Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ပွဲတွင်း ခေါင်းဆောင်မှုနှင့် ပူးပေါင်းကွပ်ကဲမှုဆိုင်ရာ 'SOUTHJOINT' ဗျူဟာသင်တန်း တနင်္သာရီတွင် ကျင်းပ

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်းဒေသကြီးနှင့် တောင်ပိုင်းတိုင်းစစ်ဒေသအတွင်း မဟာဗျူဟာမြောက် ပေါင်းစည်းညီညွတ်မှု ရရှိစေရန် ရည်ရွယ်သည့် 'SOUTHJOINT' ပူးပေါင်းစစ်ဆင်ရေးဗျူဟာ သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါသင်တန်းကို Mon State Federal Council ၏ ပံ့ပိုးမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကာ ဒေသတွင်း လှုပ်ရှားနေသော တော်လှန်ရေးအဖွဲ့အစည်း ၁၆ ဖွဲ့မှ တာဝန်ရှိသူ ၄၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ သင်တန်းတွင် ဒေါက်တာမီမီဝင်းဘတ်က အဓိကဦးဆောင်သင်ကြားပေးခဲ့ပြီး သီးခြားစီလှုပ်ရှားနေရသည့် နည်းဗျူဟာအဆင့် လုပ်ဆောင်ချက်များမှသည် စနစ်တကျ ချိတ်ဆက်ထားသော စစ်ဆင်ရေးအဆင့် စီမံကိန်းများသို့ ကူးပြောင်းနိုင်ရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းကာလအတွင်း ဆွန်ဇူး (Sun Tzu) ၏ စည်းမျဉ်းများနှင့် စစ်ရေးဆိုင်ရာ အခြေခံမူများကို အသုံးချ၍ အန္တရာယ်ဘောင်အတွင်းမှ ရည်မှန်းချက်၊ နည်းလမ်းနှင့် အရင်းအမြစ်များကို မျှတစွာ ညှိနှိုင်းရေးဆွဲနိုင်ရန်…
👍8😁1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၇ ဖေဖော်ဝါရီ ၂၀၂၆ )

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးအတွင်း ဖြစ်ပွားခဲ့သည့် အပြန်အလှန် တိုင်ကြားမှု များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ အကျဉ်းချုပ်ကို အများပြည်သူရှေ့ ထုတ်ပြန် ကြေညာလိုက်ပြီးနောက် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၆ ခုက ယခင် ကြေညာထား သည့် သပိတ်မှောက်မှုကို ဖျက်သိမ်းပြီး သပိတ်လှန်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ပူးတွဲထုတ်ပြန် ကြေညာလိုက်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#အမျိုးသားညီညွတ်ရေးအစိုးရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤5👍2😁1
လက်ရှိချန်ပီယံ PSG အသင်း ချယ်လ်ဆီးနဲ့ တွေ့ဆုံပြီး ရီးယဲလ် စီးတီးနဲ့ ကစားရမည်

ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် မဲခွဲပွဲကို ဒီနေ့ ပြုလုပ်သွားပါတယ်။ ပွဲစဉ်အတွဲအဖက်တွေကတော့ -

PSG (ပြင်သစ်) vs ချယ်လ်ဆီး (အင်္ဂလန်)
ရီးယဲလ်မက်ဒရစ် (စပိန်) vs မန်စီးတီး (အင်္ဂလန်)
နယူးကာဆယ် (အင်္ဂလန်) vs ဘာစီလိုနာ (စပိန်)
ဘိုဒို/ဂလင့် (နော်ဝေ) vs စပို့တင်း(ပေါ်တူဂီ)
ဂါလာတာစာရေး (တူရကီ) vs လီဗာပူးလ် (အင်္ဂလန်)
အတ္တလန်တာ (အီတလီ) vs ဘိုင်ယန်မြူးနစ် (ဂျာမနီ)
အက်သလက်တီကို (စပိန်) vs တော့တင်ဟမ် (အင်္ဂလန်)
လီဗာကူဆင် (ဂျာမနီ) vs အာဆင်နယ် (အင်္ဂလန်)

၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွေကို မတ်လ ၁၀-၁၁ ရက်၊ ဒုတိယအကျော့ကို မတ်လ ၁၈၊ ၁၉ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားသွားကြမှာပါ။
👍9❤1
❤4👍1
ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် အတွဲအဖက်များ ပေါ်ထွက်လာပါပြီ။

ဖယ်ရန်ဗာရို့စ် (ဟန်ဂေရီ) vs ဘရာဂါ (ပေါ်တူဂီ)
ဂျန့် (ဘယ်လ်ဂျီယံ) vs ဖရိုင်းဘတ် (ဂျာမနီ)
စတုဂတ် (ဂျာမနီ) vs ပေါ်တို (ပေါ်တူဂီ)
ဘိုလော့ဂ်နာ (အီတလီ) vs ရိုးမား (အီတလီ)
ပါနာသီနေကော့စ် (ဂရိ) vs ရီးယဲလ်ဘက်တစ် (စပိန်)
ဆယ်လ်တာဗီဂို (စပိန်) vs လိုင်ယွန် (ပြင်သစ်)
နော်တင်ဟမ်ဖောရက်စ် (အင်္ဂလန်) vs မစ်ဂျယ်လန် (ဒိန်းမတ်)
လိုင်လီ (ပြင်သစ်) vs အက်စတွန်ဗီလာ (အင်္ဂလန်)
👍8
👍2
👍2
👍7
👍2