Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရေးနှင့် သံဖြူဇရပ်ရှိ စစ်စခန်းများကို တော်လှန်ရေးအင်အားစုများ ဒရုန်းဖြင့် တိုက်ခိုက်

MTO

မဇ္ဈိမ ။ ။ မွန်ပြည်နယ် ရေးမြို့နယ် နှင့် သံဖြူဇရပ်မြို့ နယ်များရှိ စစ်ကော်မရှင်၏ တပ်စခန်းများကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်ကော်မရှင်တပ်ဖက်မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Mon State Revolutionary Force (MSRF) ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေရွာ အနီးတွင် ယာယီစခန်းချနေသော စစ်ကော်မရှင်စစ်ကြောင်းအား ဒရုန်းဗုံးသီး လေးလုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖက် မှ ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း MSRF အဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံ မိတလဉာဏ် က ပြောသည်။

၎င်းက “ အောင်သပြေရွာနားမှာ ယာယီစခန်းချခဲ့တဲ့ စစ်ကြောင်းဟာ အဲ့နားတဝိုက်မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး စစ်ကြောင်းပတ်ထိုးပြီး သွားနေတာ” ဟု ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် ရေးမြို့နယ် မြောက်ခြမ်းတွင် လက်နက်ကြီးပစ်ခတ်ခြင်းများ၊ အမှတ် (၈) လမ်းမကြီး တလျှောက် ဒရုန်း နှင့် ဗုံးကြဲတိုက်ခိုက်မှု…
👍9❤4🔥2🤣2
လက်ရှိကုန်စည်ပို့ဆောင်မှုကို “ရပ်ဆိုင်းထားခြင်း” မှာ “မကြုံစဖူးဖြစ်ရပ်” ဖြစ်ပါသည်ဟု ပြင်သစ်ရေ တပ် မဟာဗျူ ဟာလေ့လာရေးဗဟိုဌာန မှ သုတေသနညွှန်ကြားရေးမှူး စီရီးလ်ပွာရေးကူတန်ဆေး (Cyrille Poirier-Coutansais) ကပြောသည်။

တောင်အာဖရိကနိုင်ငံအစွန်းရှိ ဂွတ်ဟုပ်အငူကိုပတ်ပြီးသွားရသည့်အတွက် ပင်လယ်ပြင်တွင်နောက် ထပ် ၁၀ ရက်ခန့်ပိုကြာမြင့်သွားရပြီး ကုန်ကျစရိတ်လည်း ၃၀ ရာခိုင်နှုန်းခန့်ပိုမိုကုန်ကျသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဟော်မုဇ်
#ရေလက်ကြား
#အကျပ်အတည်း
#ကမ္ဘာ့ရေကြောင်း
#ပို့ဆောင်ရေးလုပ်ငန်း
#အကျပ်ဆိုက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👎7👍2
တနင်္ဂနွေနေ့က ရရှိသော ရေကြောင်း ပို့ဆောင်ရေး အချက်အလက်များအရ ရေနံနှင့် သဘာဝဓာတ် ငွေ့ရည်တင် သင်္ဘောများ အပါအဝင် အနည်းဆုံး သင်္ဘော ၁၅၀ ခန့်က ဟော်မုဇ်ရေလက်ကြားနှင့် ပတ်ဝန်း ကျင် ရေပြင်များတွင် ကျောက်ချရပ်နားထားကြကြောင်း သိရသည်။

“ဒီလို အလျင်အမြန် ပြောင်းလဲနေတဲ့ အခြေအနေတွေကြောင့် အာမခံလုပ်ငန်းရှင်တိုင်းဟာ နှုန်းထားတွေ တိုးမြှင့်နေကြသလို၊ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေအတွက်ဆိုရင် အာမခံ ပေးဖို့တောင် ငြင်းဆိုနေကြတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်” ဟု McGill and Partners မှ ဒေးဗစ်စမစ်က ပြေားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ပဋိပက္ခ
#အာမခံ
#ကုမ္ပဏီများ
#စစ်ဘေးအာမခံများ
#ပယ်ဖျက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👎4😁2👍1
အရှေ့အလယ်ပိုင်းမှာ စစ်မီးကူးစက်ပျံ့နှံ့လာတာကြောင့် လီယွန်နယ်မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လူဝစ်ဟာမီလ်တန် တို့ အပါအဝင် အားကစားကြယ်ပွင့်တွေရဲ့ ပြိုင်ပွဲအစီအစဉ်တွေဟာ မရေမရာ ဖြစ်နေရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲဖျက်သိမ်းတာတွေနဲ့ ခရီးသွားလာမှု ပိတ်သိမ်းတာတွေက အားကစားပွဲစဉ်တွေကို စတင်ရိုက်ခတ်နေပါပြီ။ ဖော်မြူလာဝမ်း (F1) နဲ့ အဓိက ဘောလုံးပွဲ စီစဉ်သူတွေအနေနဲ့ ပြိုင်ပွဲတွေကို သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပနိုင်ခြင်း ရှိ၊ မရှိကို မကြာခင်မှာ ဆုံးဖြတ်ချက် ချရတော့မှာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ ကမ္ဘာ့အဆင့် အားကစားပွဲတွေကို လက်ခံကျင်းပသူတွေ၊ ငွေကြေးထောက်ပံ့သူတွေနဲ့ ထိပ်တန်းအားကစားသမားတွေရဲ့ အလုပ်ရှင်တွေအဖြစ် ကမ္ဘာ့အားကစားလောကမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိနေတာ ဖြစ်ပါတယ်။ Read more: https://bur.mizzima.com/2026/03/03/83654
👍8👎3
ဓါတ်ပုံ - အောင်လံမြို့နယ် ဒါးစမ်းကျေးရွာ ကို စစ်ကော်မရှင်တပ်ဖွဲ့ က မတ်လ ၁ ရက်နေ့ တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့် အတွက် မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်အားတွေ့ ရစဉ်။ (အောင်လံလူထု)
🤬11👎1😁1

