https://www.youtube.com/watch?v=pRoeOfP77CQ
မတ်လ ၁ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

YouTube

ဒီကနေ့နားဆင်ရမယ့်အစီအစဉ်တွေကတော့ ကျိုက်ထို-ရွှေကျင်အစပ်၌ စစ်ကော်မရှင်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်မှုများတဲ့ သတင်းနဲ့အတူ မေတ္တာလင်းမြိုင်တွင် ကျားဖြန့်လုပ်ငန်းခွင်အား ဝင်ရောက်ဖမ်းဆီးမှု နိုင်ငံခြားသား ကျားဖြန့်လုပ်သား ၁၅၀ ကျော် ဖမ်းဆီးရမိဟု…
👍4
၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အစ္စရေး၏ အီရန်စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများနှင့် နျူကလီးယား သိပ္ပံပညာရှင် တဒါဇင်ခန့်ကို လုပ်ကြံသတ်ဖြတ်သည့် စစ်ဆင်ရေးများ၌ မော့ဆက်နှင့် အစ္စရေးကာကွယ် ရေးတပ်ဖွဲ့ (IDF) ၏ စစ်ဘက်ထောက်လှမ်းရေးတို့သည် ဦးဆောင်ကဏ္ဍမှ ပါဝင်ခဲ့သည်။
အီရန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင်လည်း အမှန် တကယ် ဗုံးကြဲတိုက်ခိုက်သူများမှာ အစ္စရေးလေတပ်မှ လေသူရဲများ ဖြစ်ကြသော်လည်း မော့ဆက်သည် မဟာဗျူဟာမြောက် နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83363
#အီရန်
#အစ္စရေး_အမေရိကန်
#မော့ဆက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

👍9
အီရန်ဦးသျှောင် အယာတိုလာ အလီခါမေနီသည် တီဟီရန်မြို့အား အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးကာ ၎င်း၏ရုပ်အလောင်းကို ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် အပျက်အစီးများအောက်တွင် တွေ့ရှိခဲ့ရကြောင်း အစ္စရေးအဆင့်မြင့်အရာရှိများက စနေနေ့ (ဖေဖော်ဝါရီ ၂၈) ညနေပိုင်းတွင် ကြားသိခဲ့ရသည်ဟု ဆိုသည်။
အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုများအတွင်း ခါမေနီ၏ သမီး၊ မြေး၊ ချွေးမနှင့် သမက်တို့လည်း သေဆုံးသွားခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ခါမေနီသည် စနေနေ့တွင် သေဆုံးသွားပြီဟု ယုံကြည်ကြောင်း လူမှုကွန်ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ထရမ့်က ခါမေနီအား "သမိုင်းတလျှောက် အယုတ်မာဆုံးပုဂ္ဂိုလ်များထဲမှ တဦး" ဟု ခေါ်ဆိုလိုက်ပြီး၊ ၎င်းသေဆုံးမှုသည် အီရန်အတွက်သာမက အမေရိကန်များနှင့် ကမ္ဘာ့နိုင်ငံအများအပြားရှိ လူများအတွက် တရားမျှတမှု" ပြန်ရရှိခြင်းဖြစ်သည်ဟု ပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83366
#အီရန်
#နိုင်ငံပိုင်မီဒီယာများ
#အယာတိုလာအလီခါမေနီ

👍14👏4❤2
အီရန်ဒုတိယသမ္မတ မိုဟာမက် ရေဇာ အာရက်ဖ်က စစ်မက်ကာလအတွင်း နိုင်ငံကို ဦးဆောင်သွားမည့် အစီအစဉ်များကို တာဝန်ရှိအရာရှိများအား အသိပေးခဲ့သည်ဟု အီရန်ကျောင်းသားများသတင်းအေဂျင်စီ (ISNA) က စနေနေ့နှောင်းပိုင်းတွင် လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ခဲ့သည်။
သို့သော် သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် အနေဖြင့် သမ္မတတာဝန်များကို ထမ်းဆောင်နိုင်စွမ်း ရှိ၊ မရှိ နှင့် ပတ်သက်၍ တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။
စနေနေ့ အစောပိုင်းတွင် သမ္မတ ပီဇက်ရှ်ကီယန်၏ ရုံးခန်းများရှိရာ တီဟီရန်မြို့ပတ်ဝန်းကျင်ရှိ လမ်းများကို လုံခြုံရေးတပ်ဖွဲ့များက ပိတ်ဆို့ထားကြောင်း မျက်မြင်သက်သေများက ပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83369
#အီရန်ဒုသမ္မတ
#စစ်ပွဲ
#ပီဇက်ရှ်ကီယန်

👍9❤1🔥1
https://www.youtube.com/watch?v=gN6A48czDwE
Israelis in Tel Aviv take shelter from Iranian missiles

As Iranian missiles fly towards Tel Aviv in retaliation for a US-Israeli attack across Iran, locals react with nonchalance and support for their government's strikes as they take shelter in an underground…

