Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇွန်လက ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်ခြင်း ခံခဲ့ရသည့် နျူကလီးယားအဆောက်အအုံများသို့ ကုလသမဂ္ဂနျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ကို အီရန်က ဝင်ရောက်ခွင့်မပြုကြောင်း အဖွဲ့ဝင်နိုင်ငံများထံ ဖြန့်ဝေခဲ့သည့် လျှို့ဝှက်အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အီရန်တွင် တရားဝင် ကြေညာထားသော နျူကလီးယားသန့်စင်စခန်း လေးခုရှိသော်လည်း ဝင်ရောက် စစ်ဆေးခွင့် မရရှိသည့်အတွက် အီရန်ရှိ သန့်စင်ပြီး ယူရေနီယံသိုလှောင်မှုပမာဏ၊ ပါဝင်မှုအချိုးအစား (သို့မဟုတ်) တည်နေရာများနှင့် ပတ်သက်၍ မည်သည့်အချက်အလက်ကိုမျှ မပေးနိုင်ကြောင်း အစီရင်ခံစာက သတိပေးထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/28/83303

#အီရန်
#နျူကလီးယား
#ယူရေနီယံသန့်စင်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥2❤1
တရုတ်က စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်းများ ဂျပန်သို့ တင်ပို့မှုကို ပိတ်ပင်လိုက်ပြီးနောက် ကာကွယ်ရေးပစ္စည်းများအတွက် “တရုတ် မပါသော” ထောက်ပံ့ရေးကွင်းဆက်တခု တည်ဆောက်ရန် ဂျပန်နိုင်ငံအနေဖြင့် စဉ်းစားသင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်းဂျီရို ကိုအိဇုမိက သောကြာနေ့ (ဖေဖော်ဝါရီ ၂၇) တွင် ပြောသည်။

ကာကွယ်ရေးကဏ္ဍတွင် ထိပ်တန်းကန်ထရိုက်တာကြီးများသာမက လုပ်ငန်းသစ်များပါ ဝင်ရောက်နိုင်စေရန်နှင့် ကာကွယ်ရေးပစ္စည်းနှင့် နည်းပညာများကို မြန်ဆန်စွာ မိတ်ဆက်နိုင်ရန် “အမြန် ဝယ်ယူရေး” အစီအစဉ်တခုကိုလည်း ကိအိဇုမိက ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် အထူးသဖြင့် မြေရှားသတ္တုများအတွက် ထောက်ပံ့ရေးကွင်းဆက် များစေရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်။ ဥပမာအားဖြင့် Sojitz ကုမ္ပဏီသည် ၂၀၂၇ ခုနှစ်လယ်တွင် သြစတြေးလျမှ အလယ်အလတ်နှင့် အလေးစား မြေရှားသတ္တု နှစ်မျိုးမှ ခြောက်မျိုးအထိ တိုးမြှင့်တင်သွင်းသွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/28/83306

#ဂျပန်
#တရုတ်
#ကာကွယ်ရေးပစ္စည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10💊1
အချို့သူများအတွက်မူ၊ အမေရိကန်၏ စစ်ရေး ခြိမ်းခြောက်မှုများ ရှေ့မှောက်တွင် တရုတ်၏ ဟန်ပြကြားနေမှုနှင့် ထိန်းသိမ်းစောင့်ကြည့်သည့် ဘက်ကို အလေးပေးမှုတို့က အီရန်ကို စွန့်ပစ်လိုက်သယောင် ထင်မြင်စေပြီး တရုတ်က အီရန်အတွက် ယုံကြည်ရသော မိတ်ဖက် မဟုတ်ဟုဆိုသော အမြင်ကို ပိုမို ခိုင်မာစေသည်။ တရုတ်၏ အရင်းနှီးဆုံး မိတ်ဆွေ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို ကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တရုတ်၏ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံထားသည့် ဗင်နီဇွဲလား ရေနံကဏ္ဍကို ထိန်းချုပ်လိုက်ချိန်ကလည်း တရုတ်က ဘာမျှ မလုပ်ဘဲ နေခဲ့သည့်နောက် အီရန်အပေါ် ယခုကဲ့သို့ ရပ်တည်နေခြင်းလည်း ဖြစ်သည်။ Read more: https://bur.mizzima.com/2026/02/28/83309
🔥8👍2👏1
WE ARE HIRING!
- Reporter & News Presenter
Join the Mizzima Team!
Send your CV to hrdepartment@mizzima.com
👍5
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ခွန်ကန်ပြည်နယ်မှ အသက် ၃၃ နှစ်အရွယ် ချူဒါမန်းမာအမည်ရှိ အမျိုးသမီးတဦးသည် ကောင်တာ၌ ငွေသားထုတ်ယူနေသည်ကို တွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့က ငွေသား ဘတ် ၃၀၀,၀၀၀၊ ဘဏ်စာအုပ် တအုပ်၊ ATM ကတ်တခုနှင့် လက်ကိုင်ဖုန်းတလုံးတို့ကို သိမ်းဆည်းခဲ့သည်။ သူမသည် အဆိုပါအကောင့်ကို ဖွင့်ရန်နှင့် ငွေထုတ်ယူရန် ခိုင်းစေခြင်းခံရကြောင်း၊ အဆိုပါငွေများသည် သူမ၏ငွေများမဟုတ်ကြောင်း ဝန်ခံခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောသည်။

