Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဓါတ်ပုံ - အောင်လံမြို့နယ် ဒါးစမ်းကျေးရွာ ကို စစ်ကော်မရှင်တပ်ဖွဲ့ က မတ်လ ၁ ရက်နေ့ တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့် အတွက် မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်အားတွေ့ ရစဉ်။ (အောင်လံလူထု)
🤬6👎3
ဓါတ်ပုံ - အောင်လံမြို့နယ် ဒါးစမ်းကျေးရွာ ကို စစ်ကော်မရှင်တပ်ဖွဲ့ က မတ်လ ၁ ရက်နေ့ တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့် အတွက် မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်အားတွေ့ ရစဉ်။ (အောင်လံလူထု)
😢5👎3🤬1
CCTV ၏ သတင်းတင်ဆက်မှုက ဘက်မလိုက်ဘဲ သတင်းအချက်အလက် သက်သက်ပေးခြင်းမျိုး မဟုတ်ဘဲ၊တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးမူဝါဒကို ပုံဖော်ပေးနေခြင်းသာ ဖြစ်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ CCTV ၏ ည ၇ နာရီ သတင်းထုတ်လွှင့်ချက်များတွင် အီရန်အကြောင်း တင်ဆက်ခဲ့သမျှအားလုံးကို စစ်ဆေးကြည့်ရာတွင် တရုတ်နှင့် အီရန်အစိုးရတို့၏ တရား ဝင်ပြောဆိုချက်များ ထပ်တူကျသည့် သတင်းများကို အမြောက်အမြားထုတ်လွှင့်ခဲ့သည်ကို ကြည့်ခြင်းဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးစားပေးမှုများကို သိနိုင်မြင်နိုင်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/03/83667

#CCTV
#မှန်ဘီလူး
#နောက်ကွယ်
#အီရန်
#ဆန္ဒပြပွဲများ
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍9🔥3
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၃ မတ် ၂၀၂၆ )

မြန်မာနိုင်ငံဖက်မှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဖက်သို့ တရားမဝင် ကွမ်းသီးမှောင်ခိုတင်သွင်းနေမှုများကို ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ပြည်နယ် ပြည်ထဲရေးဝန်ကြီး ပူး- ကေ ဆပ်ဒန်ငါ က ပြောဆိုလိုက်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/03/83676

#မီဇိုရမ်ပြည်နယ်
#မြန်မာနိုင်ငံသား
#ကွမ်းသီးမှောင်ခို
#အကောက်ခွန်ဥပဒေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-------------------------------------------
👍8
တရုတ်နိုင်ငံ ကမ်းရိုးတန်းရှိ ဒေါ်လာ ဘီလီယံများချီ အကုန်အကျခံ တည်ဆောက်ထားသည့် အီတလီမြို့ ပုံစံတူ "Life in Venice" အိမ်ရာစီမံကိန်းကတော့ လက်ရှိတွင် တိတ်ဆိတ်ခြောက်ကပ်၍ နေ သည်။ ယင်းအိမ်ရာရှိ သောင်းချီသော တိုက်ခန်းအိမ်အများအပြားသည် ကွန်ကရစ်၊ ကျောက်ဖြူတို့ဖြင့် ပြုလုပ်ထားသည့် အခွံလွတ် အဆောက်အအုံများအဖြစ် ရှိနေသည်။

သို့သော် မကြာသေးသည့် နှစ်များအတွင်းမှာတော့ အဆိုပါ ဝေးလံပြီး တစိတ်တဒေသ စွန့်ပစ်ခံထားရသည့် အိမ်ရာဝန်းသည် ဆာဆာ ချန် ကဲ့သို့ ထင်မှတ်မထားသည့် နေထိုင်သူအသစ်တို့ကို ဆွဲဆောင်လာခဲ့သည်။

ချန်သည် တရုတ်နိုင်ငံ၏ စည်ကားသော စီးပွားရေးအချက်အချာ ရှန်ဟိုင်းမြို့၌ လစာကောင်းသော ဘဏ္ဍာရေးဆိုင်ရာ အလုပ်အကိုင်တခု လုပ်ကိုင်ခဲ့ဖူးပြီး စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်ပင်ပန်းနေခဲ့သည့် တရုတ်လူငယ်တဦးလည်း ဖြစ်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/03/83681

#နိုင်ငံစီးပွားရေး
#နှေးကွေးမှုအကြား
#ဈေးပေါသည့်
#တိုက်ခန်းများဘက်
#ခြေဦးလှည့်လာ
#တရုတ်လူငယ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍9👎1
လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသည့် နိုင်ကျဉ်း ၃,၀၀၀ ကျော်သာရှိ၊ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းနှင့် ကွဲလွဲနေမှု မေးခွန်းထုတ်ရမည်ဟု PPNM ပြော

