Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
❤3
❤5
❤4
၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အစ္စရေး၏ အီရန်စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးများနှင့် နျူကလီးယား သိပ္ပံပညာရှင် တဒါဇင်ခန့်ကို လုပ်ကြံသတ်ဖြတ်သည့် စစ်ဆင်ရေးများ၌ မော့ဆက်နှင့် အစ္စရေးကာကွယ် ရေးတပ်ဖွဲ့ (IDF) ၏ စစ်ဘက်ထောက်လှမ်းရေးတို့သည် ဦးဆောင်ကဏ္ဍမှ ပါဝင်ခဲ့သည်။

အီရန်၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင်လည်း အမှန် တကယ် ဗုံးကြဲတိုက်ခိုက်သူများမှာ အစ္စရေးလေတပ်မှ လေသူရဲများ ဖြစ်ကြသော်လည်း မော့ဆက်သည် မဟာဗျူဟာမြောက် နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83363

#အီရန်
#အစ္စရေး_အမေရိကန်
#မော့ဆက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9
အီရန်ဦးသျှောင် အယာတိုလာ အလီခါမေနီသည် တီဟီရန်မြို့အား အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးကာ ၎င်း၏ရုပ်အလောင်းကို ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် အပျက်အစီးများအောက်တွင် တွေ့ရှိခဲ့ရကြောင်း အစ္စရေးအဆင့်မြင့်အရာရှိများက စနေနေ့ (ဖေဖော်ဝါရီ ၂၈) ညနေပိုင်းတွင် ကြားသိခဲ့ရသည်ဟု ဆိုသည်။

အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုများအတွင်း ခါမေနီ၏ သမီး၊ မြေး၊ ချွေးမနှင့် သမက်တို့လည်း သေဆုံးသွားခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ခါမေနီသည် စနေနေ့တွင် သေဆုံးသွားပြီဟု ယုံကြည်ကြောင်း လူမှုကွန်ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ထရမ့်က ခါမေနီအား "သမိုင်းတလျှောက် အယုတ်မာဆုံးပုဂ္ဂိုလ်များထဲမှ တဦး" ဟု ခေါ်ဆိုလိုက်ပြီး၊ ၎င်းသေဆုံးမှုသည် အီရန်အတွက်သာမက အမေရိကန်များနှင့် ကမ္ဘာ့နိုင်ငံအများအပြားရှိ လူများအတွက် တရားမျှတမှု" ပြန်ရရှိခြင်းဖြစ်သည်ဟု ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83366

#အီရန်
#နိုင်ငံပိုင်မီဒီယာများ
#အယာတိုလာအလီခါမေနီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14👏4❤2
အီရန်ဒုတိယသမ္မတ မိုဟာမက် ရေဇာ အာရက်ဖ်က စစ်မက်ကာလအတွင်း နိုင်ငံကို ဦးဆောင်သွားမည့် အစီအစဉ်များကို တာဝန်ရှိအရာရှိများအား အသိပေးခဲ့သည်ဟု အီရန်ကျောင်းသားများသတင်းအေဂျင်စီ (ISNA) က စနေနေ့နှောင်းပိုင်းတွင် လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ခဲ့သည်။

သို့သော် သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် အနေဖြင့် သမ္မတတာဝန်များကို ထမ်းဆောင်နိုင်စွမ်း ရှိ၊ မရှိ နှင့် ပတ်သက်၍ တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။

စနေနေ့ အစောပိုင်းတွင် သမ္မတ ပီဇက်ရှ်ကီယန်၏ ရုံးခန်းများရှိရာ တီဟီရန်မြို့ပတ်ဝန်းကျင်ရှိ လမ်းများကို လုံခြုံရေးတပ်ဖွဲ့များက ပိတ်ဆို့ထားကြောင်း မျက်မြင်သက်သေများက ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83369

#အီရန်ဒုသမ္မတ
#စစ်ပွဲ
#ပီဇက်ရှ်ကီယန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9❤1🔥1
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က "သမိုင်းတလျှောက် အဆိုးယုတ်ဆုံး လူသားတွေထဲက လူတဦးဖြစ်တဲ့ ခါမေနီ သေဆုံးပြီ" ဟု ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

