Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ခါမေနီကို သတ်ဖြတ်ခြင်းသည် "မွတ်စလင်များအပေါ် စစ်ကြေညာခြင်း" ဖြစ်ကြောင်း အီရန်သမ္မတ မာဆုဒ်ပီဇက်ရှ်ကီယန်က ပြောကြားလိုက်ပြီး "ဒီသမိုင်းဝင် ရာဇဝတ်မှုကို ကျူးလွန်သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ကလဲ့စားချေဖို့ဟာ အီရန်ရဲ့ တရားဝင် တာဝန်နဲ့ အခွင့်အရေးဖြစ်တယ်လို့ မှတ်ယူပါတယ်" ဟု သတိပေးခဲ့သည်။

အီရန်အမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲ အလီလာရီဂျာနီက "မနေ့က အီရန်ဟာ အမေရိကန်နဲ့ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်၊ သူတို့ တကယ်ပဲ အထိနာသွားတယ်။ ဒီနေ့မှာတော့ သူတို့တခါမှ မကြုံဖူးသေးတဲ့ အင်အားမျိုးနဲ့ ကျွန်တော်တို့က ထပ်မံတိုက်ခိုက်သွားမှာပါ" ဟု သမ္မတထရမ့်၏ ရေးသားပုံစတိုင်နှင့် လေသံအတိုင်း တုပကာ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83427

#အီရန်
#ခါမေနီ
#လုပ်ကြံခံရမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁14🔥1🤣1
ထိုင်းတွင် ဘန်ကောက်မြို့အပါအဝင် ပြည်နယ် ၆၂ ခုတွင် ယခုသီတင်းပတ် အင်္ဂါနေ့မှ သောကြာနေ့ အထိ မိုးသက်မုန်တိုင်းကျခြင်း၊ လေပြင်းတိုက်ခိုက်ခြင်း၊ အချို့ဒေသများတွင် မိုးသီးကြွေခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ဒေသခံများ ကြိုတင်ပြင် ဆင်ထားကြရန် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအထက်ပိုင်းတွင် နွေရာသီမုန်တိုင်းများကျရောက်နိုင်ကြောင်း မိုးလေဝသဌာန၏ အကြံပြုချက် အပြီးတွင် ဗဟိုသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ချရေးဌာန (CDPMC) က ယခုသတိပေး ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/01/83430

#ထိုင်း
#မုန်တိုင်းသတိပေးချက်
#နွေရာသီမုန်တိုင်းများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤1
မဇ္ဈိမ။ ။ လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေး ပေးမည်ဟု စစ်ကော်မရှင်ထိန်းချုပ် MRTV က ယနေ့ (မတ်လ ၁ ရက်) ညနေပိုင်းတွင် ထုတ်ပြန်သည်။

အမှုထမ်းသက်အပေါ်မူတည်၍ တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးကို လစဉ်ပေးအပ်သွားမည်ဖြစ်ပြီး ထိုသို့ ပေးအပ်ခြင်းသည် မတ်လ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမှုထမ်းသက် ၁၀ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၁၀ နှစ်နှင့် အထက် ရှိသူများကို လစဉ် ၃၀,၀၀၀ ကျပ်၊ အမှုထမ်းသက် ၁၅ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၁၅ နှစ်နှင့် အထက်ရှိသူများကို လစဉ် ၅၀,၀၀၀ ကျပ်နှင့် အမှုထမ်းသက် ၂၀ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၂၀ နှစ်နှင့် အထက်ရှိသူများကို လစဉ် ၁၀၀,၀၀၀ ကျပ် ပေးအပ်မည်ဟု ဖော်ပြသည်။ Read more: https://bur.mizzima.com/2026/03/01/83433
😁14❤4👍1👎1
👍4
👍4
👍4
👍3
👍3
👍3
❤4
ပရီးမီးယားလိဂ် - ပဲလေ့စ်ကို အနိုင်ယူပြီး အဆင့် ၃ ရောက်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၂-၁ ခရစ္စတယ်ပဲလေ့စ်
ဘရူနိုဖာနန်ဒက်စ် ၅၇’ (P) ⚽️ လာခရွိုက်စ် ၄’၊ ၅၆’ 🟥
ဆက်စ်ကို ၆၅’

ယူနိုတက်တို့ဟာ တယောက်လျော့ ပဲလေ့စ်ကို အနိုင်ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာကို တက်လှမ်းလာခဲ့ပါတယ်။ မိုက်ကယ်ကာရစ်ကတော့ ယူနိုက်တက်နည်းပြအဖြစ် ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကို ဆက်ထိန်းထားပါတယ်။

တခြားပွဲရလဒ်များ
ဖူလ်ဟမ် ၂-၁ စပါး
ဘရိုက်တန် ၂-၁ နော်တင်ဟမ်
(Photos: EPA/EPL)
❤6👍3
👍2
👍2
👍2
👍2
👍2