🤬7👎3

🤬6👎3❤1

🤬6👎3

😢5👎3🤬1
CCTV ၏ သတင်းတင်ဆက်မှုက ဘက်မလိုက်ဘဲ သတင်းအချက်အလက် သက်သက်ပေးခြင်းမျိုး မဟုတ်ဘဲ၊တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးမူဝါဒကို ပုံဖော်ပေးနေခြင်းသာ ဖြစ်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ CCTV ၏ ည ၇ နာရီ သတင်းထုတ်လွှင့်ချက်များတွင် အီရန်အကြောင်း တင်ဆက်ခဲ့သမျှအားလုံးကို စစ်ဆေးကြည့်ရာတွင် တရုတ်နှင့် အီရန်အစိုးရတို့၏ တရား ဝင်ပြောဆိုချက်များ ထပ်တူကျသည့် သတင်းများကို အမြောက်အမြားထုတ်လွှင့်ခဲ့သည်ကို ကြည့်ခြင်းဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးစားပေးမှုများကို သိနိုင်မြင်နိုင်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/03/83667

#CCTV
#မှန်ဘီလူး
#နောက်ကွယ်
#အီရန်
#ဆန္ဒပြပွဲများ
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍9🔥3
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၃ မတ် ၂၀၂၆ )

မြန်မာနိုင်ငံဖက်မှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဖက်သို့ တရားမဝင် ကွမ်းသီးမှောင်ခိုတင်သွင်းနေမှုများကို ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ပြည်နယ် ပြည်ထဲရေးဝန်ကြီး ပူး- ကေ ဆပ်ဒန်ငါ က ပြောဆိုလိုက်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/03/83676

#မီဇိုရမ်ပြည်နယ်
#မြန်မာနိုင်ငံသား
#ကွမ်းသီးမှောင်ခို
#အကောက်ခွန်ဥပဒေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-------------------------------------------
👍8
တရုတ်နိုင်ငံ ကမ်းရိုးတန်းရှိ ဒေါ်လာ ဘီလီယံများချီ အကုန်အကျခံ တည်ဆောက်ထားသည့် အီတလီမြို့ ပုံစံတူ "Life in Venice" အိမ်ရာစီမံကိန်းကတော့ လက်ရှိတွင် တိတ်ဆိတ်ခြောက်ကပ်၍ နေ သည်။ ယင်းအိမ်ရာရှိ သောင်းချီသော တိုက်ခန်းအိမ်အများအပြားသည် ကွန်ကရစ်၊ ကျောက်ဖြူတို့ဖြင့် ပြုလုပ်ထားသည့် အခွံလွတ် အဆောက်အအုံများအဖြစ် ရှိနေသည်။

သို့သော် မကြာသေးသည့် နှစ်များအတွင်းမှာတော့ အဆိုပါ ဝေးလံပြီး တစိတ်တဒေသ စွန့်ပစ်ခံထားရသည့် အိမ်ရာဝန်းသည် ဆာဆာ ချန် ကဲ့သို့ ထင်မှတ်မထားသည့် နေထိုင်သူအသစ်တို့ကို ဆွဲဆောင်လာခဲ့သည်။

ချန်သည် တရုတ်နိုင်ငံ၏ စည်ကားသော စီးပွားရေးအချက်အချာ ရှန်ဟိုင်းမြို့၌ လစာကောင်းသော ဘဏ္ဍာရေးဆိုင်ရာ အလုပ်အကိုင်တခု လုပ်ကိုင်ခဲ့ဖူးပြီး စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်ပင်ပန်းနေခဲ့သည့် တရုတ်လူငယ်တဦးလည်း ဖြစ်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/03/83681

#နိုင်ငံစီးပွားရေး
#နှေးကွေးမှုအကြား
#ဈေးပေါသည့်
#တိုက်ခန်းများဘက်
#ခြေဦးလှည့်လာ
#တရုတ်လူငယ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍9👎1