သမ္မတ ထရမ့် ပို့စ် မတင်မီကပင် ည ၁၁ နာရီကျော်ခန့်၌ ခါမေနီ သေဆုံးသည့် သတင်း ထွက်ပေါ်လာကတည်းက အီရန်ပြည်သူများမှာ ပျော်ရွှင်အော်ဟစ်ကြပြီး အောင်ပွဲခံကြခြင်း ဖြစ်သည်။
အီရန်တွင် ပြီးခဲ့သည့်လအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အစိုးရက အသက်သေဆုံးသည်အထိ အကြမ်းဖက် ဖြိုခွင်းခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83372
👍11❤4
အမေရိကန်က အီရန်ကို မတိုက်ခိုက်မီတွင် သမ္မတ ဒေါ်နယ်ထရမ့်က အစီရင်ခံစာများရရှိခဲ့ပြီး၊ ယင်းတို့တွင် အမေရိကန်ဘက်မှ အသေအပျောက်များနိုင်သည့် အန္တရာယ်ကို ပွင့်ပွင့်လင်းလင်း သုံးသပ်တင်ပြထားရုံသာမက၊ အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အကျိုးစီးပွားအတွက် အသာစီးရစေမည့် ပထဝီနိုင်ငံရေးအလှည့်အပြောင်းများ ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြထားကြောင်း အမေရိကန်အရာရှိတဦး က ပြောကြားလိုက်သည်။

ပင်တဂွန်စစ်ဌာနချုပ်က ‘အော်ပရေးရှင်း အီပစ်ဖြူရီ’ ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို စနေနေ့တွင် စတင်လိုက်ခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသသည် ခန့်မှန်းရခက်သော ပဋိပက္ခသစ်တခုအတွင်း ကျရောက်သွားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83375

#ထရမ့်
#အီရန်စစ်ပွဲ
#အကျိုးအမြတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤1
အီရန်မိဘများသည် စနေနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်ပိုင်းက ၎င်းတို့၏ကလေးများကို ကျောင်းသို့ပို့ဆောင်ပြီးခါစမှာပင် နိုင်ငံတဝန်း အမေရိကန်နှင့် အစ္စရေး ပူးတွဲတိုက်ခိုက်မှုများ စတင်လာသဖြင့် ကျောင်းတံခါးဝများဆီသို့ အလုအယက် ပြန်လည်ပြေးလွှားခဲ့ကြရသည်။

သို့သော် မူလတန်းကျောင်းတခုသို့ မိဘများရောက်ရှိသွားချိန်တွင် ပျက်စီးဆုံးရှုံးမှုများကိုသာ တွေ့ရှိခဲ့ရကြောင်း အီရန်အစိုးရထိန်းချုပ်ထားသော မီဒီယာများက ဖော်ပြသည်။ အီရန်တောင်ပိုင်း မီနပ်မြို့ရှိ ရှာဂျာရီ တေယီဘေး (Shajareh Tayyebeh) မိန်းကလေးကျောင်း ဗုံးကြဲခံရမှုအတွင်း အနည်းဆုံး ကလေးငယ် ၁၀၀ သေဆုံးခဲ့ပြီး အခြားကလေးငယ် ဒါဇင်နှင့်ချီ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Mizan သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါကျောင်းသည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်များ၏ စစ်တန်းလျားများနှင့် ကပ်လျက်တည်ရှိနေပုံရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83378

#ဗုံးကြဲခံရမှု
#အီရန်
#မိန်းကလေးမူလတန်းကျောင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤3😢3
မဇ္ဈိမ။ ။ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် အပါအဝင် အချက် ၁၃ ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထုတ်ပြန်သည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၈ ရက်)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ဒုတိယဗဟိုကော်မတီသည် ကြားကာလ သတ္တမအကြိမ်မြောက် အစည်းအဝေးကို Zoom Online Platform မှတဆင့် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်သည့်အတွက် မတရားဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို စီမံချက်ဖြင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/01/83383
❤11
"သူ (ခါမေနီ) သေဆုံးမှုနဲ့အတူ အစ္စလာမ္မစ်သမ္မတနိုင်ငံဟာလည်း အမှန်တကယ် အဆုံးသတ်သွားပါပြီ။ မကြာခင်မှာ သမိုင်းရဲ့အမှိုက်ပုံးထဲကို ရောက်ရှိသွားတော့မှာဖြစ်ပါတယ်" ဟု ရီဇာပါလဗီက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

"စစ်တပ်၊ လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြောချင်တာကတော့ ပြိုလဲနေတဲ့ အုပ်ချုပ်ရေးယန္တရားကို ထောက်ကန်ဖို့ ကြိုးစားတဲ့ ဘယ်လိုအားထုတ်မှုမျိုးမဆို ကျရှုံးဖို့ပဲ ရှိပါတယ်" ဟု ပါလဗီက ဆိုသည်။

ပါလဗီသည် The Washington Post သတင်းစာတွင် အတွေးအမြင်ဆောင်းပါးတပုဒ် ရေးသားခဲ့ပြီး ထိုဆောင်းပါး၌ တိုက်ခိုက်မှုအတွက် သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ရှိကြောင်းနှင့် အီရန်နိုင်ငံသစ်သို့ ကူးပြောင်းရာတွင် ၎င်းအနေဖြင့် ဦးဆောင်ရန် အသင့်ရှိကြောင်း ပြောကြားထားသည်။

"အီရန်ပြည်သူအများအပြားဟာ သေနတ်ကျည်ဆန်တွေကို ရင်ဆိုင်နေရတဲ့ကြားကပဲ ဒီအသွင်ကူးပြောင်းရေးကို ဦးဆောင်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့ကြပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိကို ကျွန်တော် အံ့ဩလေးစားမိသလို သူတို့ရဲ့ တောင်းဆိုမှုကိုလည်း ကျွန်တော် လက်ခံထားပါတယ်" ဟု ပါလဗီက ရေးသားထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83386
❤7👍3
၂၀၂၅ ဇွန်လအတွင်းက ရရှိခဲ့သည့် လေကြောင်းစိုးမိုးမှုကို ဆက်လက် ထိန်းထားနိုင်အောင် အစ္စရေးစစ်တပ်က အီရန််ဘက်မှ ဒုံးကျည်တပ်ရင်းတပ်ဖွဲ့များ ပြန်လည် မပစ်ခတ်နိုင်မီ ချေမှုန်းဖျက်ဆီးပစ်နိုင်ရေးအတွက် ပစ်ခတ်လာနိုင်သော နေရာများအနှံ့ ဒရုန်းများနှင့် လေယာဉ်များ ကင်းထောက်ပျံဝဲလျက် ရှိသည်။

တိုက်ခိုက်ခံရသည့် အီရန််ပစ်မှတ်များတွင် ပေါက်ကွဲရေးပစ္စည်း ကီလိုဂရမ် ရာနှင့်ချီ ရှိသည့် ဒုံးကျည်ပစ်လွှတ်စခန်းတခု ပါဝင်ကြောင်း IDF က ဆိုသည်။ ထို စခန်းမှာ အီရန်အလယ်ပိုင်း ကုမ်ဒေသတွင် တည်ရှိပြီး၊ ၎င်းကို ဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် "အစ္စရေးနိုင်ငံပိုင်နက်အတွင်းသို့ ဒုံးကျည်များ ဒါဇင်နှင့်ချီ၍ အကြိမ်ပေါင်းများစွာ ပစ်လွှတ်မည့်အရေးကို ဟန့်တားနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83381

#လေယာဉ်
#အီရန်
#အစ္စရေးလေတပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် ထွက်ပေါ်လာသော ထောက်လှမ်းရေးသတင်းများအရ တိုက်ခိုက်မှုများ မစတင်မီလေးတွင် တရုတ်က အီရန်သို့ "အသေခံဒရုန်းများ" နှင့် လေကြောင်းရန်ကာကွယ်ရေး စနစ်များကို ပေးပို့ခဲ့သည်။

တရုတ်သည် အီရန်အား ဒုံးကျည်အစီအစဉ်များ ကူညီပေးနေသည့်အပြင် ကြားဖြတ်ဟန့်တားရန် ခက်ခဲပြီး ဒေသတွင်း အင်အားချိန်ခွင်လျှာကို အလှည့်အပြောင်းဖြစ်စေနိုင်သည့် CM-302 အသံထက်မြန်သော သင်္ဘောဖျက်ဒုံးကျည်များ ပံ့ပိုးပေးနိုင်ရေးအတွက်လည်း တရုတ်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