ရောင်နီ

မဇ္ဈိမ။ ။စစ်ကော်မရှင်လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃,၀၀၀ ကျော်သာရှိပြီး ထုတ်ပြန်ထားသည့် ကိန်းဂဏန်းဖြင့် ကွဲလွဲနေမှုအပေါ် မေးခွန်းထုတ်ရမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောသည်။

အာဏာသိမ်းစစ်ကော်မရှင်က ယမန်နေ့(မတ်လ ၂ ရက်)တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပုဒ်မ ၅၀(ည) နှင့် ၅၂(က) ဖြင့် ပြစ်ဒဏ်ကျသူ ၇,၃၃၇ ဦး၊ အခြားအမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၂,၈၂၅ ဦး စုစုပေါင်း ၁၀,၁၆၂ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာထားခြင်း ဖြစ်သည်။

“ စစ်တပ်က ၇,၀၀၀ ကျော်ပြောထားပေမယ့် ၃,၀၀၀ ကျော်ကျော်ပဲ ရှိပါသေးတယ်။ ၅၂ (က)၊ ၅၀ (ည) ကပ်ခံထားရသူတွေ မလွတ်လာတာမျိုးကိုလည်း တွေ့ရပါတယ်။ တကယ်တော့ စစ်တပ်က အရေအတွက်ကြီးကြီးမားမားနဲ့ လူထုစိတ်ဝင်စားအောင် လုပ်ပေမယ့် တကယ်လက်ရှိ အရှိတရားမှာ နိုင်ငံရေးအကျဉ်းသားတွေကို တကယ်လွှတ်ပေးခဲ့ခြင်းမရှိတာတွေကို တွေ့ရပါတယ်။” ဟု PPNM ဦ…
👍11❤1
👍6
အမေရိကန်က ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များနှင့် ကြီးမားသောသမရိုးကျဗုံးကြဲလေယာဉ်များကို ဆက်တိုက်အသုံးပြုကာ အီရန်အပေါ် စစ်ဆင်ရေးအရှိန်ကို တိုးမြှင့်ခဲ့သည်။

"စနေနေ့ညက ပေါင် ၂,၀၀၀ ဗုံးများတပ်ဆင်ထားသော B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များသည် အီရန်၏ ခိုင်ခံ့သော ပဲ့ထိန်းဒုံးကျည်စခန်းများကို တိုက်ခိုက်ခဲ့သည်ဟု တာဝန်ရှိသူများက တနင်္ဂနွေနေ့ တွင် ပြောကြားခဲ့သည်။

နောက်တနေ့တွင် B-1 ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံအတွင်းပိုင်းအထိ ထိုးဖောက်ကာ ဒုံးကျည် စွမ်းရည်များကို ချေမှုန်းခဲ့သည်။ ယင်းသည် တာဝေးတိုက်ခိုက်မှုအတွက် မတူကွဲပြားသော လေယာဉ် အမျိုးအစားနှစ်ခုကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/03/83690

#အမေရိကန်
#B_1
#B_2
#ဗုံးကြဲလေယာဉ်များ
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍13❤3
ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖွင့်လှစ်ထားရန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တင်ဆောင်သည့် သင်္ဘောများကို ဖြတ်သန်းခွင့်ပြုရန်နှင့် စွမ်းအင်ထောက်ပံ့ရေးပစ္စည်းများ ပါသော သင်္ဘောများကို တိုက်ခိုက်ခြင်းမပြုရန် တရုတ်အစိုးရက အီရန်အရာရှိများကို ဖိအားပေးလျက်ရှိကြောင်း တရုတ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီများမှ အမည်မဖော်လိုသည့် အကြီးတန်းအမှုဆောင်များက အင်္ဂါနေ့ (မတ်လ ၃ ရက်) တွင် Bloomberg သို့ ပြောသည်။

