Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သို့သော် ဆိုရှယ်မီဒီယာပေါ်တွင်တင်ခဲ့သော ဗွီဒီယိုတွင် သူက “ကျွန်တော်တို့ အီရန်အပေါ်ကနဦးတိုက်ခိုက်မှုတွေမှာ မပါဝင်ခဲ့သလို အခုလည်းထိုးစစ်မှာပါဝင်မှာ မဟုတ်ပါဘူး” ဟု ပြောကြားသွားခဲ့သည်။

“ဒီလို အထူးကန့်သတ်ကာကွယ်ရေးလုပ်ငန်းအတွက် ဗြိတိသျှအခြေစိုက်စခန်းတွေကိုအသုံးပြုခွင့်ပေးဖို့ အမေရိကန်က မေတ္တာရပ်ခံလာပါတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့ပြီး နေရာအတိအကျကိုတော့ အသေးစိတ် ပြောကြားသွားခြင်းမရှိပါ။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83486

#အီရန်
#အမေရိကန်
#ယူကေအခြေစိုက်စခန်းများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9
“ဗင်နီဇွဲလားနိုင်ငံကို ကျွန်မရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်မှာပါ” ဟု မာချာဒို က သူ့ဆိုရှယ်မီဒီယာအကောင့်တွင် ဗွီဒီယိုတင် ပြောကြားထားသည်။

မာချာဒိုသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်မရဘဲ ပိတ်ပင်ခံခဲ့ရသည်။ မာဒူရို က ရွေးကောက်ပွဲတွင် သူအနိုင်ရကြောင်း အငြင်းပွားဖွယ်ပြောဆိုပြီးနောက် သူ့အပေါ် ဖိနှိပ်မှုများ တရစ်ပြီးတရစ် တိုးလာကာ နိုင်ငံတွင်းတွင် တနှစ်ကျော် ပုန်းအောင်းနေထိုင်ခဲ့ရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83489

#ဗင်နီဇွဲလား
#မာချာဒို
#အတိုက်အခံခေါင်းဆောင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14❤1
အီရန်အပေါ် ပစ်မှတ်ထားသည့် 'Operation Epic Fury' စစ်ဆင်ရေးအတွင်း အမေရိကန်စစ်သား သုံးဦး သေဆုံးပြီး အခြားစစ်သားငါးဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရကြောင်း အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) က မတ်လ ၁ ရက် ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

အမေရိကန်တပ်ဖွဲ့များသည် ယီမင်နိုင်ငံတွင် အီရန်ကျောထောက်နောက်ခံပြု ဟူသီ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး အဓိက တိုက်ခိုက်ရေး စစ်ဆင်ရေးများ ဆက်ရှိနေကြောင်းလည်း ယင်းကြေညာချက်တွင် အတည်ပြုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83492

#Operation_Epic_Fury
#အမေရိကန်စစ်သား
#စစ်ဆင်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10😢1
အမေရိကန်နှင့် အစ္စရေးတိုက်လေယာဉ်များသည် ပဲ့ထိန်းဒုံးကျည်စခန်းများ၊ ဒုံးပစ်စင်များနှင့် လက်နက်ထုတ်လုပ်ရေးစက်ရုံ ရာပေါင်းများစွာကို တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် အီရန်အစိုးရအနေဖြင့် ဒုံးကျည်များ၊ ဒရုန်းများနှင့် ခရုဇ်ဒုံးကျည်များကို ထပ်မံထုတ်လုပ်နိုင်စွမ်း မရှိတော့ကြောင်းလည်း ဆိုကြသည်။

သို့သော် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် တနင်္ဂနွေနေ့တနေ့လုံးအထိ ပြင်းထန်နေဆဲဖြစ်ပြီး၊ ဆက်လက်ပြင်းထန်နေဦးမည့်ပုံရှိနေပြီး၊ ဂျေရုဆလင်မြို့ပြင်ရှိ ဘစ်ရှီးမက်ရှ်မြို့မှ အဆောက်အအုံတခုကို တိုက်ရိုက်ထိမှန်ခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83495

