Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပုံ-၂ - မူးယစ်ဂိုဏ်းများသည် နယ်မြေစိုးမိုးရေးနှင့် မူးယစ်ကုန်သွယ်လမ်းကြောင်းထိန်းချုပ်နိုင်ရေး အချင်းချင်း တိုက်ခိုက်ကြသည်။ (Reuters)
👍5👎1
မဇ္ဈိမ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတဝိုက်နှင့် စစ်တွေ- ပုဏ္ဏားကျွန်းမြို့အစပ်ကြားတွင် စစ်ကော်မရှင်တပ်နှင့်အာရက္ခတပ်တော်( AA)တို့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများနှင့်စစ်ရေးသတင်းအရင်းမြစ်များထံက သိရသည်။

တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၂၃ ရက်ကစပြီး ပြင်းထန်လာခြင်းဖြစ်ကာ ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်) အထိ တိုက်ပွဲဖြစ်ပွားနေသည်။ အာရက္ခတပ်တော်(AA)ဘက်ကလည်း အမြန်ရေယာဉ်များဖြင့် စစ်ကော်မရှင်၏ရေတပ်စခန်းများရှိရာသို့လာရောက်ပစ်ခတ်မှုများလည်းရှိကြောင်း ဒေသခံသတင်းအရင်းမြစ်က မဇ္ဈိသို့ပြောသည်။ Read more: https://bur.mizzima.com/2026/02/25/83081
👍11❤1😁1
ဘိုဒိုဂလင့်အသင်းဟာ ဥရောပအင်အားကြီး အင်တာမီလန်အသင်းကို ဖြုတ်ချခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှေ့ဆက်ချီတက်နေပါတယ်။ ဒါဟာ အာတိတ်စက်ဝိုင်း မြောက်အရပ်က အသင်းငယ်လေးအတွက် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တိုးတက်အောင်မြင်လာမှုရဲ့ နောက်ထပ်အခန်းသစ်တခုပဲဖြစ်ပါတယ်။

နည်းပြ ခက်တေးလ် နက်ဆင်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့နှစ် ဗိုလ်လုပွဲရောက် အင်တာမီလန်ကို နှစ်ကျော့ပေါင်း ၅-၂ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး အသင်းသမိုင်းတလျှောက် အကြီးကျယ်ဆုံးသော အောင်မြင်မှုနဲ့အတူ ကမ္ဘာ့အဆင့်မြင့်ဆုံး ကလပ်ပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။

“ဒါဟာ ကလပ်အသင်းအတွက်၊ ကစားသမားတွေအတွက်၊ မြို့အတွက်ရော ပြီးတော့ နော်ဝေဘောလုံးလောကတခုလုံးအတွက်ပါ အံ့သြစရာကောင်းတဲ့ ညတညဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ၂၀၁၈ ခုနှစ်ကတည်းက အသင်းကို တာဝန်ယူထားတဲ့ နက်ဆင်က ပြောပါတယ်။ Read more: https://bur.mizzima.com/2026/02/25/83084
👍6
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၅ ဖေဖော်ဝါရီ ၂၀၂၆ )

အတုအယောင်အဖြစ် သတ်မှတ်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ခေါ်ယူပြီး သမ္မတတင်မြှောက်မှုကို လာမည့် ဧပြီလဆန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကော် မရှင် ဒုတိယခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) က ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/25/83091

#စစ်ကော်မရှင်
#ရွေးကောက်ပွဲ
#သမ္မတ
#စစ်ခေါင်းဆောင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------
👍5
ပြည်တွင်းဈေးကွက်က ရင့်ကျက်ပြီးပြည့်စုံလာသလို နိုင်ငံတချို့အနေဖြင့်လည်း ရင်းနှီးငွေအမြောက် အမြား ရင်းနှီးရ‌သော်ငြား အဘက်ဘက်မှ ပြောင်းလဲတိုးတက်စေနိုင်မည့် လုပ်ငန်းများအတွက် အခြားနိုင်ငံများထက် ပိုပြီးအသင့်ဖြစ်နေကြစဉ် တရုတ်မီးရထားလုပ်ငန်းကြီးများအနေဖြင့် ရှေ့လာမည့်နှစ်များတွင် ယူရေးရှားဒေသတွင် အမြန်ရထားလမ်းများ တည်ဆောက်ရန် လေ့လာရှာဖွေမှုများ လုပ်ဆောင်လာဖွယ်ရာရှိကြောင်း အကဲခတ်များက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံရှိ ၁၄၂ ကီလိုမီတာရှည်သော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းနှင့် တစိတ်တပိုင်းပြီးစီးထားသော ၃၅၀ ကီလိုမီတာရှည်သည့် ဘူဒါပက်စ်-ဘဲလ်ဂရိတ် ရထားလမ်းကဲ့သို့ တရုတ်ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများကို နမူနာယူ၍ တရုတ်ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများသည် ယင်းတို့၏ ပြည်ပခြေ လှမ်းများကို ချဲ့ထွင်လာဖွယ် ရှိနေသည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/02/25/83094

#ပြည်တွင်း
#အမြန်ရထားလမ်းများ
#ပြည့်နှက်လာသည့်
#တရုတ်
#ခြေဆန့်လာနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍7