Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမ။ ။ လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေး ပေးမည်ဟု စစ်ကော်မရှင်ထိန်းချုပ် MRTV က ယနေ့ (မတ်လ ၁ ရက်) ညနေပိုင်းတွင် ထုတ်ပြန်သည်။

အမှုထမ်းသက်အပေါ်မူတည်၍ တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးကို လစဉ်ပေးအပ်သွားမည်ဖြစ်ပြီး ထိုသို့ ပေးအပ်ခြင်းသည် မတ်လ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမှုထမ်းသက် ၁၀ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၁၀ နှစ်နှင့် အထက် ရှိသူများကို လစဉ် ၃၀,၀၀၀ ကျပ်၊ အမှုထမ်းသက် ၁၅ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၁၅ နှစ်နှင့် အထက်ရှိသူများကို လစဉ် ၅၀,၀၀၀ ကျပ်နှင့် အမှုထမ်းသက် ၂၀ နှစ်ပြည့်မြောက်သည့် အမှုထမ်းသက် ၂၀ နှစ်နှင့် အထက်ရှိသူများကို လစဉ် ၁၀၀,၀၀၀ ကျပ် ပေးအပ်မည်ဟု ဖော်ပြသည်။ Read more: https://bur.mizzima.com/2026/03/01/83433
😁14❤4👍1👎1
👍4
👍4
👍4
👍3
👍3
👍3
❤4
ပရီးမီးယားလိဂ် - ပဲလေ့စ်ကို အနိုင်ယူပြီး အဆင့် ၃ ရောက်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၂-၁ ခရစ္စတယ်ပဲလေ့စ်
ဘရူနိုဖာနန်ဒက်စ် ၅၇’ (P) ⚽️ လာခရွိုက်စ် ၄’၊ ၅၆’ 🟥
ဆက်စ်ကို ၆၅’

ယူနိုတက်တို့ဟာ တယောက်လျော့ ပဲလေ့စ်ကို အနိုင်ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာကို တက်လှမ်းလာခဲ့ပါတယ်။ မိုက်ကယ်ကာရစ်ကတော့ ယူနိုက်တက်နည်းပြအဖြစ် ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကို ဆက်ထိန်းထားပါတယ်။

တခြားပွဲရလဒ်များ
ဖူလ်ဟမ် ၂-၁ စပါး
ဘရိုက်တန် ၂-၁ နော်တင်ဟမ်
(Photos: EPA/EPL)
❤6👍3
👍2
👍2
👍2
👍2
👍2
👍2
👍2
👍2