စုံစမ်းချက်များအရ ငွေထုတ်ယူမှုကို အနီးအနားမှ စောင့်ကြည့်ညွှန်ကြားနေသည့် ကြံရာပါ သုံးဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့မှာ ညှိနှိုင်းဆောင်ရွက်ပေးသူအဖြစ် ဖော်ပြထားသည့် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား အားဝေ၊ နိုင်ငံမဲ့များအတွက်ထုတ်ပေးသည့် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား ပီပေါ့ ခေါ် ဆန်းနှင့် မှတ်ပုံတင်မရှိသူ အသက် ၂၅ နှစ်အရွယ် ဂျောင်ဖူ ခေါ် အာဖူ တို့ ဖြစ်ကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/28/83313

#ချင်းမိုင်
#မြန်မာနိုင်ငံသား
#ငွေလိမ်ဂိုဏ်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤3
AI နှင့် စက်ရုပ်နည်းပညာများ လျင်မြန်စွာတိုးတက်လာနေပြီး ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်ကို သိသိသာသာ ပြောင်းလဲနေချိန်တွင်၊ ကမ္ဘာကြီးသည် စံချိန်တင် အလွန်အမင်းမရေရာသည့်ခေတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

လာမည့် ဆယ်စုနှစ်အတွင်း ကမ္ဘာတဝန်းရှိ လူဦးရေ ၁ ဒသမ ၂ ဘီလီယံသည် အလုပ်သမားစျေးကွက် ထဲသို့ ဝင်ရောက်လာရန် ရှိသော်လည်း ခန့်မှန်းချက်များအရ အလုပ်အကိုင်ပေါင်း သန်း ၄၀၀ သာ ရှိမည်ဖြစ်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/28/83312

#အလုပ်အကိုင်
#သန်း_၄၀၀
#လူဦးရေ
#ယှဉ်ပြိုင်ရနိုင်
#ကမ္ဘာ့ဘဏ်
#သတိပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍12
ကုမ္ပဏီအများအပြားက AI agents များကို ပိုမိုအသုံးပြုလာခြင်းနှင့် ကုန်ကျစရိတ်များကို ဆက် တိုက် လျှော့ချလာခြင်းကြောင့် ဆယ်စုနှစ်အနည်းငယ်အတွင်း AI စက်ရုပ်အရေအတွက်သည် အလုပ်လုပ်ကိုင် သူလူဦးရေကို ကျော်လွန်သွားလိမ့်မည်ဖြစ်ကြောင်း Citi ဘဏ်အမှုဆောင်ဟောင်းတဦးက တနင်္လာနေ့ တွင် သတိပေးလိုက်သည်။

ခေါင်းဆောင်များသည် အမြတ်အစွန်းကိုသာ ဦးစားပေးနေကြသဖြင့် လူသားအလုပ်သမားများမှာ နောက် ကောက်ကျကျန်ရစ်တော့မည်ဖြစ်ကြောင်း CNBC ၏ “Squawk Box Europe” အစီအစဉ်တွင် Citi Global Insights ၏ တီထွင်ဆန်းသစ်မှု၊ နည်းပညာနှင့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အကြီးအကဲ ဟောင်း ရောဘတ် ဂါးလစ်က ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/28/83318

#ဆယ်စုနှစ်
#အနည်းငယ်အတွင်း
#AI_စက်ရုပ်
#အလုပ်သမားဦးရေ
#ကျော်လွန်သွားနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍11🔥2
အမေရိကန်စစ်တပ်က အီရန်တွင် “အဓိက တိုက်ခိုက်ရေးစစ်ဆင်ရေးများ” စတင်လိုက်ပြီဖြစ် ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၈ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ရှင်းပါတယ်။ အင်မတန်မှ ဆိုးသွမ်းရက်စက်တဲ့ အီရန်အုပ်စိုးသူ တွေဆီကနေ ကျရောက်လာတော့မယ့် အန္တရာယ်တွေကို အမြစ်ဖြတ်ချေမှုန်းပြီး အမေရိကန်ပြည်သူတွေ ကို ကာကွယ်ဖို့ပါပဲ။”ဟု ထရမ့်က ၎င်း၏ Truth Social အကောင့်ရှိ ဗီဒီယိုသတင်းစကားတွင် ပြောကြား ခဲ့သည်။

အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရန်ကို လေကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း အဆင့်မြင့် အရာရှိတဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက အစောပိုင်းတွင် အတည် ပြုခဲ့ သည်။

