Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမ။ ။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆောင်ရွက်ခဲ့ကြသူများကို “သစ္စာမဲ့သည့် နိုင်ငံ့ဝန်ထမ်း”ဟု အာဏာသိမ်း စစ်ကော်မရှင်၏ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်စောက်၊ကလော၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တွေ့ဆုံရာ၌ ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

CDM ဝန်ထမ်းများကို နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဟု ဒုစစ်ခေါင်းဆောင်က အပြစ်တင်ပြီး စစ်ကော်မရှင်လက်အောက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကိုမူ သစ္စာရှိ နိုင်ငံ့ဝန်ထမ်းကောင်းများဟု သူက ပြောသည်။

Read more: https://bur.mizzima.com/2026/02/28/83331
🤬11🤣3👍1👎1💩1
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် မြို့ပြင်နေရာများကို သတိဖြင့်သွားလာရန် လိုအပ်ကြောင်း မြို့ခံများကပြောသည်။

“ပုဂံကိုလာမယ်ဆိုရင် ဧည့်သည်တွေအနေနဲ့ မြို့ထဲမှာတော့ လုံခြုံမှုတော့ရှိသေးတယ်။ ဒါပေမယ့် သွားမယ်လာမယ်ဆိုရင် ပုဂံကနေ အရှေ့ဘက်အရပ် ပုခုက္ကူ-မြင်းခြံဘက်ထွက်မယ်ဆိုရင် ထွက်လို့မကောင်းဘူး။ သွားမယ်ဆိုရင်တောင် ဂိတ်ဆုံး ကျောက်ဂူဥမင်တောင်မသွားသင့်ဘူး။ အနောက်အရပ်ဆိုရင် လောကနန္ဒာဘုရားကို အစွန်ဆုံးထားပြီးမထွက်သင့်ဘူး။ စေတနာကြီးပုထိုးကစပြီးတော့ လုံခြုံမှုမရှိတော့ဘူး။ အဲ့ဘက်တွေမှာ စကစ ဂိတ်တွေရှိတယ်။ တောင်ဘက်မှာတော့ ကျောက်ပန်းတောင်းလမ်းပဲပွင့်တော့တယ်။ အဲ့ဘက်တလျှောက်လည်း စကစ ဂိတ်တွေပဲများတယ်။ အဓိကလက်ရှိဖြစ်နေတာတော့ အဲ့ဒီပုပ္ပါးဘက်သွားတဲ့ဝန်းကျင်မှာသတင်းပိုထွက်တယ်” ဟု ပုဂံမြို့ဒေသခံတဦးက ပြောသည်။

Read more: https://bur.mizzima.com/2026/02/28/83337
👍13🔥1🥴1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၈ ဖေဖော်ဝါရီ ၂၀၂၆ )

မကွေးတိုင်း၊အထက်မင်းလှမြို့နယ်က စစ်တပ်၏ ရေနံချက်စက်ရုံ နှင့် အမှတ် ၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ ၂) ကို တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက် တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS)က ယနေ့ ထုတ်ပြန်သည်။ Read more: https://bur.mizzima.com/2026/02/28/83340

#ရေနံချက်စက်ရုံ
#SOS
#ကပစ_၂
#မကွေးတိုင်း
#အမျိုးသားညီညွတ်ရေးအစိုးရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
----------------------------------------
👍10❤1🥴1
ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) နံနက်ပိုင်းတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ တိုက်ခိုက်မှုတွင် ခါမေနီအပါအဝင် အီရန် ခေါင်းဆောင်အချို့ကို ပစ်မှတ်ထားခဲ့သော်လည်း ရလဒ်ကို ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း အစ္စရေးတာဝန်ရှိသူတဦးက ပြောကြားသည်။

ဂြိုဟ်တုဓာတ်ပုံများကို ခွဲခြမ်းစိတ်ဖြာချက်အရ လုံခြုံရေးတင်းကျပ်ထားသော ယင်းနေအိမ်ဝင်းအတွင်းရှိ အဆောက်အအုံအချို့မှာ ပြင်းထန်စွာ ပျက်စီးသွားကြောင်း တွေ့ရသည်။ အမိုးအချို့ ပြိုကျနေပြီး ယခင်က ကောင်းမွန်စွာရှိခဲ့သော အဆောက်အအုံနေရာများက ပျက်စီးနေသည်ကို မြင်တွေ့ခဲ့ရသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/28/83346

#အီရန်
#ဦးသျှောင်
#ခါမေနီ
#နေအိမ်ဝင်း
#ပျက်စီးနေကြောင်း
#ဂြိုဟ်တုဓာတ်ပုံများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍9❤1👏1🤣1
👎9🤬4
👎7🤬3
👎6🤬3
👎6🤬3
👎8🤬3