တရုတ်သည် စွမ်းအင်တင်သွင်းမှုအများစုအတွက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံနှင့် သဘာဝဓာတ် ငွေ့များအပေါ် များစွာမှီခိုနေရသည်။ အလားတူ အီရန်ကလည်း ပိတ်ဆို့အရေးယူခံထားရသော ရေနံများကိုရောင်းရန် တရုတ်ရေနံချက်စက်ရုံများအပေါ် အကြီးအကျယ်မှီခိုနေရပြီး ရေနံ ၈၀ ရာခိုင်နှုန်းကျော်မှာ တရုတ်သို့ တင်ပို့နေခြင်းဖြစ်သည်။ Read more: https://bur.mizzima.com/2026/03/03/83693
👍11❤1🔥1
ပုံမှန်အားဖြင့် အမေရိကန် သံတမန်ရုံးများ၏ နေ့စဉ် လုံခြုံရေးကို ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများနှင့် ဒေသခံတပ်ဖွဲ့ဝင်များကသာ တာဝန်ယူလေ့ရှိသော်လည်း၊ ယခု ဖြစ်ရပ်တွင် မရိန်းတပ်ဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင်လာခြင်းက ကောင်စစ်ဝန်ရုံးအနေဖြင့် ဆန္ဒပြသူများ၏ ခြိမ်းခြောက်မှုကို မည်မျှအထိ ပြင်းပြင်းထန်ထန် သဘောထားကြောင်း မီးမောင်းထိုးပြနေသည်။

ပါကစ္စတန်သည် အီရန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး ရှီယိုက် မွတ်စလင် နိုင်ငံဖြစ်သည်။ အီရန်အား တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နိုင်ငံတဝှမ်း ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး လူ ၂၆ ဦး သေဆုံးရာ ပါကစ္စတန်အစိုးရက လူစုလူဝေး ပြုလုပ်ခြင်းများကို တနင်္လာနေ့တွင် နိုင်ငံအနှံ့ ပိတ်ပင်လိုက်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/03/83696

#ကရာချိမြို့
#ကောင်စစ်ဝန်ရုံး
#ဆန္ဒပြသူများအား
#အမေရိကန်
#မရိန်းတပ်ဖွဲ့ဝင်များ
#ပစ်ခတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍13
အမေရိကန်တပ်ဖွဲ့များသည် အီရန်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့သည့် ပထမဆုံး ၂၄ နာရီအတွင်းမှာတင် ဒေါ်လာ ၇၇၉ သန်းခန့် သုံးစွဲခဲ့ပြီး ထိုပမာဏသည် ၂၀၂၆ ခုနှစ်အတွက် အမေရိကန်၏ တနှစ်စာ ကာကွယ်ရေးဘတ်ဂျက်အသုံးစရိတ်၏ ၀ ဒသမ ၁ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း Anadolu သတင်းဌာနက စုစည်းသည့် ဒေတာအချက်အလက်များနှင့် ခန့်မှန်းချက်များအရ သိရသည်။

ကြီးမားသည့် တပ်ဖြန့်မှု၌ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များ၊ F-22 ၊ F-35 နှင့် F-16 တိုက်လေ ယာဉ်များ၊ A-10 တိုက်ခိုက်ရေးလေယာဉ်များနှင့် EA-18G အီလက်ထရောနစ် စစ်ဆင်ရေးလေယာဉ်များ ပါဝင်ခဲ့ကြောင်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က အတည်ပြုသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/03/83699

#အီရန်အပေါ်
#အမေရိကန်
#ထိုးစစ်ဆင်မှု
#ထမဆုံးနေ့
#ခန့်မှန်းခြေ
#ဒေါ်လာ_၇၇၉သန်း
#ကုန်ကျ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍15❤2
အချို့သော ဆီဆိုင်များတွင် စောင့်ဆိုင်းနေသည့် ကားများ၏ ထက်ဝက်ကျော်မှာ မြန်မာလိုင်စင် နံပါတ် ပြားများ ဖြစ်ပြီး၊ ထို အခြေအနေကြောင့် ဆီပြတ်လပ်သွားမည်ကို စိုးရိမ်ကြသည့် ထိုင်းဒေသခံ အချို့ကလည်း လာရောက် တန်းစီ ဝယ်ယူကြသည်။

မယ်ဆိုင်မြို့ အပြင်ဘက်ရှိ စက်သုံးဆီဆိုင် နှစ်ဆိုင်တွင်မူ ယမန်နေ့ကတည်းက ဆီပြတ်လပ်သွား၍ ယာ ယီ ပိတ်ထားရပြီး နောက် နှစ်ရက်အတွင်း ရောက်လာမည့် ဆီတင်ကားများကို စောင့်ဆိုင်းနေရသည်။ မြို့လယ်ရှိ ဆီဆိုင်ကြီးများကမူ အရန်ဆီ လုံလုံလောက်လောက် ရှိသေးကြောင်း ပြောကြသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/03/83702

#အီရန်အရေး
#တာချီလိတ်
#ကားသမား
#မယ်ဆိုင်
#စက်သုံးဆီ
#အလုအယက်
#ဝယ်ယူ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍13🔥2