Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“လိင်စော်ကားခံခဲ့ရသူတွေနဲ့ ဒေါ်နယ်ထရမ့်တို့ လွှတ်တော်ခန်းမထဲမှာ တွေ့ဆုံကြတာကို ကမ္ဘာကြီးက ဒီကနေ့တွေ့မြင်ကြရပါလိမ့်မယ်” ဝါရှင်တန်ပြည်နယ် ဒီမိုကရက်ပါတီလွှတ်တော်အမတ် ပရာမီလာဂျာရာပါးလ် (Pramila Jayapal) က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

အက်ပ်စတိန်း၏လုပ်ရပ်များနှင့်စပ်လျဉ်း၍ အမေရိကန်တွင် ယခုအထိဖမ်းဆီးအပြစ်ပေးခံခဲ့ရသူမှာ တဦးသာရှိပြီး သူသည် အက်ပ်စတိန်း၏ရည်းစားဟောင်းနှင့် ကြံရာပါ ဂီလိန်းမက်စ်ဝဲလ်(Ghislaine Maxwell) ဖြစ်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/25/83066

#အက်ပ်စတိန်း
#လိင်စော်ကားခံရသူများ
#ထရမ့်မိန့်ခွန်းပြောပွဲ
#တာဝန်ခံမှုရှိရေး
#တောင်းဆိုကြမည်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍6🔥1
ကားပိုင်ရှင်များမှာ ဓာတ်ဆီ လီတာ ၂၀ ရရန် မိုဘိုင်းအက်ပလီကေးရှင်းမှတဆင့် လျှောက်ထားနိုင်သော်လည်း လပေါင်းများစွာ ကြာမြင့်နိုင်သည်။

တိုင်းပြည်၏ရေနံထုတ်လုပ်မှုမှာ တရက်လျှင် စည် ၄၀,၀၀၀ ခန့်သာရှိရာ လျှပ်စစ်စက်ရုံများလည်ပတ်ရန် အနိုင်နိုင်ဖြစ်နေရသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/25/83069

#အမေရိကန်
#ပိတ်ဆို့မှုကြောင့်
#လောင်စာဆီပြတ်လပ်
#ကျူးဘား
#လူမျိုးများ
#ရုန်းကန်နေကြရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍9❤2
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေ ဘားအံခရိုင် ပိုင်ကျုံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အကြား တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း KNU၏ ဖေဖော်ဝါရီ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်က KNU ထိန်းချုပ်နယ်မြေ ပိုင်ကျုံမြို့နယ်အတွင်း နယ်မြေချဲ့ထွင်ရေးအသွင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့်ဟု ဆိုသည်။ Read more: https://bur.mizzima.com/2026/02/25/83072
👍8😁1
ဓာတ်ပုံ - ပုံ -၁ - Jalisco New Generation Cartel အဖွဲ့ဝင်များအား လက်နက်ခဲယမ်း အပြည့်အစုံဖြင့် တွေ့ရစဉ်။ (Reuters)
👍5❤1👎1
ပုံ-၃ - Narco tanks များသည် လုပ်ငန်းသုံးယာဉ်များကို အကြီးစား ပြုပြင်မွမ်းမံထားခြင်းဖြစ်သည်။
🤮3👍1👎1
ပုံ-၂ - မူးယစ်ဂိုဏ်းများသည် နယ်မြေစိုးမိုးရေးနှင့် မူးယစ်ကုန်သွယ်လမ်းကြောင်းထိန်းချုပ်နိုင်ရေး အချင်းချင်း တိုက်ခိုက်ကြသည်။ (Reuters)
👍5👎1
မဇ္ဈိမ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတဝိုက်နှင့် စစ်တွေ- ပုဏ္ဏားကျွန်းမြို့အစပ်ကြားတွင် စစ်ကော်မရှင်တပ်နှင့်အာရက္ခတပ်တော်( AA)တို့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများနှင့်စစ်ရေးသတင်းအရင်းမြစ်များထံက သိရသည်။

တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၂၃ ရက်ကစပြီး ပြင်းထန်လာခြင်းဖြစ်ကာ ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) အထိ တိုက်ပွဲဖြစ်ပွားနေသည်။ အာရက္ခတပ်တော်(AA)ဘက်ကလည်း အမြန်ရေယာဉ်များဖြင့် စစ်ကော်မရှင်၏ရေတပ်စခန်းများရှိရာသို့လာရောက်ပစ်ခတ်မှုများလည်းရှိကြောင်း ဒေသခံသတင်းအရင်းမြစ်က မဇ္ဈိသို့ပြောသည်။ Read more: https://bur.mizzima.com/2026/02/25/83081
👍11❤1😁1
ဘိုဒိုဂလင့်အသင်းဟာ ဥရောပအင်အားကြီး အင်တာမီလန်အသင်းကို ဖြုတ်ချခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှေ့ဆက်ချီတက်နေပါတယ်။ ဒါဟာ အာတိတ်စက်ဝိုင်း မြောက်အရပ်က အသင်းငယ်လေးအတွက် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တိုးတက်အောင်မြင်လာမှုရဲ့ နောက်ထပ်အခန်းသစ်တခုပဲဖြစ်ပါတယ်။

နည်းပြ ခက်တေးလ် နက်ဆင်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲရောက် အင်တာမီလန်ကို နှစ်ကျော့ပေါင်း ၅-၂ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး အသင်းသမိုင်းတလျှောက် အကြီးကျယ်ဆုံးသော အောင်မြင်မှုနဲ့အတူ ကမ္ဘာ့အဆင့်မြင့်ဆုံး ကလပ်ပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။

“ဒါဟာ ကလပ်အသင်းအတွက်၊ ကစားသမားတွေအတွက်၊ မြို့အတွက်ရော ပြီးတော့ နော်ဝေဘောလုံးလောကတခုလုံးအတွက်ပါ အံ့သြစရာကောင်းတဲ့ ညတညဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ၂၀၁၈ ခုနှစ်ကတည်းက အသင်းကို တာဝန်ယူထားတဲ့ နက်ဆင်က ပြောပါတယ်။ Read more: https://bur.mizzima.com/2026/02/25/83084
👍6