🔥2
https://www.youtube.com/watch?v=TqBpo8UnXs0
ခါမေနီ သေဆုံးသည့် သတင်းကြောင့် အီရန်ပြည်သူများ ပျော်ရွှင်စွာ အောင်ပွဲခံ

Video - အီရန်ပြည်သူများက သီချင်းများ အကျယ်ကြီး ဖွင့်ကြပြီး လမ်းများပေါ် ဟစ်အော်ကြွေးကြော်ကာ လက်ခုပ်လက်ဝါးများ တီးကြ၊၊ ကားဟွန်းများ တီးကြဖြင့် အလွန်တရာ အားရကျေနပ်လျက် ရှိနေကြသည်ကို တယ်လီဂရမ်ပေါ်မှ ဗီဒီယိုများတွင် မြင်တွေ့ရသည်။
AFP
အီရန် ဦးသျှောင် အယာတိုလာ…
AFP
အီရန် ဦးသျှောင် အယာတိုလာ…
👍10❤1
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "သမိုင်းတလျှောက် အဆိုးယုတ်ဆုံး လူသားတွေထဲက လူတဦးဖြစ်တဲ့ ခါမေနီ သေဆုံးပြီ" ဟု ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
သမ္မတ ထရမ့် ပို့စ် မတင်မီကပင် ည ၁၁ နာရီကျော်ခန့်၌ ခါမေနီ သေဆုံးသည့် သတင်း ထွက်ပေါ်လာကတည်းက အီရန်ပြည်သူများမှာ ပျော်ရွှင်အော်ဟစ်ကြပြီး အောင်ပွဲခံကြခြင်း ဖြစ်သည်။
အီရန်တွင် ပြီးခဲ့သည့်လအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အစိုးရက အသက်သေဆုံးသည်အထိ အကြမ်းဖက် ဖြိုခွင်းခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83372

👍11❤4
အမေရိကန်က အီရန်ကို မတိုက်ခိုက်မီတွင် သမ္မတ ဒေါ်နယ်ထရမ့်က အစီရင်ခံစာများရရှိခဲ့ပြီး၊ ယင်းတို့တွင် အမေရိကန်ဘက်မှ အသေအပျောက်များနိုင်သည့် အန္တရာယ်ကို ပွင့်ပွင့်လင်းလင်း သုံးသပ်တင်ပြထားရုံသာမက၊ အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အကျိုးစီးပွားအတွက် အသာစီးရစေမည့် ပထဝီနိုင်ငံရေးအလှည့်အပြောင်းများ ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြထားကြောင်း အမေရိကန်အရာရှိတဦး က ပြောကြားလိုက်သည်။
ပင်တဂွန်စစ်ဌာနချုပ်က ‘အော်ပရေးရှင်း အီပစ်ဖြူရီ’ ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို စနေနေ့တွင် စတင်လိုက်ခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသသည် ခန့်မှန်းရခက်သော ပဋိပက္ခသစ်တခုအတွင်း ကျရောက်သွားခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83375
#ထရမ့်
#အီရန်စစ်ပွဲ
#အကျိုးအမြတ်

👍12❤1
အီရန်မိဘများသည် စနေနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်ပိုင်းက ၎င်းတို့၏ကလေးများကို ကျောင်းသို့ပို့ဆောင်ပြီးခါစမှာပင် နိုင်ငံတဝန်း အမေရိကန်နှင့် အစ္စရေး ပူးတွဲတိုက်ခိုက်မှုများ စတင်လာသဖြင့် ကျောင်းတံခါးဝများဆီသို့ အလုအယက် ပြန်လည်ပြေးလွှားခဲ့ကြရသည်။
သို့သော် မူလတန်းကျောင်းတခုသို့ မိဘများရောက်ရှိသွားချိန်တွင် ပျက်စီးဆုံးရှုံးမှုများကိုသာ တွေ့ရှိခဲ့ရကြောင်း အီရန်အစိုးရထိန်းချုပ်ထားသော မီဒီယာများက ဖော်ပြသည်။ အီရန်တောင်ပိုင်း မီနပ်မြို့ရှိ ရှာဂျာရီ တေယီဘေး (Shajareh Tayyebeh) မိန်းကလေးကျောင်း ဗုံးကြဲခံရမှုအတွင်း အနည်းဆုံး ကလေးငယ် ၁၀၀ သေဆုံးခဲ့ပြီး အခြားကလေးငယ် ဒါဇင်နှင့်ချီ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Mizan သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါကျောင်းသည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်များ၏ စစ်တန်းလျားများနှင့် ကပ်လျက်တည်ရှိနေပုံရသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83378
#ဗုံးကြဲခံရမှု
#အီရန်
#မိန်းကလေးမူလတန်းကျောင်း

👍8❤3😢3
မဇ္ဈိမ။ ။ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် အပါအဝင် အချက် ၁၃ ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထုတ်ပြန်သည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၈ ရက်)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ဒုတိယဗဟိုကော်မတီသည် ကြားကာလ သတ္တမအကြိမ်မြောက် အစည်းအဝေးကို Zoom Online Platform မှတဆင့် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်သည့်အတွက် မတရားဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို စီမံချက်ဖြင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/01/83383

❤11