သံတမန်ရေးလမ်းကြောင်းများမှတဆင့် ယင်းတိုက်ခိုက်မှုကို မတားဆီးနိုင်ခြင်းသည် မိမိ၏ မဟာမိတ်များကို အကာအကွယ်ပေးနိုင်စွမ်းရှိသော "အင်အားကြီးနိုင်ငံ" ဆိုသည့် တရုတ်၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83391

#အမေရိကန်
#အီရန်
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥5❤2🤬1💩1
အီရန်က ပိတ်ဆို့အရေးယူမှုများအောက်မှပင် အရေးပါသော ရေနံတင်ပို့သူအဖြစ် ရှိနေဆဲဖြစ်သည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က ဆိုသည်။ အမေရိကန်က ရေနံတင်ပို့မှုကို ပိတ်ပင်ရန် ကြိုးပမ်းနေသည့်ကြားမှပင် ဒီဇင်ဘာလအထိ တရက်လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၉ သန်းခန့်အထိ အီရန်က တင်ပို့နိုင်ခဲ့သည်။

နိုင်ငံရေးအန္တရာယ်ဆိုင်ရာ အကြံပေးလုပ်ငန်း 3TEN32 Associates မှ ရက်ဒ်အယ်ကာဒီရီကမူ ရေနံဈေးကွက်အတွက် စိုးရိမ်နေရသည့် အဓိကအကြောင်းရင်းက အမေရိကန် တိုက်ခိုက်မှုအပေါ် အီရန်က မည်သို့ တုံ့ပြန်မည်နည်းဆိုသည့် အချက်ပဲဟု ပြောသည်။

အဆိုးရွားဆုံး အခြေအနေမှာ အီရန်က ၎င်း၏ အိမ်နီးချင်းနိုင်ငံများကို တုံ့ပြန်တိုက်ခိုက်ခြင်း ဖြစ်လိမ့်မည်ဟု ဟက်ဖ်က ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83396

#အမေရိကန်
#အီရန်
#ကမ္ဘာ့ရေနံဈေးကွက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7🥱3👍1
အမေရိကန်နှင့် အစ္စရေးတို့၏ ကနဦး တိုက်ခိုက်မှုများအပြီး နာရီပိုင်းအတွင်းမှာပင် ရုရှားနှင့် တရုတ်တို့က အီရန်ဘက်မှ ရပ်တည်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပြီး ကနေဒါ၊ သြစတြေးလျနှင့် ယူကရိန်းတို့က အမေရိကန်နှင့် အစ္စရေးတို့ဘက်မှ ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည်။ အခြားသော ကမ္ဘာ့ခေါင်းဆောင် အများအပြားက နှစ်ဖက်စလုံးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်နှင့် စစ်ရှိန်လျှော့ချကြရန် တိုက်တွန်းခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရမည်" ဟု X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက "ကနေဒါရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ အရှေ့အလယ်ပိုင်းတခွင် မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေရဲ့ အဓိကအရင်းအမြစ် ဖြစ်ပါတယ်။ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ ရှိနေတဲ့အပြင် သူတို့ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် ဒါမှမဟုတ် ထုတ်လုပ်ခွင့် ဘယ်တော့မှ မပေးသင့်ပါဘူး" ဟု ပြောသည်။ Read more: https://bur.mizzima.com/2026/03/01/83399
👍17❤2
မဇ္ဈိမ။ ။ တော်လှန်ရေးအင်အားစုများကို သတင်းအချက်အလက် စစ်ဆင်ရေးလုပ်ရန်အတွက် စစ်ဗိုလ်ချုပ်များ ဦးဆောင်သည့် အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြသည်။

အဆိုပါအဖွဲ့ကို “သတင်းလွှာ (Information Sheet) ထုတ်ပြန်ရေးနှင့် တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့” ဟု အမည်ပေးထား၍ စစ်ကော်မရှင်က ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင် လက်အောက်ခံ ကာကွယ်ရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး စစ်ကော်မရှင်တပ် ဒုတိယလေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ်စိုးညွန့်က အတွင်းရေးမှူး၊ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် ဝင်းဗိုလ်က တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

Read more: https://bur.mizzima.com/2026/03/01/83404
💩6👍2👎1