အီရန်မြို့တော် တီဟီရမ်တောင်ဘက်ပိုင်းရှိ ဝန်ကြီးဌာနအချို့ တိုက်ခိုက်ခံခဲ့ရကြောင်း အမည်မဖော်လိုသူ အီရန်အရာရှိတဦးက ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/28/83321

#အီရန်
#အမေရိကန်
#အဓိက
#စစ်ဆင်ရေးများ
#စတင်ပြီ
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍12❤3🔥1😁1
မဇ္ဈိမ။ ။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆောင်ရွက်ခဲ့ကြသူများကို “သစ္စာမဲ့သည့် နိုင်ငံ့ဝန်ထမ်း”ဟု အာဏာသိမ်း စစ်ကော်မရှင်၏ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်စောက်၊ကလော၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တွေ့ဆုံရာ၌ ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

CDM ဝန်ထမ်းများကို နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဟု ဒုစစ်ခေါင်းဆောင်က အပြစ်တင်ပြီး စစ်ကော်မရှင်လက်အောက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကိုမူ သစ္စာရှိ နိုင်ငံ့ဝန်ထမ်းကောင်းများဟု သူက ပြောသည်။

Read more: https://bur.mizzima.com/2026/02/28/83331
🤬11🤣3👍1👎1💩1
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် မြို့ပြင်နေရာများကို သတိဖြင့်သွားလာရန် လိုအပ်ကြောင်း မြို့ခံများကပြောသည်။

“ပုဂံကိုလာမယ်ဆိုရင် ဧည့်သည်တွေအနေနဲ့ မြို့ထဲမှာတော့ လုံခြုံမှုတော့ရှိသေးတယ်။ ဒါပေမယ့် သွားမယ်လာမယ်ဆိုရင် ပုဂံကနေ အရှေ့ဘက်အရပ် ပုခုက္ကူ-မြင်းခြံဘက်ထွက်မယ်ဆိုရင် ထွက်လို့မကောင်းဘူး။ သွားမယ်ဆိုရင်တောင် ဂိတ်ဆုံး ကျောက်ဂူဥမင်တောင်မသွားသင့်ဘူး။ အနောက်အရပ်ဆိုရင် လောကနန္ဒာဘုရားကို အစွန်ဆုံးထားပြီးမထွက်သင့်ဘူး။ စေတနာကြီးပုထိုးကစပြီးတော့ လုံခြုံမှုမရှိတော့ဘူး။ အဲ့ဘက်တွေမှာ စကစ ဂိတ်တွေရှိတယ်။ တောင်ဘက်မှာတော့ ကျောက်ပန်းတောင်းလမ်းပဲပွင့်တော့တယ်။ အဲ့ဘက်တလျှောက်လည်း စကစ ဂိတ်တွေပဲများတယ်။ အဓိကလက်ရှိဖြစ်နေတာတော့ အဲ့ဒီပုပ္ပါးဘက်သွားတဲ့ဝန်းကျင်မှာသတင်းပိုထွက်တယ်” ဟု ပုဂံမြို့ဒေသခံတဦးက ပြောသည်။

Read more: https://bur.mizzima.com/2026/02/28/83337
👍13🔥1🥴1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၈ ဖေဖော်ဝါရီ ၂၀၂၆ )

မကွေးတိုင်း၊အထက်မင်းလှမြို့နယ်က စစ်တပ်၏ ရေနံချက်စက်ရုံ နှင့် အမှတ် ၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ ၂) ကို တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက် တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS)က ယနေ့ ထုတ်ပြန်သည်။ Read more: https://bur.mizzima.com/2026/02/28/83340

#ရေနံချက်စက်ရုံ
#SOS
#ကပစ_၂
#မကွေးတိုင်း
#အမျိုးသားညီညွတ်ရေးအစိုးရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
----------------------------------------
👍10❤1🥴1
ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) နံနက်ပိုင်းတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ တိုက်ခိုက်မှုတွင် ခါမေနီအပါအဝင် အီရန် ခေါင်းဆောင်အချို့ကို ပစ်မှတ်ထားခဲ့သော်လည်း ရလဒ်ကို ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း အစ္စရေးတာဝန်ရှိသူတဦးက ပြောကြားသည်။

ဂြိုဟ်တုဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာချက်အရ လုံခြုံရေးတင်းကျပ်ထားသော ယင်းနေအိမ်ဝင်းအတွင်းရှိ အဆောက်အအုံအချို့မှာ ပြင်းထန်စွာ ပျက်စီးသွားကြောင်း တွေ့ရသည်။ အမိုးအချို့ ပြိုကျနေပြီး ယခင်က ကောင်းမွန်စွာရှိခဲ့သော အဆောက်အအုံနေရာများက ပျက်စီးနေသည်ကို မြင်တွေ့ခဲ့ရသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/28/83346

#အီရန်
#ဦးသျှောင်
#ခါမေနီ
#နေအိမ်ဝင်း
#ပျက်စီးနေကြောင်း
#ဂြိုဟ်တုဓာတ်ပုံများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍9❤1👏1🤣1
👎9🤬4