#အစ္စရေး
#အမေရိကန်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤1🔥1👏1
ခါမေနီသည် ၁၉၈၁ ခုနှစ် လုပ်ကြံခံရမှုတွင် သေလုနီးပါးဖြစ်ခဲ့ကာ ညာလက်မှာ ထာဝရ သုံးမရဖြစ်သွားခဲ့သည်။ ခါမေနီသည် လူထုရှေ့ထွက်သည့် အခါတိုင်းတွင် သူ၏လက်ကို ဝတ်ရုံထဲ၌ တဝက်တပျက် ဝှက်ထားကာ မလှုပ်မယှက် ထားလေ့ရှိသည်။ သို့မဟုတ်ပါက အသုံးမဝင်တော့သည့်အတိုင်း သူ၏ ပေါင်ပေါ်၌ တင်ထားတတ်သည်။

အီရန်ခေါင်းဆောင်အဖြစ် ဆယ်စုနှစ် သုံးခုကျော် အုပ်ချုပ်စဉ်အတွင်း ခါမေနီသည် စင်ပြိုင်အစိုးရတရပ်ကို တည်ဆောက်ခဲ့သည်။ ၎င်းမှာ အီရန်၏ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများနှင့် အပြိုင် စစ်ရေး၊ စီးပွားရေးနှင့် ဝါဒရေးရာ အင်ပါယာတခုအဖြစ် ရပ်တည်သော အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ပင် ဖြစ်သည် (၎င်းသည် နာဇီဂျာမနီရှိ SS ကဲ့သို့သော ပါတီလက်အောက်ခံ တပ်ဖွဲ့များနှင့် ဆင်တူသည်)။ ထောက်လှမ်းရေးအဖွဲ့များသည် သူ၏ရုံးခန်းသို့ တိုက်ရိုက်အစီရင်ခံရပြီး အီရန်မီဒီယာများ၊ တရားရုံးများနှင့် ဘာသာရေးအဖွဲ့အစည်းအားလုံးကို တခုတည်းသော ထိန်းချုပ်မှုယန္တရားအဖြစ် ပေါင်းစည်းပစ်ခဲ့သည်။ ♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83498
👍13❤2👎1
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်မှုအပြီး အီရန်လက်ရွေးစင်အသင်းအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို သွားရောက်ကစားနိုင်မလားဆိုတာ မိမိကိုယ်တိုင်လည်း မသိရှိသေးကြောင်း နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။

“သေချာတာတခုကတော့ ဒီတိုက်ခိုက်မှုအပြီးမှာ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ဖလားကို မျှော်လင့်ချက်နဲ့ စောင့်မျှော်နေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မဟ်ဒီ တာ့ဂျ်က Varzesh3 အားကစားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အီရန်ဟာ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျယ်ပြန့်လာတဲ့ စစ်ပွဲရဲ့ အစိတ်အပိုင်းအဖြစ် အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန် အခုလို ပြောဆိုခဲ့တာပါ။ Read more: https://bur.mizzima.com/2026/03/02/83505
👍10👎2❤1😱1
https://www.youtube.com/watch?v=TX372lCH-9w
အီရန်ကို ဒုံးကျည်ဖြင့်တိုက်ခိုက်ရန် ယူကေအခြေစိုက်စခန်းများ အမေရိကန်အသုံးပြုခွင့်ရမည်ဟု စတားမား ပြော
👍11❤1
https://www.youtube.com/watch?v=L8_eb_rTo5Y
အီရန်ကို ဒုံးကျည်ဖြင့်တိုက်ခိုက်ရန် ယူကေအခြေစိုက်စခန်းများ အမေရိကန်အသုံးပြုခွင့်ရမည်ဟု စတားမား ပြော
👍6👏1
https://www.youtube.com/watch?v=FU4I80jz5yM
လာမည့်ရက်သတ္တပတ်များအတွင်း ဗင်နီဇွဲလားသို့ပြန်ရန် အတိုက်အခံခေါင်းဆောင် မာချာဒို ရည်ရွယ်
👍6🥰2
အရှေ့အလယ်ပိုင်းတွင် စစ်ပွဲရှည်ကြာလာနိုင်ကြောင်းနှင့် စစ်မီးထပ်မံကူးစက်လာပါက ဥရောပနှင့် အခြားဒေသများကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း ဥရောပသမဂ္ဂ (EU) က တနင်္ဂနွေနေ့တွင် သတိပေးလိုက်သည်။

