသူက ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ပြောသည်။

ယင်းသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်မှစပြီး တက္ကသိုလ်နယ်မြေများအတွင်း ပြန်လည်ပေါ်ပေါက်လာသည့် လူစုဝေးဆန္ဒပြမှုများအပေါ် အစိုးရ၏ ပထမဆုံး တရားဝင် တုံ့ပြန်မှု ဖြစ်သည်။

“အလေးအမြတ်ထားတဲ့ အရာတွေနဲ့ နိုင်ငံတော်အလံတို့ဆိုတာက မိမိတို့ ကာကွယ်စောင့်ရှောက်ရမယ့် ‘စည်းနီ’ တွေထဲက ဥပမာနှစ်ခုပဲဖြစ်တယ်။ အဆုံးစွန်ဒေါသထွက်တဲ့အချိန်မျိုးတွေမှာတောင်မှ အဲဒီစည်းတွေကို ဖြတ်တာ ဒါမှမဟုတ် သွေဖည်တာမျိုး မလုပ်ရပါဘူး” ဟု အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖာတီမာဟ် မိုဟေဂျာရာနီက ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83039

#ကျောင်းသားများ
#ဆန္ဒပြ
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎5❤1👍1
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ဆက်နွှယ်နေသော တက္ကသိုလ်များ၊ နိုင်ငံပိုင် လက်နက်ကုမ္ပဏီများနှင့် ထောက်လှမ်းရေးဆိုင်ရာ သုတေသနအဖွဲ့များမှ သုတေသီ ရာနှင့်ချီကို အသုံးပြု၍ ယူကရိန်းတွင် အနောက်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုများနှင့် လက်နက်ဖြန့်ကြက်မှုများကို တရုတ်အစိုးရက အနီးကပ် စောင့်ကြည့်လေ့လာနေသည်။

အာရှဒေသ၊ အထူးသဖြင့် ထိုင်ဝမ်အနီးနားတွင် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များနှင့် ဖြစ်ပွားလာ နိုင်သည့် ထိပ်တိုက်တွေ့ဆုံမှုအတွက် ယင်းစောင့်ကြည့်လေ့လာမှုများမှတဆင့် မဟာဗျူဟာမြောက်နှင့် နည်းပညာဆိုင်ရာ သင်ခန်းစာများ ထုတ်ယူရန် တရုတ်က ရည်ရွယ်နေသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83042

#ယူကရိန်းစစ်ပွဲ
#တရုတ်ကာကွယ်ရေးအဖွဲ့အစည်းများ
#ရုရှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎6❤2
မြန်မာ့အရေးနှင့် ပတ်သက်၍ ချမှတ်ထားသော ‘ဘုံသဘောတူညီချက် ငါးရပ်’ကို ပြန်လည်သုံးသပ်ရန် အာဆီယံအဖွဲ့က စဉ်းစားနေပြီး လက်ရှိကျင့်သုံးနေသည့် အလှည့်ကျဥက္ကဋ္ဌက အထူးသံတမန်သစ်တဦးစီ နှစ်စဉ်ခန့်အပ်နေသည့်စနစ်အစား ‘ရေရှည်တာဝန်ယူမည့် အထူးသံတမန်’ ခန့်အပ်ရန် စီစဉ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဇာ လာဇာရိုက ပြောကြားလိုက်သည်။

မြန်မာ့အရေးကိုင်တွယ်ရာတွင် ‘ဘုံသဘောတူညီချက် ငါးရပ်’ ကို အာဆီယံ၏ အခြေခံမူဝါဒအဖြစ် ဆက် လက်ထားရှိသော်လည်း၊ ယင်းကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန်ဟူသော အယူအဆကို စီဘူမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ အချို့က တင်ပြခဲ့ကြကြောင်း Thai PBS ၏ ‘Tanloke’ အစီအစဉ်နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် လာဇာရိုက ပြောကြားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/25/83046

#အထူးသံတမန်
#အာဆီယံ
#မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8😁2❤1
ရုရှားသည် စီးပွားရေးနှင့် လူအင်အားဖြည့်တင်းမှုဆိုင်ရာ ဖိအားများ ကြုံတွေ့နေရလင့်ကစား ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ၂၀၂၆ ခုနှစ် တလျောက်လုံး ဆက်တိုက်နိုင်စွမ်း ရှိလိမ့်မည်ဖြစ် ကြောင်းနှင့် တချိန်တည်းတွင် ဥရောပအပေါ် ယင်း၏ ဒုံးကျည်နှင့် ဒရုန်း ခြိမ်းခြောက်မှု အန္တရာယ်ကလည်း ကြီးထွားလာကြောင်း ဦးဆောင် စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့တခုက သုံးသပ်ပြောကြား သည်။

"ယူကရိန်းစစ်ပွဲကို ငါးနှစ်မြောက်အထိ ဆက်တိုက်နိုင်သည့် ရုရှား၏ လုပ်နိုင်စွမ်း ဆုတ်ယုတ်လျော့ နည်းလာသည်ဆိုသည့် အထောက်အထား များများစားစား မရှိ" ဟု နိုင်ငံတကာ မဟာဗျူဟာ လေ့ လာမှုဆိုင်ရာ အင်စတီကျုမှ ညွှန်ကြားရေးမှူးချုပ် ဘက်စတီယန် ဂီဂျာရစ်ချ်က ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/25/83050

#ရုရှား
#ယူကရိန်းစစ်ပွဲ
#ဆက်တိုက်နိုင်စွမ်းရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍5👎4❤1🔥1
👍8❤2
❤3👍2
❤3👍2