"အီရန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အရှေ့အလယ်ပိုင်းသာမက ဥရောပနဲ့ တခြားဒေသတွေရဲ့ စီးပွားရေးကဏ္ဍအထိပါ ခန့်မှန်းရခက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့အတူ စစ်မီးကူးစက်ပျံ့နှံ့သွားတာမျိုး မဖြစ်သင့်ပါဘူး" ဟု ၎င်းက ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83502

#အီရန်
#အသွင်ကူးပြောင်းမှု
#ဥရောပသမဂ္ဂ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11
https://www.youtube.com/watch?v=Tqn0O5naX5U
လာမည့်ရက်သတ္တပတ်များအတွင်း ဗင်နီဇွဲလားသို့ပြန်ရန် အတိုက်အခံခေါင်းဆောင် မာချာဒို ရည်ရွယ်
👍6
ဓါတ်ပုံ - မှန်ပြတောင် ဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစာဆောင်ကိုတွေ့ ရစဉ်
(အောင်လံလူထု)
🤬6👎1
ဓါတ်ပုံ - မှန်ပြတောင် ဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစာဆောင်ကိုတွေ့ ရစဉ်
(အောင်လံလူထု)
🔥5❤1👎1
ဓါတ်ပုံ - မှန်ပြတောင် ဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစာဆောင်ကိုတွေ့ ရစဉ်
(အောင်လံလူထု)
🔥6👎1
ဓါတ်ပုံ - မှန်ပြတောင် ဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစာဆောင်ကိုတွေ့ ရစဉ်
(အောင်လံလူထု)
🤬4👎2
ဓါတ်ပုံ - မှန်ပြတောင် ဘုရားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ၏လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစာဆောင်ကိုတွေ့ ရစဉ်
(အောင်လံလူထု)
👎4🤬2
မဇ္ဈိမ။ ။အာဏာသိမ်းစစ်ကော်မရှင်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ပြီးနောက် ယနေ့(မတ်လ ၂ ရက်) မွန်းလွဲပိုင်းအထိ အကျဉ်းထောင် ၁၀ ခုမှ နိုင်ကျဉ်း ၃၂၄ ဦး လွတ်မြောက်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ထားသည်။ Read more: https://bur.mizzima.com/2026/03/02/83516
👍7🥴1
အမေရိကန်သည် အီရန်၏ စစ်ရေးလုပ်နိုင်စွမ်းများကို နှောင့်ယှက်ဖျက်ဆီးရန်သာမက အစိုးရအကြီးတန်းအရာရှိများ ဘက်ပြောင်းလာစေရေး ဖိအားပေးရန်အတွက် ဆိုက်ဘာ စစ်ဆင်ရေးများကို အသုံးပြုလျက်ရှိကြောင်း အမေရိကန် ဆိုက်ဘာကွပ်ကဲမှုဌာန၏ ထိပ်တန်းတပ်မှူးဟောင်းတဦးက The Jerusalem Post ကို မတ်လ ၁ ရက်တွင် ပြောသည်။

ယင်းသည် အီရန်အစိုးရယန္တရားအတွင်းပိုင်းမှနေပြီး အစိုးရအပြောင်းအလဲ ဖြစ်စေရေး အရှိန်မြှင့်တင်ကြိုးပမ်းရန် ရည်ရွယ်သည့် သတင်းအချက်အလက်စစ်ဆင်ရေးတခု ဖြစ်ကြောင်း ၎င်းက ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83519

#အီရန်
#အမေရိကန်
#ဆိုက်ဘာစစ်ဆင်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6❤1